ပဲရစ်ကားပြပွဲသည် နှစ်နှစ်တစ်ကြိမ် အောက်တိုဘာလတိုင်း ကျင်းပပြုလုပ်သော ကမ္ဘာအရေးပါဆုံး ကားပြပွဲ များထဲက တစ်ခုဖြစ်သည်။ ကားပြပွဲကို Paris expo Porte de Versailles ခန်းမတွင်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကားထုတ်လုပ်သူများ၏ နောက်ဆုံးတပ်ဆင်ထုတ်လုပ်သည့်ကားများ၊ concept ကားများကို ပြသခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကားထုတ်လုပ်သူများ အဖွဲ့အစည်း (Organization of international automobile manufactures) က ယင်းပြပွဲအား အပြည်ပြည်ဆိုင်ရာ အဓိက ကားပြပွဲတစ်ခုအဖြစ် သတ်မှတ်ထားသည်။
၂ဝ၁၄ တွင်း ပဲရစ်ကားပြပွဲကို လာရောက်ကြည့်ရှုသူ ၁,၂၅၃,၅၁၃ ဦးရှိရာ တိုကျိုနှင့် ဖရန့်ဖတ် ကားပြပွဲများထက် ကျော်ပြီး ကြည့်ရှုသူဦးရေ အများဆုံး ကားပြပွဲတစ်ခုဖြစ်လာခဲ့ပါသည်။ ကားပြပွဲ စတင်ကျင်းပသည့် ၁၉၈၆ တွင် Salon de l'Automobile ဟု ခေါ်ဆိုခဲ့ရာ ၁၉၈၈ တွင် Mondial de l'Automobile ဟု အမည်ပြောင်းလဲခဲ့သည်။
၁၉၇၆ အထိတိုင် ကားပြပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ယင်းအချိန်ကတည်းက စတင်ကာ နှစ်နှစ်တစ်ကြိမ် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ပြပွဲကို အောက်တိုဘာ ၁ မှ ၁၆ အထိ ၁၆ ရက်တိုင်တိုင်ပြသခြင်းဖြစ်သည်။
ပဲရစ်ကားပြပွဲတွင် လမ်းကြမ်းများနှင့် ဆင်တူပြုလုပ်ထားသည့် ခန်းမအတွင်း ပြိုင်ကားမောင်းနှင်လိုသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် motor sport area ကို သာမက BMW, Honda, Peugeot, Suziki, KTM, Yamaha အစရှိသည့် လုပ်ငန်းများပါဝင်ပြသည့် motorcycle area လည်းထားရှိပေးထားပါသည်။
ထို့အပြင် ရှေ့ဟောင်းဂန္တဝင်မြောက် ကားများ ပြသသည့် vintage vehicles နေရာပါဝင်ပြီး အဆိုပါကားများကို လေလံတင်ရောင်းချသည့် အစီအစဉ်ပါဝင်ပါသည်။ Electric နှင့် Hybrid ကားများကို စမ်းသပ်မောင်းနှင်နိုင်သည့် နေရာလည်း ထားရှိပေးထားပါသည်။
ပဲရစ်မြို့သည် ရုပ်ရှင်အနုပညာထွန်းကားသည့် မြို့လည်းဖြစ်ရာ နာမည်ကြီးရုပ်ရှင်များအတွင်း ပါဝင်သည့် ကား များကိုလည်း ပြသသည့် အစီအစဉ်လည်းပါဝင်သည်။ တကယ့် ရုပ်ရှင်ရိုက်ကူးသည့် စတူဒီယိုတစ်ခုကို ဖန်တီးပြီး ယင်းခန်းမထဲတွင် သိပ္ပံဇာတ်ကားများထဲက ကားများ၊ စုံထောက်ရုပ်ရှင်များထဲက ကားများကို ပြသထားခြင်းဖြစ် ရာ ကြည့်ရှုသူ အလွန်များပြားလှသည့် အစီအစဉ်လည်းဖြစ်ပါသည်။
ထိုအပြင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ စွန့်ဦးတီတွင်လုပ်ငန်းပေါင်း ၁၃ဝ ၏ တီတွင်သူများ၊ ပရောက်ဖက်ရှင်နယ်များ၊ အမှုဆောင်များ၊ စွန့်ဦးတီတွင်းများ တွေ့ဆုံပြီး နိုင်ငံတကာ ကားလုပ်ငန်းစုတွင် ဖြစ်ပေါ်နေသော တီတွင် ပြောင်းလဲ မှုများကို ဆွေးနွေးသည့် Mondial Innovation Forum သည်လည်း ပြပွဲတွင် ပါဝင်ပါသည်။
Ref: wiki, www.mondial-automobile.com
Photos Credit from www.mondial-automobile.com