MITSUBISHI Xpander 2020 Review

0

Full article

Mitsubishi Xpander 2020 Review

Mitsubishi Xpander ဆိုတာ 2019 model ကတည်းက လူကြိုက်တအား များခဲ့ပြီးသား အခု 2020 model မှာ ဘာတွေပိုပြီးထူးခြားသွားမလဲဆိုတော့... Review Video ထဲမှာသာကြည့်လိုက်ပါဗျာ... အသေးစိတ်ထပ်မံသိရှိလိုပါကဖုန်းနံပါတ် 09260902943 ဒါမှမဟုတ် CarsDB ရဲ့ 👉 https://bit.ly/Mitsubishi_Xpander2020_Review 👈ကနေပဲဖြစ်ဖြစ် ဆက်သွယ်မေးမြန်း စုံစမ်း ဝယ်ယူနိုင်ပါတယ် ခင်ဗျာ။ #RedlineMedia #CarReview #MitsubishiXpander2020

Posted by Redline Media on Friday, 14 August 2020

ကားတစ်စီးရဲ့ ရုပ်ကို ဘယ်လိုအကဲဖြတ်ကြလဲဗျ။ နောက်လား၊ ဘေးလား၊ ရှေ့လား။ ဟုတ်ပါတယ်အများစုကတော့ ကားရဲ့ ရှေ့ပိုင်းရုပ်ကိုပဲ အကြည့်များကြပါတယ်။ နောက်ကတော့ ဒုတိယပေါ့။

ရှေ့ပိုင်းရုပ်ထွက်ကို ကြည့်မယ်ဆိုရင် Dynamic shield တွေနဲ့ Mitsubishi တွေရဲ့ထုတ်ကုန်အသစ်တွေဟာ ဒီဇိုင်းပိုင်းအရ ခြေတစ်လှမ်းအသာရထားသလို ဒိုင်းတစ်ခုလို အကာအကွယ်ပေးနိုင်တာမျိုးလို့ဆိုတဲ့အတွက် safety ပိုင်းမှာလည်း စိတ်ချရတယ်။

Mitsubishi Xpander 2019 နဲ့ 2020 ကွာသွားတဲ့အချက်တွေထဲမှာ ဒီ Dynamic Shield ရဲ့ grille ဒီဇိုင်းလည်းပါတယ်။​ 2019 မှာက grill တန်းက logo ဆီကိုတန်းပြေးထားပေမဲ့ ဒီ 2020 မှာတော့ ဝိုက်တက်ထားတာလေးက ကျနော့်အမြင်မှာ ကြည့်ရတာ ဆာမူရိုင်းခေါင်းဆောင်းနဲ့ တူသလိုလိုခံစားမိတယ်။ ပိုပြီး ကြမ်းရှတဲ့ပုံမျိုးပေါ့။ မီးလုံးတွေကတော့ ဒီဇိုင်းအနည်းငယ်ပြောင်းသွားတာမျိုးကလွဲရင် 2019 နဲ့သိပ်မကွာဘူး။ Head lamp က Halogen နဲ့ position lamp တွေကတော့ LED တွေကိုပဲသုံးထားတယ်။

Mitsubishi Xpander က crossover MPV အမျိုးအစားဖြစ်ပြီး လူကြိုက်များတဲ့ ​7 seater ကားဖြစ်ပါတယ်။ ဒါကြောင့် နည်းနည်းရှည်တဲ့ပုံစံမှာရှိပြီး ဒီလို 7 seater MPV တွေမှာတော့ နံဘေးအချိိုး တော်တော်လေးမိုက်ပါတယ်။ ၁၆ လက်မ အလွိုင်းခွေနဲ့ဖြစ်ပြီး ground clearance က ၈ လက်မဝန်းကျင်မြင့်တယ်။

