၂ဝ၁၉ ထုတ် Peugeot 2008 Car Review

0

Full article

ဆီစားသက်သာပြီး ဥရောပထုတ်ကားစစ်စစ်တွေထဲမှာ ဈေးနှုန်းလည်းသက်သာတဲ့ New Peugeot 2008 ဟာ မိသားစုငယ်အတွက်တော့ စွယ်စုံသုံး small SUV တစ်စီးပါပဲ။

ဈေးနှုန်း : $47,500 (ပြည်တွင်း)

လက်ငင်းငွေသား ၂၅% မှစ၍ ၇ နှစ်အရစ်ကျ/ ၅ နှစ်အရစ်ကျပေး၍ဝယ်ယူနိုင်

အားသာချက်

  • ဆီစားနှုန်းသက်သာခြင်းသည် နေ့စဉ်မောင်းနှင်မှု ဘဝပုံစံအတွက် အထူးအထောက်အကူပြုနိုင်

  • ဥရောပထုတ် ကားများတွင် ဈေးနှုန်းအားဖြင့် အသက်သာဆုံးဖြစ်

  • မိသားစုငယ်တစ်စုအတွက် မြို့တွင်း/မြို့ပြင် လုံခြုံစိတ်ချရမှုအပြည့်ဖြင့် အသုံးပြုနိုင်

အားနည်းချက်

– ဒီဇယ်အင်ဂျင်အတွက် ရွေးချယ်စရာမရှိခြင်း

– Push start button မပါဝင်ခြင်း

– ဆီဖြည့်ရာတွင် ကားစက်ကိုပိတ်၊ သော့ကိုထုတ်၍ ဆီဖုံးကို ဖွင့်ရခြင်း (ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ရည်ရွယ်ထည့်သွင်းထားသောစနစ်ဖြစ်သော်လည်း လွယ်ကူအဆင်ပြေမှုကို အားနည်းသွားစေနိုင်သောကြောင့် အားနည်းချက်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်)

ဆီစားနှုန်း : 4.8 Litre per 100 kilometers (49 US MPG)

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု : 110 g/km

လုံခြုံစိတ်ချရမှု : ***** (Euro NCAP) (International engine of the year awards 2018)

သုံးသပ်ချက်

Peugeot ("ပူဂျိုး" ဟု အကောင်းဆုံးခေါ်ဆိုနိုင်/ "ပီးဂျော့" ဟု လူအများကခေါ်ဆိုကြပြီး "ဖရုဂျို" ဟုအမှန်အကန်ခေါ်ဆိုနိုင်ကြောင်း Peugeotမှ Assistant Corporate Sales Manager ကိုဟိန်းသူသန့်မှ ပြောဆို) 2008 ဆိုရင် ၂ဝဝ၈ ခုနှစ်ထုတ် model ဆိုပြီး အမှတ်မှားနိုင်ပါတယ်။ တကယ်က ၂ဝ၁၉ ခုနှစ်ထုတ် Peugeotရဲ့ 2008 အမျိုးအစားကားအသစ်စက်စက်ပါ။ Peugeotအနေနဲ့ ၂ဝ၁၄ ခုနှစ်ကလည်း အခုလို 2008 ဆိုတဲ့ အမည်နဲ့ပုံစံတူကားအမျိုးအစားထုတ်လုပ်ထားခဲ့ဖူးပြီး အခု All New Peugeot 2008 ကတော့ ၂ဝ၁၄ ခုနှစ်ထုတ်Peugeot2008 ရဲ့အားလုံးကို upgrade ပြုလုပ်ထားတဲ့ကားလို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအတွက် လိုက်လျောညီထွေဖြစ်ဖို့ သီးသန့် ရည်ရွယ်တည်ဆောက်ထားတဲ့ ကား ဖြစ်တာမလို့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာမဆို အကောင်းဆုံး မောင်းနှင်နိုင်မယ့် ဥရောပထုတ် ကားစစ်စစ်ပေါ့။

Peugeot 2008 အသစ်ဟာ လူငါးယောက်စီး small SUV ပါ။ သက်သောင့်သက်သာရှိမှုနဲ့ လုံခြုံစိတ်ချရမှုကို ပေါင်းစပ်ထားတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ ဥရောပတိုက်သားတွေ၊ အထူးသဖြင့် ကြေးများလွန်းတဲ့ ပြင်သစ်တွေရဲ့ ထုတ်ကုန် ဖြစ်တဲ့အတွက် အဆင့်မြင့်ကားတစ်စီးနဲ့အတူ ညင်သာချောမွေ့မှုတွေကိုပါ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

