Mercedes-Benz A-Class 2019 Review

0

Full article

ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုက မြို့ထဲမှာများတယ်။ အဲဒီတော့ ကိုယ်စီးမယ့်ကားက အဝင်အထွက်၊ ပါကင်ထိုးရလွယ်တဲ့ အကောင်သေးတဲ့ကားမျိုးဖြစ်ရမယ်။ ဒါပေမဲ့ဆွဲအားကောင်းကောင်းနဲ့ အဝေးပြေးလမ်းတွေပေါ်မှာမောင်းဖို့ကလည်း တစ်ခါတစ်လေလိုအပ်ဦးမှာ။ ဒါ့အပြင် ကားဖိုးသာများများစားစားအကုန်အကျခံချင်ပေမဲ့ ရေရှည်ကုန်ကျစရိတ်ဖြစ်တဲ့ ဆီဖိုးကျတော့ ချွေတာချင်သေးတယ်။ နောက်ပြီး ကားရဲ့အမှတ်တံဆိပ်ကလည်း ထိပ်တန်းဖြစ်ချင်သေးတယ်ဆိုရင်တော့ Mercedes-Benz ရဲ့ A-Class ကိုသာ အဝယ်စာရင်းရဲ့ နံပတ် ၁ နေရာမှာ ဖြည့်သွင်းထားလိုက်ပါ။

ဈေးနှုန်း :

AMG : $82,000 (Yangon License နှင့် Income Tax မပါ)
Progressive : $75,000 (Yangon License နှင့် Income Tax မပါ)

အားသာချက်

  • အတွင်းခန်း၏ နည်းပညာ၊ အရည်အသွေး ပြောစရာမလိုအောင်ကောင်းမွန်ခြင်း
  • နေရာလွတ်များ အံ့အားသင့်ဖွယ်ရာ လုံလုံလောက်လောက်ရရှိနိုင်ခြင်း
  • အမှတ်တံဆိပ်ကြောင့်သာမက ပုံသဏ္ဌာန်အားဖြင့်လည်း အကောင်းဆုံး hatchback ပုံစံရှိခြင်း

အားနည်းချက်

  • Dual exhaust ပုံစံဖြင့်ထုတ်လုပ်ထားသော်လည်း ရိုးရိုး exhaust တစ်ခုသာပါဝင်ခြင်း
  • အနိမ့်ဆုံး လောင်စာဆီ RON 95 သာအသုံးပြုသင့်ခြင်း
  • Run-flat တာယာနှင့်ဖြစ်သောကြောင့် ဘီးအပို မပါဝင်ခြင်း

သုံးသပ်ချက်

ကားအသေးဈေးကွက်မှာတော့ Mercedes A-Class ဟာ အရည်အသွေးပိုင်းအရရော နည်းပညာပိုင်းအရပါ အမြင့်ဆုံး ကားတစ်စီးပါ။ ဈေးနှုန်းလည်းမြင့်ပါတယ်။ ဒါပေမဲ့ Mercedes-Benz အမှတ်တံဆိပ်ကို ဈေးနှုန်းအနည်းဆုံးနဲ့ဝယ်ယူရရှိနိုင်တာကလည်း A-Class Hatchback ပဲရှိပါတယ်။ ဂျာမနီနိုင်ငံကနေတိုက်ရိုက်တင်သွင်းတဲ့ကားဖြစ်တာကြောင့် အရည်အသွေးကောင်းကြိုက်သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာကားတစ်စီးဖြစ်တာ သေချာပါတယ်။

“‘မင်းကွာ၊ hatchback တစ်စီးကိုမှ ဒီလောက်ဈေးပေးပြီး ဝယ်မစီးသေးဘူးလို့’ ပြောတဲ့သူတွေ ရှိမှာပါ။ ဒါပေမဲ့ 10.25-inch ကိုယ်စီရှိတဲ့ Infotainment နဲ့ Driver Display အပါအဝင် ကားအတွင်းပိုင်းရဲ့ စနစ်နဲ့ နည်းပညာပိုင်း အဆင့်မြင့်မားမှု၊ ရေရှည်အသုံးပြုနိုင်မှု၊ အမှတ်တံဆိပ်ရဲ့တန်ဖိုးတွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ မများပါဘူးဆိုတဲ့ အဖြေထွက်လာမှာပါ။”

လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲမှာတော့ A-Class Hatchback ကို trim နှစ်မျိုးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ AMG နဲ့ Progressive ဖြစ်ပြီး AMG trim ကတော့ $7,000 ပိုများပါတယ်။ AMG နဲ့ Progressive မှာအဓိက ကွဲပြားသွားတာတော့ ကိုယ်ထည်ပုံစံသာဖြစ်ပြီး AMG ကတော့ sporty ပိုဖြစ်ပါတယ်။


အခု Mercedes-Benz A-Class အသစ်အတွက် ကိုယ်ထည်အကန့်တွေ၊ စက်မှုပိုင်းဆိုင်ရာတွေ အားလုံးဟာ အသစ်တွေချည်းပါ။ အရှေ့က သုံးထောင့်ကြယ် Mercedes-Benz အမှတ်အသားနဲ့လှပတဲ့ grille ၊ projector မီးတွေကို boomerang သဏ္ဌာန် ပတ်ထားတဲ့ daytime running lights နဲ့အချက်ပြမီးတွေပေါင်းစပ်ထားတဲ့ ကားရဲ့အရှေ့ပိုင်းပုံစံဟာ အရွယ်ငယ်ပေမဲ့ တန်ဖိုးမြင့်မားတယ်ဆိုတဲ့ ခံစားမှုကိုရရှိစေတယ်။ မီးတွေက automatic အဖွင့်အပိတ်၊ အနိမ့်အမြင့်ပြုလုပ်ပေးနိုင်စွမ်းရှိတဲ့အပြင်ကိုမှ အကွေ့အဝိုက်အပေါ်မူတည်ပြီးလည်း လိုက်လံထွန်းလင်းပေးနိုင်စွမ်းရှိတာတွေ့ရတဲ့အတွက် တကယ်ကို နည်းပညာမြင့် intelligent headlight တွေလို့ဆိုလို့ရပါတယ်။

AMG trim နဲ့ဆိုရင် sporty ပိုဆန်တဲ့ A-Class ရဲ့ နံဘေးမြင်ကွင်းဟာ ချောမွတ်ပြီး ပြားပြားပါးပါးပုံစံမှာရှိနေတာပါ။ တံခါးလက်ကိုင်လေးတွေက နှစ်ရောင်စပ်ဖြစ်တဲ့အတွက် မြင်ရတွေ့ရတာ ထူးခြားဆန်းသစ်တဲ့ ခံစားမှုကိုရရှိစေပါတယ်။ ခွေတွေကတော့ AMG တွက်ဆိုရင် 18-inch အလွိုင်းခွေနဲ့ဖြစ်ပြီး Progressive မှာတော့ 17-inch အလွိုင်းခွေနဲ့ရရှိမှာပါ။ A-Class ရဲ့ အနောက်ဘက်ကနေ လိုက်လာတဲ့ကားတွေအတွက်တော့ ကျစ်လျစ်ကြော့မော့နေတဲ့ Mercedes ကားတစ်စီးကိုတွေ့မြင်ရမှာပါ။ ဒါပေမဲ့ ကားရဲ့ အနောက် design language ဟာ sporty ဆန်ဆန် exhaust နှစ်ပေါက်ပုံစံမျိုး ထုတ်လုပ်ထားပေမဲ့ တပ်ဆင်ပေးထားတဲ့ exhaust က ရိုးရိုးမြေစိုက် တစ်ပေါက်တည်းဖြစ်နေတဲ့အတွက်တော့ စိတ်ထဲမှာ နည်းနည်းလေး ကသိကအောက်ဖြစ်ရပါတယ်။

အတွင်းခန်း

Mercedes-Benz A-Class ရဲ့အပြင်ပုံစံဟာ Hatchback တွေထဲမှာ ဘယ်သူနဲ့မှမတူတဲ့ပုံစံမျိုးရှိတယ်ဆိုရင် အတွင်းခန်းဟာ ပိုလို့ထူးထူးကဲကဲကို ကောင်းမွန်တယ်လို့ပဲပြောရမှာပါ။ ဒီလို cabin မျိုးနဲ့ hatchback ကို ဘယ်မှာမှ မရနိုင်သေးပါဘူး။ ကားကသေးပေမဲ့ အရှေ့အနောက်ထိုင်ခုံကလူတွေအတွက် ကျယ်ကျယ်ဝန်းဝန်းနေရာလွတ် ဖန်တီးပေးနိုင်တာကတော့ တကယ့်ကို အထင်ကြီးစရာပါ။

