Nissan Skyline ဟာ သမိုင်းမှာ အောင်မြင်မှုအရှိဆုံး Japan ကားတွေထဲက တစ်စီးဖြစ်ပါတယ်.။ ကားဝါသနာပါသူတိုင်း လိုချင်တဲ့ Dream Car ဆိုရင်လဲ မမှားပါဘူး.။ လူသိအများဆုံး Version ကတော့ 1999 ခုနှစ်မှ 2002 ခုနှစ်ထိ ထုတ်လုပ်ခဲ့တဲ့ R34 ဖြစ်ပါတယ်.။ ကျနော်တို့ မြန်မာပြည်မှာလဲ လူကြိုက်များတဲ့ Sport Car တစ်မျိုးဖြစ်တဲ့ Nissan Skyline ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရအောင်..
Nissan Skyline ကို 1957 မှာ Prince Motor Company က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ 1,5l GA-30 အင်ဂျင်ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 60 အားနဲ့ဖြစ်ပါတယ်.။
The Price Skyline လို့ခေါ်တဲ့ ဒီကားဟာ Top Speed 87 mph (140 kmh) အထိ မောင်းနှင်နိုင်ပြီး အလေးချိန် ပေါင် 2900 ရှိပါတယ်.။
1963 ခုနှစ်မှာ The Prince Skyline ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်.။ မရပ်ဆိုင်းခင်အထိ မူကွဲ (၃) မျိုး ထုတ်လုပ်ထားပြီး station wagon မြင်းကောင်ရေ 70 အား နဲ့ convertible R21-B Version မြင်းကောင်ရေ 96 ကောင်အားတို့ပဲ ဖြစ်ပါတယ်.။
MyanmarCarsDB မှ Nissan Skyline GTR ကားများကို ကြည့်ရန်
Skyline ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက အောင်မြင်မှု ရရှိခဲ့တာကြောင့် 1968 ခုနှစ်မှာ နောင်တစ်ချိန်မှာ Nissan ဖြစ်လာမယ့် Datsun Motor Company က ပုံစံအသစ်နဲ့ ပြန်လည်အသက်သွင်းခဲ့ပါတယ်.။
ပြန်လည်ထုတ်လုပ်ခဲ့တဲ့ Skyline Model သစ်မှာ 2,0L OHC အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 120 ထိ ရရှိနိုင်ပါတယ်.။ 1968 ခုနှစ်ထုတ် Skyline ဟာ တံခါး (၄) ပေါက် ဆီဒင်အမျိုးအစား ဖြစ်ပြီး 1969 ခုနှစ်မှာတော့ တံခါး (၂) ပေါက် Coupe အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပါတယ်.။
Coupe အမျိုးအစားမှာတော့ DOHC အင်ဂျင်တပ်ဆင်ထားပြီး 160 မြင်းကောင်ရေအထိ ရရှိနိုင်ပါတယ်.။ ဒီကားဟာ Toyota 1600GT, Isuzu Bellet အစရှိတဲ့ ကားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်.။ Porsche ဟာလဲ Skyline ရဲ့ ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်.။
MyanmarCarsDB မှ Nissan GTR ကားများကိုကြည့်ရန်
1977 ခုနှစ်မှ 1981 ခုနှစ်အထိ Datsun Skyline C210 ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်.။ 1981 မှာ C210 ရဲ့ နောက် Version ကို ထုတ်လုပ်ခဲ့ပါတယ်.။ အထက်ပါ Model (၂) မျိုးကတော့ Skyline မျိုးဆက်မှာ အောင်မြင်မှု သိပ်မရခဲ့ပါဘူး.။
1985 ခုနှစ်မှာ Model အသစ်ဖြစ်တဲ့ Skyline R31 ကို စတင်ထုတ်လုပ်ခဲ့ပါတယ်.။ ဒီကားဟာ နောင်တစ်ချိန်မှာ အကြော်ကြားဆုံးဖြစ်လာမယ့် မျိုးဆက် (၃) ခုရဲ့ ရှေ့ပြေးပုံစံဖြစ်ပါတယ်.။
1989 ခုနှစ်မှာ Nissan Skyline R32 ကို ထုတ်လုပ်ခဲ့ပါတယ်.။ ဒီကားဟာ 1,5L CA-18i အင်ဂျင် တပ်ဆင်ထားပြီး ကမ္ဘာအနှံ့ အောင်မြင်မှုရရှိခဲ့ပါတယ်.။
ဒီကားရဲ့ အောင်မြင်မှုကြောင့် Nissan ဟာ R32 ရဲ့ GTR Version ကို 1990 ပြည့်နှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်.။ ဒီကားမှာ RBDETT26 Twin-Turbo အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ 280 အား ရရှိနိုင်ပါတယ်.။
R32 နည်းတူ 1993 ခုနှစ်မှာ ထပ်မံထုတ်လုပ်ခဲ့တဲ့ R33 ဟာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်.။ R33 ဟာ GTR Version အနေနဲ့လဲ ရရှိနိုင်ပြီး မြင်းကောင်ရေ 300 အားအထိ အင်ဂျင်ပါဝါ ရရှိနိုင်ပါတယ်.။
အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံးလို့ ဆိုရမှာကတော့ 1999 ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Nissan Skyline R34 ပဲဖြစ်ပါတယ်.။
ဒီကားကို Version အမျိုးမျိုးထုတ်လုပ်ခဲ့တာဖြစ်ပြီး Skyline GTX လို့ အမည်ရတဲ့ တံခါးလေးပေါက် ဆီဒင်ကား..
Skyline GTT နဲ့
Skyline R34 GTR ဖြစ်ပါတယ်.။ ဒီကားဟာ Fast & Furious 2 နဲ့ 4 ထဲမှာ Paul Walker မောင်းနှင်ခဲ့တဲ့ ကားဖြစ်ပါတယ်.။
Nissan GTR R35 ဟာလည်း R34 ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်.။
အာက်ပါပုံကတော့ 2016 မှာ ထုတ်လုပ်မယ့် R36 ရဲ့ Concept လို့ဆိုပါတယ်.။ ဒီဇိုင်းပိုင်း အတည်မပြုနိုင်သေးပေမယ့် ရေလည်လန်းပါတယ်.။