မြန်မာနိုင်ငံအတွက် Sedan ကားမင်းသားသစ် Chevrolet Malibu LTZ

0

Full article

_ Chevrolet_ သည် ၎င်း၏ လူကြိုက်များလွန်းလှသော Malibu LTZ၂ဝ၁၇ မော်ဒယ် ကားသစ်ကို ထုတ်လုပ် လိုက်ပြီဖြစ်သည်။ Cheverlot က ပထမမျိုးဆက် _ Malibu_ကားများကို ၁၉ ၆၄ မှစတင်၍ ထုတ်လုပ်လာခဲ့ရာ ယခု ၂ဝ၁၇ မော်ဒယ်ဆိုလ ျှင် နဝမမြောက်မျိုးဆက်ထိတိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တီတွင်ဆန်းသစ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ ယခု ၂ဝ၁၇ မျိုးဆက်တွင်လည်း ခေတ်နှင့်လေ ျှာ်ညီပြီး customer များကြိုက် နှစ်သက်သည့် ဒီဇိုင်း၊ အင်ဂျင်ပိုင်းနှင့် နည်းပညာများကို ပြောင်းလဲတပ်ဆင်ထုတ်လုပ်ထားသည်။ ယခု car review တွင် _ Malibu LTZ_တွင်ပါဝင်သည့် ထင်သာမြင်သာရှိသော အစိတ်အပိုင်းများကို သုံးသပ်ဖော်ပြပေးလိုက် ပါသည်။

ဒီဇိုင်း

အပြင်ဒီဇိုင်း

Malibu ကားများကို အပြင်ပိုင်းကြည့်ရုံဖြင့်ပင် သင်ဝယ်ယူမောင်းနှင်ချင်စိတ်ပေါ်သွားနိုင်ပါသည်။ တောင့်တင်းခံ့ညားပြီး သေသပ်အချိုးကျလှသည့် ဒီဇိုင်းမှာ လူတိုင်းကို စွဲမှတ်စေရုံမ ျှမက ယာဉ်မောင်းများလည်း သက်တောင့်သက်သာမောင်းနှင်နိုင်မည့် ကားတစ်စီးလည်း ဖြစ်ပါသည်။ လေဟုန်စီးပြီး မောင်းနှင်သလို ဖြစ်စေမည့် aerodynamic design ဖြစ်စေရန် မှန်၊ ရှေ့မီးများနှင့် နောက်ဖုံးဒီဇိုင်းတို့ကို သေချာစွာ ပုံစံထုတ်လုပ်ထားသည်ကို တွေ့မြင်ရပါသည်။

အတွင်းဒီဇိုင်း

ကား၏ အတွင်းဘက်တွင် သေသပ်စွာ ဒီဇိုင်းထုတ်လုပ်ထားသော leather ခုံများဖြင့် တပ်ဆင်ထား ပြီး လူငါးဦး လိုက်ပါစီးနင်းနိုင်ကာ နောက်ခန်းရှိ အလယ်ခုံမှာ လူကောင်သေးသည့်ခရီးသည် စီးနင်းလိုက်ပါရန် သင့်လေ ျှာ် ကြောင်းတွေ့ရပါသည်။ ကားနောက်ခန်းမှာ ကျယ်ဝန်းလှပြီး နောက်ခန်းဘေး တံခါးမှာလည်း ဝင်ရ ထွက်ရ လွယ်ကူအောင် ဖန်တီးထားသည်ကို တွေ့ရသည်။ အပြင်ဖက်က ဆူညံ သံများမကြားရအောင် ပုံစံထုတ်လုပ်ထားသည့် triple sealed doors မှာလည်း သုံးစွဲသူများကို စိတ်ချမ်းသာစေမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် ဘေးကြည့်မှန်ကနေ Blind Zone အန္တာရယ် အတွက် အသိပေးသော side blind zone alert၊ ကားနောက်ဆုတ်သည့်အခါ နောက်မှာကား ရှိ၊ မရှိ အသိပေးအချက်ပြသော Rear Cross Traffic Alert အစရှိသည့် လုံခြုံရေးဆိုင်ရာ နည်းပညာများလည်း ထည့်သွင်းထားသည်။ ကားရှေ့ခန်းတွင်ပါသော My Link အမည်ရှိ touch screen တွင်လည်း Apple CarPlay, Android Auto, Bluetooth, USB နှင့် WiFi hot spot တို့သာမက မိမိ၏ smartphone (သို့မဟုတ်) tablet တို့ဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

စွမ်းဆောင်ရည်

_ Malibu LTZ၏ အင်ဂျင်ပါဝင်မှာ ၂.ဝ၊ ဂီယာ ၆ ဆင့်ပြောင်း 6 speed automotive transmission ဖြစ်သည်။ မြင်းကောင်ရေအားမှာလည်း ၂၅၃ နှင့်အထက်ရှိရာ တောင်တက်လမ်းများကို လ ျှင်မြန် စွာ မောင်းနှင်နိုင်စွမ်းရှိရုံမ ျှမက ဖြေးညင်းစွာမောင်းနှင်သည့် ယဉ်များကိုလည်း အလွယ်တကူ ကျော်တက်နိုင်ပါသည်။ ဆီစားနှုန်းအရလည်း မြို့ထဲတွင် ၁ဂါလံကို ၂၂ မိုင်ခန့် မောင်းနှင်နိုင်ပြီး အဝေးပြေးလမ်းမတွင် ၁ဂါလံကို ၃၂ မိုင်ခန့် မောင်းနှင်နိုင်သည့်အတွက် ဆီစားနှုန်းသက်သာ သောကားလည်း ဖြစ်ပါသည်။ ပုံစံကြွားပြီး အတွင်းဒီဇိုင်းခံညားကာ စွမ်းဆောင်ရွက်ပြည့်ဝ၍ လုံခြုံစိတ်ချရသည့် စနစ်များ တပ်ဆင်ထားသော _ Malibu LTZ သည် ကားချစ်သူများအား အခြားသော big size salon ကားများထက် အားသာချက်များရှိနေခြင်းကြောင့် ဝယ်ယူသင့်သည့် ကားတစ်စီးအဖြစ် CarsDB က မိတ်ဆက်ပေး လိုက်ပါသည်။

စွဲမက်ဖွယ်ရာ ဒီဇိုင်းအလှ.....

ဘယ်နေရာသွားသွား........

Malibu ရဲ့ ဆွဲဆောင်နိုင်မှု ကို ဘယ်အရာမှ ပြေးမလွတ်ပါဘူး.....

အတွင်းခန်း လှပသေသပ်မှုကို ဘယ်အရာက ယှဉ်ပြိုင်နိုင်မှာလဲ.....

Chevrolet ရဲ့ Malibu LTZ  နဲ့ ပျော်ရွှင်မှုကို ရယူခံစားလိုက်ပါ......

Unicode Version









Author