Full article

NISSAN LEAF ကို ဂျန်ပန်မှာ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလကစတင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ လျှပ်စစ်ကားကို NISSAN ကဂျပန်နိုင်ငံမှာ အရင်ထုတ်လုပ်ခဲ့တာမဟုတ်ဘဲ MISTSUBISHI ကနေ I-MIEV ဆိုပြီး အရင်ထုတ်ခဲ့တာပေါ။့ NISSAN LEAF ကိုတော့လျှပ်စစ်ကားအနေနဲ့သာတွေမြင်ရမှာပါ။ ဆီလုံးဝထည့်စရာမလိုဘဲ လျှပ်စစ်တစ်မျိုးထဲသာ မောင်းနှင်နိုင်မယ့်ကားပါ။ လျှပ်စစ်တစ်မျိုးထဲနဲ့ကီလိုမီတာ၂ဝဝဝ အထိမောင်းနှင်နိုင်မယ်လို့NISSAN ကပြောထားပေမယ့် တကယ်တမ်းလက်တွေ့မောင်းနှင်ကြည့်ရင် AIRCON ဖွင့်မောင်းနှင်မယ်ဆိုရင်ကီလို၁၂ဝ လောက်သာမောင်းနှင်နိုင်မှာပါ။

TOWN CAR လို့ပြောထားသလို မြို့တွင်းမှာတကယ်ကီလို၁ဝဝ လောက်သာ မောင်းနှင်မယ်ဆိုရင်တော့ တွက်ခြေကိုက်နိုင်မဲ့ကားတစ်စီးလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ဆီကိုလာမယ့် ကားတော်တော်များများကတော့ သုံးပြီးသားကားတွေဖြစ်တာနဲ့အညီ လက်တွေ့မောင်းနှင်ရာမှာလည်း ကီလို ၁ဝဝ လောက် သာမောင်နှင်လို့ရမှာပါ။ BATTERY ကတော့ အာမခံချက်ရှိပါ့မလားလို့မေးပေမယ့် သူ့အတွက်ကကီလို၁ဝဝဝဝဝ နဲ့ ၁ဝ နှစ်အာမခံ ပေးထားပြန်ပါတယ်။ ဒီဟာတွေအတွက်ကတော့ ဂျပန်နိုင်ငံအတွင်းသာ အကျုံးဝင်တာဆိုတော့ မြန်မာပြည်အနေနဲ့ကတော့အနည်းငယ်အခက်ကြုံလာနိုင်ပါတယ်။ NISSANLEAF ကို၂ဝ၁ဝ ကနေ ၂ဝ၁၂ နိုဝင်ဘာလထိ ပထမမျိုးဆက်အနေနဲ့သာထုတ်လုပ်ပေးထားပြီး ချက်စီကို ZEO နဲ့ ဒုတိယမျိုးဆက်ကိုတော့ ၂ဝ၁၂ ဒီဇင်ဘာလမှာ AZEO အနေနဲ့ထုတ်ပေးထားပါတယ်။

NISSAN LEAF ရဲ့အတွင်းခန်းကိုကြည့်မယ်ဆိုရင် ORIGINAL TV ထဲမှာတင် အဲယားကွန်းစနစ်တွေကိုထိန်းချုပ်နိုင်တာတင် BACK GAMERA စနစ်တွေကိုထုတ်ထားပေးပါတယ်။ စတီယာရင်မှာတော့ CRUISE CONTROL , STEERING VOLUME CONTROL, VOICECONTROL တွေပါဝင်ပါတယ်။ ဒိုင်ခွက်ကိုလည်းဒစ်ဂျစ်တယ်စနစ်တွေနဲ့သာပြသပြီး ကိုယ်ဘယ်လောက်မောင်းနှင်နိုင်မယ့် ကီလိုကိုလည်းပြသပေးထားပါတယ်။ ထိုင်ခုံကိုတော့အသားရောင်နဲ့ အနက်ရောင်နှစ်မျိုးသာလာပြီး LEATHER ထိုင်ခုံကိုတော့ OPTIONAL အနေနဲ့သာရွေးချယ်ခွင့်ပေးထားပါတယ်။ လျှပ်စစ်ကားဖြစ်တဲ့အတွက် ကားမောင်နှင်လာရင် အသံမထွက်လို့ အသံထွက်နိုင်မယ့်စနစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

