Nissan GTR ဆိုရင်ပြိုင်ကားချစ်သူတွေရဲ့ ရင်ဘတ်ထဲမှာရောက်နှင့်နေပြီးသားပါ။ ဒီတစ်ခါ Nissan ကတော့ Sport Type fan တွေကို အံ့သြဖွယ်ရာတစ်ခုချပြလိုက်ပြန်ပါပြီ။ အဲဒါကတော့ ယခုလက်ရှိပြိုင်ကားလောကမှာ နေရာ ရထားတဲ့ GTR series တွေ ရဲ့နေရာမှာ အစားထိုးရန်အတွက် NISSAN CONCEPT 2020 vision Gran Turismo ဆိုပြီး 2020 မှာထုတ်လုပ်ရောင်းချဖို့ရန် ရည်ရွယ်ပြီးမိတ်ဆက်ပေးထားပါတယ်။
တကယ်တမ်းမိတ်ဆက်ခဲ့တာက Gran Turismo ဆိုတဲ့ PlayStation Game နဲ့ပွဲထုတ်ခဲ့တာပါ။ လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ GTR series တွေနဲ့ ယှဉ်ကြည့်မယ်ရင်တော့ အတော်လေးကွဲပြားနေတာကိုတွေ့မြင်နိုင်ပါတယ်။ Engine အပိုင်းကိုကြည့်မယ်ဆိုရင်လည်း အနာဂတ်အတွက်ရည်ရွယ်ပြီးထုတ်လုပ်တာဖြစ်တဲ့အတွက် Hybrid system ကို အသုံးပြုထားတဲ့အပြင် V6 twin turbo engine အမျိုးစားကို motor သုံးလုံးနဲ့ပေါင်းစပ်ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။
ကားတစ်စီးလုံးရဲ့ အပြင်ကောအတွင်းကောဖွဲ့စည်းထားပုံဟာဆိုရင်ဖြင့် မောင်းနှင်ချိန်အတွင်းမှာ ကားရဲ့တည်ငြိမ်မှု အပြင် cooling system နဲ့ လေခွင်းအား (Aerodynamics system0) တို့ကို ပါကောင်းမွန်စွာအထောက်ကူပေးနိုင်မှာပါ။ ကားရဲ့ Design ပုံကဆွဲဆောင်နိုင်လွန်းအားကြီးလို့ Batman ရဲ့ စီးတော်ယာဉ် Batmobile နဲ့တောင် တင့်စားခေါ်ဝေါ်နေကြပါတယ်။ ဈေးနှုန်းကတော့လက်ရှိမှာ ရှေ့ပြေး(Prototype) အနေနဲ့ထုတ်လုပ်ထားတာဖြစ်လို့ တရားဝင်ကြေညာခြင်းမရှိသေးပါဘူး။