Mercedes မှ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Vision Mercedes-Maybach 6

0

Full article

Montery Car Week မှာ ပြသလလိုက်တဲ့ မြင်းကောင်ရေ၇၃၈ အား လျှပ်စစ်အင်ဂျင် နဲ့ Mercedes-Maybach 6 ဟာ သိပ်ကိုလှပလွန်းလှပါတယ်။
Maybach 6 ဟာ ၄ စက္ကန့်အတွင်း 6 to 62 mph မောင်းနှင်နိုင်ပြီး အမြင့်ဆုံး အရှိန်အနေနဲ့ 155 mph ဖြစ်ပါတယ်။

တိုက်ရိုက် အမြန် ဓာတ်အားသွင်းစနစ်ကြောင့် ငါးမိနစ်လောက် အားသွင်းလိုက်ရုံနဲ့ ၆၂ မိုင်လောက်ထိမောင်းနှင်နိုင်မည်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Vision Mercedes-Maybach 6 ရဲ့ ၄ လက်မ ဘီးများက လည်း အခြားဘီးများနဲ့ ပုံစံမတူပဲ အနီရောင် စမုတ်ချောင်းများရဲ့အပေါ်မှာ ပြောင်လက်နေတဲ့ အကြည်ရောင်ဖန်သားကို ထပ်ထားသလိုမျိုး ဒီဇိုင်းကိုဖော်ဆောင်ထားတာကြောင့် တမူထူးလှပါတယ်။

Dashboard ပေါ်တွင်လည်း ပုံမှာပြထားတဲ့အတိုင်း Hyper-Analogue ကရီယာလေးတစ်ခုပါပြီး ကားရှေ့မှန်ပေါ်တွင် မောင်းနှင်ခြင်းဆိုင်ရာ အချက်အလက်များ တွက်ချက်ပြသပေးခြင်း ပထဝီဝင်ပိုင်းဆိုင်ရာ သတင်းပေးတွက်ချက်မှုတွေကို လုပ်ဆောင်ပေးမယ့်အပြင် ကားစီးနှင်းသူများရဲ့ သက်တောင့်သက်သာရှိမှု အနေအထားများ ဥပမာ ထိုင်ခုံ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ဖို့လိုရင် ချိန်ညှိပေးခြင်းတို့အပြင် ထိုင်ခုံမှာထိုင်ရင်း အနှိပ်လည်း ခံနိုင်တယ်လို့သိရပါတယ်။

အသေးစိတ်အချက်အလက်များကိုတော့ နောက်လမှာပြုလုပ်မယ့် Paris Motor Show တွင်ထပ်မံ တင်ပြသွားမည်ဖြစ်ပြီး ပြိုင်ဘက်ကင်းတဲ့ လျှပ်စစ်အင်ဂျင်ကားတစ်စီးဖြစ်ဖို့ မျှော်မှန်းထားပါတယ်။

reference – Maxim

Author