နောက်ဒီဇိုင်းကိုတော့ ပုံမှန်ပါပဲလို့ ပြောချင်ပါတယ်။ LED taillight ကလေးတွေပါတာလေးကတော့ နှစ်သက်စရာပါ။ နောက်ထပ်ကြိုက်မိတဲ့အချက်က ဒီ 2020 မှာမှ​ပါလတဲ့ shark fin antenna ပါ။ (နောက်ဖုံးဖွင့် ခုံခေါက်ပြ) နောက်ခန်းဝင်ဆံ့မှုက ခုံတွေအကုန် သုံးထားမယ်ဆိုရင်တောင်မှ ဝင်ဆံ့မှုအပိုင်းကောင်းတာတွေ့ရတယ်။ နောက်ခုံနှစ်တန်းလုံးကို ခေါက်လိုက်မယ်ဆိုရင် ဝင်ဆံ့မှုက 1,630 liters အထိရှိလာမှာဖြစ်တဲ့အတွက် ဒါဟာ တော်တော်လေးများတဲ့ ပမာဏပါပဲ။

Interior

ကားမှာ welcome light လေးပါတယ်။ အဲဒါက ကားကို remote နဲ့လှမ်းဖွင့်တဲ့အချိန် စက္ကန့် ၃၀ လောက် position lamp ကိုလင်းအောင်လုပ်ပေးထားတယ်။ အဲဒါလေးကို ကြိုက်တယ်ဗျ။ Under ground car parking တွေမှာ ကိုယ့်ကားကို အလွယ်တကူရှာတွေ့စေတဲ့ feature မျိုး။ သူက Daytime Running Lamp တော့မဟုတ်ဘူး။ Position lamp ပါ။

အခုတံခါးဖွင့်ဖွင့်ခြင်းသတိထားမိတာကတော့ ထိုင်ခုံ pattern တွေပြောင်းသွားတယ်။​ ရိုးရိုး Fabric ထိုင်ခုံတွေပဲဖြစ်ပေမဲ့ ဒီ 2020 မှာက embossed pattern ဖောင်းကြွလေးတွေကတော့ ၂၀၁၉ နဲ့ယှဉ်မယ်ဆိုရင် ပိုပြီးသဘောကျဖို့ကောင်းတယ်။

Steering က အပေါ်အောက်ချိန်လို့ရတယ်။ ရှေ့နောက်လည်းချိန်လို့ရတယ်ဗျ။ ဒီအချက်ကတော့ မောင်းတဲ့သူ ဘယ်လိုအရွယ်အစားမဆို ကိုယ်နဲ့အံဝင်မယ့် ​driving place ကိုအလွယ်တကူရရှိစေပါတယ်။

Mitsubishi ကိုပဲပြောရမလား။ Mitsubishi Motor Myanmar ကြောင့်ပဲပြောရမလား။ ဒီ Xpander မှာအကြိုက်ဆုံးအချက်ကိုပြောရမယ်ဆိုရင် ၁၀ လက်မ infotainment ပါပဲ။ User friendly ဖြစ်တဲ့ Android OS နဲ့ဖြစ်တယ်။ Resolution ကကြည်တယ်။ Response ကလည်းမြန်တယ်။ မြန်မာစာအထောက်အပံ့ပေးပြီး android ဖြစ်တဲ့အတိုင်း google map လည်းသုံးလို့ရတော့ လူတိုင်းအတွက် တော်တော်လေးကို လွယ်ကူအဆင်ပြေစေတဲ့ အရာလေးပါ။ ဒါလေးကတော့ pre-order နဲ့မှာယူတဲ့ customers တွေအတွက် Mitsubishi ရဲ့ လက်ဆောင်လို့လည်းပြောလို့ရပါတယ်။

Air con က ရှစ်ချက် လိုသလိုဖွင့်လို့ရတယ်ဆိုပေမဲ့ digital တော့မဟုတ်သေးဘူး။ Round air con လို့ဆိုနိုင်ပေမဲ့ သူက ရှေ့ air con ကလေအေးတွေကို အလယ် fun ကနေပြီး …

