ကားလောက ကို ထပ်မံအုပ်ချုပ်သွားမည့် 2017 Rolls-Royce Phantom VIII

0

Full article

![](/redline/content/images/2017/08/fafaa-300x225.jpg)

ကမ္ဘာ ကျော် နာမည်ကြီး ကားကုမ္ပဏီကြီးများထဲတွင် Rolls-Royce ၏ ရပ်တည်မှုသည် စတင်ထွက်ပေါ်သည့် အချိန်မှစ၍ ယနေ့ အချိန်ထိတိုင် နာမည်ကျော်ကြား နေဆဲပါ။ Rolls-Royce ဆိုသည့် နာမည်ကြားရုံ နဲ့တင် ကမ္ဘာကျော် ဇိမ်ခံကား ဖြစ်ကြောင်းကို သိနှင့်ပြီးသား ဖြစ်ပေလိမ့်မည်။ Rolls-Royce ၏ မျိုးဆက်သစ် Phantom ကို ၂ဝဝ၃ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ပြီး မကြာခင်ချိန် အတွင်း ဈေးကွက်ထဲသို့ မိတ်ဆက်ကာ တန်ဖိုးအကြီးဆုံး ဇိမ်ခံကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

လွန်ခဲ့သော ရက် အနည်းငယ် အတွင်း Rolls-Royce မှ မျိုးဆက်သစ် Phantom VIII ကို စတင်မိတ်ဆက် လိုက်ပါပြီ။ Phantom Series တွေဟာဆိုရင် Rolls-Royce brand ထဲမှာ အကောင်းဆုံး series လို့ပြော နိုင်ပါတယ်။ Quality အပါအဝင် Engineering နဲ့ ဒီဇိုင်း တည်ဆောက်ထားပုံ တွေဟာ အင်မတန်မှ အနုစိတ် ကျ လွန်းတဲ့အပြင် အကောင်းဆုံး ဇိမ်ခံမှု ရသ တွေကို ပေးစွမ်းနိုင်တာကြောင့် ကော်ဇောပျံ စီးနှင်း သကဲ့သို့ခံစားရပေလိမ့်မည်။

Rolls-Royce Phantom VIII Model ကို ၂ဝ၁၈ အစော ပိုင်း ကာလရောက်ရှိချိန်မှ ဈေးကွက်ထဲ ဝင်ရောက်ဖို့ မျှော်မှန်းထားခဲ့တာပါ။ ယခု မျိုးဆက်သစ် Rolls-Royce Phantom ရဲ့ standard grade ကိုမှာယူမယ်ဆိုရင် တော့ USD $450,000 ကနေ စတင် မှာယူနိုင်ပါတယ်။ သို့ပေမဲ့ ကုမ္ပဏီ data အရ မှာယူသူတွေ အနေဖြင့် တန်ဖိုးကြီး option တွေကို သာပိုမို ရွေးချယ် ဝယ်ယူကြတယ်လို့ စစ်တမ်းရှိထားပါတယ်။ အခြားသော တန်ဖို့းကြီး option တွေကို ရွေးချယ် မယ်ဆိုရင်တော့ USD $600,000 အထိ ဈေးနှုန်း ရှိနေမှာဖြစ်ပါတယ်။

Phantom VII ရဲ့ အပြင်ပိုင်း ဒီဇိုင်း

အခုဆိုရင်တော့ Rolls-Royce Phantom VIII ကို အမြင်သစ် တစ်မျိုး နဲ့ စတင်တွေ့မြင်နိုင်နေပါပြီ။ Rolls-Royce Phantom VIII ကို aluminum platform အခံ အသုံးပြုပြီး တည်ဆောက်ထားသည့်အပြင် ဒီဇိုင်းအပြင်အဆင်ဗိသုကာလက်ရာမြောက် တည်ဆောက်ထားတာကို လည်းတွေ့နိုင်ပါသေးတယ်

Horsepower 563 ရှိပြီး 6.75-liter twin-turbocharged V12 engine အမျိုးအစား ကို 8-speed automatic transmission ဖြင့် အသုံးပြုထားတဲ့ အပြင် satellite-aided transmission ကိုပါ ထည့်သွင်းထားပါတယ်။

