Full article

ကမ္ဘာပေါ်ရှိ ကားများအနက် လူငယ်၊လူလတ်ပိုင်း ကားချစ်သူများ အထူးနှစ်သက်ကြသည့် High performance Sport Car များသည် အမျိုးအစားအနေဖြင့် အနည်းငယ်သာရှိပြီး ဈေးနှုန်းလည်းမြင့်မားကာ အဖက်ဖက်မှ အထူးကောင်းမွန်သည့် ပါဝင်မှုများဖြင့် ဖန်တီးထားလေ့ရှိပါသည်။

Sport Car များလောကတွင် Nissan ၏ နာမည်ကျော် GT-R သည် တန်းဝင်ပြိုင်ကားအမျိုးအစားအဖြစ် ကမ္ဘြာ့ပိုင်ကားလောကတွင် ထင်ရှားပါသည်။2009 ခုနှစ်တွင် စတင်မွေးဖွားခဲ့သည့်GT-R သည် Nissan ၏ဂန္တဝင် ကားတစ်မျိုးဖြစ်သည့် Skyline ကို အခြေခံကာ Speical Product အနေဖြင့် ဖန်တီးထားသည့်ကားပင်ဖြစ်ပါသည်။ဈေးနှုန်းအားဖြင့် မြင့်မားမှုရှိပြီး ဂျပန်ထုတ်ကားပင်ဖြစ်သော်လည်း GT-R ၏ ပြောင်မြောက်လှသည့် စွမ်းဆောင်ရည်၊4WD with Computer controlled System လှပဆန်းသစ်သည့် ပုံစံဒီဇိုင်းတို့ကြောင့် Sport Car ချစ်သူများမှ ဥရောပကားများ၊ အမေရိကန်ထုတ် ပြိုင်ကားများကဲ့သို့ပင် နှစ်ခြိုက်စွာဝယ်ယူကြပါသည်။

2016 Model year အတွက် ထွက်ရှိလာသည့် GT-R သည် ယခင်မော်ဒယ်များနှင့် သိသာစွာကွာခြားခြင်းမရှိသော်လည်း ပါဝင်မှုအသစ်များအား ထပ်မံထည့်သွင်းထားပါသည်။High Performance အတွက် Twin-turocharged V6 Engine,550hp အား Standard အနေဖြင့် ထည့်သွင်းထားခြင်း၊Computer Controlled 4WD System နှင့် Upgraded Suspension System စသည့် မောင်းနှင်မှုစွမ်းဆောင်ရည်အတွက် အထူးကောင်းမွန်မှုရှိသည့် အောက်ပိုင်းစနစ်ကိုလည်း ထည့်သွင်းထားပါသည်။ထိုသို့ပါဝင်မှုများဖြင့် ထွက်ရှိလာသည့် 2016 Nissan GT-R ကို စတင်လေ့လာကြပါစို့။

2016 Nissan GT-R သည် High Performance အမျိုးအစား ခရီးသည်လေးယောက်စီး 2+2 Coupe အမျိုးအစားကားဖြစ်ပြီး အတွင်းပိုင်းပါဝင်မှုများအပေါ်မူတည်ကာ Premium,Black Edition,Nismo Version Trim Level သုံးမျိုးခွဲခြားထားပါသည်။

