နည်းပညာမြင့် Midsize-Compact SUV(သို့မဟုတ်) 2016 Porsche Macan

0

Full article

ကမ္ဘာကျော်ပြိုင်ကားများထုတ်လုပ်မှုဖြင့် နာမည်ကျော်သည့် ဂျာမန်တို့၏ Porsche သည် ၂၁ ရာစုဦးပိုင်းကာလများ မှစတင်ကာ 4-door coupe, SUV စသည့်မော်ဒယ်များ စုံလင်စွာ တိုးချဲ့ထုတ်လုပ်လာပါသည်။

Prosches ထုတ်ကားများ၏ အဓိကထူးခြားမှုများမှာ Sporty Design ဖြင့်ဖန်တီးထားခြင်းနှင့် High Performance, good Driving Handling စသည့်ပြိုင်ကားဆန်သည့်နည်းပညာနှင့်ခံစားမှုများကို အလေးထားထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

2016ထုတ် Porsches Moden Line-up များအနက် မကြာသေးမီကာလများမှ မွေးဖွားလာသည့် Porsche ၏ Midsize-Compact SUV ဖြစ်သည့် Porsche Macan အား ရွေးချယ်တင်ပြမည်ဖြစ်ပါသည်။ ယခု 2016ထုတ် Macan သည် ယခင်မော်ဒယ်နှင့်မတူဘဲ အနည်းငယ်ပြောင်းလဲထား သည့်ဒီဇိုင်း၊ Upgrade အနေဖြင့် ထည့်သွင်းထားသည့် နည်းပညာသုံးပါဝင်ပစ္စည်းအချို့ တို့ကို ယခု 2016 Model တွင်စတင်အသုံးပြုထားမည် ဖြစ်ပါသည်။

maxresdefault-500x281

2016 Porsches Macan သည် ၅ယောက်စီး Compact Crossover SUV ကားအမျိုးစားဖြစ်ပြီးအတွင်း ပါဝင်မှုများအပေါ်မူတည်ကာ (S) နှင့် (Turbo) ဟူ၍ Trim ၂မျိုးခွဲထားပါသည်။ S-Trim သည် Standard ဖြစ်သော်လည်း Porsche ၏ထုံးစံအတိုင်းနည်းပညာမြင့် ပါဝင်မှုများနှင့် အခြားတန်ဖိုးကြီးပစ္စည်းများအား ပြည့်စုံစွာထည့်သွင်းထားပါသည်။ အဓိကပါဝင်မှုများမှာ 18 or 19 inch wheels, Power lift gate, Privacy glass, Automatic Bi-xenon headlights with auto-leveling and cleaners, LED running lights ,နှင်းခွဲမီးများ အလိုအလျောက်စနစ်သုံး ရှေ့ရေသုတ်တံ ၊Cruise control/simulated suede upholstery, 8-way power front seat with memory setting , 40/20/40-split-folding rear seats , Bluetooth phone and audio , 7-inch touch-screen display, iPod/USB audio interface စသည်တို့ဖြစ်ပါသည်။

2016-Porsche-Macan-interior-500x295

Macan Turbo-Trim တွင် S-Trim ထက်ပိုမိုကောင်းမွန်မှုများအပြင် Sporty design အနေဖြင့်လည်း ထုတ်လုပ်ထားပါသည်။ ၎င်းတွင်အဓိကပါဝင်မှုများမှာ Adaptive suspension dampers Unique 19-inch wheels ,Adaptive Bi-xenon headlights , LED fog lights ,Full leather upholstery ,simulated suede headliner, aluminum accents, Heated 10-way power front sport seats ,စပီကာ ၁၄ လုံးပါရှိသည့် Bose အမျိုးအစားပတ်လည်အသံစနစ် ၊ Satellite/HD radio, Navigation system စသည်တို့ ဖြစ်ကြပါသည်။

