New Land Rover Defender 2020 Review

0

Full article

2020 DEFENDER Review

အရင်တုန်းက off-road တွေမှာသိပ်ကျော်ကြားတယ်။ အခု aluminum monocoque (unibody) နည်းပညာသစ်နဲ့ off-road တွေမှာရော on-road တွေမှာပါ အကောင်းဆုံးမောင်းနှင်နိုင်အောင် ဆန်းသစ်ထားတာတွေ့ရတယ်။ ဘာတွေ ထူးခြားသွားလဲ 🤔 ဘာတွေ ခေတ်ရှေ့ပြေးလာလဲ 🤔 ဘယ်လောက်တောင် မောင်းလို့ကောင်းမလဲ 😮 Review video ထဲမှာပဲကြည့်ကြပါစို့လား... The New Defender 2020 ကို စိတ်ဝင်စားတယ်ဆိုရင်တော့... Hotline Number - 09953149376 ကိုဆက်သွယ်နိုင်ပြီး အမှတ် ၃ ၊ ၁၂ ရပ်ကွက် အင်းစိန်လမ်းမကြီး လှိုင်မြို့နယ်မှာရှိတဲ့ Jaguar Land Rover Showroom မှာ Appointment ယူပြီး သွားရောက်လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ် ▶︎ https://bit.ly/2SneH1G ◀︎ ကိုနှိပ်ပြီးလည်း အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ #REDLINE #CarReview #LandRover #Defender2020

Posted by Redline Media on Saturday, 3 October 2020

ဟုတ်ပါတယ် New defender 2020 ပါ
ဒီကောင်က ရုပ်ကိုမြင်ရုံနဲ့ အကြမ်းခံနိုင်တယ်လို့ ထင်ရရုံတင်မကဘူး
တကယ်လက်တွေ့မှာလည်းအကြမ်းခံနိုင်တယ်လို့ပြောကြတယ်
အဲဒါကို ကျနော် နည်းနည်းပါးပါး Test drive လုပ်ပြသွားမှာပါ။

exterior

Grill တွေ မီးလုံးတွေကိုပဲကြည့် မီးတွေကတော့ new generation LED တွေကြီးပါပဲ
အကြမ်းခံနိုင်တယ်ဆိုတဲ့နေရာမှာ Ground clearance ကလည်း အရေးကြီးပါတယ်။ ဆိုတော့အခု ground clearance က 291 mm တစ်ပေနီးပါးမြင့်တယ်ဗျ။ ကျနော်ကားအောက်ထဲကထွက်လာတာကိုပဲကြည့် လုံးဝကိုအမြင့်ကြီးပဲ။ ဘီးတွေကတော့ ၁၉ လက်မရှိတယ်၊။ ဒီကားရဲ့အမြင့်ကတော့ ကျနော့်အရပ်ထက်တောင်မှကျော်သေးတယ်။

နောက်ပိုင်းဒီဇိုင်းကိုကြည့်မယ်ဆိုရင် မီးတွေက LED tail light တွေနဲ့ ဒီဇိုင်းက ရိုးရှင်းပြီးတော့ မိုက်တယ်။ Spare wheel ကတော့ နောက်တံခါးမှာတပ်ထားတယ်။ အားသာချက်တွေကတော့ အတွင်းထဲမှာ ဝင်ဆံ့မှုပိုတိုးလာတယ်။ ပြီးတော့ underbody အောက်မှာဆိုရင်လည်း flat ဖြစ်တယ်။ Exhaust ဒီဇိုင်းကလည်း အလယ်ကခွဲသွားတဲ့ duel exhaust ပုံစံ ကိုမြင်ရမယ်။ Boot အကျယ်အဝန်းကတော့ ဒီတိုင်းဆိုရင် 1075L ထိဝင်ဆံ့တယ်။ ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ 2380L ထိဝင်ဆံ့မှုပမာနတိုးသွားမှာပါ။ နောက် boot ရဲ့ ဘေးမှာက 180W ထိထွက်တဲ့ 2 pin ပေါက်တစ်ပေါက်ပါတယ်။ ပြီးတော့ 12V socket တစ်ပေါက်ပါသေးတယ်။ ပြီးတော့ ပစ္စည်းအတင်အချလုပ်တဲ့အခါ အထောက်အကူဖြစ်စေတဲ့ ကားကိုအနှိမ့်အမြင့်လုပ်လို့ရတဲ့ ခလုပ်လည်းပါသေးတယ်။

