အနာဂတ် လူငယ် တို့ ရဲ့ စီးတော်ယာဉ် ကျောင်းကား

0

Full article

![](/redline/content/images/2017/07/first-school-bus-300x227.jpg)

Photo Credit

၁၉ ရာစုအလယ်ဝန်းကျင်လောက်က အမေရိကန် နဲ့ ကနေဒါနိုင်ငံ နေရာဒေသအချို့ မှာ (one-room schools) စာသင်ခန်း တစ်ခန်းတည်း ပါရှိတဲ့ ကျောင်း တွေနဲ့ ပညာသင်ကြားရေးကို အစပျိုးခဲ့ရပါတယ်။ ထိုအချိန်က (kid hack) လို့ခေါ်တဲ့ ကလေး စီးမော်တော် တွေ ကိုစတင် အသုံးပြုခဲ့တဲ့ အချိန်လို့ပြောနိုင်ပါတယ်။ Kid hack တွေကို အသုံးပြုရခြင်း ရဲ့ရည်ရွယ်ချက်ကတော့ ဝေးကွာ တဲ့ဒေသမှာ နေထိုင်တဲ့ ကျောင်းသား ကလေးငယ် တို့ အိမ်မှကျောင်း(one-room schools) သို့ ပိုမိုလွယ်ကူစွာ ခရီးရောက်နိုင်စေရန် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit

၁၈၈၆ ခုနှစ်မှာတော့ India နိုင်ငံမှာ ကျောင်းကားတွေကို School wagon လို့ ခေါ် ဆိုပြီးစတင်ထုတ်လုပ်ခဲ့ကြပါတယ်။ ထို့နောက် ၁၉၂၇ ခုနှစ် မှာ အမေရိကန် ရဲ့ စီးပွားရေးလုပ်ငန်းရှင်( entrepreneur) တစ်ဦးဖြစ် သူ Albert Luce မှ ဦးဆောင်ပြီး school bus production ကို စတင်အကောင်ထည်ဖော်ခဲ့ပါတယ်။ Blue Bird (bus manufacturing company) ကိုစတင်တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit

ကျောင်းကားလို့ပြော လိုက်ရုံ နှင့် ကျောင်းသား လူငယ် တို့ အတွက် နေ့စဉ် နေ့တိုင်း ပို့ဆောင်ပေးနေ သော ပုံမှန် ကားအမျိုးစား တစ်မျိုးကို ပြေးမြင်မိကျမှာပါ။ မြန်မာနိုင်ငံ မှာ တော့ ကုန်တင်ယာဉ် မှတစ်ဆင့် ထော်လာဂျီ အထိ ကိုပင် ကျောင်းကား အဖြစ် နိုင်ငံအနှံ့ ပြားမှာ အသုံးပြုနေတာ ကို တွေ့နိုင်ပါတယ်။

Photo Credit

United States နဲ့ Canada နိုင်ငံ တို့ပါဝင်တဲ့ မြောက်အမေရိက တိုက် မှာတော့ အခြားသော ဘတ်စ် အမျိုးစားတွေ ထဲကမှ ကွဲထွက်ပြီး ကျောင်းကားအတွက် ကို အစိုးရမှ သတ်မှတ်ထားရှိ သည့် ဒီဇို်င်း အမျိုးစား ကိုပင်ပြေးဆွဲခွင့် ရှိပါတယ်။ ထူးခြားချက် တစ်ခုကတော့ ကျောင်းကား တိုင်း မြင်လွယ်ထင်းလွယ် ရှိတဲ့ အဝါရောင်ကို အသုံးပြုထားတာပါဘဲ။ ဒါ့အပြင် အချို့သော Taxi တွေမှာ အဝါရောင် ကို အသုံးပြုထားတာ ကိုလည်း တွေ့ဖူး ကြပေလိမ့်မည်။

နှစ်စဉ်နှစ်တိုင်း မြောက်အမေရိကတိုက်မှာ နေထိုင်နေကျတဲ့ ကျောင်းသားဦးရေ ၂၆.၉ သန်း အတွက် အဝါရောင် ကျောင်းကား အစီးပေါင်း ၄၉၄,ဝဝဝ စီးက ပြေးဆွဲရုန်းကန်ပေးနေပါတယ်။ ကျောင်းကားအဝါတွေရဲ့ အကြမ်းခံမှု၊ လုံခြုံရေးပြည့်စုံမှုတွေက ကလေးတွေ ရဲ့ နေ့စဉ်နေ့တိုင်း လူနေမှုဘဝ အတွက် အားကိုးရာ ယာဉ်အမျိုးစား အဖြစ် တည်ရှိနေဆဲပါပဲ။ ဒီလို ကြံ့ခိုင်သန်မာတဲ့ ကျောင်းကား တွေက ဘာအမျိုးစားကားတွေပါလိမ့်..။

မြောက်အမေရိက တိုက်မှာ ကျောင်းကားတွေ ကို အမျိုးစား(၄)မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Type A အဖြစ် (cutaway van)(Trans Tech/Ford),

Type B မှာတော့ (integrated/conventional)(IC BE-Series)

Type C (conventional) (Blue Bird Vision) နဲ့

Type D (front/mid/rear-engine transit-style) (Thomas Saf-T-Liner HDX)

ဆိုပြီး အမျိုးအစား လေးမျိုးနဲ့ ထုတ်လုပ် လျှက်ရှိပါတယ်။ ယင်း ကျောင်းကားတွေ ကို အစိုးရ မှ ချမှတ် ထားသော စံချိန်စံညွှန်း နဲ့ ပြည့်စုံ ပြီး ကျောင်း ကား တစ်စီးကို ကျောင်းသားဦးရေ ၉ဝ အထိ တင်ဆောင်နိုင်အောင် ဒီဇိုင်းဆွဲ တည်ဆောက် ထား ခြင်းဖြစ်ပါတယ်။