နောက်တစ်ခုထူးခြားချက်ကတော့ ဆီစားသက်သာမှုပါ။ ဥရောပထုတ်ကားတွေအနေနဲ့ ဒီလို ဆီစားသက်သာတာမျိုးကို ရှာတွေ့ဖို့တော့ သိပ်မလွယ်ဘူးဗျ။ အင်ဂျင်ကတော့ 1.2-litre ၊ cylinder ၃ လုံးနဲ့ဖြစ်ပြီး 110hp ထွက်ရှိပါတယ်။

ဘီးတွေက ၁၆ လက်မ အလွိုင်းခွေတွေနဲ့ဖြစ်ပြီး ground clearance ကတော့ ၈ လက်မ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း slow down အတော်များများနဲ့ လမ်းမညီမညာဖြစ်မှု အတော်များများကို စိတ်ချလက်ချ ဖြတ်မောင်းနိုင်မယ့် ပုံစံမှာရှိပါတယ်။ Ground clearance အနေနဲ့ပြောရရင်Peugeot 5008 မှာဆိုရင်တော့ ၉ လက်မတောင်ရှိတဲ့အတွက် ပျမ်းမျှအနေနဲ့ ဘယ်လိုလမ်းမှာမဆို ပစ်မောင်းလိုက်လို့ ရတဲ့ကားမျိုးပါ။

နောက်တစ်ခုက လူ၊ ခွေး စတဲ့ ရုတ်တရက်ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့တဲ့အခါမှာ အလိုအလျောက် ဘရိတ်အုပ်ပေးနိုင်တဲ့ Active Safety Brake ပါတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းနေသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တော်တာ်လေးအဆင်ပြေနိုင်ပါတယ်။

ပုံစံ

ပုံစံအနေနဲ့ကတော့Peugeot 2008 ရဲ့ ၂ဝ၁၉ ခုနှစ်ပုံစံဟာ ၂ဝ၁၄ ခုနှစ်ထုတ်နဲ့ သိပ်အများကြီး မကွာပါဘူး။ ဒါပေမယ့် အတွင်းခန်းနဲ့ နည်းပညာပိုင်းဆိုင်ရာတွေကတော့ တစ်ခြားစီဖြစ်လို့သွားပါပြီ။ ငါးနှစ်တာကာလအတွင်း ကားအတွင်းပိုင်း၊ နည်းပညာ များစွာတပ်ဆင်ဖြည့်ဆည်းပေးမှုနဲ့ မောင်းနှင်မှု performance မှာတော့ ၂ဝ၁၉Peugeot2008 ဟာ ၂ဝ၁၄Peugeot 2008 နဲ့ သိပ်ကို ကွာခြားလို့နေပါတယ်။ ဒါကလည်း ခေတ်နှင့်လျော်ညီ၊ ခေတ်မီနေအောင် အမြဲတမ်း ဖြည့်ဆည်းနေတဲ့ မူရင်းကုမ္ပဏီရဲ့ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်မှာပါ။ ဒါပေမယ့် ပုံစံအပိုင်းချည့်သက်သက်ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ ပျင်းစရာကောင်းတယ်လို့ ဆိုရမှာပါ။

Peugeotကထုတ်တဲ့ကားတွေအားလုံးမှာ ထူးခြားချက်တစ်ခုတော့ရှိတယ်ဗျ။ အဲဒါကတော့ ခြင်္သေ့လက်သည်းရာပါပဲ။ အနောက်ဘက် မီးတွေကို ပုံဖေါ်ထားတဲ့ ခြင်္သေ့လက်သည်းရာပါ။ ဒါကတော့ Peugeot တွေရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး သီးသန့်ဆန်မှုကို ဖေါ်ကြူးထားတယ်လို့လည်း သေချာပေါက်ဆိုလို့ရပါတယ်။

အတွင်းခန်း

အတွင်းခန်းကို ဝင်ထိုင် လိုက်လိုက်ခြင်း ခံစားမိတာကတော့ အံဝင်ခွင်ကျဖြစ်မှုပါ။ အရွယ်အစားမတူညီတဲ့ လူအမျိုးမျိုးကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ရတာ တကယ်တော့ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့်Peugeot 2008 အသစ်မှာတော့ တွေ့နိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ အားလုံး သားရေထိုင်ခုံဖြစ်နေတာကိုလည်း တော်တော်လေး နှစ်သက်မိပါတယ်။ Dashboard ၊ တံခါးအတွင်း၊ Gear စတာတွေကို သားရေနဲ့ ဖိုင်ဘာ ပေါင်းစပ်ဖန်တီးထားတာလေးကလည်း grand ဖြစ်တယ်လို့ပြောလို့ရတယ်။ ကြိုက်တာကတော့ steering ခွေအသေးကစလို့ ဖန်တီးထားတဲ့ လေယာဉ်တစ်စီးရဲ့ pilot အခန်းပုံစံမျိုး ဖွဲ့စည်းထားတဲ့ ယာဉ်မောင်းသူ နေရာပါ။ Steering ခွေက အသေးဖြစ်တဲ့အတွက် ဒိုင်ခွက်တွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး အကွေ့၊ အဝိုက်တွေမှာလည်း ပိုမိုချောမွေ့အဆင်ပြေပါတယ်။

