Suzuki Ertiga 2020 Review

0

Full article

Suzuki Ertiga 2020 ကို upgraded model လို့ Suzuki ကဆိုထားတယ်။ ဒီဇိုင်း၊ အင်ဂျင်၊ အောက်ပိုင်းတွေက 2019 Ertiga လိုပဲ ဘာမှအပြောင်းအလဲမရှိဘူး။ သိသာတဲ့အပြောင်းအလဲတွေက digital air conditioning ၊ Apple CarPlay ရော Android Auto ပါရတဲ့ infotainment စနစ် ဖြစ်ပြီး နောက်ကြည့်ကင်မရာ built-in ပါဝင်လာသလို အလယ်ထိုင်ခုံမှာ armrest လည်းပါဝင်လာတယ်။ ဈေးနှုန်းက နှစ်ဆယ့်သုံးသိန်းပိုများသွားတယ်။ ဆိုတော့ကာ...

ဈေးနှုန်း

29,500,000 ကျပ် (SKD)

အားသာချက်

  • Apple CarPlay ရော Android Auto ပါအသုံးပြုလို့ရလာတဲ့ infotainment စနစ်
  • Digital air conditioning
  • မောင်းနှင်ရလွယ်ကူပြီး ဆီစားနှုန်းလည်းသက်သာခြင်း

အားနည်းချက်

  • ထုံးစံအတိုင်း အတွင်းခန်းအရည်အသွေးပိုမိုကောင်းမွန်သင့်ခြင်း
  • ခုံအပြည့်တင်ဆောင်ပါက နောက်ဆုံးတန်းသည် ကလေးများအတွက်သာ ပိုမိုသင့်လျော်ခြင်း
  • လမ်းကြမ်းမောင်းရာမှာ အနည်းငယ်ခုန်ခြင်း

သုံးသပ်ချက်

Suzuki ရဲ့ Ertiga 2020 ဟာ 2019 နဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီဇိုင်းပိုင်းလည်း အတူတူဖြစ်သလို အင်ဂျင်၊ အောက်ပိုင်း စတဲ့အချက်အလက်တော်တော်များများကလည်း အတူတူပါပဲ။ ဝယ်ယူမယ့်သူတွေ အဓိက တွက်ရမှာက ပိုပေးရတဲ့ငွေ နှစ်ဆယ့်သုံးသိန်းဟာ ပြန်လည်ရရှိမှာဖြစ်တဲ့ ဖုန်းတွေနဲ့ပိုမိုကောင်းမွန်အောင် ချိတ်ဆက်နိုင်မယ့် infotainment စနစ်ရယ်၊ digital ဖြစ်သွားတဲ့ air conditioning ရယ်နဲ့ တန်မတန်ဆိုတာပါပဲ။ ကျန်တဲ့ထူးခြားချက်အဖြစ်နဲ့ အလယ်တန်း armrest ပါဝင်လာတာက ရင်ခုန်စရာသိပ်မကောင်းလှသလို built-in ပါဝင်တဲ့ နောက်ကင်မရာဆိုတာက 2019 Ertiga မှာလည်း showroom တော်တော်များများက ဖြည့်စွက်တပ်ဆင်ပေးတယ်လို့သိရတဲ့အတွက် ဒီအချက်ကလည်း စိတ်လှုပ်ရှားစရာတော့ မရှိလှပြန်ဘူး။ ဒါပေမဲ့ ထပ်တိုးရရှိနိုင်မယ့် အရောင်သစ်နှစ်ရောင်ဖြစ်တဲ့ khaki နဲ့ metallic gray ကတော့ လူကြိုက်များနိုင်ပါလိမ့်မယ်။