ဒီ နောက်ခန်းထဲကို မှုတ်ထည့်ပေးတာမျိုးပါ။ Fun speed လေးချက်ပါပါတယ်။ အလယ်ခုံတန်းကတော့ ထိုင်တဲ့သူတွေ အတွက် headroom ၊ legroom အိုကေတယ်။

ခုံတန်းတိုင်းမှာ 12V socket တစ်ခုစီပါတာကလည်း စီးတဲ့သူအားလုံးအတွက် အဆင်ပြေစေတယ်။

၇ ယောက်စီးတွေရဲ့ထုံးစံအတိုင်း နောက်ဆုံးတန်းကတော့ လူကြီးတွေနဲ့ဆိုရင် နည်းနည်းကျပ်မယ်။ ကလေးတွေနဲ့ပိုပြီး သင့်တော်မယ်။​ ဒါပေမဲ့ အလယ်ခုံတန်းကိုရှေ့တိုးနောက်ဆုတ် ချိန်ညှိလို့ရတဲ့အတွက် နောက်ဆုံးတန်းမှာ လူကြီးတွေထိုင်မယ်ဆိုရင်လည်း ကောင်းကောင်းထိုင်လို့ရပါတယ်။ ကလေးတွေကို အလယ်တန်းမှာထားတော့ ပိုပြီးစိတ်ချရတာပေါ့။

အတွင်းခန်း quality ကိုပြောရမယ်ဆိုရင် အကောင်းဆုံးတွေမှာလည်း မပါသလို အဆိုးဆုံးလည်းမဟုတ်ဘူး။ ပေးရတဲ့ဈေးနဲ့ကတော့ ဒီလောက်ပဲရမှာလို့ပြောချင်ရင်ပြောလို့ရတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းတာမျိုးလေးကိုတော့ တောင့်တာမိပါတယ်။

Driving

မောင်းကြည့်တဲ့အခါမှာတော့ Compact MPV same class ထဲမှာ အရုန်းအဆွဲမဆိုးသလိုအကွေ့အဝိုက်တွေမှာလည်း steering ထိန်းချုပ်မှုအပိုင်း တော်တော်လေးကောင်းတယ်။

Xpander 2020 ဟာ 1.5 Liter ဓါတ်ဆီအင်ဂျင်နဲ့ဖြစ်ပြီး အမြင့်ဆုံး ပါဝါ 103 Hp နဲ့ အမြင့် torque က 141Nm ထိထုတ်လွှတ်ပေးနိုင်စွမ်းရှိတယ်။ မောင်းလို့ အဆင်ပြေတယ်ဆိုတဲ့အနေအထားမှာရှိပါတယ်။

Transmission အပိုင်းမှာတော့ 4-speed automatic ဆိုတာကြီးဒီဘက်ခေတ်မှာ နည်းတယ်လို့ယူဆပေမဲ့ သူ့ပြိုင်ဘက်တွေအားလုံးကလည်း 4-speed automatic transmission တွေချည်းဖြစ်နေတယ်ဗျ။ ဒီအချက်ကလေးကိုတော့ ပိုပြီး တိုးတက်လာစေချင်ပါတယ် Xpander ရေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ရှေ့ယက်နဲ့ 141 Nm ဆိုတဲ့ torque ဟာ လူခုနစ်ယောက်စလုံးအတွက် သွားလိုရာကို လုံလုံလောက်လောက်ပို့ဆောင်နိုင်စွမ်းတော့ရှိပါတယ်။

နောက်တစ်ချက် အားမရတာက 2019 လိုပဲ ရှေ့က driver passenger အတွက်ပဲ လေအိတ်ပါတာပါ။​ ဒီအချက်မှာလည်း နည်းနည်းလျော့တယ်လိုမြင်မိပါတယ်။ ကျန်တဲ့ ABS တို့ EBD တို့ စတဲ့ brake စနစ်ပိုင်းတွေမှာတော့ ဘာမှပြောစရာမရှိပါဘူး။

