ကာဗွန်ထုတ်လွှတ်မှုကို သုည အထိလျှော့ ချပေးနိုင်သည့် hydrogen စွမ်းအင်သုံး လျှပ်စစ် SUV Nissan TeRRA

0

Full article

![](/redline/content/images/2017/08/2_large.jpg)

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ခေတ်မှီနိုင်ငံ အချို့တွင် carbon ထုတ်လုပ်မှုကို လျော့ကျစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းနေကြပါပြီ။ ထို့အပြင် ဥရောပနိုင်ငံကြီး အချို့တွင် လည်း ကာဗွန်ထုတ်လုပ်မှု အများဆုံး သတ်မှတ်ခံထားရသည့် လောင်စာစွမ်းအင်သုံး မော်တော်ယာဉ်များနေရာတွင် အစားထိုးအသုံးပြုနို်င်ရန် လျှပ်စစ်ကားများကို အစားထိုးလျက်ရှိနေပါတယ်။ ယခုလည်း ကမ္ဘာကျော် ကားကုမ္ပဏီ တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံအခြေစိုက် Nissan မှ ကာဗွန်ထုတ်လုပ်မှု သုည အထိလျော့ချပေးနိုင်သည့် 4 wheel drive SUV အမျိုးစား hydrogen စွမ်းအင်သုံး လျှပ်စစ်ကား TeRRA ကို အာရှဒေသအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။

ကားကိုယ်ထည်မာကြောမှုတွေအပြင် off-road ဒီဇိုင်းကိုSUV နဲ့ တည်ဆောက်ထားပုံက စိတ်ဝင်စားဖွယ်ပါ..

တံခါးလေးချက်စလုံး ဖွင့်ကြည်လိုက်ရုံဖြင့်ကျယ်ဝန်းမှုကို သိရှိခံစားနိုင်သလို ခေတ်မှီနည်းစနစ်တွေအပါအဝင် လှပါစွာ ထည့်သွင်းထားရှိသည့် သစ်သားရောင်အတွင်းခန်း..

ကားအရှေ့ခန်း မှာ ခေတ်မှီ digital display တွေကို အသုံးပြုထားပါတယ်။ ပိုမိုထူးခြားချက်ကတော့ အရင် လောင်စာသုံး ကားများကဲ့သို့ display screen ကို အသေ တပ်ဆင်ထားခြင်းမဟုတ်ဘဲ အလွယ်တကူ အဖြုတ်အတပ်ပြုလုပ်နိုင်ခြင်းဘဲ ဖြစ်တယ်။ Device လေးကို ကားထဲတပ်ဆင် ထားမယ်ဆိုရင် Navigation system တွေအပြင် ကား ရဲ့ အရှိန် နဲ့ indication system တွေကို အသေးစိတ်ဖော်ပြပေးမှာပါ။ ဒါ့အပြင် TeRRA ကားလေးရဲ့အပြင်ဘက် မှာ tablet လေးကိုအသုံးပြုမယ်ဆိုရင်တော့ ပုံမှန် tablet တွေကဲ့သို့ပင် အသုံးပြုနိုင်အုံးမှာပါ...

Nissan TeRRA တွေကို လျှပ်စစ်မော်တာ သုံးလုံး နဲ့ ထုတ်လုပ်ထားပါတယ်။ ဆိုလိုတာက မော်တာ သုံးခုစလုံးကို grade ကိုယ်စီ နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Nissan TeRRA တွေမှာ hydrogen fuel cell သုံးစွဲသည့် နည်းပညာကို အသုံးပြုထားသည် ဆိုသော်ငြားလည်း  Nissan Leaf လျှပ်စစ်ကားလေးများ မှာ အသုံးပြုထားသည့် နည်းပညာကိုပါ ထည့်သွင်း ထားပါတယ်။ ဒါ့အပြင် hydrogen cell 1လီတာ(L)ကို  2.5 ကီလိုဝပ်(KW) အထိ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးထားနိုင်ပါတယ်..

Hydrogen fuel cell ပါရှိ ထားတာကြောင့် ဈေးနှုန်းမြင့်မားမှု ရှိနေပါတယ်။ Hydrogen cell အပြည့်ဖြည့်တင်းထားတဲ့ Nissan TeRRA တစ်စီးကို မှာယူမယ်ဆိုရင်တော့ USD $120,000 ကနေ ဈေးနှုန်းစတင်ပါလိမ့်မယ်။ ထို့အပြင် Nissan ကနေ 2017 ခုနှစ်မှာဈေးကွက်ထဲ စတင်ရောင်းချသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ သို့သော် Hydrogen fuel station တွေ ကမ္ဘာ အနှံ့အပြားမှာ မရှိသေးပါဘူး။ ယင်းအချက်ကပဲ ဈေးကွက်ထဲ ဝင်ရောက်ဖို့ ခက်ခဲ တဲ့ အချက် ဖြစ်ပါလိမ့်မယ်..

nissanusa.com မှ ကောက်နှုတ်တင်ပြထားပါသည်။

Author