Premium Trim သည် GT-R တွင် Entry-Level ဖြစ်သော်လည်း High Quality Feature များအား ပြည့်စုံစွာထည့်သွင်းထားပါသည်။အဓိကပါဝင်မှုများမှာ 20inch forged alloy wheel,Summer-rated tires,Adaptive suspension,Brembo brakes,LED adaptive headlights,Rearview Camera,Keylessentry/ignition စသည်တို့အား ကားအပြင်ဘက်တွင် ထည့်သွင်းထားပါသည်။ထို့အတူ ကားအတွင်းခန်းတွင်လည်း Dual-zone automatic climate control,Leather and simulated-suede upbolstery,8 way power driver seats,4 way power Front passenger seat,Heated-front seats,Active noise-cancellation system စသည်တို့အား ထည့်သွင်းထားပါသည်။ကားအတွင်းခန်းတွင်လည်းဖျော်ဖြေရေးနှင့် သတင်းအချက်အလက်များအတွက်မူ 7-inch touchscreen and audio,စပီကာ ၁၁ လုံးပါရှိသည့် Bose အမျိုးအစားအသံစနစ်နှင့်CD Player,Stellite radio,USB interface စသည်တို့အား ထည့်သွင်းထားပါသည်။Premium Trim တွင် Options Package အားသုံးမျိုးမှာနိုင်ပြီး Premium Interior Package တွင် Upgraded Leather Upholstery ကိုလည်းကောင်း၊Cold Weather Package တွင် All Season run-flat tire,special coolant mixture ကိုလည်းကောင်း၊45th Anniversary Gold Edition Package တွင် Silica Brass Paint,Gold VIN piate inside the engine compartmemt စသည်တို့ကိုလည်းအပိုဆောင်းမှာယူနိုင်ပါသည်။Black Edition Trim တွင်မူ အဓိကအားဖြင့် Lightweight alloy wheel,Carbon-fiber rear spoiler,Leather Recaro Front Sport Seats,Unique Black & red interior trim စသည့်ပါဝင်မှုများထည့်သွင်းထားပါသည်။GT-R တွင် အမြင့်ဆုံး Trim ဖြစ်သည့် Nismo Trim တွင်မူ အဓိကအားဖြင့် Body reinforcements,Firmer suspension tuning,Aerodyamic Upgrades,Disinctive interior trim စသည့်ပါဝင်မှုများ ထည့်သွင်းထားပါသည်။Nismo Trim တွင် အပိုဆောင်းပါဝင်မှုအနေဖြင့် Titannium Exhaust System အား မှာယူနိုင်မည်ဖြစ်ပါသည်။2016 Nissan GT-R ၏ Trunk Space သည် 8.8 Cubic Feet ခန့်ကျယ်ဝန်းပါသည်။

2016 Nissan GT-R တွင် အင်ဂျင်အနေဖြင့် 3.8L Turbocharged V6 Engine,550hp အင်ဂျင်အား Standard အနေဖြင့် ထည့်သွင်းထားပါသည်။GT-R Nismo တွင်မူ ပိုမို၍မြင်းကောင်ရေ များပြီး 600hp ဖြင့်ထုတ်လုပ်ထားပါသည်။Gear Box အနေဖြင့် 6 speed automatic Manutal Transmission အားတပ်ဆင်ထားပါသည်။performance အနေဖြင့် 0 to 60mph အား 3.2 Seconds ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါသည်။

2016 Nissan GT-R တွင် Safety အနေဖြင့် Antilock disc brakes,Traction and stability control,front seat-side airbags,full-length side curtain airbags စသည့် အဆင့်မြင့်လုံခြုံရေးနည်းပညာများအား ထည့်သွင်းထားပါသည်။

2016 Nissan GT-R အား US Market တွင် US$1,03660 ခန့်ဖြင့်ရောင်းချမည်ဖြစ်ပြီး Option Package များအပေါ်မူတည်ကာ ဈေးနှုန်းပြောင်းလဲမည်ဖြစ်ပါသည်။၄င်းနှင့်ပြိုင်ဘက်ဖြစ်သော အခြား Brand များမှာ 2016 Porsche 911 Carrera 4s,2016 Jaguar F-Type Coupe နှင့် 2016 All new Acura NSX တို့ဖြစ်ကြပါသည်။နိဂုံးချုပ်အားဖြင့် High-performance Sports Car ဖြစ်သည့် 2016 Nissan GT-R အကြောင်းအား ပြည့်စုံစွာစီစဉ် တင်ဆက်အပ်ပါသည် ခင်ဗျား။

မျိုးမင်းသာ (Hana Vectory)

www.carsdb.com

No. 1 Car Site in Myanmar

Author