NISSAN LEAF ရဲ့အပြင်ဘက်ကိုကြည်မယ်ဆိုရင်DYNAMIC ပုံစံတည်ဆောက်ပေးထားပြီး လေကိုခွင်းပေးနိုင်ပါတယ်။ ရှေ့မီးကြီးတွေကိုကြည့်မယ်ဆိုရင် တခြားကားတွေနဲ့မတူတဲ့ LED HEADLIGHT တွေကိုသုံးပေးထားတယ်။ နောက်ပြီး အားသွင်းမယ့်နေရာကိုတော့ ရှေ့ကောင်းထိပ်က NISSAN LOGO ဖုံးကိုဖွင့်ပေးမယ့်နေရာမှာ ထည့်ထားပါတယ်။ဘက်ထီကိုတော့နောက်ခန်းထဲမှာ ထည့်သွင်းပေးထားလေရဲ့ နောက်ဖုံးက SPOILER မှာတော့နေရာင်ခြည်နဲ့ပါအားသွင်းမယ့် SOLAR စနစ်ကိုတပ်ဆင်ပေးထားပါတယ်။ဒါပေမဲ့ ဆိုလာစနစ်ကိုတော့ G GRADE တစ်မျိုးတည်းမှာပဲရနိုင်မှာပါ။

LEAF ကိုအားသွင်းမယ်ဆိုရင် ကားရဲ့အားသွင်းကြိုးမှာ100V-200V မှာအလိုလိုကစားပေးမယ့် CONTRON BOX ပါဝင်လို့မြန်မာပြည်အနေနဲ့က ပြောင်းစရာမလိုပါဘူး။ အားသွင်းချိန်ကတော့ 220V နဲ့အားသွင်းမယ်ဆိုရင် လုံးဝအားမရှိရာကနေဆိုရင် ၈နာရီ ကြာမြင့်ပြီး110V နဲ့ဆိုရင်တော့ ၁၅နာရီကြာမြင့်မှာပါ။ဒီမှာတော့ မရှိသေးပေမယ့် ဂျပန်မှာတော့ CHARGING STAND တွေပေးထားပါတယ်။ အဲ့ဒီမှာအားသွင်းမယ်ဆိုရင်တော့ မိနစ်၃ဝ တည်းနဲ့ ၈ဝ ရာခိုင်နှုန်းထိသွင်းပေးနိုင်မယ့် အမြန်သွင်းပေါက်ပါဝင်ပါတယ်။ ပထမမျိုးဆက်LEAF ကတော့ကီလို၂ဝဝလို့ပြောထားပြီး ဒုတိယမျိုးဆက်ကတော့ ကီလို၂၂၈ ထိမောင်းနှင်နိုင်လို့ပိုမိုပြီးမောင်းနှင်နိုင်လို့ ပိုမိုပြီးမောင်းနင်နိုင်မှာပါ။ မီးအားကတော့ တစ်ခါအားသွင်းရင်၁ဝဝဝကျပ် လောက်တော့ ကုန်ကျနိုင်ပါတယ်။ အားသွင်းမယ်ဆိုရင်တော့ ရိုးရိုးအိမ်သုံးမီးကြိုးတွေနဲ့အားသွင်းလို့အဆင်မပြေနိုင်ပါဘူး။ ကြိုးကြီးကြီးနဲ့15A လောက်ပါတဲ့ပလတ်ပေါက်တွေနဲ့မှသာ အဆင်ပြေနိုင်မှာပါ။

LEAF ရဲ့ဂရိတ်တွေကို XeJUG နှစ်မျိုးထဲသာပေးထားပြီးတော့ X မှာ အလွိုင်းမပါဝင်ဘဲသံဂွေနဲ့လာပြီးအတွင်းခန်းကိုလည်းatmfTV တွေနဲ့တွေရမှာမဟုတ်ပါဘူး။စတီယာ ရင်မှာလည်း CRUISECONTROL e JU STEERING VOLUME CONTROL ပါဝင်မှာမဟုတ်ပဲ ရိုးရိုး LEAF အနေနဲ့သာတွေ့ရပြီးတော့ G GRADE မှာတော့ STEERING VOLUMECONTROL, CRUISE CONTROL, SOLAR CHARGING SYSTEM, ORIGINAL TV BACK CAMERA,SEAT HEATER, ALLOY WHEEL စတာတွေပါဝင်လာမှာပါ။ ဒုတိယမျိုးဆက်မှာတော့ SGRADE တစ်မျိုးကိုထည့်သွင်းပေးထားပြီး G GRADE နဲ့သိပ်မကွာဘဲ X ထက်အနည်းငယ်သာမြင့်ထားပေးပါတယ်။