Suspension ပိုင်းမှာက 2019 လိုမျိုး ရှေ့ MacPherson နောက် Torsion beam နဲ့ပါ။​ Lancer Evolution ရဲ့ suspension တွေကိုသုံးထားတယ်လို့တော့ Mitsubishi ကဆိုထားတယ်ဗျ။ အခုမောင်းကြည့်ရသလောက်တော့ တအားကြီးမငြိမ့်သလို တအားကြီးလည်း မစောင့်ဘူးဗျ။ အနေတော်ပါပဲ။

ဆီစားနှုန်းကတော့ လက်ရှိ ........ လောက်ရှိတယ်။ ဒါဟာ ကားအသစ် ဖြစ်နေတာကြောင့်လည်းပါမယ်။ ကာလအတိုင်းအတာတစ်ခုကြာရင်တော့ တိကျတဲ့အဖြေတစ်ခုထွက်လာမှာပါ။

ဆိုတော.. စကားတွေနဲ့ပြောတာထက် လက်တွေ့ပိုကျတဲ့ ကျနော်တို့ REDLINE ရဲ့ 0-100 test ကလေး စမ်းကြည့်ကြစို့လား။ ဒါကမှ သူ့ရဲ့ performance ကဘယ်လောက်ဆိုတာကို တိတိကျကျသိရနိုင်မှာဗျ။

Verdict

အားလုံးတွေ့ခဲ့ရသလိုပါပဲ။ Xpander 2020 မှာ ကျနော် သဘောကျတဲ့အချက်တွေကတော့

လူများများ ဒါမှမဟုတ် ပစ္စည်းများများတင်ဆောင်နိုင်တဲ့အတွက် လက်တွေ့အရမ်းဆန်တယ်

နောက်တစ်ချက်က ၁၀ လက်မ ကြည်တောက်ရှင်း infotainment …

နောက်ဆုံးအနေနဲ့ကတော့ မြင်တာနဲ့ ကြိုက်ချင်စရာ Dynamic Shield ပါပဲ

ဒါပေမဲ့
ခုနကျနော်ပြောသွားသလို speed အရေအတွက်ပိုများတဲ့ transmission နဲ့ဆိုရင် ဂီယာအကူးအပြောင်းပို ညက်ညောလာမှာဖြစ်ပြီး လူများများလိုက်ပါစီးနင်းလို့ရတာနဲ့အညီ ပိုမိုတဲ့ လေအိတ်တွေထည့်ပေးမယ်ဆိုရင်တော့

ဒီ Xpander 2020 ဟာ လက်ရှိလူကြိုက်များလှတာထက်ကို ကျော်လွန်ပြီး အများတကာ့အများဆုံးကားတစ်စီးဖြစ်လာနိုင်ပါတယ်။ ကြည့်လိုက်တိုင်း dynamic shield ရဲ့ဒီဇိုင်းက ရိုးမသွားနိုင်တာမျိုးဖြစ်နေတာကြောင့်လည်းပါမယ်။
နောက်တစ်ခုက ဈေးနှုန်း။ ဒေါ်လာနဲ့ဆိုရင် 26,700 မြန်မာငွေနဲ့ဆိုရင် သိန်း ၃၆၀ ဝန်းကျင်က စတင်ပါလိမ့်မယ်။ ဒါဟာ လူအများနဲ့လက်လှမ်းမီပြီး ဘယ်သူ့အတွက်ကိုမဆို သိပ်မများ၊ သိပ်မနည်းတဲ့ ပမာဏတစ်ခုလို့ပြောလို့ရတယ်။
ဆိုတော့.. ခုနစ်ယောက်စီး brand new ဈေးကွက်အတွင်း တကယ့်ကို လူကြိုက်များနေပြီး လူကြိုက်များချင်စရာ ကားကလေးပါလို့ ဒီ Xpander 2020 ကိုသုံးသပ်ပေးရင်း...

Author