ကိုယ်တွေနိုင်ငံနဲ့ အဆင်ပြေမယ့် ကားတစ်စီးဆိုတာဟာ ပုံမှန်ထက် မြင့်ရမယ်၊ ကျယ်ရမယ်၊ ဆီစားသက်သာရမယ်။ နောက်တစ်ခု ဈေးနှုန်းလည်း ပုံမှန်ထက် သက်သာရမယ်။ ဒီအချက်တွေနဲ့ကိုက်ညီတဲ့ကားကတော့ Ertiga ပါပဲ။ ဒါကိုမှ ပိုမိုကောင်းမွန်လာတဲ့ ရုပ်ထွက်နဲ့ထွက်ရှိလာချိန်မှာ.......
ဈေးနှုန်း
New Ertiga GLX : 27,200,000 MMK (SKD/ကားတန်ဖိုးသီးသန့်)
အားသာချက်
- Boot နေရာလွတ် ပိုမိုကျယ်ဝန်းလာခြင်း
- အပြင်ပိုင်း အသွင်သဏ္ဌာန် ပိုမိုကောင်းမွန်လာခြင်း
- မောင်းနှင်ရလွယ်ကူပြီး ဆီစားနှုန်းလည်းသက်သာခြင်း
အားနည်းချက်
– အတွင်းခန်း အရည်အသွေးပိုမိုကောင်းမွန်သင့်ခြင်း
– လူအပြည့် လိုက်ပါစီးနင်းပါက နောက်ဆုံးတန်းသည် ကလေးများအတွက်သာ ပိုမိုသင့်လျော်ခြင်း
– လမ်းကြမ်းကြမ်းတွင်မောင်းနှင်ရာ၌ အနည်းငယ်ခုန်ခြင်း
သုံးသပ်ချက်
Ertiga 2019 ဟာ အရှေ့တောင်အာရှနိုင်ငံတော်တော်များများမှာ ရောင်းအားကောင်းတဲ့ ကားတစ်စီးဖြစ်သလို လတ်တလော မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး SKD ကားတွေထဲကတစ်စီးလည်းဖြစ်ပါတယ်။ အပြင်ပိုင်းပုံစံမှာ အဟောင်းနဲ့အသစ်ကြား တိုးတက်ပြောင်းလဲမှု ကြီးကြီးမားမားကွာခြားခဲ့တာကလည်း ဝယ်ယူသူတွေကို အတော်လေးဆွဲဆောင်နိုင်ခဲ့သလို တကယ်တမ်းဆွဲဆောင်နိုင်တာကတော့ ဈေးနှုန်းပဲဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် ချောမွေ့တဲ့လမ်းတွေနည်းပါးသေးတဲ့၊ ကားတစ်စီးထဲမှာ လူများများတင်ဆောင်စီးနင်းလိုတဲ့၊ လောင်စာဆီ ကုန်ကျစာရိတ်သက်သာလိုတဲ့၊ ကားတန်ဖိုးကလည်း အမြင့်ကြီးမဟုတ်တဲ့ ကားအသစ်မျိုးကို လိုလားတောင့်တနေတဲ့ မြန်မာနိုင်ငံလို နိုင်ငံအတွက်ကတော့ Suzuki Ertiga 2019 ဟာ လိုအပ်တဲ့အချိန်မှာ ရွာချလိုက်တဲ့ မိုး လိုပါပဲ။
အပြင်ပိုင်းမှာ တပ်ဆင်ပေးထားတဲ့ ရောင်ပြန်တွေအစုံအလင်နဲ့ halogen ရှေ့မီး၊ လှပတဲ့ ထောင့်ချိုးပုံစံ အနောက် အချက်ပြမီးနဲ့ LED မီးလုံးတွဲတွေဟာ သာမန်ထက်အနည်းငယ်ပိုထွားတဲ့ Ertiga ရဲ့ ကိုယ်ထည်နဲ့အတူ ဝင့်ကြွားလို့နေတာတော့ အမှန်ပါပဲ။ Ertiga 2019 ရဲ့ပုံစံမှာ အနှစ်သက်ဆုံးတစ်ခုကို ရွေးပါဆိုရင်တော့ အနောက်ဘက် မီးခွက်ပုံစံအသစ်ကိုပဲ ပြရမှာပါ။ အနောက်ကနေကြည့်လိုက်ရုံနဲ့ "ဒါ Ertiga အသစ်ပဲ" လို့ ပြောရလောက်တဲ့အထိ ကြည့်သူတွေရဲ့စိတ်ထဲ စွဲသွားစေတာမျိုး။ တန်ဖိုးမြင့် အကောင်းစားကားတွေနဲ့တော့ နှိုင်းယှဉ်လို့မရဘူးပေါ့။ တပ်ဆင်ပေးထားတဲ့ ၁၅ လက်မ ဒီဇိုင်းအသစ်နဲ့ အလွိုင်းဘီးကတော့ ၇ လက်မ ground clearance နဲ့အတူ အဖုအဖောင်းတွေများတတ်တဲ့ မြန်မာနိုင်ငံရဲ့လမ်းတွေအတွက် အလောတော်ပါပဲ။
Ertiga လိုပုံစံမျိုးဟာ MPV အမျိုးအစားမှာပါဝင်ပါတယ်။ ပြောရရင် SUV တွေလိုမျိုး ကြွရွနေတာမျိုးတော့ မရှိဘူးပေါ့။ Ertiga အသစ်ကို စကားတစ်လုံးထဲနဲ့ ဖေါ်ပြပါလို့ဆိုရင်တော့ စီးပျော်တဲ့ ကားတစ်စီးလို့ပဲ ဆိုရမှာပါ။
