GT-R Drone ကို ထုတ်ဖော်လိုက်တဲ့ Nissan

0

Full article


ကမ္ဘာပေါ်ရှိ အရှိန်အမြန်းဆုံး Drone များထဲတွင် တစ်ခု အပါအဝင်ဖြစ်လာတော့မယ့် Nissan GT-R Drone ဟာ ယခု အသစ်ထွက်ရှိလာမယ့် Nissan GTR 2017 ကားမောင်းနှင်နေတဲ့အချိန် ရိုက်ကူးရေးလုပ်နိုင်မည်ဖြစ်ပြီး Drone ရဲ့ လျင်မြန်မှုနှုန်း နဲ့ စွမ်းဆောင်ရည် နည်းပညာဟာ GT-R ကားတွေရဲ့ စွမ်းဆောင်မှုနှုန်းနဲ့ ညီတူညီမျှ ဖြစ်နိုင်ပါတယ်။ကမ္ဘာ့ Drone Prix ချန်ပီယံတွေ ဒီဇိုင်းထွင်ပေးထားတဲ့ GT-R Drone ရပ်နေရာမှ ပျံသန်းချိန် ၁.၃ စက္ကန့်အတွင်း ဟာ တစ်နာရီကို ၁ဝဝ ကီလိုမီတာ ပြေးနိုင်အောင် တည်ဆောက်ပေးထားပါတယ်။

GT-R ပြိုင်ကားရော GT-R Drone ရောရဲ့ သိပ်ကိုထူးခြားပြီးကောင်းမွန်တဲ့ နည်းပညာ နဲ့ တည်ဆောက်မှု ကြောင့် တည့်တည့်မောင်းနေတဲ့အချိန်မှာရော အကွေ့အချိုးနေရာတွေမှာပါ အမြင့်မားဆုံး စွမ်းဆောင်ရည်နှင့် မောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်။ GT-R ကားအနေနဲ့တော့ Twin Turbocharged 3.8 litre 24 valve V6 Four-Wheel Drive ကြောင့် မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်မှာဖြစ်ပြီး GT-R Drone ရဲ့ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် propellers mated ၄ လုံးနှင့် အတူ 2000kV XNova မော်တာကို အသုံးပြုထားပါတယ်။

GT-R ကားအနေနဲ့ တစ်နာရီကို ၃၁၅ ကီလို ပြေးနိုင်ပြီး Drone ကတော့ တစ်နာရီကို ၁၈၅ ကီလိုမီတာ ပြေးနိုင်ပါတယ်။

၂ဝ၁၇ GTR-R ကား နှင့် Drone ကိုတော့ ပုံထဲမှာ ရှုစားပြီး သွားရည်ကျနိုင်မှာပါ။

Reference – http://9tro.com

Author