Sedan တစ်စီးကို မြို့တွင်းမှာလည်း စတိုင်ကျကျစီးချင်တယ်။ အဝေးပြေးလမ်းတွေပေါ်မှာလည်း တည်ငြိမ်မှုအပြည့်နဲ့ သက်သောင့်သက်သာ မောင်းချင်တယ်ဆိုရင်တော့ Chevrolet ရဲ့ Malibu အသစ်ဟာ ရွေးချယ်စရာစာရင်းမှာ ထည့်ကိုထည့်ထားသင့်တဲ့ ကားတစ်စီးဖြစ်ပါတယ်။ နောက်တစ်ခုက Malibu ဟာသူ့အတန်းမှာဆိုရင် ဈေးနှုန်းအနေနဲ့လည်း (လက်ရှိဈေးကွက်အခြေအနေအရ) ထိုက်တန်မှုရှိတယ်လို့ပြောလို့ရတယ်။ တစ်ခုရှိတာက အတွင်းခန်းအပြင်အဆင်ဟာ luxury ဆန်ပေမဲ့ ဆန်းသစ်မှုအပိုင်းအားနည်းတယ်လို့တော့ မြင်ပါတယ်။
ဈေးနှုန်း : $55,000 (Yangon License/Income Tax မပါ)
အားသာချက်
- 2.0-litre Turbo အင်ဂျင်ရဲ့ လျင်မြန်အားကောင်းတဲ့အရှိန်
- Adaptive Cruise-Control
- Android-Auto ရော Apple CarPlay ပါအသုံးပြုနိုင်ခြင်း
အားနည်းချက်
- Wireless charging စနစ်ပါဝင်သော်လည်း +size အရွယ်အစားဖုန်းများနှင့် အံဝင်မှုမရှိခြင်း
- အရည်အသွေးမြင့်ဇိမ်ကျသော အတွင်းခန်းဖြစ်သော်လည်း ဒီဇိုင်းပိုင်းဆန်းသစ်မှုအားနည်းသည်ဟု ခံစားရခြင်း
- ယာဉ်မောင်းသူ instrument panel တွင်တပ်ဆင်ထားသော digital display မှာ 1 Color display သာဖြစ်နေခြင်း
သုံးသပ်ချက်

Chevrolet ဟာ အမေရိကန်အမှတ်တံဆိပ်ဖြစ်ပြီး အခုအချိန်မှာတော့ GM လို့ခေါ်ကြတဲ့ General Motors ရဲ့အစိတ်အပိုင်းတစ်ခုပါ။ သူတို့ဆီမှာတော့ Chevrolet ကို Chevy လို့လည်းခေါ်ကြပါတယ်။ အခုသုံးသပ်ပေးမယ့် Chevrolet Malibu အသစ်ကတော့ Chevrolet ရဲ့ ကိုရီးယားစက်ရုံမှာ တပ်ဆင်ထုတ်လုပ်ထားတဲ့ ကားဖြစ်ပါတယ်။
Malibu ဟာကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တာနဲ့အညီ အဆင့်မြင့်နည်းပညာတွေတပ်ဆင်ထားတဲ့ လူငါးယောက်စီး mid-size sedan တစ်စီးပါ။ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံ၊ balance ပိုင်းတော်တော်လေးကောင်းတဲ့ suspension ၊ သက်သောင့်သက်သာထိန်းချုပ်နိုင်တဲ့ steering တွေဟာ sedan မိသားစုဝင်တွေအတွက်တော့ အားသာလှတဲ့ အခြေခံလိုအပ်ချက်တွေပြည့်ဝခြင်းလို့ပြောနိုင်ပါတယ်။
2019 Malibu ဟာ ကိုးဆက်မြောက် Malibu ပါ။ မော်ဒယ်အဟောင်းကိုမှ အတွင်း၊ အပြင် အားလုံးကိုအဆင့်မြှင့်တင်ထားတယ်။ သိသိသာသာပြောင်းလဲလာတာကတော့ projector အရှေ့မီး၊ LED နေ့ထွန်းမီးနဲ့ နှင်းခွဲမီးတွေရဲ့ပုံစံ၊ နောက် Chevrolet ရဲ့ dual port grille ဒီဇီုင်းသစ်၊ နောက် ဒီမီးတွေနဲ့ grille ပေါင်းစပ်ခြင်းရဲ့ design language ၊ ဒါတွေအားလုံးကတော့ သစ်လွင်ပြီးဆွဲဆောင်အားကောင်းတဲ့ Malibu အသစ်ရဲ့ အရှေ့ပိုင်းပုံစံကို ထူးခြားထင်ရှားစေတော့တာပါပဲ။ နံဘေးဘက်ကနေကြည့်မယ်ဆိုရင်တော့ 18-inch အလွိုင်းခွေနဲ့ sporty ဆန်တဲ့ sedan ဖြစ်တာကိုတွေ့ရမှာဖြစ်ပြီး နောက်ထပ်နှစ်သက်စရာကောင်းတာကတော့ အနောက်မီးတွေပါ။ ဒီမီးတွေက မြားပုံစံ သဏ္ဌာန်ရှိပြီး LED တွေဖြစ်ပါတယ်။