အတွင်းခန်း
Ertiga အသစ်ရဲ့ အတွင်းနဲ့ အပြင်ကို ယှဉ်ထိုးကြည့်မယ်ဆိုရင်တော့ အပြင်ပိုင်းက အများကြီးပိုသာတယ်လို့ ယူဆပါတယ်။ အတွင်းထိုင်ခုံတွေရဲ့ materials တွေနဲ့ တံခါးတွေ၊ dashboard တွေနဲ့ boot နံရံတချို့မှာ အသုံးပြုထားတဲ့ ဈေးပေါတဲ့ ပလတ်စတစ်တွေကတော့ ဒီထက်ပိုကောင်းသင့်တယ်လို့ ယူဆမိပါတယ်။ နောက်တစ်ခုက အများပြောကြတဲ့ air conditioning စနစ်ပါ။ ၂ဝ၁၉ ထုတ်ကားတစ်စီးဟာ နည်းပညာပိုင်း ဒီထက်ပိုပြီး အဆင့်မြင့်မယ်လို့ လူတွေက မျှော်လင့်ထားကြမှာပါပဲ။ တစ်ခုရှိတာက 2019 Ertiga ရဲ့ အပြင်ပိုင်း ဝင့်ထည်မှုကိုကြည့်ပြီး အတွင်းခန်းအရည်အသွေးကို လိုအပ်တာထက် မြှင့်ပြီးတွက်မိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် (fox-wood) သစ်သားပုံစံ trim ကလေးကတော့ နှစ်သက်စရာကောင်းပါတယ်။ ဒီ fox-wood က သားရေသားအုပ် လက်ကိုင်ခွေမှာလည်း ထည့်သွင်းထားပြီး D ပုံစံ steering ဖြစ်တဲ့အတွက် ဆန်းသစ်မှုနဲ့ လွတ်လပ်မှုအရသာကို ရရှိနိုင်မှာပါ။
Infotainment စနစ်ကတော့ ၉ လက်မအကျယ် smart audio touch panel ဖြစ်ပါတယ်။ Apple CarPlay တို့ Android Auto တို့တော့ မရပါဘူး။ ရေသန့်ဘူးထည့်ဖို့အတွက် သင့်လျော်တဲ့နေရာတွေ အများအပြားပါဝင်တာတွေ့ရတယ်။ Model အဟောင်းထက်စာရင် နည်းနည်းလေးထူးသွားတာ နောက်တစ်ခုက 12v socket ကို အနောက်ခန်းအတွက်ပါ တပ်ဆင်ပေးထားတာပါ။ အသုံးဝင်တဲ့ တပ်ဆင်ပေးမှုပါပဲ။ Dashboard အောက်ဘက် အလယ်ဗဟိုမှာ မျက်နှာပြင်ကြီးမားတဲ့ smartphones တွေပါ ဝင်ဆံ့တဲ့ခွက် ဖန်တီးပေးထားပြီး သူ့အပေါ်မှာတော့ အားသွင်းနိုင်တဲ့ USB ပေါက်ပါဝင်တာကလည်း အသုံးတည့်တဲ့ တပ်ဆင်ပေးမှုတစ်ခုပါပဲ။
Ertiga အသစ်ရဲ့ အသက်က ပိုမိုကျယ်ဝန်းတဲ့နေရာလွတ်ရရှိအောင် ခုံတွေကို ဘယ်လိုအနေအထားမှာ ထားမလဲဆိုတာပါ။ ဦးနှောက်တော့ နည်းနည်းသုံးရပါလိမ့်မယ်။ အတွင်းခန်းအရည်အသွေးပိုင်းကတော့ ဒီထက်ပိုကောင်းဖို့ မျှော်လင့်ပေမယ့် ဈေးနှုန်းနဲ့ချိန်ထိုးကြည့်ရာမှာတော့ လက်ရှိအချိန်မှာ အထိုက်တန်ဆုံး ကားတွေထဲက တစ်စီးလို့ပြောလို့ရပါတယ်။
လက်တွေ့ဆိုရင်
Ertigaအသစ်မှာ လက်တွေ့အသုံးကျမှုအတွက် အကောင်းဆုံး တိုးတက်ပြောင်းလည်းလာတာကတော့ အနောက်ပစ္စည်းထားခန်း ပိုမိုကျယ်ဝန်းလာတာပါပဲ။ အဟောင်းမှာတုန်းက ဘုရားစူး အနောက်ပစ္စည်းထားခန်းလို့ပြောလို့ရပြီး အသစ်မှာတော့ လောက်လောက်လားလား ထားစရာပြုစရာ နေရာလွတ်ပါလာတာဟာ ကျေနပ်စရာပါ။အနောက်ဆုံးတန်းက ခုံတွေကို အသုံးပြုမယ်ဆိုရင်တောင် ဝင်ဆံ့မှုက 153-litres လောက်ထိရှိလာတဲ့အတွက် luggage တွေဘာတွေ ထည့်လို့ရလာတာတွေ့ရပါတယ်။ ဒါပေမယ့် ၇ ယောက်စီး ကားဖြစ်တဲ့အတိုင်း ခုံသုံးတန်းမှာမှ အနောက်ဆုံးတန်းကခုံတွေကို ခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုပမာဏက 550-litres လောက်ထိကို တိုးတက်လာမှာပါ။ အမြင့်ဆုံးဝင်ဆံ့မှုအနေနဲ့ ထိုင်ခုံရှေ့နှစ်တန်းလုံးကို ခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုပမာဏက 803-litres အထိတောင်မှ ရှိလာမှာပါ။