ဒီဇိုင်းပိုင်းတည်ဆောက်ထားပုံ သေသပ်လှလွန်းတာကြောင့် Rolls-Royce ရဲ့ အရင် မော်ဒယ် တွေနဲ့ တူညီမှုမရှိ သည့် ဆင့်ကဲပြောင်းလဲမှုတွေကို Phantom VIII မော်ဒယ်မှာ တွေ့မြင်နိုင်ပါတယ်။

ဒါ့အပြင် ကားနောက်ခန်း ၈ လက်မ ပိုမိုရှည်လျား သည့် extended wheelbase model ကိုလည်း Phantom VIII မှာ ရရှိ နိုင်ပါတယ်။

ယခုထွက်ရှိထား တဲ့ Phantom series တွေအကုန်လုံးက နောင်တစ်ချိန်မှာ ထွက်ရှိ မဲ့ Rolls-Royce 100 EX concept model ကို အမှီပြုပြီး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ Phantom တွေ ရဲ့ အနောက်ပိုင်း ဒီဇိုင်းတွေကတော့ classic Rolls-Royce တွေရဲ့ လမ်းကြောင်းအတိုင်း တည်ဆောက်ထားတာပါ။

တစ်ခါးလေးတစ်ချက် ဖွင့်ရုံဖြင့် မော်တော်ကားတစ်စီး၏ ဇိမ်ခံမှု အဓိပ္ပာယ် ကို နားလည်ပါလိမ့်မည်...

Rolls-Royce ကိုဝယ်ယူသူ customer တွေက နေ့တစ်နေ့တာကို ကား အနောက်ခန်းထဲ မှာ အချိန်ကုန်ဆုံးချင်ကြပါတယ်။ ဒါကြောင့် Rolls-Royce မှ ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေမှု ရှိပြီး အပြင်လော က ကိုပါ ခံစားနိုင်သည့် luxury features တွေကို ထည့်သွင်းထားပါတယ်။ တစ်ဖက်တစ်လမ်းမှ ပြောရရင်ဖြင့် magic carpet ride ဟု Phantom series တွေကို ခေါ်ဆိုနေကြပါပြီ။

အင်မတန် တွေ့မြင်ရန် ခက်ခဲလွန်းသည့် နူးညံ့လှတဲ့ leather တွေ၊ အဆင့်တန်းမြင့် သစ်ပါးလွှာတွေအပြင် ပြောင်မြောက်လွန်းလှ တဲ့ metal design တွေကို Phantom VIII မှာ တွေ့မြင်နိုင်နေပါပြီ။

ဒီလို classic feature တွေကို အာရုံမရဘူးဆိုရင် ခေတ်မှီ ဖျော်ဖြေမှုတွေ ပါရှိတဲ့ ထိုင်ခုံတွေအပြင် Wi-Fi hotspot နဲ့ အရက်ခွက် တင်နိုင်တဲ့ cupboard features တွေကို လည်း ရရှိနိုင်ပါသေးတယ်..

ဒါ့အပြင် နည်းပညာမြင့် panoramic camera system(မြင်ကွင်းကျယ်ပြောင်းလဲခြင်း), Night vision, adaptive cruise control , collision warning, lane depature warning အစရှိသည့် ခေတ်မှီ နည်းပညာ အများအပြားကို Phantom VIII မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Rolls-Royce Phantom VIII မော်ဒယ် ရဲ့ ဈေးနှုန်းကတော့ standard model ကို USD $450,000 မှာ အနည်းဆုံးမှာယူနိုင်မှာဖြစ်ပြီး ကမ္ဘာ ပေါ်မှာ ဈေးအကြီးဆုံး ဇိမ်ခံကားအဖြစ် ယခုထိတိုင် ရပ်တည်လျက် ရှိနေပါတယ်။

Benjamin Zhang ရေးသားသော The all-new Rolls-Royce Phantom is a modern private jet for the road ကို ဘာသာပြန်သည်။

Author