LEAF ရဲ့အားသာချက်တွေကတော့ ဆီလုံးဝမကုန်ဘဲ ကီလို ၁ဝဝ ကျော်မောင်းနှင်နိုင်ပြီး စိတ်ကြိုက်မောင်းနှင်နိုင်တဲ့ကားတစ်စီးပါ။ 110PS လောက်ထွက်တဲ့ကားလောက်နဲ့ တန်းတူမောင်းနှင်နိုင်ပါတယ်။ ဆီဆိုင်ကိုလှည်ကြည့်စရာမလိုတဲ့ကားလေးပါ။ နောက်ပြီးနေရာင်ခြည်သုံး SOLAR စနစ်ထည့်ပေးထားတော့ ကီလိုမီတာများများမောင်းနှင်နိုင်မှာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ CO2 ဓာတ်ငွေ့လုံးဝမထွက်တဲ့အတွက် လောင်စာဆီသုံးကားတွေလိုလူတွေရဲ့ကျန်းမာရေးကိုလည်းမထိခိုက်နိုင်ပါဘူး။

LEAF အားနည်းချက်တွေက တော့ မိုင်၁ဝဝလောက်သာဆက်တိုက်မောင်းနှင်နိုင်ပြီး အားသွင်းလို့ရတဲ့နေရာမရှိခြင်း ၊ ကားကိုယ်ထည်အနည်းငယ်ကြီးနေခြင်း၊ ခြံဝင်းမရှိပါကအားသွင်းလို့အဆင်မပြေနိုင်ခြင်း၊ SUPER MARKET တွေမှာ CHARGINGSTAND များမရှိခြင်း စတဲ့အားနည်းချက်လေးတွေကို ကြုံနေရဦးမှာပါ။ နောက်ပြီး မီးမှန်ခဲ့ရင် အားသွင်းလို့မရနိုင်တဲ့အချက်တွေက LEAF ရဲ့အားနည်းချက်တွေပါပဲ။ NISSANLEAF ရဲ့ဈေးနှုန်းလေးတွေကတော့အခွန်အပြီးအစီးနဲ့ကားဈေးကွက်တွေအရ သိန်း ၁၂ဝ လောက်ကနေ သိန်း၂၅ဝလောက်အထိရှိနိုင်ပါတယ်။ ပထမမျိုးဆက် ZEO ချက်စီနဲ့ကားတွေကိုတော့ သိန်း၁၂ဝကနေသိန်း၁၄ဝလောက်ဆိုရနိုင်ပြီးတော့ AZRO နဲ့ဒုတိယမျိုးဆက်ကိုတော့ သိန်း၂ဝဝ အထက်မှသာရရှိနိုင်မှာပါ ထူးခြားချက်ကတော့ က.ည.န အနေနဲ့လျှပ်စစ်ကားတွေကို အခွန် ZERO ဆိုပြီး မကောက်ခံတဲ့အတွက် လျှပ်စစ်ကားရဲ့အားသာချက်လေးတစ်ခုကိုထပ်တွေ့ရမှာပါ။

LEAF နဲ့အပြိုင်ထွက်လာတဲ့ကားတွေကို ကြည့်ရင် I-MIEV, PRIUS PLUGIN HYBRID စတဲ့ကားလေးတွေမှာသာ တွေ့နိုင်ပြီး ကမ္ဘာပေါ်မှာ ရောင်းအကောင်းဆုံး လျှပ်စစ်ကားအနေနဲ့တည်ရှိနေတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ လူကြိုက်နည်းနေသေးပြီး အားသွင်းပြုနိုင်တဲ့ နေရာဒေသအားနည်းချက်လေးနဲ့ ခြံဝင်းမြေညီထပ်လိုအခန်းမျိုးမှသာ အားသွင်းပြုနိုင်တာကလည်း LEAF ကိုဝယ်ယူသူနည်းပါးစေတဲ့အချက်ပါပဲ။ ဒါပေမဲ့ အခုတလော မြန်မာနိုင်ငံမှာ NISSAN KEAF ကိုအတွေ့များလာရသလို နောက်ထပ်ဝင်လာမယ့် ကားတွေကိုဆိပ်ကမ်းမှာ တွေ့နေရသေးတာကလည်း နောက်မီးမှန်လာတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံ အနေနဲ့ကလည်း ဖွဲ့ဖြိုးတိုးတက်လာတာနဲ့ အညီ ဈေးဝယ်စင်တာတွေ တိုးပွားလာနေလို့ အဲ့ဒီလိုနေရာတွေမှာ STAND လေးတွေကိုထောင်လို့ရခဲ့ရင် လျှပ်စစ်ကားလေးတွေကလည်း ကမ္ဘာကြီးကိုတစ်ထောင့်တစ်နေရာကနေ ကာကွယ်ပေးမယ့် ကားတွေပါလားလို့မြင်တွေ့လာရမှာ အသေအချာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

31.8.15 ရက်နေ့ထုတ် I CAR ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Author