JETOUR X70 2020 Review

0

Full article

ဒီဇိုင်းကောင်းတယ်။

နည်းပညာပိုင်း များများစားစားပါတယ်။ နောက်ပြီး ဈေးလည်းသက်သာတယ်။

ဒီလိုအချက်အလက်တွေနဲ့ JETOUR X70 2020 ဟာမြန်မာနိုင်ငံမှာ SKD စနစ်နဲ့ လာရောက်တပ်ဆင်ထုတ်လုပ်ထားတဲ့ SUV အမျိုးအစား မော်တော်ယာဉ်ဖြစ်ပါတယ်။ ဈေးသက်သာပေမဲ့ ဘယ်လိုအချက်တွေပါဝင်ကြောင်းနဲ့ ဘာကြောင့်ဈေးသက်သာကြောင်းတွေကိုတော့...

ဈေးနှုန်း : ၃၅၇ သိန်း (Income tax မပါ)

အားသာချက်

  • ကား၏ အပြင်ဒီဇိုင်း
  • သားရေသားကြိုးချုပ်ထိုင်ခုံတွေ
  • SKD ဖြင့်ထုတ်လုပ်ထားခြင်း

အားနည်းချက်

  • ဖုန်းထားစရာနေရာ သေးငယ်ခြင်း
  • Dual Exhaust ပုံစံနှင့်ဖြစ်သော်လည်း ရိုးရိုးမြေစိုက်တစ်ခုသာတပ်ဆင်ထားခြင်း
  • တံခါးအားလုံးမှာ မှန်အကြည်သာအသုံးပြုထားခြင်း

သုံးသပ်ချက်

JETOUR X70 ဟာ လူငါးယောက်စီး SUV ဖြစ်တယ်။ Grille တွေနဲ့ ရှေ့မီးဒီဇိုင်းကလှတယ်။ အောက်ဘက် LED fog lamp လေးလုံးပြွတ်ပုံစံကတော့ KIA ရဲ့ Sportage ကိုအမှတ်ရစရာပါ။ DRL (Daytime Running Lights) တွေကလည်း LED တွေပါပဲ။ မီးကြီးတွေက အဝါရောင် projectors တွေဖြစ်ပြီး သူ့နံဘေးမှာ အချက်ပြမီးအတွဲနဲ့ဖြစ်ကာ နှစ်သက်မိတဲ့အချက်ကတော့ နံဘေးနောက်ကြည့်မှန်တွေပေါ်က LED မီးတန်းပြေး အချက်ပြမီးပါ။ ဒါမျိုးက တန်ဖိုးမြင့်ကားတွေမှာသာ အများစုတွေ့ရလေ့ရှိတဲ့အတွက် ဒီလို ဘက်ဂျက် SUV မှာတွေ့ရတော့ ကျေနပ်ဖို့ကောင်းပါတယ်။

JETOUR X70 2020 ရဲ့အရွယ်အစားဟာ မြန်မာလူမျိုးတွေရဲ့ ပျမ်းမျှအရပ်အမောင်းအတွက် သိပ်လည်းမကြီးသလို သိပ်လည်းမသေးဘူး။ အလောတော်လို့ပြောလို့ရတယ်။​ နံဘေး ဖောင်းလိုင်းတွေကလည်း ကြည့်လို့ကောင်းပါတယ်။ နှစ်သက်မိတာတစ်ခုကတော့ တံခါးအခြေကို အရာင်တူပလတ်စတစ်သားအသုံးပြုပေးထားတာပါ။ ကတ္တရာစေးကပ်မှုကို တော်တော်လေးအကာအကွယ်ပေးနိုင်မယ့်ပုံပါပဲ။

“အကြိုက်ဆုံးအချက်တစ်ခုကတော့ JETOUR စာလုံးနဲ့ LED နောက်မီးတွေပေါင်းစပ်ထားတဲ့ နောက်ပိုင်းဒီဇိုင်းပါ။ လမ်းပေါ်မှာ ကိုယ့်ရှေ့က ကားက JETOUR X70 သာဆိုရင် ‘ဟာ.. ဒီဇိုင်းလေးက မိုက်တယ်၊ ဘာကားလဲမသိဘူး’ ဆိုပြီး လိုက်ကြည့်ရမယ့် ပုံစံမျိုး။”

