အရပ်ဖက်အတွက် အသွင်ပြောင်းထုတ်လုပ်ထားသည့် စစ်တပ်သုံးကားများ

0

Full article

Photo Credit

စစ်ပွဲအတွင်းအသုံးပြုသော ကားများ ရေပန်းစားလာခဲ့သည်မှာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကတည်းက ဖြစ်သည်။ စစ်သားများသည် မိမိသို့နေရပ်သို့ ပြန်လာချိန်တွင် သူတို့စစ်ပွဲအတွင်းအသုံးပြုခဲ့သော Jeep ကဲ့သို့ ကားများကို ဆက်လက်အသုံးပြုခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ အကြမ်းခံလှပြီး စွဲဆောင်မှုရှိသည့် ကားများက အရပ်ဖက်မှ ကားချစ်သူများကို ဖမ်းစားထားနိုင်ခဲ့သည်။ ကားထုတ် လုပ်ရေးလုပ်ငန်းများကလည်း ဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်စည်းသည့်အနေဖြင့် စစ်တပ်သုံး ယာဉ်များကို အရပ်ဖက်နှင့် ကိုက်ညီရန် ပုံစံပြောင်းလဲထုတ်လုပ်လာခဲ့ကြသည်။ ကားပုံစံများ သည် အမှတ်တမဲ့ ကြည့်လ ျှင် ကြမ်းရှလှသည်ဟု ထင်မှတ်ရသော်လည်း ဒီဇိုင်းလှပစွာ ထုတ်လုပ်သည့် ကားများကြားတွင် ထင်ထင်ပေါ်ပေါ်ရှိကာ တောခရီးကြမ်းများကို မောင်းနှင်နိုင်သည့် အကြမ်း ခံ မာကြောသောကားများဖြစ်ကြသည်။ ယခု ဆောင်းပါတွင်မူ အရပ်ဖက်အတွက် အသွင်းပြောင်း ထုတ်လုပ်ထားသည့် စစ်တပ်သုံးကားများ အနက် အကောင်းဆုံးဟု သတ်မှတ်ထားကြသော ကားလေးစီးကို ဖော်ပြပေးလိုက်ပါသည်။


By topped.com

Chevrolet Suburban

General Motor ၏ Chevrolet Suburban သည် အမေရိကန်နိုင်ငံ ပြည်နယ်စောင့်တပ်နှင့် အရပ်သား ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ တပ်ဖွဲ့များအတွက် ၁၉ ၃၄ တွင် အထူးထုတ်လုပ် ထားသည့် ကားဖြစ်သည်။ ထရပ်ကားပုံစံထုတ်လုပ်ထားခြင်းဖြစ်ပြီး လူ ၈ ဦးလိုက်ပါစီးနင်းနိုင်၍ ရ သော ယဉ်အမျိုးအစားဖြစ်ပါသည်။ ဒုတိယမျိုးဆက် suburban ကားများကို ဒုတိယကမ္ဘာစစ်တွင် လည်း အသုံးပြုခဲ့ပါသည်။ ကျေးလက်ဒေသတွင်နေထိုင်သော မွေးမြူရေးလုပ်ငန်းလုပ်ဆောင်နေ သူများအကြား အထူးရေးပန်းစားပြီး ၁၉ ၉ ဝ နှောင်းပိုင်းနှစ်များတွင် အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံး အနှံ့ လူကြိုက်အများဆုံးယာဉ်တစ်စီးဖြစ်လာခဲ့ပါသည်။

Photo by Jeep.com

Jeep Wrangler

Willys Motor ကုမ္ပဏီက ထုတ်လုပ်သော Willys-Overland MB Jeep ကားမှာ ဒုတိယက မ္ဘာစစ်တွင် တောကြမ်းလမ်းများပေါ် မောင်းနှင်းရာတွင် အသုံးဝင်လှသော ကားအမျိုးအစားဖြစ် ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကြီးလာပြီး စစ်ပြီးချိန် ၁၉၄၅ တွင် ဈေးကွက် လိုအပ်ချက်အရ Willys Motor က အရပ်ဖက်အသုံးပြုနိုင်ရန် ဒီဇိုင်းပြောင်းလဲထုတ်လုပ်ခဲ့သည်။ Jeep ကို စစ်တပ်များက ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး စစ်တပ်သုံးဂန္တဝင်မြောက်ပုံစံအတိုင်း သာရှိနေဆဲပင်ဖြစ်သည်။


Photo By General Motor

_ Hummer_ H1

အမေရိကန် Navy Seal အထူးတပ်ဖွဲ့ဝင်များ၊ မရိန်းတပ်သားများ စစ်ဆင်ရေး လုပ်ရာတွင် သုံးလေ့ ရှိသော ယာဉ်အမျိုးအစားဖြစ်သည်။ AM General က ထုတ်လုပ်ခြင်းဖြစ်ပြီး ၁၉ ၉ ဝ နောက်ပိုင်း ပါးရှန်းပင်လယ်ကွေ့စစ်ပွဲအပြီးတွင် လူအများစု၏ အသိအမှတ်ပြုခြင်းခံခဲ့ရာကာ ၁၉ ၉ ၂ တွင် အရပ်ဖက်သုံး Hummer H1 ကို စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဈေးကြီး၍ ဆီစားသည်ဟု လူသိများသော Hummer H1 မှာ တောကြမ်းခရီးလမ်းများ မောင်းနှင်ရာတွင် အသုံးဝင်လှပြီး Hummer အမှတ်တံဆိပ်၏ နာမည်ကြီးကားတစ်စီးလည်း ဖြစ်ပါသည်။

Photo by Daimler

_ Mercedes_ G-ClassMercedes

G-Class သည် မာစီဒီးနှင့် သြစတီးယား တပ်မတော်အတွက် စစ်တပ်သုံးကားများထုတ် လုပ်ပေးသော Magna Steyr တို့က ၁၉ ၇၉ တွင် ပူးတွဲကာ ဒီဇိုင်းထုတ်လုပ် ထားခြင်းဖြစ်ပြီး ငါးဒါဇင်ကျော်သော စစ်တပ်များပါအဝင် NATO တပ်ဖွဲ့ကပါ အသုံးပြုသော ကားဖြစ်ပါသည်။ မာစီဒီးက များမကြာမီနှစ်များမှစတင်၍ Mercedes G-Class အမျိုးအစားကားများကို ဇိမ်ခံကားတွင် ပါဝင်လေ့ရှိသော ပစ္စည်းများထည့်သွင်းကာ အရပ်ဖက်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာခဲ့ သည်။

Reference – Wikipedia, topspeed.com

Author