SKD တွေခေတ်မှာ Suzuki ရဲ့ Ertiga တွေဟာ စတင်မိတ်ဆက်ကတည်းက တော်တော်လေးရေပန်းစားတဲ့ ကားအမျိုးအစားဖြစ်တယ်။​ အဓိက က လူအများစု လိုအပ်ချက်တွေဖြစ်ကြတဲ့ ဈေးနှုန်းသက်သာခြင်း၊ လူများများတင်ဆောင်နိုင်ခြင်း၊ အနည်းငယ်မြင့်ခြင်း၊ ဆီစားနှုန်းသက်သာခြင်းတွေကို သွား ‘ထိ’ လို့ပါပဲ။ ဒါပေမဲ့လည်း မပြောင်းလဲတဲ့ ရှေ့ grille နဲ့ halogen မီးတွေ၊ LED ဘရိတ်မီးပါဝင်တဲ့ 2019 Ertiga နဲ့ထပ်တူ ထောင့်ချိုးပုံ နောက်မီးဒီဇိုင်းတွေက ထွက်ခါစက တော်တော်လေးရေပန်းစားခဲ့ပေမဲ့ 2020 မှာတော့ မြင်တွေ့နေကျဖြစ်သွားတာမို့ ကြည့်ရတာ ပျင်းစရာတော့ကောင်းသွားပါပြီ။

“ထုံးစံအတိုင်း 7-inch အမြင့်ရှိတဲ့ ground clearance က မြန်မာနိင်ငံနေရာ အတော်များများအတွက် သင့်လျော်မှုရှိပြီး 15-inch အလွိုင်းခွေက … ပြောရမယ်ဆိုရင် ဒီဇိုင်းတောင်မှ မပြောင်းသွားပါဘူး။ သေချာတာကတော့ Ertiga 2020 ဆိုတာကို အပြင်ပိုင်းသဏ္ဌာန်မြင်ရုံနဲ့ ဘာမှာထူးခြားပြောင်းလဲမှုကို မြင်ရမှာမဟုတ်ပါ။”

အတွင်းခန်း

Ertiga 2019 တုန်းက အတွင်းနဲ့အပြင်ကိုယှဉ်ကြည့်မယ်ဆိုရင် အပြင်ပိုင်းက အများကြီးပိုသာတယ်လို့ ရေးခဲ့ပါတယ်။ အခု  2020 မှာတော့ အပြင်ပိုင်းအတူတူဖြစ်ပေမဲ့ အတွင်းခန်းမှာတော့ အပြောင်းအလဲလေးအနည်းငယ်ရှိလာပါပြီ။

ပထမအချက်၊ Apple CarPlay နဲ့ Android Auto အသုံးပြုလို့ရလာတဲ့ 9-inch infotainment စနစ်ပါ။ Android OS ကိုအသုံးပြုထားပြီး Android ဖုန်းတွေနဲ့ချိတ်ဆက်အသုံးပြုဖို့ဆိုရင် ဖုန်းမှာ Android Auto app ထည့်သွင်းထားဖို့လိုပါလိမ့်မယ်။ iPhone တွေနဲ့ချိတ်ဆက်ဖို့ကတော့ infotainment မှာပါတဲ့ ZLink ကနေချိတ်ဆက်ရမှာပါ။ ဒီလိုချိတ်ဆက်ဖို့အတွက် iPhone မှာ Siri ဖွင့်ထားဖို့တော့လိုပါလိမ့်မယ်။ ချိတ်ဆက်ပြီးသွားရင်တော့ infotainment ကနေလည်း Siri ကို အသံနဲ့စေခိုင်းအသုံးပြုလို့ရတာတွေ့ရပါတယ်။ တစ်ခုတော့ရှိပါတယ်။ ချိတ်ဆက်မှုနှစ်ခုစလုံးဟာ ကြိုးမဲ့တော့မဟုတ်သေးပါဘူး။ 2020 Ertiga ရဲ infotainment စနစ်နဲ့ပတ်သက်ပြီး နောက်ထပ်အားသာချက်ကတော့ offline maps အသုံးပြုလို့ရတာပါ။ နောက်တစ်ချက်၊ Suzuki showroom တွေရဲ့ဖုန်းနံပတ်နဲ့ လိပ်စာတွေလည်း တစ်ပါတည်းထည့်သွင်းထားတာတွေ့ရတယ်။ Infotainment စနစ်ရဲ့အားနည်းချက်ကိုပြောရမယ်ဆိုရင် စက် စစနှိုးခြင်းမှာ loading အချိန်က တော်တော်ကြီးကြာတာတွေ့ရတယ်။ နောက်တစ်ခု Android OS ဖြစ်ပေမဲ့ အခြား app တွေထပ်ထည့်လို့ မရသေးဘူးလို့ဆိုပါတယ်။​ Infotainment display ရဲ့ တုံ့ပြန်မှုက သိပ်မကောင်းပေမဲ့ သိပ်လည်းမဆိုးဘူး။ နောက်ကင်မရာမြင်ကွင်းကလည်း တအားကြီးကောင်းတယ်လို့ မဆိုနိုင်သလို တအားကြီးလည်း မဆိုးပြန်ဘူး။