အတွင်းခန်း

JETOUR X70 ရဲ့အတွင်းခန်းမှာ သဘောကျစရာအကောင်းဆုံးကတော့ ကြိုးချုပ်သားရေသား ထိုင်ခုံတွေပါ။ လက်ကိုင်ခွေကလည်း သားရေသားအုပ်ဖြစ်ပါတယ်။ သားရေရဲ့ အရည်အသွေးပိုင်းက သိပ်အကောင်းကြီးမဟုတ်ပေမဲ့ သက်သောင့်သက်သာတော့ရှိတယ်။ ထိုင်ခုံတွေမှာထိုင်ရတဲ့ အကျယ်အဝန်းကလည်း ရှေ့လူစီးခန်းအတွက်ရော နောက်လူစီးခန်းအတွက်ပါ အဆင်ပြေပါတယ်။

12.3-inch ရှိတဲ့ infotainment ရော၊ driver display ပါ digital နဲ့ဖြစ်တာက သဘောကျစရာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ infotainment ရဲ့ UI ဒီဇိုင်းက တစ်ချိန်တုန်းဆီက MP4 Players တွေကို သွားသတိရမိစေပြီး driver display ရဲ့ UI ကလည်း စစချင်းဝယ်ယူမောင်းနှင်မယ့်သူအတွက်အခက်အခဲရှိနိုင်ပါတယ်။ မီတာတံကိုကြည့်နေကျသူတွေဟာ digit စာလုံးတွေနဲ့ အသားကျဖို့ဆိုရင် နည်းနည်းတော့ အချိန်ယူရနိုင်ပါတယ်။ တစ်ခုရှိတာက နောက်ကင်မရာမြင်ကွင်းကိုပြသတဲ့ မျက်နှာပြင်ရဲ့အရည်အသွေးပါ။ လုံလောက်မှုမရှိဘူးလို့သာဆိုချင်ပါတယ်။

Cruise control အပါအဝင် ခေတ်မီကားတွေလိုပဲ steering မှာ mounted control တွေပါတယ်။​ 360° ကင်မရာ၊ နောက် parking sensors၊ auto hold စနစ်တွေပါဝင်တာကလည်း JETOUR X70 ကိုပိုပြီးပြည့်စုံစေတာအမှန်ပါပဲ။ Blind sport အချက်ပြမီးက နံဘေးနောက်ကြည့်မှန်တွေမှာပါဝင်ပေမဲ့ မှန်ဘောင်ပေါ်ကိုရောက်နေတာရယ်ရဲ့ သေးငယ်သလိုဖြစ်နေတာရယ်ကိုတော့ အားမရဖြစ်မိတယ်။

“ထိုင်ခုံချိန်ညှိမှုအတွက် manual adjustments တွေပဲရတာကိုတော့ ကြိုက်သူ/မကြိုက်သူရှိနိုင်တယ်။​ ခရီးဝေးမောင်းဖို့အတွက် cruise control ပါဝင်ပေမဲ့ ထိုင်ခုံမှာ lumbar support တပ်ဆင်ထားမှုမရှိတာကိုတော့ လိုအပ်ချက်လို့မြင်တယ်။ ဒါပေမဲ့ Traction Control တို့ Electric Stability Control တို့ပါဝင်တာကတော့ SUV တစ်စီးအဖြစ် ပိုပြီးပြည့်စုံသွားစေပါတယ်။”

Air conditioning ပိုင်းက digital ဖြစ်တယ်။ Dual zone မရဘူး။ ရှေ့မှာရော နောက်မှာပါ လေအေးထုတ်စနစ်ပါတဲ့အတွက် ကားပေါ်ပါတဲ့လူတိုင်း တစ်ပြေးညီနီးပါး အေးတယ်လို့ဆိုရမယ်။ တစ်ခုရှိတာက digital စနစ်ဆိုသော်လည်း physical button တွေနဲ့ air conditioning ကို အဖွင့်/အပိတ်၊ အတိုး/အလျော့လုပ်နိုင်ပေမဲ့ infotainment ကနေတစ်ဆင့် ထိန်းချုပ်မှုတော့ မလုပ်နိုင်ဘူး။