အထက်ပါထည့်သွင်းထားမှုများအပြင် အချို့သောပစ္စည်းများကိုလည်း 2016 Porsche Macan တွင်အပိုဆောင်း Options အနေဖြင့်မှာယူနိုင်မည့် Optional Features များမှာ High-performance ceramic brakes, Adaptive and height adjustable air suspension , Dual-note sport exhaust, Adaptive cruise roof rails, Front and rear parking sensors, Surround-view camera, Keyless ignition/entry စသည်တို့ဖြစ်ကြပါသည်။ ကားအတွင်းခန်းအတွက်မှာယူနိုင်မည့် Options Features များမှာ 10-way Power Front seats, Ventilated front seats, Heated rear seats ,Rear side sunshades, Smartphone app integration with Aha Radio, စပီကာ ၁၆ လုံးပါရှိသည့် Burmester အသံစနစ် -Rear-Seat entertainment system , Voice –command, Leather-swathed interior trim စသည်တို့ဖြစ်ကြပါသည်။ Mance ၏ Cargo capacity သည်ပုံမှန်အားဖြင့် 17.7 cubic feet ခန့် အကျယ်ရှိပြီး နောက်ဆုံးတန်းများအား ခေါက်သိမ်းလိုက်ပါက အကျယ် 53.0 Cubic Feet ခန့်အထိ ကျယ်ဝန်းသည့် နေရာရရှိနိုင်ပါသည်။

20016 Porsche Macan တွင်အင်ဂျင်အမျိုးအစား ၂ မျိုးရရှိနိုင်ပါမည်.။ Standard အနေဖြင့် 3.OL Turbocharged V6 mph အား 5.6 Seconds ဖြင့်ရောက်ရှိနိုင်ပါမည်။ Turbo-Trim တွင်မူ 3.6L Turbocharged V6 Engine , 400hp အင်ဂျင်စနစ်အား အသုံးပြုထားပါသည်။ ၎င်းသည် Performance အနေဖြင့် 0 to 60 mph အား 4.4 Seconds ဖြင့်ရောက်ရှိနိုင်ပါသည်။ Gearbox အနေဖြင့် 7 speed automatic manual gearbox အား တပ်ဆင်ထားပါသည်။ Porsche Macan ၏စုစုပေါင်းအလေးချိန်သည် 4409 lbs ခန့်ရှိပါသည်။

2016 Porsche Macan တွင် Safety အနေဖြင့် အဆင့်မြင့်လုံခြုံရေးစနစ်များဖြစ်ကြသည့် Antilock disc brakes, Traction and stability control ,fully airbags System, Rearview camera, 360 degree Parking camera Adaptive cruise control with frontal collision warning and mitigation system, Automatic braking blind spot monitoring, Lane keeping assist စသည့်လုံခြုံရေးစနစ်များ ပြည့်စုံစွာထည့်သွင်းထားပါသည်။

2016 Porsche Macan အား US Market တွင် US$52,600 ခန့်ဖြင့်စတင်ရောင်းချသည်ဖြစ်ပြီး Optional Packages များအပေါ်မှုတည်ကာ ဈေးနှုန်းပြောင်းလဲမည်ဖြစ်ပါသည်။ ဈေးကွက်တွင် ၎င်းနှင့်ဈေးကွက်ယှဉ်ပြိုင်ဘက် Brands များမှာ 2016 Mercedes-Benz GLA, BMW X3, 2016 Audi Q5/SQ5, 2016 Range Rover Evoque စသည်တို့ဖြစ်ကြပါသည်။

နိဂုံးချုပ်အားဖြင့် ကမ္ဘာကျော် ဂျာမနီထုတ် Porsche ၏ Mid-size SUV တစ်မျိုးဖြစ်သည့် 2016 Macan အား စီစဉ်တင်ဆက်အပ်ပါသည်။

မျိုးမင်းသာ(Hana Victory)

www.carsdb.com

No. 1 Car Site in Myanmar

Author