ဒုတိယအချက်က digital air conditioning ပါဝင်လာခြင်းပါ။ ဒါဟာ 2019 Ertiga မှာတုန်းက ဂျောက်ဂျက် air con ပါတယ်ဆိုတဲ့အချက်ကိုတော့ ချေဖျက်ပေးလိုက်တာပါပဲ။ Digital air conditioning ကိုမှာ auto စနစ်ပါဝင်တယ်ဆိုပေမဲ့ dual zone တော့မဟုတ်သေးပါဘူး။

“ကျန်တဲ့အချက်တွေအနေနဲ့ကတော့ 2019 Ertiga လိုမျိုးပဲ cheap material တွေကို အတွင်းခန်းရဲ့ နေရာတော်တော်များမှာတွေ့ရတယ်။ ထိုင်ခုံ upholstery တွေကလည်း 2019 လိုမျိုးပါပဲ။ ဒါပေမဲ့ အိစက်မှုအပိုင်းမှာတော့ ပိုလာတာတွေ့ရတယ်။”

လက်တွေ့ဆိုရင်

2019 Ertiga လိုပဲ 2020 ရဲ့နောက်ပစ္စည်းထားခန်းဝင်ဆံ့မှုက ပုံမှန်အတိုင်းဆိုရင် 153-litre ရှိတယ်။ နောက်ဆုံးခုံတန်းခေါက်လိုက်မယ်ဆိုရင် 550-litre အထိဝင်ဆံ့မှုရှိလာမှာဖြစ်ပြီး နောက်နှစ်တန်းလုံးခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုက 803-litre အထိရရှိမှာဖြစ်တယ်။

နောက် air vent တွေပါဝင်ပေမဲ့ ထုံးစံအတိုင်း ရှေ့ air conditioning က လေအေးတွေကို ပန်ကာနဲ့မှုတ်ထုတ်ပေးတာမျိုးပါ။ ဒါပေမဲ့ တော်တော်တော့ အေးပါတယ်။ ရှေ့ခုံကခရီးသည်တွေအတွက် အလော်တော် ဖုန်းထားစရာနေရာတွေ၊ USB ပေါက်၊ 12V socket နဲ့ AUX ပေါက်တွေပါပေမဲ့ နောက်ခုံမှာစီးနင်းမယ့် ခရီးသည်တွေအတွက် 12V socket တစ်ပေါက်ပဲ support ပေးတာကတော့ လုံလောက်မှုရှိမယ်မထင်ပါ။

“2020 Ertiga ရဲ့အလယ်ခုံတန်းမှာ armrest (လက်တင်) ပါလာပါတယ်။ ဒါပေမဲ့ cupholder ဘာညာ တပ်ဆင်ပေးထားတာမျိုးမရှိဘဲ လက်တင်သက်သက်သာ ထည့်ပေးထားတာမျိုးပါ။ လက်တင်ရဲ့ upholstery ကလည်း ထိုင်ခုံအသားတွေလိုမျိုးပဲဖြစ်တဲ့အတွက် သိပ်ပြီးထူးထူးကဲကဲ မခံစားမိပါဘူး။”

ထိုင်ရတဲ့အနေအထားကတော့ အရင်လိုပါပဲလို့ ပြောရမှာပါပဲ။ လူခုနစ်ယောက်စီး MPV တစ်စီးအနေနဲ့ ရှေ့နဲ့ အလယ် လူငါးယောက်အတွက် စီးပျော်ပါတယ်။ နောက်ဆုံးတန်းကတော့ လူ့အပြည့်ဆိုရင် ကျပ်မှာဖြစ်ပြီး ကလေးငယ်တွေအတွက်သာ ပိုပြီးသင့်တော်မှာပါ။ အလယ်ခုံတန်းမှာ ISO-fix ပါတာကတော့ ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် စိတ်ချရစေမှာဖြစ်တယ်။