“ပြဿနာက ဖုန်းထားဖို့နေရာပါ။ ဖုန်းအားသွင်းဖို့အတွက် USB ကရှေ့မှာတစ်ပေါက် နောက်မှာနှစ်ပေါက်ပါဝင်တယ်။ ဒါပေမဲ့ အရွယ်အစားကြီးဖုန်းတွေရဲ့ခေတ်မှာ ဖုန်းထားဖို့နေရာလေးက သေးနေပါတယ်။ Brilliance V3 ကိုတောင်မှ သွားပြီးအမှတ်ရမိသေးတယ်။ ဖုန်းဆိုတာ ဘယ်နားထားထားရပေမဲ့ သူ့နေရာနဲ့သူ ကျကျနနလေးဖြစ်တော့ ပိုကောင်းတာပေါ့နော့။”

Panoramic sunroof ပါဝင်ပြီး ရှေ့ထိုင်ခုံရော နောက်ထိုင်ခုံကသူတွေအတွက်ပါ ကောင်းကင်ကြီးကို ကြည့်ရှုနိုင်တဲ့အထိ ကျယ်ပါတယ်။​ အဖွင့်/အပိတ်ကတော့ ခလုတ်ကို တစ်ချက်နှိပ်ပြီး လိုအပ်တဲ့ အကျဉ်းအကျယ်ကို ချိန်နိုင်သလို နှစ်ချက်နှိပ်ရင်တော့ အဆုံးထိဖွင့်/အဆုံးထိပိတ် နိုင်တာမျိုးပါ။

အသုံးပြုထားတဲ့ materials တွေကတော့ အပေါ်မှာပြောထားတဲ့ သားရေသားတွေအပြင် တံခါးဘောင်က လက်တင်နေရာတွေမှာလည်း သားရေတွေသုံးထားတယ်။ ကျန်နေရာအများစုမှာတော့ ပုံမှန် ပလတ်စတစ်သားတွေသုံးထားတယ်။​ ထူးခြားတာက dashboard အပေါ်ပိုင်းမှာက ရိုးရိုးပလတ်စတစ်ဖြစ်ပြီး လက်နဲ့ထိတွေမှုများတဲ့ အောက်ပိုင်းမှာတော့ နူးညံ့တဲ့ ပလတ်စတစ်သားကိုအသုံးပြုထားတယ်။

လက်တွေ့ဆိုရင်

ဘက်ဂျက် SUV တစ်စီးအနေနဲ့ နောက်ပစ္စည်းထားခန်းကျယ်ကျယ်ဝန်းဝန်း ရှိတာက နေ့စဉ်ဘဝအတွက် လက်တွေ့အသုံးကျစေပါတယ်။ JETOUR X70 ဟာ မူရင်းလူခုနစ်ယောက်စီးကို ငါးယောက်စီးအဖြစ် ပြောင်းလဲထားတာဖြစ်လို့ နောက်ခန်းဝင်ဆံ့မှုကတော့ တော်တော်လေးကို ကောင်းတယ်လို့ဆိုရမှာပါ။ အပိုဘီးက နောက်ပစ္စည်းထားခန်းထဲမှာမဟုတ်ဘဲ ကားရဲ့ဗိုက်မှာကပ်ထားပါတယ်။ အဲဒီအတွက် နောက် boot အခင်းအောက်မှာ ခပ်ကျယ်ကျယ် ပစ္စည်းပစ္စယထားစရာ အံ လေးခုထပ်ထွက်လာပါတယ်။ နောက်ပစ္စည်းထားခန်း မီး တပ်ဆင်ထားတာကလည်း ညဘက်တွေဘာတွေမှာ အသုံးတည့်မှာ အသေအချာပါပဲ။ ထူးခြားတာက boot မှာ cupholder ထည့်ပေးထားတာပါ။