လုံခြုံရေးလုပ်ဆောင်ချက်

မြောက်အမေရိကတိုက်ရှိ ကျောင်းကားတွေ ရဲ့ အရောင် ကို စံနမူနာ အရောင်အဖြစ် အဝါရောင်သုံးစွဲလိုက် သည့်အချိန်မှစတင်၍ school bus တွေရဲ့ အရေးပါမှုက သိသာလာခဲ့ပါတယ်။ ပိုမိုထူးခြားချက်ကတော့ ကျောင်းသား အတက်အဆင်း ပြုလုပ်ချိန်တွေမှာဆို မြောက်အမေရိကတိုက်ရဲ့ ကျောင်းကားတွေက မည်သည့်နေရာ၌ပင် ရပ်စေကာမူ ကျောင်းသားအတင်အချ ပြုလုပ်နိုင်အောင် ဥပဒေက အကာကွယ်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မည်သည့် ယာဉ်မတော်တဆမှု ဖြစ်စေမယ့် အခြေအနေမျိုးတွင်မဆို ကျောင်းကားအားလုံးက အရေးကြီးဆုံး မော်တော်ယာဉ်အဖြစ် ဦးစားပေးခံထားရခြင်းဖြစ်ပါတယ်။

_ Photo Credit_

School Bus တွေကို အခိုင်မာဆုံး နဲ့ အကောင်းဆုံး ဒီဇိုင်းအနေအထားမှာ ပေါင်းစပ်ပြီး တည်ဆောက်ထားပါတယ်။ အလွယ်တကူဖွင့်လို့နိုင်တဲ့ မှန်ပြတင်းပေါက်၊ နေရာကျယ်ကျယ်ဝန်းဝန်း နှင့် အလျင်အမြန် အဖွင့်အပိတ်ပြုလုပ်နိုင် တဲ့ emergency doors၊ နောက်ပြီး ကား frame တစ်ခုလုံး နှင့် အသေတပ်ဆင်ထားတဲ့ integral roll cage တွေကလည်း ယာဉ်မတော်တဆမှု ဖြစ်ပွားစေမည့် အခြေအနေ တွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိနေပါတယ်။ ထို့အပြင် ရှင်းလင်းတဲ့ မြင်ကွင်းပေးစွမ်းနိုင် တဲ့ ဘေးကြည့်မှန် ကြီးကြီး (၂) ခု နဲ့ ကားရဲ့ အရှေ့ဘက်မျက်နှာ မှာပါရှိထားတဲ့ နှင်းခွဲမီးတွေကလည်း ရာသီဥတုမရွေး အကောင်းမွန်ဆုံး မြင်ကွင်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ School bus တိုင်းလိုလို မှာ ကျောင်းသား ကျေင်းသူတွေ လမ်းဖြတ်ကူးချိန် နှင့် အတက်အဆင်းပြုလုပ်ချိန်တွေအတွက် သတိပေးအချက်ပြတဲ့ school bus crossing arm တွေပါရှိလို့ ယာဉ်မတော်တဆမှု ဖြစ်မှာကို စိုးရိမ်နေဖို့ မလိုပါဘူး။


CCTV လုံခြုံရေး

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းမှစတင်၍ ကျောင်းကား တိုင်းရဲ့ အတွင်းအပြင် တွေမှာ(VHS) ကင်မရာတွေစတင် တပ်ရှိလာကျပါတယ်။ ဆိုလိုတာကတော့ ယာဉ်မောင်းသူအပါအဝင် လိုက်ပါ စီးနှင်းသည့် ကျောင်းသားခရီးသည် တို့ ရဲ့သွင်ပြင်အနေအထား နှင့် ယာဉ်တစ်စီးလုံးအခြေအနေကို ဥပဒေ အရ မှတ်တမ်းတင်ထားနိုင်အောင် တပ်ဆင်ခြင်းဘဲဖြစ်ပါတယ်။

အင်ဂျင်ရုံးအားနဲ့ Alternative fuels

_ Photo Credit_

အင်ဂျင်ပါဝါတွေကတော့ ကျောင်းကားပြုလုပ်မယ့် ကားတွေအပေါ်မူတည်ပြီး အစားစားရှိပါတယ်။ ဒါတွေအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့ချနိုင်ရေး နဲ့ လောင်စာသုံးစွဲ နှုန်းလျော့ ကျရေးတို့အတွက် Diesel engine , CNG engine, Petrol engine တွေအပါအဝင် ဆီစားအသက်သာဆုံးဖြစ်သည့် လျှပ်စစ် စွမ်းအင်သုံး (Transpower School bus) တွေကိုပါထုတ်လုပ် အသုံးပြုနေပါတယ်။ လျှပ်စစ် battery ပါရှိတဲ့ school bus တွေ ကတော့ခေတ်မှီ လူနေမှုစနစ် နဲ့ ကိုက်ညီတာဖြစ် လို့အမေရိကတစ် တိုက်လုံး နောင်တစ်ချိန်မှာ electric school bus တွေ နဲ့ အစားထိုးအသုံးပြုသွားဖို့ ရှိနေပါတယ်။

ဒီလို အသုံးဝင်စိတ်ချရတဲ့ school bus ကြီးတွေ နဲ့ service တွေကို မြန်မာနိုင်ငံမှာကော အသုံးပြုလို့နိုင်ပါပြီလား..။ မြန်မာနိုင်ငံ အတွက်ကရော ဘယ်လို စံချိန်စံညွှန်းတွေကို အသုံးပြုပြီး school bus တွေကို အကောင်ထည် ဖော်ကြမည်နည်း..။

Author