မောင်းနှင်မှု

မောင်းနှင်မှုအပိုင်းမှာလည်း အပြောင်းအလဲအများကြီးမရှိပါဘူး။ K15B အင်ဂျင်။ 4-cylinder 1.5-litre ဓါတ်ဆီဖြစ်ပါတယ်။ အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 103hp အထိထုတ်လွှတ်ပေးနိုင်ပြီးဆီစားနှုန်းကတော့ 18kpl အထိတောင်မှရနိုင်မယ်လို့ Suzuki ဘက်က ပြောထားပါတယ်။

“လက်တွေ့မောင်းနှင်ရာမှာ အမြန်ဆုံး 130kph လောက်အထိပဲ အကောင်းဆုံးမောင်းနှင်သင့်တာကို တွေ့ရတယ်။ ဒါဟာ နည်းတယ်လို့ပြောနိုင်ပေမဲ့ မြန်မာနိုင်ငံမှာတော့ လုံလောက်မှုရှိတဲ့ အမြန်နှုန်းလို့တော့ ပြောလို့ရပါတယ်။ Transmission ပိုင်းကလည်း 2019 နဲ့အတူတူဖြစ်တဲ့အတွက် သိပ်ပြီးမကောင်းလှသလို သိပ်ပြီးလည်း မဆိုးလှပြန်ပါဘူး။ ရှေ့၊ လယ်၊ နောက် မြင်ကွင်းပိုင်းကလည်း ထုံးစံအတိုင်း မဆိုးပါဘူးလို့ပဲ​ပြောရမှာပါပဲ။”

Safety ပိုင်းအနေနဲ့ လေအိတ် နှစ်လုံးပဲပါတာဟာ 2019 အတွက်တောင် နည်းတယ်လို့ပြောလို့ရတယ်။ 2020 အတွက်တော့ တော်တော်ကြီးကိုနည်းတဲ့ ပမာဏတစ်ခုပါ။ ကျန်တဲ့ ABS (Anti-lock Braking System) ၊ EBD (Electronic Brakeforce Distribution) စတာတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ AEB (Automatic Emergency Braking) တွေဘာတွေပါလာသင့်သလို adaptive မဟုတ်တောင်မှ cruise control လောက်တော့ ပါလာသင့်တယ်လို့ယူဆပါတယ်။

Suspension အနေနဲ့  ရှေ့ MacPherson နဲ့နောက်က Torsion Beam ပါ။ လမ်းချောပေါ်မှာ အခြား suspensions တွေနဲ့ သိပ်မကွာလှပေမဲ့ လမ်းကြမ်းပေါ်မှာတော့ အနည်းငယ်ပိုခုန်မှာပါ။

“ဘယ်လိုပဲဖြစ်ဖြစ် ခြုံငုံသုံးသပ်ရရင်တော့ လူများများတင်ဆောင်နိုင်မယ်။ ဆီစားနှုန်း သက်သာတယ်။ နည်းနည်းလည်းမြင့်တယ်။ ရုပ်ထွက်ပိုင်းကတော့ 2019 နဲ့အတူတူပဲဖြစ်လို့ သိပ်ပြီး စိတ်လှုပ်ရှားစရာမကောင်းတော့ပေမဲ့ ဟောင်းနွမ်းသွားတဲ့ဒီဇိုင်းမျိုးတော့မဟုတ်သေးဘူး။ အရေးကြီးတာ ဈေးနှုန်းပါပဲ။ ပိုပေးရတဲ့ငွေ နှစ်ဆယ်သုံးသိန်းနဲ့ ပိုရရှိလာမယ့် features တွေ ထိုက်သင့်မှု ရှိ/မရှိဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။”

ပါဝင်တဲ့အချက်တွေ

DRIVING AMENITIES

·        Electric windows – Front / Rear
·        Central door locking – Switch on driver’s side
·        Remote-control door locks with hazard lamp answerback function
·        Keyless push start system
·        Air conditioner  - Front automatic / Rear manual
·        Heater
·        Pollen filter
·        Audio – Antenna (mounted at front of roof)/ Front speakers x 2 / Rear speaker x 2 / 9-inch touch panel audio + bluetooth
·        Rear view camera

SEATS
·        Front seats – Seat height adjuster (driver’s side) / Slide and recline function (Both sides) / Head restraint x 2 (separate type)/ Seatback pocket (driver’s side) / Seatback pocket (passenger’s side)
·        2nd-row seats – head restraint x 2 (separate type) / Slide and recline function / 60:40 – split single-folding
·        3rd -row seats – Head restraint x 2 (separate type) 50:50 – split tilt down-folding
·        Fabric


