Switzerland နိုင်ငံ Geneva Motor Show မှာ ပွဲထွက်ခဲ့တဲ့ Aston Martin ရဲ့ Vanquish S မော်ဒယ်အသစ်လေးဟာဆိုရင်ဖြင့် အာရှပစိဖိတ်ဒေသ ကို ခြေလှမ်းသစ် စတင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ Bangkok မြို့မှာကျင်းပတဲ့ Bangkok International Motor Show မှာ New Vanquish S model ဟာ လူလတ်ပိုင်း အတော်များများ ကို အကြိုက်တွေ့စေခဲ့ပါတယ်။ V 12 engine ကို အသုံးပြုထား တဲ့ အပြင် engine power က 580 hp အထိ ရှိပြီး တစ်နာရီကို 323 km အထိ highest speed အနေဖြင့်မောင်းနှင်နိုင်ပါတယ်။ နောက်တစ်ခု ထူးခြားတာကတော့ exhaust pipes ၄ ခုပါဝင်တဲ့ 8-speed Touchtronic III system ဟာဆို ရင်ဖြင့် engine တစ်ခုလုံးရဲ့ လေဝင်လေထွက်စနစ်ကို ပိုမိုကောင်းမွန်လာစေတာကိုတွေ့ရပါတယ်။ Aerodynamics system ကို အထောက်အပံ့ပေးတဲ့ Front Splitter နဲ့ Rear Diffuser တွေကို carbon fiber တွေနဲ့ ပြုလုပ်ထားတာ မို့လို့ မောင်းနှင်ရမှာ ပိုမိုမြန်ဆန်စေပြီး ပတ်ဝန်းကျင်အနေအထားမရွေး တည်ငြိမ်စွာ မောင်းနှင်နိုင်မှာပါ။
Vanquish S model ရဲ့အတွင်းခန်းမှာ ပါဝင်တဲ့ Filograph design, Luxury Bang နဲ့ Olufsen audio system၊ ဒါ့အပြင် new GPS navigator system တွေဟာဆိုရင်လည်း Aston Martin ပရိတ်သတ် တွေကို မျက်ရည်ကျ လောက်အောင်ကို ဆွဲဆောင်နိုင်မှာအသေချာပါဘဲ။ ဈေးနှုန်းနေနဲ့ကတော့ US $ 300,000 ဝန်းကျင်မှာရှိနေပါတယ်။
Photo Credit