Interior

Interior ကိုမပြောခင် တံခါးဖွင့်ဖွင့်ချင်း မြင်ရတဲ့ စကူဒီဇိုင်းကလုံးဝအကြမ်းစားပုံစံပဲ။ ပြီးတော့ floor ကလည်း durable rubber floor ဆိုတော့ off-road တွေမောင်းတဲ့အခါ ရွှံ့တွေဘာတွေပေရင်လည်း ရေနဲ့ဆေးချလိုက်လိုရတယ်။ ထိုင်ခုံကအစရေစိုခံတယ်။ Steering က leather ကြိုးချုပ်နဲ့ပဲ ကိုင်ရတာမိုက်တယ်။ ပြီးတော့ mounted control ကဒီဇိုင်းအသစ်နဲ့ ပြီးတော့ driver display က ၁၂ လက်မရှိတယ်။  စက်နိုးကြည့်တဲ့အခါ digital driver display ကိုတွေ့ရတယ်။ resolution ကမိုက်တယ် ဘယ်ဖက်ကတော့ speedometer ညာဖက်ကတော့ red counter ပြတယ်။ အလယ်မှာက vehicle information တွေကိုကြည့်လို့ရတယ်။ Infotainment ကတော့ ၁၀ လက်မရှိတဲ့ PIVI pro infotainment system။ ဒီ infotainment system က New Defender 2020 မှာမှစပါလာတာပါ။ response ကမြန်တယ်resolution က ကောင်းတယ်။ ဒီမှာကြည့်စရာတွေအများကြီးဆိုတော့ အရေးကြီးတာတွေပဲ high light လုပ်ပေးမယ်။ ပထမဆုံး camera က 360 3D ကို လိုသလိုလှည့်ကြည့်လို့ရတယ်။ နောက်တစ်ချက်က 4x4i သူက terrain response 2 ကိုမှ ကိုယ်တိုင် configure လုပ်လို့ရတယ်။ နောက်တစ်ချက် Wade sensing က ရေအနက် ဘယ်လောက်အထိ ဖြတ်မောင်းသွားလို့ရတယ်ဆိုတာ အတိအကျကြည့်လို့ရတယ်။ ပြီးတော့နောက်တစ်ချက် Low traction launch က off-road expect တွေအတွက် ကိုယ်တိုင်စိတ်ကြိုက် configure လုပ်လို့ရသေးတယ်။ ပြီးတော့ နောက်တစ်ချက် vehicle dimension က on-road off-road မောင်းလို့ရတဲ့အပြင်ကိုမှ air suspension ပါတာမို့လို့ ကားရဲ့အနိမ့်အမြင့်ကို လိုသလိုစိတ်ကြိုက်ချိန်ညှိလို့ရတယ်။ ဒါကြောင့်ပဲပြောင်းသွားတဲ့ approach angel ၊ break-over နဲ့ departure angle တွေကိုပါအတိအကျကြည့်လို့ရတယ်။ နောက်တစ်ချက်ကတော့ voice။ အသံနဲ့ control လုပ်လို့ရတယ်။ နောက်တစ်ချက် navigation က ဒီinfotainment ထဲမှာ international roaming sim card တစ်ခုထည့်ပေးထားတယ်။ ဆိုတော့ ဒီ navigation ကိုလုံးဝကောင်းကောင်းကြီးအသုံးပြုလို့ရတယ်။ ဒါအပြင်ကိုမှ farewell update တွေဆိုရင်လည်း show room ကိုသွားစရာမလိုဘဲ SOTA နဲ့ကိုယ်တိုင် update လုပ်လို့ရတယ်။ နောက်ဆုံးအချက် phone ကတော့ Apple CarPlay နဲ့ Android Auto ကိုလည်း ကိုယ့်ရဲ့ဖုန်းနဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရသေးတယ်။ ဆိုတော့ infotainment ကတော်တော်လေးကိုပြည့်စုံတယ်ဗျ။ ပြီးတော့ ဒီအောက်ကခလုပ်လေးကိုနှိပ်ပြီးတော့လည်း driving modes ကိုလိုသလိုချိန်ညှိပြီးမောင်းလို့ရသေးတယ်။ Eco ၊ comfort ၊ grass gravel snow ၊ mud ruts ၊ sand ၊rock crawl ၊ wade ဒီ modes တွေအပြင်ကို နောက်ဆုံး auto နဲ့ပါ သက်သောင့်သက်သာမောင်းလို့ရတယ်ဗျ။ အလယ် console မှာက cup holder နှစ်ခုပါတယ် ရေသန့်ဗူးတွေကော်ဖီခွက်တွေထည့်လို့ရတယ်။ ပြီးတော့ Center console ရဲ့အောက်မှာက cool box ပါသေးတယ်။ ဒီကောင်က အအေးတွေရေသန့်ဗူးတွေထည့်ထားလို့ရတယ်။ ပြီးတော့ဖုန်းထားလို့ရတဲ့နေရာရှိတယ်။