“Malibu အသစ်ရဲ့ ဈေးနှုန်းပမာဏကိုကြည့်မယ်ဆိုရင် များမယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကားရဲ့ပုံစံ၊ တပ်ဆင်ပေးထားတဲ့ နည်းပညာတွေ၊ အတွင်းခန်းရဲ့အရည်အသွေး၊ အင်ဂျင်ရဲ့စွမ်းဆောင်ရည်၊ အမှတ်တံဆိပ်ရဲ့တန်ဖိုး စတာတွေနဲ့အတူ လက်ရှိဈေးကွက်နှုန်းထားတွေအရဆိုရင် 2019 Malibu ဟာ ပေးရတဲ့ပမာဏနဲ့ ထိုက်တန်မှုပြည့်ဝတဲ့ကားတစ်စီးလို့ဆိုလိုက်ချင်ပါတယ်။”
အတွင်းခန်း

သားရေသားအုပ်ထိုင်ခုံတွေနဲ့အတွင်းခန်းကတော့ ကားတံခါးကိုဆွဲဖွင့်လိုက်တာနဲ့ အမြဲတမ်းဝင်ထိုင်ချင်စရာဖြစ်နေမှာပါ။ အပြင်အဆင်တွေက သပ်ရပ်မှုရှိတယ်။ ရိုးတယ်။ ရှင်းတယ်။ ဒါပေမဲ့ ဒီလိုရိုးရှင်းမှုမှာက ကြိုက်တဲ့သူတော်တော်များများရှိမှာသလို ဆန်းမှ သစ်မှဆိုတဲ့သူတွေအတွက်တော့ နည်းနည်းလေး ပျင်းစရာကောင်းပါလိမ့်မယ်။ အရှေ့ထိုင်ခုံနှစ်လုံးကတော့ lumbar support အပါအဝင် electric motor နဲ့ချိန်ညှိမှုလုပ်နိုင်ပြီး ထိုင်ခုံ အပူ/အအေးစနစ်နဲ့ပါ။ Remote စနစ်နဲ့ အင်ဂျင်နှိုးပြီး ကြိုဖွင့်ထားမယ်ဆိုရင်တော့ ဖင်ပူတဲ့ဒဏ်ကို ခံစားစရာမလိုတဲ့ထိုင်ခုံမျိုးတွေပေါ့။ ထိုင်ခုံအနေအထားတွေကိုလည်း memory မှတ်ထားလို့ရတဲ့အတွက် ခဏခဏပြန်ချိန်စရာလိုမှာ မဟုတ်ပါဘူး။ အနောက်ထိုင်ခုံတွေဆိုရင်တော့ ကျယ်ဝန်းတဲ့ ခြေထောက်နေရာလွတ်တွေရရှိနိုင်တယ်။ Dual zone digital climate control ဖြစ်တဲ့အတွက် ဂျောက်ဂျောက်ဂျက်ဂျက်နဲ့ အနောက်ကလူတွေ မအေးမှာမပူရတော့ပါဘူး။
Steering ခွေကို သားရေသားအုပ်ပေးထားပြီး မောင်းနှင်တဲ့အခါထိန်းချုပ်လို့ကောင်းပေမဲ့ ကိုင်ရပြုရတာတော့ နည်းနည်းမာပါတယ်။ အသုံးပြုပေးထားတဲ့ infotainment ကတော့ 8-inch Mylink touchscreen ပါ။ ပုံထွက်ကောင်းတယ်။ အကြိုက်ဆုံးကတော့ Android Auto ရော Apple CarPlay ပါအသုံးပြုလို့ရတာပါပဲ။ ဒါဟာ အခုလို နည်းပညာခေတ်ကြီးထဲမှာတော့ မရှိမဖြစ်အရေးပါတဲ့ feature တစ်ခုပါ။ နောက်ပြီး smartphones တွေအတွက် USB ပေါက်အပြင်ကိုမှ USB type C အပေါက်ပါ ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ Wireless charging စနစ်ပါတာကလည်း အထင်ကြီးစရာပါ။ ဒါပေမဲ့ အားမလိုအားမရဖြစ်မိတာကတော့ wireless charging အသုံးပြုဖို့ လုပ်ပေးထားတဲ့ခွက်က iPhone 7 plus ဒါမှမဟုတ် 8 plus လိုမျိုး အရွယ်အစားကြီးဖုန်းတွေ ဝင်ဆံ့မှုမရှိတာပါ။ Instrument panel ကြည့်ရတာဟာ ရှင်းလင်းပေမဲ့ အလယ်က digital display မှာက 1 color ကိုပဲအသုံးပြုပေးထားတာကိုတော့ ဘဝင်မကျမိပါဘူး။