STEERING AND INSTRUMENT PANEL
·        3 – Spoke steering wheel – Leather covered / With audio controls / Tilt-adjust
·        Power steering
·        Tachometer
·        Information display – Segment display / Clock / Outside temperature / Fuel consumption (instantaneous/average) / Driving rage
·        Reminder and alarm – Door ajar reminder / Low fuel warning/ Passenger’s seat belt reminder/ light-off and key reminder/ Driver’s seat belt reminder
·        Wooden instrument panel decoration

INTERIOR
·        Cabin lights – Front cabin light x 3/ Centre cabin light x 3

·        Sun visors – Driver’s and (passenger’s sides / with vanity mirror (passenger’s side)
·        Assist grips – Passenger’s side/ 2nd-row x 2
·        Armrest – 2nd -row x 1
·        Cup holders – Front x 2 / Ventilated cup holders
·        Bottle holders – Front x 2 / 2nd -row x 2 / 3rd -row x 2
·        USB port and AUX input – Centre console
·        12V accessory socket – Instrument panel x 1 / 2nd-row x 1
·        Remote fuel lid opener –
·        Chrome inside door handles
·        Luggage board – 50:50 – split

EXTERIOR
·        Chrome front grille
·        Chrome outside door handles
·        Halogen projector and multi-reflector headlamps
·        LED rear combination lamps with light guides
·        Front fog lamps
·        Green-tinted windows
·        Rear window demister
·        Wipers – Front: 2 speeds (low,high) + intermittent + washer/ Rear: 1 speed washer
·        Outside door mirrors – Body coloured / Electrical adjust / Electrical fold / With built-in turn signal lamp
·        Chrome Tailgate garnish
·        Tailgate opener – Handle- operated
·        Tyres and wheels – 185/65R15 + polished alloy wheels
·        Spare tyre and wheels – 185/65R15 + steel wheel

SAFETY , SECURITY , AND ENVIRONMENTAL COMPATIBILITY
·        STS front dual airbags
·        Seat belts – Front: 3-point ELR seat belts with pretensioners and force limiters / 2nd -row: 3-point ELR seat belts x 2 with centre 2-point lap belt / 3rd-row: 3-point ELR seatbelts x 2
·        ISOFIX child seat anchorages with seat tether anchorages x 2
·        Child proof rear door locks
·        Side impact door locks
·        Side impact door beam
·        ABS with EBD function
·        LED high-mount stop lamp
·        Rear parking sensors x 2
·        Immobiliser
·        Security alarm
DIMENSIONS
·        Overall length – 4,395 mm
·        Overall width – 1,735 mm
·        Overall height – 1,690 mm
·        Wheelbase – 2,740 mm
·        Tread – Front  1,510 /Rear 1,520
·        Minimum turning radius – 5.2 m
·        Minimum ground clearance – 180 mm
CAPACITIES
·        Seating capacity – 7 person
·        Fuel tank capacity – 45 litre
·        Luggage capacity – Max. volume 803 litre / 3rd-row seat back folded 550 litre / 3rd-row seaback raised 153 litre
ENGINE
·        Type – K15B
·        Number of cylinders – 4
·        Number of valves – 16
·       Piston displacement – 1462 cm3
·        Bore x stroke – 74.0 x 85.0 mm
·        Compression ratio – 10.5
·        Maximum output – 77 KW/6,000rpm
·        Maximum torque – 138Nm/4,400rpm
·        Fuel distribution – Multipoint injection
TRANSMISSION
·        Gear ratio – 1st 2.875/ 2nd1.568/ 3rd 1.000/ 4th 0.697/ Reverse 2.300
·        Final gear ratio – 4.375
CHASSIS
·        Steering – Rack & pinion
·        Brakes – Front -Ventilated disc /Rear -Drum, leading and trailing
·        Suspension – Front -MacPherson strut / Rear -Torsion beam with coil spring
·        Tyres – 185/65R15
WEIGHTS
·        Kerb weight (min./with full option) – 1,090 – 1,135 kg
·        Gross vehicle weight – 1,695-1,710 kg

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Suzuki Authorised Dealer Myanmar Motor Corporation အားအထူးပင် ကျေးဇူးတင်လျက်......

ဓါတ်ပုံ : ကောင်းတင့်

Author