ဖုန်းထားတဲ့နေရာက wireless chargers နဲ့ပါ။ ပြီးတော့ Land Rove တွေမှာပါနေကြအတိုင်းပဲ ClearSight Front View Mirror နဲ့ ClearSight Rear View Mirror ပါတယ်။ Rear View ကတော့ Shiffirn မှာတပ်ထားတာ ဆိုတော့နောက် cabin ကိုကြည့်ကြည့်ရအောင်။

နောက်မှာထိုင်ရတာလုံးဝကိုသက်သောင့်သက်သာပဲ leg room ကလည်းအကျယ်ကြီးပဲ ပြီးတော့ ကြမ်းပြင်ကလည်း flat ပဲ တစ်ခုထူးခြားတာက သူ့ရဲ့ Battery က အင်ဂျင်ခန်းထဲမှာမဟုတ်ပဲ ရှေ့passenger ထိုင်ခုံအောက်မှာပါ။ head room ကလည်းအမြင့်ကြီးပဲ panoramic လည်းပါသေးတယ်။ နောက်တစ်ခုကတော့ Land Rover Defender ရဲ့ signature လို့တောင်ပြောလို့ရတဲ့ cabin light ပါတယ်။ round aircon ကလည်း အဖွင့်အပိတ်လုပ်လို့ရတယ်။ Type C USB 12V socket တွေကတော့ အလုံးပေါင်း ၁၁ ပေါက်ထိရှိတယ်။ ပြီးတော့ 5+2 ကို optional အနေနဲ့ နောက်မှာ third role seat ထပ်ထည့်မယ်ဆိုရင်တော့ လူ ၇ ယောက်အထိလိုက်ပါစီးနင်းနိုင်ပါတယ်။ ပြီးတော့ အလယ်မှာခုံတစ်လုံးထပ်ဖြည့်လို့ရသေးတယ် ဒါဆိုရင်တော့ ခုနကကျနော်ပြောတဲ့ cool box နဲ့ wireless chargers တော့ရမှာမဟုတ်တော့ဘူး။ အားလုံးပေါင်း လူ ၈ ယောက်အထိလိုက်ပါစီးနင်းလို့ရမယ်။

အခုဒီ New Defender 2020 ရဲ့ capability အကြောင်းလေးတွေကို ကျနော်တို့ရဲ့ CEO ဖြစ်တဲ့ ကိုဝေဖြိုးကျော် ကနေပြီး သူ့ရဲ့အမြင်တွေကိုပြောပြပေးသွားမှာပါ။