Safety ပိုင်းနဲ့ပတ်သက်ပြီး SRS လေအိတ်နှစ်လုံး၊ ရုတ်တရက် ဘရိတ်နင်းရာမှာ ကားရဲ့အမြန်နှုန်းကို တိကနဲ ရပ်မပစ်ဘဲ အမြန်နှုန်းကို ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် ချော်ထွက်မှုရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ Anti-lock Braking System (ABS) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးတွေအပေါ် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်တဲ့အတွက် အကွေ့လိုမျိုးနေရာတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ Electronic Brakeforce Distribution (EBD) စတဲ့ ခေတ်မီဘရိတ်စနစ်တွေပါဝင်လာတာကတော့ ကျေနပ်စရာကောင်းပါတယ်။ ထုံးစံအတိုင်း ကားနောက်ဆုတ်ရမှာ အတားအဆီးရှိ/မရှိကို အသံနဲ့သတိပေးဦးမှာဖြစ်တဲ့အတွက် အခုမှ စ မောင်းတဲ့ ယာဉ်မောင်းသူတွေအတွက်လည်း လွယ်ကူအဆင်ပြေမှာပါ။
ခြုံငုံပြီးသုံးသပ်ရရင်တော့ Ertiga အသစ်ဟာ လက်တွေ့မှာ တကယ်အသုံးကျနိုင်မယ့် ကားတစ်စီးဖြစ်လာနိုင်ပါတယ်။ ကားပေါ်မှာ လူအပြည့်အသိပ် အမြဲတမ်းတင်ဆောင်မောင်းနှင်မှုမျိုး မလုပ်ဘူးဆိုရင်ပေါ့။
မောင်းနှင်မှု
Ertiga 2019 မှာ တပ်ဆင်ပေးထားတဲ့ အင်ဂျင်အမျိုးအစားက cylinder ၄ လုံးနဲ့ K15B ပါ။ 1.5-litre ဓါတ်ဆီအင်ဂျင်ဖြစ်ပြီး 103hp အထိ အမြင့်ဆုံးပါဝါ ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဆီစားနှုန်းအနေနဲ့ အခု Ertiga အသစ်ဟာပျမ်းမျှအနေနဲ့ 43mpg လောက်အထိရရှိတဲ့အတွက် 39mpg အထိသာရရှိတဲ့ Ertiga အဟောင်းထက် ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။
လက်တွေ့မောင်းနှင်ရာမှာ transmission ပိုင်းအနေနဲ့ကတော့ Ertiga အဟောင်းထက် အများကြီး မဟုတ်ပေမယ့် အနည်းငယ် ပိုပြီးချောမွေ့လာတာတွေ့ရတယ်။ မြန်နှုန်းမြင့်မောင်းနှင်ရာမှာလည်း ကီလို ၁ဝဝ လောက်အထိတော့ အေးအေးဆေးဆေးပါပဲ။ ၁၃ဝ အထက်မောင်းမယ်ဆိုရင်တော့ သတိပြုရမှာဖြစ်ပြီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအရရော ကားရဲ့အနေအထားအရပါ တစ်နာရီကို ကီလို ၁ဝဝ ဝန်းကျင်မောင်းနှင်တာကသာ လုံခြုံစိတ်ချရမှုအရှိဆုံးဖြစ်မှာပါလို့ ပြောချင်ပါတယ်။
Ertiga အသစ် 2019 ဟာ မြို့တွင်းမှာ မောင်းနှင်လို့ အဆင်ပြေသလို အမြန်လမ်းပေါ်မှာလည်း အဆင်ပြေပြေ မောင်းနှင်နိုင်မယ့်ကားမျိုးဖြစ်ပြီး လက်ရှိအချိန် ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ကားတစ်စီးပါလို့ ထပ်လောင်းပြောပါရစေ။ အထိုက်တန်ဆုံးကားလို့တောင် တချို့တွေ့က ဆိုနေကြသေးတာ မဟုတ်လား။