နောက်ခန်းဝင်ဆံ့မှုက 1,260-litre ရှိပြီး နောက်ခုံတန်းကို 60:40 ခေါက်လို့ရတာကလည်း ကျေနပ်စရာကောင်းတယ်။ Spare wheel ကတော့ size အပြည့်မဟုတ်ပါဘူး။

JETOUR X70 မှာနှစ်သက်မိတာကတော့ သူ့ရဲ့ remote key ဟာ ကားနားကပ်လိုက်တာနဲ့ သော့လည်းပွင့်သွားသလို နံဘေးမှန်တွေကလည်း ခေါက်နေရာကနေ ဖွင့်ပြီးသားဖြစ်သွားတာပါ။ တံခါးလက်ကိုင်ကို ဆွဲဖွင့်ပြီး မောင်းထွက်လိုက်ရုံပါပဲ။ မေ့ပြီး မှန်ခေါက်လျက်သားနဲ့ မမောင်းဖြစ်တော့ဘူးပေါ့။ နောက်တစ်ခုက remote key နဲ့ မှန်တင်မှန်ချလုပ်လို့ရတာကိုလည်း သဘောကျမိိပါတယ်။ နေပူထဲရပ်ထားချိန်မှာ ကားတံခါးကိုဖွင့်စရာမလိုဘဲ မှန်တွေကို ကြိုဖွင့်ထားလို့ရတာဟာ လက်တွေ့ပိုင်းအရ တော်တော်လေး အသုံးဝင်မယ့်အနေအထားမှာရှိပါတယ်။”

မောင်းနှင်မှု

အသုံးပြုထားတဲ့ အင်ဂျင်က 1.5-litre ဓါတ်ဆီအင်ဂျင်ပါ။ E4T15B တာဘိုအင်ဂျင်ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ 13.3kpl အထိရမယ်လို့ JETOUR ကဆိုထားတယ်။​ ဒါပေမဲ့ CVT transmission တွေရဲ့အသုံးများတဲ့ခေတ်မှာ JETOUR X70 က AT transmission နဲ့ဖြစ်နေတယ်။ AT အမျိုးအစား transmission ကိုမှ 8-speed auto ဖြစ်တဲ့အတွက် ဂီယာအကူးအပြောင်းကတော့ အထူးညက်ညောမှာသေချာတယ်။ ဒါပေမဲ့ ဆီစားနှုန်းလျော့ကျဖို့အတွက်ကိုတော့ ဒီ transmission အမျိုးအစားက အထောက်အကူပြုမှာမဟုတ်ပါဘူး။ ဆိုတော့ကာ ဆီစားနှုန်း 13.3kpl ထက်ပိုနိုင်ပါတယ်။ 1.5-litre အင်ဂျင်ကိုမှ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 145hp အထိထုတ်လွှတ်ပေးနိုင်တာကတော့ မဆိုးပါဘူးလို့ပြောလို့ရတယ်။