ထိုင်ခုံနံဘေးအသားတွေက သားရေဖြစ်ပြီးအလယ်မှာတော့ alcantara သားကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒါကတော့ သားရေသားအပြည့်ထိုင်ခုံမကြိုက်သူတွေအတွက် အကောင်းဆုံးထိုင်ခုံတွေဖြစ်နိုင်ပါတယ်။ အရှေ့ထိုင်ခုံတွေက electric motor စနစ်နဲ့ချိန်ညှိမှုတွေ၊ ထိုင်ခုံအနေအထား မှတ်သားနိုင်မှုတွေ၊ အဝင်အထွက်ချောမွေ့စေဖို့ အလိုအလျောက်ထိုင်ခုံအတိုးအလျော့လုပ်ပေးနိုင်တဲ့စနစ်တွေအပြင် lumbar support နဲ့ thigh support ပါ ပါဝင်တဲ့အတွက် ဇိမ်ကျကျမောင်းနှင်စီးနင်းနိုင်မှာက သေချာပါတယ်။ နောက်တစ်ခုက ထိုင်ခုံအနေအထားကို လမ်းအခြေအနေ အနိမ့်အမြင့်အပေါ်မူတည်ပြီး အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါသေးတယ်။ ဒါပေမဲ့ ထိုင်ခုံအပူ/အအေးစနစ်မရတာကတော့ တစ်ခုခုလိုအပ်သလို ခံစားမိစေတာအမှန်ပါပဲ။

Mercedes-Benz A-Class အတွင်းခန်းမှာ အရမ်းကိုနှစ်သက်စရာကောင်းတာနောက်တစ်ခုကတော့ အနည်းဆုံး 64 ရောင်ပြောင်းနိုင်တဲ့ ambient light ပါ။ ဂျက်လေယာဉ်ပန်ကာနဲ့တူတဲ့ air-vent တွေ၊ နူးညံ့အိစက်တဲ့ dashboard နဲ့ အရည်အသွေးမြင့် သတ္ထုတန်းတွေရဲ့ လှပမှုကို အမြင့်ဆုံးအထိမြှင့်တင်ပေးနိုင်တဲ့ မီးကလေးတွေပါ။ တစ်ခုရှိတာက air vent ဘောင်တွေကို သတ္ထုနဲ့ပြုလုပ်ထားတဲ့အတွက် air conditioning ကြောင့် ဘောင်မှာ မကြာခဏ ရေတွေသီးနေပါလိမ့်မယ်။

လက်ကိုင်ခွေကတော့ D-shape ဆန်ဆန် သားရေသားအုပ်လက်ကိုင်ခွေပါ။ Steering mounted controls တွေ၊ paddle shift တွေတပ်ဆင်ထားတယ်။ ဂီယာက လက်ကိုင်ခွေအနောက်မှာဖြစ်ပြီး paddle shift အသုံးပြုဖို့အတွက် semi-auto + တွေ - တွေပြောင်းစရာမလိုပါဘူး။ Paddle shift ကလေးကို အသုံးပြုလိုက်တာနဲ့တင် ဂီယာအတင်အချပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Steering mounted controls မှာလည်း blackberry ဖုန်းတွေမှာပါတဲ့ trackball လိုမျိုး touch sensor တပ်ဆင်ပေးထားတာကတော့ အသုံးပြုရာမှာ တော်တော်လေးကို လွယ်ကူချောမွေ့စေပါတယ်။

