မြန်မာနိင်ငံကိုခြေလှမ်းစတင်လာတဲ့ Chevrolet Trailblazer

0

Full article

![](/redline/content/images/2017/05/1-300x129.jpg)

၂ဝ၁၆ ခုနှစ် Bangkok Motor Show မှာ ပြသခဲ့တဲ့ Chevrolet Trailblazer လေးဟာ customer တွေရဲ့ တောင်းဆိုမှုတွေနဲ့အတူ Mingalar Mandalay မှာစတင်ဖြန့်ဖြူးနိုင်ခဲ့ပါပြီ ။

ဒီ ၇ယောက်စီး SUV အသစ်လေးက အရင် မျိုးဆက်တွေထက်သာလွန်တဲ့နည်းပညာ၊ ကားစီးနေစဉ် သက်တောင့်သက်သာနှင့် ဇိမ်ကျစေမည့် အတွင်းခန်း အပြင်အဆင်၊ ပိုမို အားကောင်းလာတဲ့ ကားရဲ့မာင်းနှင်အားနဲ့ရုန်းအား တွေကို စသည်တို့ကို အံ့မခမ်းမြင်တွေ့ရမှာပါ။ ဒါ့အပြင် Trailblazer က Chevrolet ရဲ့ premium product အမျိုးစားဖြစ်တာကြောင့် မြင်လိုက်တာနဲ့တောင် ထူခြားစွာ ထည်ဝါခန့်ညားမှု အမှတ်သညာကို ခံစား သိရှိစေမှာပါ။ ဈေးကွက်လိုအပ်ချက်နဲ့ customer feedback တွေကိုအခြေခံပြီးထုတ်လုပ်ထားတာကိုက Chevrolet Trailblazer ရဲ့အားသာချက်ဘဲဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှမှ နိုင်ငံများအတွက် အထူးရည်ရွယ်ပြီးထုတ်လုပ်တာဖြစ်လို့ မြန်မာ့ရေမြေသဘာဝနဲ့ကိုက်ညီတဲ့အပြင် တောင်ပေါ်ဒေသတွင်နေထိုင်သူတွေအတွက်ပါ အထူးသင့်လျော်ပါတယ်။ ကားရဲ့ အပြင်ပိုင်းဖွဲ့စည်းထားပုံဟာဆိုရင်လည်း မာကြောတောင့်တင်းလွန်းတဲ့ ကိုယ်ထည်၊ အလိုအလျောက်ရှေ့မီးထိန်းညှိစနစ် ( Auto Headlamps system) နဲ့အဆင့်မြင့်တင်ထားတဲ့ရှေ့မီးခွက်၊ ဆွဲဆောင်မှုရှိလှတဲ့ Sporty Hood တွေကြောင့် ကားရဲ့အရှေ့ပိုင်းသွင်ပြင်တစ်ခုလုံးဟာ ခန့်ညားလှပမှု အသွင်ကိုဖြစ်စေပါတယ်။ ကားရဲ့ နောက်ဘက် အသွင်အပြင်ကိုကတော့အဓိကပြောင်းလဲထားတာကိုမတွေ့ရပါဘူး။ နောက်တစ်ခုထူးခြားတာက safety feature အနေနဲ့ပါဝင်လာတဲ့ radar sensors ဘဲဖြစ်ပါတယ်။ Radar sensors ပါဝင်လာတာကြောင့် မောင်းနှင်သူပိုမိုသတိပြုမိအောင် အတွင်းကောအပြင်ကပါ သတိပေးစနစ်ကိုအဆင့်မြှင့်တင်ထားပါတယ်။ဘေးကြည့်မှန်နှစ်ခုစလုံး မှာလည်း LED alert feature တွေပါရှိလာပါတယ်။

ကျယ်ဝန်းလှတဲ့အတွင်းခန်း အပြင် ထပ်မံပါရှိလာတဲ့နည်းပညာအသစ်တွေက လူငယ်လူကြီးမရွေး အကြိုက် တွေ့စေမှာပါ။ ဥပမာ TPMS( Tire Pressure Measuring System) ဟာဆိုရင် ဘီလေးဘီးလုံး ရဲ့လေပေါင်ချိန်ကို အချိန်မရွေး အလွယ်တကူစစ်ဆေးနိုင်အောင်ဆောင်ရွက်ပေးနိုင်ပြီး နောက်ကြည့်မှန်အလင်းထိန်းစနစ် (Electrochromic Rear View Mirror System) နဲ့ နောက်ကြည့် ကင်မရာ ( Rear View Mirror) တို့ကယဉ်မောင်းသူ အန္တာရာယ် ကင်းဖို့ရန် အမြင်မားဆုံးစွမ်းဆောင်ပေးမှာဖြစ်ပါတယ်။ Engine အပိုင်းကိုကြည့်မယ်ဆိုရင်လည်း 2.8L Duramax နဲ့ cylinder လေးလုံးတိုး Diesel Engine ကိုအသုံးပြုထားတာကြောင့် ရုန်းကန်အားအထူးကောင်းမွန်ပြီး ဆီစားသက်သာစေမှာပါ။ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ electrically-powered steering (EPS) ဆိုတဲ့ parking ထိုးချိန်မှာ steering ကို ပေါ့ပါးမြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်တဲ့ စနစ်ကို တပ်ဆင်ပေးထားပါတယ်။ ရန်ကုန်မြို့လိုကားကြပ်တဲ့မြို့ကြီးတွေအတွက်တော့ ဒီ feature လေးကတော်တော်အဆင်ပြေနိုင်ပါ တယ်။

ဒါ့အပြင် အခြားသော ထူးခြားချက် ဖြစ်တဲ့ Remote Engine Start System လေးကလည်း ယဉ်မောင်းသူ smart ကျကျနဲ့ကားပေါ်တက်နိုင်အောင်ဆောင်ရွက်ပေးသွားမှာဖြစ်တာကြောင့်နေရာဒေသမရွေး အဆင့်မြင့်မြင့်မောင်းနှင်နိုင်မှာပါ။ ဒီလိုကောင်းမွန်တဲ့ features တွေနဲ့ ပွဲထွက်လာခဲ့တဲ့ အမေရိကန်မင်းသား Chevrolet Trailblazer ကြီးရဲ့ ဈေးနှုန်းကတော့ USD 72,000 နဲ့အထက်မှာတည်ရှိနေပါတယ်။ ထက်မံအသေးစိတ်သိရှိလိုပါက www.chevrolet.com.mm ၊ ဒါမှမဟုတ်ရင် Chevrolet Myanmar Facebook page နဲ့ Instagram တို့မှာသွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။

Author