Infotainment screen အနေနဲ့ကတော့ ၆ လက်မ Capacitive Touchscreen ကိုအသုံးပြုပေးထားတာ တွေ့ရပါတယ်။ Infotainment screen ကနေ climate control တို့ဘာတို့ကို တိုက်ရိုက်ထိန်းချုပ်လို့မရပေမယ့် Apple CarPlay တို့ Android Auto တို့လိုမျိုး စနစ်တွေပါဝင်တဲ့အတွက် ဘယ်လို smartphones တွေနဲ့မဆို အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်တာတွေ့ရပါတယ်။

နောက်ကြည့်မှန်ကတော့ chromic mirror ဖြစ်တာကတော့ ညဘက် ကားမောင်းသူတိုင်းအတွက် တော်တော်လေးအစဉ်ပြေပါတယ်။ နောက်က စူးရှတဲ့ ကားမီးတွေကြောင့် မျက်လုံးထိခိုက်နိုင်မှုကနေ အကာအကွယ်ပေးပါလိမ့်မယ်။

လက်တွေ့ကျကျ

Peugeot 2008 အသစ်ဟာ လက်တွေ့ကျတဲ့ ကားတစ်စီးပါ။ ဆီစားသက်သာတယ်။ ဥရောပထုတ်ကားတစ်စီးအနေနဲ့ ဈေးနှုန်းသက်သာတယ်။ လူငါးယောက် သာသာယာသာ စီးနိုင်တယ်။

ထူးခြားချက်ကတော့ ပစ္စည်းပစ္စယတင်ဆောင်နိုင်မှုပဲ။ ပုံမှန်အတိုင်းဆိုရင် နောက်ခန်းဝင်ဆံမှုက 410-litre အထိရှိပြီး ထိုင်ခုံတွေကို ခေါက်လိုက်မယ်ဆိုရင်တော့ 1400-litre အထိ ဝင်ဆံပါတယ်။ ဒါဟာ small SUV တွေမှာ တွေ့ရခဲတဲ့ ဝင်ဆံမှုပမာဏပါပဲ။ လက်ဆွဲသေတ္တာတွေ နှစ်လုံးသုံးလုံးနဲ့ ခရီးထွက်ချင်သူတွေအတွက်ဆိုရင်တော့ စိတ်ကျေနပ်မှုအပြည့်ရရှိနိုင်မယ့် ကားတစ်စီးဖြစ်မှာပါ။

နောက်တစ်ခုကတော့ motion sensor ပါ။ သူက ကား lock ဖြစ်နေတဲ့အခြေအနေမှာ စတင်အလုပ်လုပ်ပြီး ဘယ်လိုအခြေအနေမျိုးမှာအဆို ကား lock ဖြစ်နေတဲ့အချိန်အတွင်း ဖေါက်ထွင်းဝင်ရောက်မှု၊ ထိခိုက်မှု စတာတွေအတွက် အချက်ပေးမှာဖြစ်တာကြောင့် ညအချိန် ကားရပ်နားထားမှုတွေအတွက် စိတ်ချရမှု တစ်စုံတစ်ရာကိုတော့ ပေးစွမ်းနိုင်ပါလိမ့်မယ်။

နောက်တစ်ခုက steering ကွေ့တဲ့အခါတိုင်း လိုက်ပါထိုးပေးနိုင်တဲ့ အရှေ့မီးကြီးစနစ်။ ဒါကလည်း တကယ့်လက်တွေ့ပိုင်းမှာ အသုံးဝင်မှာသေချာတဲ့ feature တစ်ခုဖြစ်ပြီး ကြိုက်နှစ်သက်မိတာတစ်ခုကတော့ power outlet အဖြစ် USB အပေါက်ပါ ပါရှိခြင်းပါပဲ။ Smartphone ခေတ်အတွက်မရှိမဖြစ် တစ်ခုပေါ့။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ရင်တော့ ဥရောပထုတ်ကားတစ်စီးကို မောင်းနှင်ရမှုကတော့ အကောင်းဆုံး မောင်းနှင်မှုတွေထဲက တစ်ခုဖြစ်နေဆဲပါပဲ။ တစ်ခုရှိတာက ပျက်ရင်တော့ ပြင်ဖို့ကတော့ ဈေးနှုန်းကြီးမြင့်မှာပါ။ ဒါပေမယ့် တကယ်တမ်းက ဒီလိုကားမျိုးတွေဟာ သိပ်ပြီးပြင်ရတာမျိုးမရှိသလို ၃ နှစ် ဒါမှမဟုတ် ကီလို တစ်သိန်း warranty ကလည်း အကူအညီတော်တော်လေးဖြစ်စေနိုင်ပါတယ်။