“ကျန်တာကတော့ sunroof ပါတယ်။ အနောက်ကြည့်ကင်မရာက wide view နဲ့ပါ။ ရုပ်ထွက်လည်းကောင်းတယ်။ 360° ကင်မရာတော့မပါဝင်ပါဘူး။ အဲဒီအစား အရှေ့နဲ့အနောက် လေးလုံးစီတပ်ဆင်ပေးထားတဲ့ parking sensors တွေက အကူအညီပေးပါလိမ့်မယ်။ အသံပိုင်းအတွက်တော့ speaker 6 လုံးတပ်ဆင်ပေးထားတာကိုတွေ့ရပြီး အသံအရည်အသွေးလည်း ကောင်းမွန်မှုရှိတာတွေရပါတယ်။”
လက်တွေ့ဆိုရင်

ကားတစ်စီးဟာ အားကောင်းဖို့လိုတယ်။ နည်းပညာပိုင်း မြင့်မားဖို့လိုတယ်။ လှပဖို့လည်းလိုတယ်။ ဒါထက်ပိုပြီးအရေးကြီးတာက နေ့စဉ်ဘဝမှာ အသုံးကျဖို့၊ လက်တွေ့ကျတဲ့ကားတစ်စီးဖြစ်ဖို့က ပိုလို့တောင်မှအရေးကြီးပါသေးတယ်။
Chevrolet Malibu 2019 ဟာ မောင်းနှင်သူရော စီးနင်းသူတွေအတွက်ပါ လုံလောက်တဲ့ အကျယ်အဝန်းဖန်တီးပေးထားတာကတော့ တကယ့်ကိုနှစ်သက်စရာပါ။ ဒါ့အပြင် အနောက်ပစ္စည်းထားခန်းက 447-litre လောက်အထိဝင်ဆံ့မှုပမာဏရှိတဲ့အတွက် mid-size sedan ကားတစ်စီးအတွက်တော့ ပုံမှန်ပါပဲ။ အနောက်ထိုင်ခုံကို 40:60 ခေါက်လို့ရတာကတော့ ဝင်ဆံမှုပမာဏကို အများကြီးပိုမိုရရှိစေနိုင်သလို လိုအပ်သလို ချိန်ညှိနိုင်မှုကိုလည်း ရရှိစေပါတယ်။
လေအိတ်ပတ်လည် ရှစ်လုံးပါတယ်။ ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် ISOfix ပါတယ်။ Safety ပိုင်းအတွက် ပါဝင်တဲ့စနစ်တွေကတော့
- Front collision warning
- Low- and high-speed automatic emergency braking
- Lane departure warning
- Lane keep assist
- Blind spot warning
- Front pedestrian detection and braking
- Rear Cross Traffic Alert
- Adaptive cruise control
တို့ဖြစ်ပါတယ်။
မောင်းနှင်မှု

အခု ဝယ်ယူရရှိနိုင်မယ့် Chevrolet Malibu 2019 ဟာ 2.0-litre turbo အင်ဂျင်နဲ့ဖြစ်ပြီး လက်တွေ့စမ်းမောင်းကြည့်ရသလောက်တော့ ရုန်းအား၊ ဆွဲအားကောင်းတဲ့ကားတစ်စီးပါ။ Steering ထိန်းချုပ်မှုပိုင်းလည်း တော်တော်လေး တိကျပြီး ပေါ့ပါးတာကိုတွေ့ရတဲ့အတွက် ok ပါပဲ။ 6-speed automatic transmission ကိုအသုံးပြုပေးထားတဲ့အတွက် gear အကူးအပြောင်းညက်ညောပြီး semi-auto gear ဖြစ်ပါတယ်။ မြန်နှုန်းပိုင်း ကောင်းမွန်မှုရှိတဲ့ကားတစ်စီးဖြစ်ပြီး 0-60mph ကို 5.8-second ဝန်းကျင်နဲ့အရှိန်တင်ပြီးမောင်းလို့ရပါတယ်။