Infotainment အကြောင်းပြောမယ်ဆိုရင်တော့ driver display အကြောင်းပါ တွဲပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ခု တွဲလျက် 10.25-inch တွေဖြစ်နေလို့ပါပဲ။ Digital driver display ရဲ့ပုံထွက်အလွန်ကောင်းမွန်ပြီး steering mounted control ကနေတစ်ဆင့် ထိန်းချုပ်လို့ပါတယ်။ ယာဉ်မောင်းနှင်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုသာမက infotainment ဘက်ခြမ်းက အချို့အချက်အလက်တွေကိုလည်း ထိန်းချုပ်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။ Touchscreen တော့မဟုတ်ပါဘူး။ 10.25-inch Infotainment display ကတော့ touchscreen ပါ။ DAB ရေဒီယို၊ Bluetooth ၊ ဂြိုဟ်တုလမ်းညွှန်အပြင်ကိုမှ Apple CarPlay ရော Android Auto ပါတွဲဆက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကားနဲ့ပတ်သက်ပြီး ambient light အရောင်ပြောင်းလဲတာ၊ မောင်းနှင်မှု mode ကို စိတ်ကြိုက်ပြောင်းလဲတာနဲ့ ABS စနစ်ကိုတောင်မှ စိတ်ကြိုက်ချိန်ညှိမှု စတာတွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ Infotainment မှာအသုံးပြုထားတဲ့စနစ်ကတော့ MBUX လို့ခေါ်တဲ့ The Mercedes-Benz User Experience စနစ်ဖြစ်ပြီး အသုံးပြုရတဲ့နေရာမှာ ချောမောလွယ်ကူတာကို တွေ့ရပါတယ်။ Infotainment ကို touchscreen မှတစ်ဆင့်သော်လည်းကောင်း၊ steering mounted controls တွေကသော်လည်းကောင်း၊ အလယ်က touchpad ကနေတစ်ဆင့်သော်လည်းကောင်း ထိန်းချုပ်လုပ်ဆောင်နိုင်တဲ့အတွက် မောင်းနှင်သူအတွက် အရမ်းကို သက်သာချောမွေ့စေမှာတော့ အသေအချာပါပဲ။

“ဝမ်းနည်းဖို့ကောင်းတာကတော့ built-in ပါဝင်တဲ့ ဂြိုဟ်တုလမ်းညွှန်စနစ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အသုံးမပြုနိုင်တာပါ။ ဒါပေမဲ့ Apple CarPlay ဒါမှမဟုတ် Android Auto ကနေတစ်ဆင့်တော့ ချိတ်ဆက်အသုံးပြုနိုင်ပါလိမ့်မယ်။ 360° ကင်မရာတပ်ဆင်ပေးထားခြင်းမရှိပေမဲ့ parking ထိုးရတာ အခက်အခဲရှိနေတဲ့သူတွေအတွက် အလိုအလျောက် ကားပါကင်ထိုးပေးတဲ့ စနစ်ပါဝင်ပါတယ်။ လက်တွေ့စမ်းသပ်ရာမှာတော့ parking နေရာကို နိုင်ငံတကာအတိုင်း လိုင်းတွေဘာတွေနဲ့ သတ်မှတ်ပေးထားရင် အဆင်ပြေပါတယ်။ ဒါပေမဲ့ parking ထိုးချိန်ကတော့ နည်းနည်းကြာမှာပါ။”

USB အပေါက်တွေကိုတော့ အရှေ့၊ အလယ်၊ အနောက် စုစုပေါင်း ငါးပေါက်တပ်ဆင်ပေးထားတာတွေ့ရတဲ့အပြင် wireless charging စနစ်လည်း ပါဝင်တဲ့အတွက် ခေတ်မီ smartphones တွေနဲ့ တော်တော်အလုပ်ဖြစ်မှာသေချာပါတယ်။ နောက်တစ်ခုက “Hi Mercedes” လို့ပြောပြီး အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်တဲ့စနစ်ပါ။ iPhone ရဲ့ “Hey Seri” ဒါမှမဟုတ် Google ရဲ့ “OK Google” တို့လိုပေါ့။ ဒါဟာလည်း ကိုယ့်အသံထွက်ကို သေချာလေ့ကျင့်ပြီး အသုံးပြုမယ်ဆိုရင် ကားမောင်းနေစဉ်အချိန်အတွင်း တော်တော်လေးကို အသုံးတည့်နိုင်မယ့် feature တစ်ခုဖြစ်လာပါလိမ့်မယ်။ တစ်ခုကျန်နေပါသေးတယ်။ Mercedes-Benz A-Class မှာက အသံထွက်သိပ်ကောင်းတဲ့ 8 speakers Burmester Sounds စနစ် တပ်ဆင်ပေးထားပါသေးတယ်။