“ကြိုက်နှစ်သက်မိတဲ့အချက်ကတော့ ယနေ့ခေတ်အသုံးအများဆုံးနဲ့ စိတ်အချအရဆုံး independent suspension တွေဖြစ်ကြတဲ့ရှေ့ MacPherson နောက် Multi-link suspensions တွေသုံးထားတာပါ။ Air suspension အမျိုးအစားလောက်အဆင့်မမြင့်သေးပေမဲ့ ငြိမ့်ညောင်းပြီးစိတ်ချရတဲ့ အမျိုးအစားတွေဖြစ်တယ်။ ဒီလိုအောက်ပိုင်းကိုမှ ground clearance က 8.3-inch နဲ့ဆိုတော့ SUV တစ်စီးအတွက်အလောတော်ပါပဲ။”
JETOUR X70 2020 ကိုစမ်းသပ်မောင်းနှင်ကြည့်ရမှာတော့ steering က ပေါ့တယ်။ ချိုးလို့ကွေ့လို့လည်းကောင်းတယ်။ Sport နဲ့ Winter mode နှစ်ခုပါပြီး Sport mode နဲ့ဆိုရင် steering ကို ခပ်စေးစေးလေးဖြစ်အောင် လုပ်ဆောင်ပေးထားတာ တွေ့ရတယ်။ 0-100kph ကိုမောင်းနှင်ကြည့်ရမှာတော့ 15-sec ကျော်ကျော်ကြာတဲ့အတွက် ဒီနေရာမှာ နည်းနည်းလေးလိုတယ်လို့မြင်မိတယ်။ နောက်တစ်ခုရှိတာက အဲဒီလိုမောင်းနှင်ချိန်မှာ 0-60kph ဝန်းကျင်ရောက်တဲ့အချိန် turbo lag က ခပ်ထူထူရှိနေတာတွေ့ရတယ်။ နောက်တစ်ချက်ကတော့ ဆီစားနှုန်းပါ။ JETOUR ကတော့ 13.3kpl လောက်ရမယ်ဆိုထားပေမဲ့ လက်တွေ့ကျကျမှာတော့ 18.5 L/100km သာပြသတဲ့အတွက် တွက်ကြည့်မယ်ဆိုရင် 5.4kpl လောက်သာရတာတွေ့ရတယ်။ ပြောရမယ်ဆိုရင်တော့ ထင်ထားတဲ့အတိုင်း ဆီစားနှုန်းမြင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကားအသစ်ဖြစ်တာကတစ်ကြောင်း၊ ဟိုင်းဝေးမောင်းထားတာမျိုး မရှိတာကတစ်ကြောင်း၊ 0-100kph အတွက် အတင်းနင်းပြီးမောင်းထားတာကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ပိုများနေတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်ထက် နည်းနည်းတော့ ဆီစားနှုန်းပိုများတယ်လို့ ပြောလို့ရပါတယ်။”

ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ SKD နဲ့ထုတ်လုပ်ထားတဲ့အတွက် ရန်ကုန်လိုင်စင်၊ နယ်လိုင်စင် ကြိုက်တဲ့လိုင်စင်ရယူနိုင်ပြီး တန်ဖိုးကလည်း ၃၅၇ သိန်း ဖြစ်တာမို့လို့ ကိုယ့်အတွက် အပြောင်းအလဲဟာ SUV အမျိုးအစားဖြစ်နေမယ်ဆိုရင်တော့ မဖြစ်မနေ သွားရောက်ကြည့်ရှုလေ့လာသင့်တဲ့ စာရင်းထဲမှာ ထည့်သွင်းသင့်သော JETOUR X70 2020 ဖြစ်နိုင်ပါတယ်။

ပါဝင်တဲ့အချက်တွေ

JETOUR X70 2020

BASIC PARAMETER

  • Length*Width*Height - 4,720*1,900*1,710mm
  • Body Structure - SUV (5 doors & 5 seats)
  • Max. Speed - 180kph
  • Fuel Consumption - 8.2L

BODY

  • Wheelbase - 2,745mm
  • Front Tread - 1,595mm
  • Rear Tread - 1,590mm
  • Ground Clearance - 8.3-inch
  • Kerb Weight - 1,570kg
  • Door Number - 5
  • Seats Number - 5
  • Fuel Tank Capacity - 55L
  • Luggage Compartment Capacity - 1,260-litre

ENGINE

  • Engine Type - E4T15B
  • Displacement - 1,498ml
  • Intake From - Turbocharger
  • Cylinder Arrangement - L
  • Number of Cylinders - 4
  • Number of Valves per Cylinders - 4
  • Compression Ratio - 9:5
  • Cylinder Diameter - 77mm
  • Stroke - 80.5mm
  • Maximum Horsepower - 145hp
  • Maximum Power - 145hp
  • Maximum Power Speed - 5,500rpm
  • Maximum Torque Speed - 210Nm
  • Maximum Torque Speed - 1,750-4,000rpm
  • Engine Specific Technology - Turbocharging, Integrated exhaust manifold, integrated cooling
  • Fuel Form - Gasoline
  • Fuel Label - 92
  • Oil Supply Way - Multi-Point Injection
  • Cylinder Head Material - Aluminum Alloy
  • Cylinder Body Material - Iron
  • Emission Standard - China V