Gear ကတော့ semi-auto ဖြစ်တဲ့အတွက် auto သမားတွေအတွက်ရော manual သမားတွေအတွက်ပါ အဆင်ပြေတဲ့ပုံစံမျိုးပေါ့။ နောက်တစ်ခုကတော့ sport mode ပါဝင်ခြင်းပါ။ ဒါကတော့ ဒီလိုမျိုး လောင်စာဆီချွေတာတဲ့ကားမျိုးတွေမှာ တွေ့ရခဲတဲ့ feature ပါပဲ။

လက်တွေ့မောင်းနှင်ရာမှာ ပေါ့ပါးခြင်း၊ စက်သံညင်သာခြင်းတွေနဲ့ ဥရောပထုတ်ကားတွေရဲ့ ထူးခြားမှုလို့ပြောလို့ရမယ့် တည်ငြိမ်မှုရှိခြင်းတွေဟာ တကယ့်ကို နှစ်ခြိုက်စရာ ကောင်းလှပါတယ်။ Peugeotရဲ့အဆိုအတိုင်း 0 ကနေ 100km ကို ၁၁ စက္ကန့်ကျော်ကျော်လေးနဲ့ တင်မောင်းနိုင်တာကတော့ တကယ်ကို ကျေနပ်စရာပါ။ အမြင်ဆုံးမောင်းနှင်နိုင်စွမ်းကတော့ 182km/h ဖြစ်ပေမယ့် အမြန်လမ်းမှာမောင်းနှင်တဲ့အခါမျိုးကျရင် တစ်နာရီ ကီလို ၁ဝဝ ထက်မကျော်အောင် speed limit သတ်မှတ်ပေးလို့ရတာကတော့ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တော်တော်လေး အထောက်အကူဖြစ်စေပါတယ်။

ပါဝင်သောအချက်အလက်များ

Summary

Name : Peugeot 2008

Body : SUV

Transmission : 6-speed auto/AT6 111

Engine

Displacement : 1200cc

Cylinders : 3

Valves : 12 valves

Transmission Category : 2WD

**Performance **

Max Output : 110hp

Max Torque : 205Nm from 1500 rpm

Acceleration Rate : 11.3 seconds (1-100km)

Top Speed : 182km/h

**Economy & Environment **

Fuel : Gasoline

CO2 Emission : 110 g/km

Fuel Capacity : 50L

Fuel Consumption : 4.8L per 100km

Dimensions

Length : 4159 mm

Width : 1829 mm

Height : 1556 mm

Wheelbase : 2538 mm

Turning Circle : 10m

Ground Clearance : 219 mm/ 8 inches

Max Cargo : 1400-litre

Numbers of Doors : 5

Numbers of Seats : 5

Safety and Security

Total Airbag : 6

ABS : Yes

Immobilizer : Yes

Security Alarm : Yes

Stability Control : Yes

Electronic Door Locks : Yes

Speed Sensing Door Locks : Yes

ISOFix (ကလေးခုံတပ်ဆင်ရန်) : Yes

Lane Departure Warning System : No

Active Safety Brake : Yes

Driver Attention Warning : No

Blind-Spot Detection System : No

Features

Cruise Control : Yes

Front Parking Sensors : No

Rear Parking Sensors : Yes

Leather Upholstery : Yes

Push Start Button : No

Wheel Size : 16 inches

Wheel Metal Type : two tone diamond cut alloy

Air-con system : dual zone climate control

Entertainment system : 8 speakers

Connectivity : Android Auto/Apple Car Play

Navigation Ready : No

Warranty : 3 years/100,000 km

Keyless Entry : No

Roof Rack : Yes

Sunroof : Panoramic View

Electric Adjustable Seats : Yes

Power Steering : Yes

Power Windows : Yes

Power Outlet : Yes

Perfume Diffuser : No

Massage Chair : No

Digital Cluster : No

Steering Wheel Audio Control : Yes

Technology

Active Safety Brake : Yes

Hill Start Assist : Yes

AWD Modes : No

Tire Pressure Monitoring : No

Heads-up Display : No

Power Liftgate : Yes

Start-stop System : Yes

Phone Integration : Yes

Camera System : Yes

Parking Assist System : Yes

Sound System : Yes

Rear Seat Entertainment System : No

စာရေးသူ : ဂျူနို

ဓာတ်ပုံ : ကောင်းတင့်

Author

Comments