လက်တွေ့ဆိုရင်

တကယ်တော့ Mercedes-Benz A-Class 2019 ဟာ ဂုဏ်ဒြပ်တွေ၊ ဇိမ်ကျမှုတွေ၊ မြန်နှုန်းတွေ စတဲ့စံချိန်စံညွှန်းတွေထက်စာရင် နေ့စဉ်ဘဝလက်တွေ့အသုံးကျအောင်လို့ တည်ဆောက်ထားပုံရပါတယ်။ ဒါပေမဲ့ Mercedes-Benz ဖြစ်တာနဲ့အညီ အဲဒီအချက်အလက်တွေနဲ့လည်း ကိုက်ညီမှုရှိနေတာကတော့ များပြားတဲ့ အပိုဆုလို့တောင်မှဆိုနိုင်တာပါ။

A-Class ရဲ့ အရှေ့ထိုင်ခုံတွေဟာ ကောင်းမွန်တဲ့အနေအထား၊ လုံလောက်တဲ့ နေရာအကျယ်အဝန်းနဲ့ ထိုင်ရတာ သက်သောင့်သက်သာရှိလှပြီး အနောက်ထိုင်ခုံတွေကလည်း ကျဉ်းကျပ်မှု လုံးဝမရှိတာတွေ့ရတယ်။ Hatchback တစ်စီးအတွက် အံ့အားသင့်ဖွယ်ရာအနေအထားပါ။

အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုကတော့ ပုံမှန်အတိုင်းဆိုရင် 360-370 litres ရှိမှာဖြစ်ပြီး အနောက်ထိုင်ခုံတွေကို ခေါက်လိုက်မယ်ဆိုရင်တော့ 1,200-1,210 litres အထိရှိမှာဖြစ်လို့ ဒါဟာလည်း Hatchback တစ်စီးအတွက် လုံလောက်တဲ့ ပမာဏပါပဲ။ A Class အဟောင်းထက် ပိုမိုတဲ့ အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုကို ရရှိမှာဖြစ်ပေမဲ့ Volkswagen Golf ထက်တော့ မသိမသာလေး နည်းပါတယ်။ ကောင်းမွန်တာကတော့ ပစ္စည်းအတင်အချ လွယ်ကူအဆင်ပြေတာပါ။ ဘီးပေါက်သွားတဲ့အချိန်မျိုးမှာ 80kph ထက်နည်းတဲ့နှုန်းနဲ့ တစ်နာရီလောက်မောင်းလို့ရတဲ့ run-flat တာယာနဲ့မို့လို့ spare wheel ထည့်မပေးထားတာကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်အားနည်းချက်တစ်ခုအနေနဲ့မြင်မိပါတယ်။

“မြို့တွင်းမှာ ခပ်များများစီးမယ်။ အဝေးပြေးလမ်းတွေပေါ်လည်း တစ်ခါတစ်လေတက်မယ်။ အရည်အသွေးပိုင်းခေတ်ရှေ့ပြေးရမယ်။ နည်းပညာပိုင်း အဆင့်မြင့်ရမယ်။ ဒါဆိုရင်တော့ လက်ရှိဈေးကွက်အခြေအနေအရ A-Class ရဲ့ဈေးနှုန်းဟာ သိပ်မများပါဘူးလို့ ဆိုနိုင်ပါတယ်။ ပိုကောင်းတဲ့အချက်က Mercedes-Benz ရမှာလေ။”