TRANSMISSION

  • Abbreviation - 8AT
  • Gear Number - 8
  • Transmission Type - AT

CHASSIS STEERING

  • Drive Mode - FF
  • Front Suspension Type - MacPherson Independent Suspension
  • Power Type - EPS
  • Rear Suspension Type - Multi-Link Independent Suspension
  • Car Body Structure - Load Supporting

WHEEL BRAKE

  • Front Brake Type - Disc Brake
  • Rear Brake Type - Disc Brake
  • Parking Brake Type - Handle Brake
  • Front Tire Specification - R18
  • Rear Tire Specification - R18
  • Spare Tire Specifications - Non-Full-Size

SAFETY EQUIPMENT

  • Main/Copilot Driver Seat Airbag
  • TPMS (Tire Pressure Monitoring System)
  • Driver Seat Belt Unfasten Reminding
  • ISOFIX-Child Seat Latch
  • EMMO
  • Internally Operated Central Door Locking
  • Intelligent Key
  • Keyless Start System
  • Keyless Entry System
  • Car Locating

OPERATION EQUIPMENT

  • ABS (Anti-Lock Brake System)
  • EBD (Electronic Brakeforce Distribution)
  • BAS (Brake Assist System)
  • TCS (Traction Control System)
  • ESC (Electronic Stability Control)
  • Hill-Start Assist Control
  • Auto Hold Function

EXTERIOR EQUIPMENT

  • Panoramic Sunroof
  • Sports Appearance Kit
  • Aluminum Alloy Rim
  • Matte Film on B/C Pillars
  • Window Bar
  • Engine Cover
  • Shark Fin Antenna
  • Roof Rack

INTERIOR EQUIPMENT

  • Leather Steering Wheel
  • Steering Wheel Adjustment - Up&Down
  • Multi-Function D Steering Wheel
  • Cruise Control
  • Rear Parking Radar
  • Reversing Camera
  • Driving Computer Screen
  • 12.3-inch Instrument
  • Back Door Electronic Lock
  • Illuminated Door-sill Details
  • All Car Button Backlight
  • Built-in Door Reflector
  • Power Interface
  • Luggage Curtain
  • Passenger Damped Pull Hand
  • Spectacle Case

SEAT EQUIPMENT

  • The Seat Material - Leather
  • Manual Six-Direction Control Driver Seat
  • Manual Four-Direction Control Copilot Seat
  • Second Row Back Angle Adjustment - 4:6
  • Rear-end Seat Reversals (5/5 Split) - The Seats Which Can Be Set Even
  • Front Armrest
  • Middle Armrest
  • The Front Armrest Case - Leather Cover
  • Back Row Cup Stand

Multimedia EQUIPMENT

  • Large Color Screen in Central Control Unit - 10-inch
  • Bluetooth/Car Phone
  • Mobile Phone Interconnection/Mirror Link
  • One Front and Two Rear USB - Recharging and Reading
  • Multimedia System - Saucer DVD
  • Speaker - 6

LIGHTING CONFIGURATION

  • High Luminance Light Guide Lamp
  • LED Tail Lamp
  • DRL (Daytime Running Light)
  • Steering Auxiliary Light
  • Trunk Lamp
  • Height Adjustable Headlights

GLASS/REAR VIEW MIRROR

  • Front/Rear Electric Window
  • One Key Belt Anti-Clip ELEVATOR WINDOW
  • Four Doors of Green Glass
  • Electric Adjustment of the Rear View Mirror
  • Rearview Mirror Electric Heating
  • Internal Rearview Mirror Manual Anti Glare
  • Automatic Folding of the Rear View Mirror
  • Visor Makeup Mirror in Co Pilot Side
  • Rear Windshield Wiper
  • Boneless Wipers

AIR CONDITION

  • Air Conditioning Control Mode - Electrical Control
  • Backseat Outlet

High-Tech

  • LDWS (Lane Departure Warning System)
  • Blind Spot Monitoring System
  • Panoramic Camera - 3D Panoramic Parking Function
  • Driving Record Function

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Gold AYA Motors International Group အား အထူးပင်ကျေးဇူးတင်ရှိလျက်......

ဓါတ်ပုံ - ကောင်းတင့်

Author