ဆီစားနှုန်းအနေနဲ့ကတော့ 2.0-litre အင်ဂျင်အတွက် မြို့တွင်း 22mpg ၊ အမြန်လမ်း 32mpg နဲ့ ပျမ်းမျှ 26mpg ရနိုင်မယ်လို့ Chevrolet ကဆိုထားပါတယ်။ နိုင်ငံတကာမှာတော့ Chevrolet Malibu 2019 ကို 1.5-litre အင်ဂျင်ရယ်၊ 2.0-litre အင်ဂျင်ရယ်ဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ပေမယ့် နိုင်ငံတကာ သုံးသပ်ချက်တွေမှာပဲ 2.0-litre အင်ဂျင်က အများကြီးပိုသာပါတယ်ဆိုပြီး တော်တော်များများကဆိုထားကြတယ်။ ဒီမှာတော့ 2.0-litre အင်ဂျင်နဲ့ပဲရရှိနိုင်တာမို့လို့ ဘာမှ ခေါင်းခြောက်စရာမရှိပါဘူး။
အောက်ပိုင်းအနေနဲ့ကတော့ အရှေ့ပိုင်းမှာ MacPherson strut and stabilizer bar နဲ့ဖြစ်ပြီး အနောက်ပိုင်းမှာတော့ 4-link independent with stabilizer bar ကိုအသုံးပြုပေးထားတာတွေ့ရတယ်။ ပြောနိုင်တာကတော့ မြန်နှုန်းမြင့်မောင်းနှင်ရာမှာ တည်ငြိမ်မှုပိုင်း အထူးကောင်းမွန်ပါတယ်။
“မောင်းနှင်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Chevrolet Malibu 2019 ဟာ အရှိန်တင်မောင်းနှင်လို့ကောင်းတယ်။ မောင်းနှင်ရတာရော စီးနင်းရတာပါ သက်သောင့်သက်သာရှိတယ်။ နောက်ပြီး ထိန်းချုပ်မှုအပိုင်း တော်တော်လေးကောင်းတာတွေ့ရတယ်။ ရိုးရိုး cruise control မဟုတ်ဘဲ adaptive cruise control ဖြစ်တာမို့လို့ အရှေ့ကားရဲ့ မြန်နှုန်းကို ဖတ်ပြီး ကိုယ့်ကားရဲ့မြန်နှုန်းကို လိုသလိုအတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက်အမြန်လမ်းတွေမှာ တော်တော်ကြီးကိုသက်သာသွားမယ့် သဘောမှာရှိနေပါတယ်။”
ပါဝင်တဲ့အချက်တွေ







ENGINE
Description : 2.0L DOHC VVT TURBO
Displacement : 1,998cc
Engine Block/Cylinder Head Material : Aluminum
Output : 250hp/5,300rpm
Torque : 353Nm/2,000-5,000rpm
Bore and Stroke : 86x86mm
Compression Ratio: 9.5:1
Fuel System: Direct Injection
DRIVE TRAIN
Transmission : 6-speed AT with Active Select Manual Mode
Drive Wheel : FWD
SUSPENSION
Front : MacPherson Strut and Stabilizer Bar
Rear : 4-Link Independent with Stabilizer Bar
Brake
Front : Vented Disc Brake
Rear : Solid Disc Brake
Wheels
Rims : 18-inch x 8.5 Aluminum
Tire Size : 245/45R18
Spare Tire : 125/80R16
STEERING SYSTEM
Steering Type : Electric Power Steering, Rack & Pinion
Steering Column Adjustment : Tilt & Telescopic