“ဒီကားတစ်စီးရဲ့ off-road capability သူ့ရဲ့ body shape ကနေပဲ ဒီကားတစ်စီး ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာကြည့်လို့ရမယ်။ အထူးသဖြင့် land rover defender မှာဆိုရင် သူ့ရဲ့ body ဒီဇိုင်းက အရင်လိုမျိုးတော့ ဘောက်စီတော့ဖြစ်မသွားဘူး ဒါပေမဲ့ တတ်နိုင်သမျှတော့ off-road စွမ်းဆောင်ရည်တွေကို ပံ့ပိုးပေးနိုင်ဖို့အတွက်ဖန်တီးထားတာကိုတွေ့ရတယ်။ အထူးသဖြင့် wheel base အကျော်ဘယ်လောက်အတိုင်းအတာထိထွက်နေလည်း overhand ကိုတတ်နိုင်သမျှလျှော့ထားတာတွေ့ရတယ်။ နောက်မှာဆိုရင်လည်း နောက်ဘီးကနေ overhand တတ်နိုင်သမျှနည်းအောင်လုပ်ထားတယ်။ အဲအတွက်ကြောင့်ပဲ ချိုင့်တွေဘာတွေဆင်းသွားတဲ့အခါ နောက်ဘန်ဘာနဲ့မညှိအောင်လုပ်ထားတဲ့ departure angle ကို ၄၀ ဒီဂရီလောက်ထိရောက်အောင်လုပ်ထားတယ်။ အောက်မှာဆိုရင်လည်း တခြားကားတွေလို spare tire ကိုအောက်မှာမထည့်တော့ဘူး တကယ့်off road ကားအတိုင်းမှာသုံးနေကြအတိုင်းပဲနောက်မှာချိတ်ပေးထားတယ်။ လွတ်လွတ်ကျွတ်ကျွတ်မောင်းလို့ရတယ်။ အလယ်မှာဆိုရင် ground clearance က ပုံမှန် defender က ၈ လက်မကျော်ရှိထားပြီးသား။ ဒီကောင်က off-road high ကိုတင်ထားတဲ့အတွက် တစ်ပေနီးပါးလောက်ကိုဖြစ်သွားတယ်။ အဲအတွက်ကြောင့်ပဲ တော်ရုံတန်ရုံ တောင်ဂုန်းတွေကိုကျော်တက်သွားလို့ရတယ်။ over angle က ၂၈ ဒီဂရီလောက်ထိရတယ်။ နောက်တစ်ခုက ရှေ့မှာဆိုရင်လည်း ဘီးကနေရှေ့ကိုထွက်နေတဲ့ဘန်ဘာကိုလည်း တတ်နိုင်သမျှ angle ကိုချိုးထားတယ် အဲအတွက်ကြောင့်ပဲ ဂုန်းတွေဘာတွေ တက်တဲ့အခါ rank ကို approach လုပ်တဲ့အခါ angel ကို တတ်နိုင်သမျှ လျှော့ထားတဲ့အခါ ၃၈ ဒီဂရီလောက်ထိရတယ် ဒါကသူ့ရဲ့shape ကနေ ကြည့်ပြီးပြောတာပေါ့နော် capability ဘယ်လောက်ထိမြင့်လဲဆိုတာ။ နောက်တစ်ခုကတော့ air intact တွေ ကအပေါ်ကိုရောက်သွားတယ် ရှေ့မှာမထားတော့ဘူး အဲအတွက်ကြောင့်ပဲ ရေထဲကိုဖြတ်မောင်းသွားတဲ့အခါ ၉၀၀ မီလီမီတာ ၃ ပေလောက်ထိရတယ် ဆိုတော့ ရေထဲကိုအေးအေးဆေးဆေးဖြတ်မောင်းသွားလို့ရတယ် ပြီးတော့ အတွင်းဖွဲ့စည်းပုံကလည်းအရေးကြီးပါတယ်။ ကြည့်လိုက်ရင်တော့ရုတ်တရက်မသိဘူး ဒါပေမဲ့သိသာပါတယ်

