Grade အနေနဲ့ကတော့ G, M, နဲ့ E Grade တွေ တင်သွင်းမှုများပါတယ်.။ အများစုက 1800cc, Auto Gear, Petrol ဖြစ်ပါတယ်.။
MyanmarCarsDB မှ Mitsubishi RVR ကားများကိုကြည့်ရန်
Grade G မှာ Push Start ပါဝင်မှာဖြစ်ပြီး Auto/Manual ပြောင်းလဲနိုင်တဲ့ ခလုတ်ပါဝင်ပါတယ်.။ Back Mirror မှာ မီးချောက်ပါဝင်ပြီး Foglight လဲ ပါဝင်ပါတယ်.။ Alloywheel ပါဝင်မှာဖြစ်ပြီး 4 Wheel Drive နဲ့ 2 Wheel Drive ကို ခလုတ်နဲ့ ပြောင်းလဲနိုင်ပါတယ်.။ အချို့ကားတွေမှာတော့ 2WD ပဲ ရနိုင်တာကိုလဲ တွေ့ရပါတယ်.။
Grade M နဲ့ E တို့မှာတော့ ရိုးရိုးသော့နဲ့ဖြစ်ပြီး Auto Gear, petrol ဖြစ်ပါတယ်.။ 4WD, 2WD ခလုတ်ပါဝင်ပါတယ်.။ Alloywheel, စပါယ်ယာဘီး, Original TV နဲ့ Back Camera တို့ကတော့ အခြေအနေအရ အပြောင်းအလဲရှိမှာဖြစ်ပါတယ်.။ Grade G, M, E အားလုံးမှာ လေထိုးတံ၊ ဘီးဖာဆေးရည် ပါဝင်ပါတယ်.။
Mitsubishi RVR ဟာ 1800cc ကနေ စပြီး ရရှိနိုင်တဲ့အတွက် ဆီစားသက်သာပြီး မြို့တွင်းရော မြို့ပြင်မှာပါ မောင်းနှင်နိုင်ပါတယ်.။ ကားအောက်ပိုင်းမြင့်တဲ့ ကားဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့လမ်းတွေပေါ်မှာ အကောင်းဆုံးမောင်းနှင်နိုင်မှာပါ.။ ကားအပိုပစ္စည်းနဲ့ Accessories လဲ ပေါများတဲ့အတွက် နှစ်သက်စွာရွေးချယ်ဝယ်ယူကြတဲ့ ကားတစ်စီးလဲဖြစ်ပါတယ်.။
နောက်ထပ်ထုတ်လုပ်မယ့် Next Generation RVR ကိုတော့ plug-in hybrid အနေနဲ့ထုတ်လုပ်မှာဖြစ်ပြီး 2016 မှာ ဈေးကွက်တင်မယ်လို့ သိရပါတယ်.။
(အချက်အလက်များကို ကိုနောင်(Car Dealer – သီရိမင်္ဂလာဈေးဟောင်း) မှ ပံ့ပိုးကူညီပါသည်)
Mitsubishi RVR 2011 (G grade)
Mitsubishi RVR 2012 (G Grade)
Mitsubishi RVR 2015