Steering Wheel
Material : Leather
Radio Remote Switches
Call and Audio Switches
Adaptive Cruise Control
EXTERIOR
Headlamps
HID Projector Headlamps
Automatic Leveling
Intellibeam
Auto On/Off with Tunnel Detection
Follow-Me-Home Feature
Daytime Running Lamp
Fog Lamps (Front & Rear)
Front Grille : Chrome
Rain Sensing Wipers
Side Mirrors
Integrated Turn Signal : Leather
Power Adjust/Fold, Heater Function
B-Pillar : Gloss Black
Tail Lamps : LED
High Mount Stop Lamp
Dual Chrome Exhaust Tail Pipe
INTERIOR
Interior Trim
Trim Panel : Dark Atmosphere with Light Wheat
Center Console : Dark Atmosphere with Light Wheat
Seats
Driver : 10-Way Power Adjust, Ventilated with Cooling & Heating, Memory, Power Lumbar
Front Passenger : 8-Way Power Adjust, Ventilated with Cooling & Heating, Power Lumbar
Second Row : Bench Type, 60:40 Split Folding with Adjustable Headrest x 3
Material : Perforated Leather, Loft Brown
Sunvisor with Cover & Mirror : Driver & Passenger, Illuminated
Rear View Mirror : Electro Chromatic Auto Dimming
Power Door Locks : Speed Sensing, Auto and Drive Away Lock
Power Windows
Driver and Passenger : Driver Express Up/Down with Anti-Pinch
Rear Passengers: Express Down
COMFORT AND CONVENIENCE
Infotainment System
Head Unit : 8-inch Mylink Touchscreen System
Mobile Integration : Android Auto, Apple CarPlay
Multi Media : Tuner, Audio, Video, USB, Bluetooth
Speakers : 6 Premium Sound System
Sunroof
Inductive Wireless Mobile Charger
Push Start
Remote Engine Start
Memory Function
Automatic Park Assist
SAFETY AND SECURITY
Seatbelts
Driver and Front Passenger
Second Row x3
SRS Airbags
Driver and Passenger
Front Seat Side
Rear Seat Side
Curtain
ISOfix Child Seat Anchorage
Side Door Impact Beams
GENERAL SPECIFICATIONS
Wheel Base : 2,830mm
L x W x H : 4,953mm x 1,855mm x 1,465mm
Curb Weight : 1,495kg
Fuel Tank Capacity : 62-litre
စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Chevrolet Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......
Comments