မောင်းနှင်မှု

Mercedes-Benz A-Class ကို နိုင်ငံတကာမှာ အင်ဂျင်ရွေးချယ်နိုင်မှု ခုနစ်မျိုးလောက်အထိရရှိနိုင်ပေမယ့် ဒီမှာတော့ 163hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မယ့် 1.3-litre ဓါတ်ဆီအင်ဂျင်နဲ့ပဲရရှိမှာပါ။ A200 Auto အင်ဂျင်ဖြစ်ပါတယ်။ ဆီစားနှုန်းက 52mpg အထိရနိုင်တယ်လို့ Mercedes ကဆိုထားပေမဲ့ လက်တွေ့မြို့တွင်းပတ်လည်မောင်းကြည့်ရသလောက်တော့ 42mpg အထိရရှိတာတွေ့ရပါတယ်။ အမြန်လမ်းပေါ်မှာဆိုရင်တော့ မိုင် ပိုရနိုင်ပါလိမ့်မယ်။ ဘာလိုပဲပြောပြော ဆီစားသက်သာတဲ့ Mercedes-Benz ဖြစ်နေတာတော့ အမှန်ပါပဲ။

0-60mph အတွက် 8-second သာကြာတယ်။ Hatchback တစ်စီးအတွက် တော်တော်လေးကို ကောင်းတဲ့ အရှိန်တင်နိုင်စွမ်းလို့ပြောနိုင်ပါတယ်။ Steering ပိုင်းထိန်းချုပ်မှု တိကျကောင်းမွန်တာတွေ၊ ကီလိုအမြင့်ကြီးမောင်းတဲ့အချိန်မှာ တည်ငြိမ်မှုအထူးရှိတာတွေ၊ အဝေးပြေးလမ်းပေါ်မှာ အသံဆူညံမှုနည်းပါးတာတွေ၊ ချိုင့်တွေကမူတွေကိုကျော်ဖြတ်တဲ့အခါမှာ သက်သောင့်သက်သာရှိတာတွေကိုတော့ ထည့်မပြောတော့ပါဘူး။ Mercedes-Benz ဆိုတဲ့ အမှတ်တံဆိပ်ကိုမှာ တစ်ပါတည်းပါပြီးသားဖြစ်နေတာမို့လို့ပါ။

Mercedes-Benz A-Class ကို mode လေးမျိုးလောက်နဲ့ ပြောင်းပြီးမောင်းလို့ရပါတယ်။ Eco ၊ Comfort နဲ့ Sport အပြင်ကိုမှ ကိုယ်ကြိုက်သလို setting ချိန်ထားလို့ရတဲ့  Individual mode နဲ့လည်း မောင်းနှင်လို့ရဦးမှာပါ။ အဓိကချိန်နိုင်တဲ့ setting တွေကတော့ ဆီစားနှုန်း၊ ဂီယာအကူးအပြောင်း၊ အင်ဂျင်စွမ်းဆောင်ရည်၊ Steering control တို့ပဲဖြစ်ပါတယ်။

“ခြုံငုံပြီးပြောရမယ်ဆိုရင် Mercedes A-Class ဟာ လုံလောက်တာထက် ပိုပြီးမောင်းလို့ကောင်းတဲ့ ကားတစ်စီးပါ။ Safety-assist ပိုင်းမှာလည်း BMW 1 Series တို့ Audi A3 Sportback တို့ထက် ပိုပြီးရှည်တဲ့ စာရင်းနဲ့လာတာဖြစ်ပါတယ်။”

Safety ပိုင်းနဲ့ပတ်သက်လို့ Mercedes A-Class ဟာ ဥရောပ NCAP crash-test မလုပ်ရသေးပါဘူး။ ဒါပေမဲ့ လုပ်တဲ့အခါမှာလည်း score ကောင်းကောင်းရမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ Active Brake Assist စနစ် (အရေးပေါ်အခြေအနေမှာ အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့စနစ်) ဟာ တော်တော်လေးကောင်းမွန်တာတွေ့ရပြီး လေအိတ်ပတ်လည် ခုနစ်လုံးတပ်ဆင်ပေးထားကာ Attention Assist System စနစ်လည်း ပါဝင်လို့ပါ။