ပါဝင်တဲ့အချက်တွေ
Grade : GLX AT
Driving Amenities
Electric windows front : standard
rear : standard
Central door locking : standard
Remote-control lock : standard
Push start system : standard
Air conditioning front/rear manual : standard
Heater : standard
Pollen filter : standard
Speakers : 4
Antenna : mounted at front of roof
Infotainment : 9-inch touch panel audio+bluetooth
Rear view camera : Optional
Seats
Fabric seat : standard
Front seat
Seat height adjuster (driver side) : standard
Slide and recline (both side) : standard
Head restraint : standard
Seatbelt pocket : standard
Second row
Head restraint : standard
Slide and recline : standard
60-40 split single folding : standard
Third row
Head restraint : standard
50-50 split tilt down-folding : standard
Steering and Instrument Panel
Steering
Leather covered : standard
Audio controls : standard
Tilt-adjust : standard
Power steering : standard
Tachometer : standard
Infotainment display
Segment display : standard
Clock : standard
Outside temperature : standard
Fuel consumption : standard
Driving range : standard
Reminder and alarm
Door ajar reminder : standard
Low fuel warning : standard
Passenger's seatbelt reminder : standard
Light-off and key reminder : standard
Driver's seatbelt reminder : standard
Woden instrument panel deco : standard
Interior
Cabin lights
Front cabin light x 3 : standard
Centre cabin light x 3 : standard
Sun visors
Driver's and passenger's side : standard
With vanity mirror (passenger's side) : standard
Assist grips
Passenger's side : standard
Second row x 2 : standard
Cup holders
Fornt x 2 : standard
Ventilated cup holders : standard
Bottle holders
Front x 2 : standard
Second row x 2 : standard
Third row x 2 : standard
Remote fuel lid opener : standard
Chrome inside door handles : standard
Luggage board 50-50 split : standard
USB port and AUX input : standard
12V accessory socket : standard
Exterior
Chrome front grille : standard
Chrome outside door handles : standard
Halogen projector & multi-reflector headlamps : standard