အရင် defender တွေနဲ့မတူတော့တာဘာလဲဆိုတော့ body on frame ပုံစံကို ၂၁ ရာစုအတွက်သုံးတဲ့ ဒီ new defender မှာမသုံးတော့ဘူး သူက aluminum monocoque (unibody) ဖြစ်သွားတယ် အဲထဲမှာမှ aluminum material ကိုသုံးထားတယ် အဲအတွက်ကြောင့်ပေါ့တယ် ပေါ့ပေမယ့် တောင့်တင်းပြီးတော့ သန်မာမှုကိုအများကြီးပေးနိုင်တယ် တချို့တွေစိတ်ပူသလိုမျိုးပေါ့နော် off road ကားဆိုရင် body on frame မှအကြမ်းခံနိုင်မယ် လမ်းရဲ့အလိန်အကောက်တွေကျရင်ဘော်ဒီက twist များပြီးတော့ တချို့ဆိုရင် တံခါးတွေဘာတွေပြန်ပိတ်လို့မရတာဖြစ်သွားတတ်တယ်။ ဒါပေမဲ့ Land Rover ကတော့ဒါကိုစိတ်ပူစရာမလိုဘူးလို့ပြောပါတယ်။ aluminum ပါမှ အကောင်းဆုံး အခိုင်မာဆုံး အတောင့်တင်းဆုံး ဘော်ဒီကိုသုံးထားတယ်။ Land Rover ဘယ်ကားမှမပါသေးတဲ့နည်းပညာပေါ့နော် D7X platform ကိုသုံးထားတယ် စိတ်ဝင်စားဖို့ကောင်းတာက သူကိုယ်တိုင်ကကြွေးကျော်ထားတာပေါ့နော် တခြား Body on frame ကားတွေထပ်ကို အနည်းဆုံး ၃ ဆ ပိုခိုင်မာတယ်ဆိုပြီးသူကတော့ပြောထားတယ်။ ဆက်ပြီးပြောချင်တာအဲဒီဘော်ဒီကြောင့် light weight ဖြစ်သွားတယ်။ ပေါ့သွားတယ် ဆီစားနှုန်းသက်သာသွားတယ် on-road လမ်ပေါ်သွားတဲ့အခါ handling တွေ acceleration တွေ ကအစအများကြီးပိုကောင်းသွားတယ် comfort ဖြစ်ဖို့ဘယ်လိုဖန်တီးပေးထားသေးလဲဆိုတော့ တခြားoff-road ကားတွေလို axel ကအတန်းလိုက်ကြီးမသွားတော့ပဲ independent ရှေ့မှာ double wishbone နဲ့ suspension ကိုထားထားပေးတယ်။ အဲထဲမှာမှ air suspension နဲ့လည်းလာတယ်။ ဒီကားကတော့ air suspension ဟုတ်တယ် coin suspension နဲ့လည်းမှာလို့ရတယ် ။  air suspension ဆိုတော့ comfort ကအရမ်းသိသာသွားတယ် တချို့တွေကပြောကြတယ် light axel နဲ့မှ ပိုငြိမ့်မယ်ပေါ့ land rover ကတော့ပြောပါတယ် ဒီ air suspension နဲ့တောင်မှစိတ်ပူစရာမရှိဘူးပေါ့"

Driving

new defender တွေက 90၊ 110၊ 130 ဆိုပြီးတော့ body side 3 မျိုးနဲ့လာတယ်
အခုကျနော်မောင်းနေတာ 110 တံခါးငါးပေါက်နဲ့
90 ဆိုရင် တံခါး 3 ပေါက်နဲ့ side အသေး ကျနော်ကတော့ အဲ side အသေးကိုပိုကြိုက်တယ်
130 ဆိုရင်တော့ ကျနော်အခုမောင်းနေတာထက် side ပိုကြီးသွားမယ်

Defender တွေအကုန်လုံးက permanent AWD တွေကြီးပဲ engine တွေကတော့ 2.0 L 3.0 L ဆိုပြီးတော့ရှိတယ်
2.0 L ဆိုရင် hp 300 torque က 400 nm ရှိပြီးတော့ 3.0 L ဆိုရင်တော့ hp 400 nm 550 ထိထုတ်ပေးနိုင်တယ်