ပါဝင်တဲ့အချက်တွေ

DRIVER CONVENIENCE

Active park assist with parktronic system including front and rear parking sensors
10.25" Digital instrument cluster display screen
Hard-disk navigation
Radio aerial integrated into roof spoiler
Active lane keep assist
Attention assist
Direct steering
Brake pad wear indicator warning light
Service indicator (Active Service System)
DYNAMIC SELECT with a choice of driving modes (ECO, Comfort, Sport and Individual)
Hey Mercedes Voice activation
ECO start/stop function
180 degree rear view camera with parking guidelines
Fluid level warning indicator for fuel, oil, coolant and washer fluid
Mercedes me connect including emergency call system, accident recovery, breakdown management and maintenance
Lamp failure indicator
Speed sensitive power steering
Trip computer
Outside temperature gauge
10.25” touchscreen media display
10.25” colour screen in instrument panel
Cruise control + speed limiter
Direction indicators with lane change function
Voice activation
DYNAMIC SELECT with a choice of driving modes (ECO, Comfort, Sport, Sport+ and Individual)
Stop/start system

SAFETY

Adaptive brake assist with hold function and hill start assist
Driver and passenger head and side airbags
ESP curve dynamic assist
Crash responsive emergency lighting
Front and rear seatbelt reminder
Active bonnet
Black seatbelts
Window airbags
Front brake callipers with Mercedes Benz lettering
Drivers knee airbag
Electronic parking brake
3 rear 3 point seatbelts
Electronic Stability Program with Anti Skid Control
Tyre pressure monitoring system
Dual stage Driver/Passenger Airbags
Warning triangle and first aid kit
Perforated front brake discs
Childproof locks manually operated for rear doors and electrically operated for rear power windows
Anti lock brake system with Brake Assist
Active brake assist includes forward collision warning system with autonomous braking
Brake calipers with Mercedes-Benz lettering + perforated brake discs

EXTERIOR FEATURES

Heated glass rear windscreen + timer control
4 Electric Front and Rear windows
LED third brake light
Rear fog lights
Diamond radiator grille with chrome pins and silver louvre + chrome insert
AMG front, rear apron and side skirts
Adaptive brake lights
Chrome beltline
Body coloured door mirrors
Active aerodynamics with AIRPANEL in the front apron
Headlamp assist automatic headlamp activation
LED tail lamp
LED high performance headlamps with integrated LED daytime running lights
Exhaust system - Twin trapezoidal tailpipes in polished stainless steel
Electric adjustable and heated door mirrors with integrated LED side indicators
Rain sensor windscreen wipers
Blue tinted glass
Body colour side skirt
Body colour bumpers
Body colour door handles
Privacy glass
Rear wiper
Multibeam LED with adaptive highbeam assist plus
Panoramic sliding sunroof
LED daytime running lights
Electric rear windows
Electric front windows

INTERIOR FEATURES

Seat occupancy sensor for front passenger seat
ISOFIX Child seat top tethers and anchor fixings
Controller on centre console with chrome surround
touchpad
Artico man-made leather/Microfibre Dinamica upholstery with red contrast stitching
Front seat cushion length adjustment
Interior lighting - 64 colour Ambient lighting
Sports seats with integrated headrests
Brushed stainless steel sports pedals with rubber studs
AMG floor mats with red stitching
40/20/40 split folding rear seats
Illuminated door sills
12V socket
Oddments tray lighting
Gearshift paddles on steering wheel
Twin front cupholders
Front door sills with Mercedes benz lettering
Black roof lining
Front seat backs luggage nets
Rear Reading Lamps
Sunvisors with illuminated vanity mirrors
Luggage compartment cover
Manual height adjustable front seats
Stowage compartment in centre console with retractable cover
Front reading lamps in left and right console downlighter
Spectacles compartment for driver
Illuminated glove compartment stowage
Freight packaging without tie-down hooks
Air vents surround and cruciform nozzle in silver chrome
Front vanity lights
Touchpad illumination
Handle recess/closing light
Front signal exit lamp
Cup holder and stowage compartment lighting
3 Spoke flat bottom leather multi function steering wheel with perforated leather in grip area
Two zone thermotronic luxury automatic climate control
Auto Mercedes-Benz child seat recognition sensor
Height/reach adjustable steering column
Front centre armrest with storage compartment
Storage compartment under load area floor
Rear armrest
Front footwell lights
Rear head restraints
Heated front seats
Front doors with ambient and signal light
Electric front seats with memory function
Load securing rings in luggage compartment
1/3 to 2/3 split folding rear seats
Illuminated glovebox
Front reading lamps
Exit lights

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Mercedes-Benz Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......


ဓါတ်ပုံ : ထက်အောင်

Author

Comments