LED rear combination lamps with light guides : standard
Front fog lamps : standard
Green-tinted windows : standard
Rear window demister : standard
Wipers
Fornt x 2 : standard
Rear x 1 : standard
Outside door mirrors
Body colored : standard
Electrical adjust : standard
Electrical fold : standard
With built-in turn signal lamp : standard
Chrome tailgate garnish : standard
Tailgate opener : standard
Tyre and wheels : 185/65R15 + polished alloy wheels
Spare tyre and wheel : 185/65R15 + steel wheel
Safety, Security and Environmental Compatibility
SRS front dual airbags : standard
Seatbelts for all 7 seats : standard
ISOFIX child seat anchorages with seat tether anchorages x2 : standard
Childproof rear door locks : standard
Side impact door beams : standard
ABS with EBD function : standard
LED high-mount stop lamp : standard
Rear parking sensors x2 : standard
Immobiliser : standard
Security alarm : standard
Dimensions
Overall length : 4,395 mm
Overall width : 1,735 mm
Overall height : 1,690 mm
Wheelbase : 2,740 mm
Tread front : 1,510 mm
rear : 1,520 mm
Minimum turning radius : 5.2 m
Minimum ground clearance : 180 mm
Capacities
Seating capacity : 7
Fuel tank capacity : 45 litre
Luggage capacity Max : 803 litre
3rd row folded : 550 litre
3rd row raised : 153 litre
Engine
Type : K15B
Number of cylinders : 4
Number of valves : 16
Piston displacement : 1,462 cc
Bore x stroke : 74.0 x 85.0 mm
Compression ratio : 10.5
Maximum output : 103hp/6,000rpm
Maximum torque : 138Nm/4,400rpm
Fuel distribution : Multipoint injection
Transmission
Gear ratio
First : 2.875
Second : 1.568
Third : 1.000
Fourth : 0.697
Reverse : 2.300
Final gear ratio : 4.375
Chassis
Steering : rack & pinion
Brakes front : Ventilated disc
rear : Drum, leading and trailing
Suspension front : MacPherson strut with coil spring
rear : Torsion beam with coil spring
Tyres : 185/65R15
Weights
Kerb weight (min./with full option) : 1,090 – 1,135 kg
Gross vehicle weight : 1,695 – 1710 kg (3737 – 3770 lbs)
စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Suzuki Authorised Dealer Myanmar Motor Corporation အားအထူးပင် ကျေးဇူးတင်လျက်......
စာရေးသူ : ဂျူနို
ဓါတ်ပုံ : ကောင်းတင့်