အခုမောင်းနေတုန်း ကျနော်ကြိုက်တဲ့ အချက်တွေကတော့ ကားကမြင့်တယ် ဆိုတော့ အပေါ်ဆီးကနေအားလုံးကိုကြည့်ပြီးမောင်းလို့ရတယ်

နောက်တခုက steering
Steering ကပေါ့ပီးတော့ precise လည်းအရမ်းဖြစ်တယ်
ဒီ steering control ကောင်းတာက ရုတ်တရက် မှားကွေ့မိတဲ့အခါမှာ ပြန်တည့်ဖို့လည်းလွယ်ကူတယ်
ဒါမျိုးက ကားအသေးတွေမှာ သိပ်မသိသာပေမဲ့ ဒီလို ဒုနုဲဒယ်နဲ့ကားတွေမှာ အရမ်းအရေးကြီးတယ်

နောက်ဆုံးအချက်က next generation braking technology
ဒီနည်းပညာကလည်း new defender မှာမှစ ပါတာ ပုံမှန်အတိုင်းဆိုရင်ကားတွေက 300 mini sec မှာမှ lock လုပ်ပေးတယ်
ဒီကောင်က 150 mini sec မှာ lock လုပ်ပေးတယ်
ဆိုတော့ safety ပိုင်းအနေနဲ့လည်း စိတ်ချရတယ်

Safety ပိုင်းအနေနဲ့ ကားမှာ လေအိတ်ပတ်လည်အပြင် ထိုင်ခုံမှာလည်း လေအိတ်တွေပါသေးတာမို့လို့ ဒီ new defender ကို ထိုင်ခုံအစွပ်တွေမစွတ်ဖို့ ကျနော်ပြောချင်ပါတယ်

အခုကျနော် ပုံမှန်မောင်းကြည့်တာကတော့ မောင်းလို့အရမ်းကောင်းတယ်
ဒီ new defender တွေက လမ်းကြမ်းရော လမ်းချောရော အကောင်းဆုံးမောင်းလို့ရအောင်ထုတ်ထားတာ
အဲဒီအ‌တွက် ဒီ defender က 0-100 performance မှာ result သိပ်ကောင်းမယ်လို့မျှော်လင့်မထားဘူး
ဒါပေမဲ့ ကျနော်စမ်းမောင်းကြည့်လိုက်မယ်။ ဘယ်နှစက္ကန့်နဲ့ရောက်မလဲဆိုတာကြည့်ပေးကြပါဦး

Verdict

Off-road ရောOn-road ပါ အကောင်းဆုံးမောင်းဖို့ ရည်ရွယ်ထုတ်လုပ်ထားပေမဲ့ ဟိုမရောက်ဒီမရောက်ဖြစ်မနေဘဲ driving နဲ့ပတ်သက်ရင် ရင်ထဲထိအောင်ကောင်းတဲ့ကား

နုအိနေတာမျိုးမဟုတ်ပေမဲ့ တက်ထိုင်လိုက်တာနဲ့ ကားနဲ့လူ တသားတည်းဖြစ်သွားစေတဲ့ seat position

ဒီ New Defender မှာမှ စပါတဲ့ user စိတ်ကြိုက် ချိန်လို့ပြုလို့ရတဲ့ Configurable  Terrain Response 2ရှေ့မှာပြောထားတဲ့ သုံးလွှာပေါင်း D7u Premium Lightweight Architecture နဲ့တအားကြီးပိုကောင်းလာတယ်လို့ ကျနော်ယူဆတဲ့ PIVI Pro infotainment system တွေကိုတော့ ကျနော်အကြိုက်ဆုံးပါပဲ။ နောက်ဆုံးအနေနဲ့  New Land Rover Defender ကို The King of Off Road & On Road ကားတစ်စီးပါလို့ သုံးသပ်ပေးရင်းနဲ့ပဲ ...

Author