Mitsubishi ATTRAGE 2021 Review

0

Full article

Mitsubishi ATTRAGE 2021 ရဲ့ ရှေ့ရုပ်ဟာ dynamic shield ကြောင့်ပိုပြီး ထက်ထက်မြက်မြက်ပုံစံဖြစ်သွားတယ်။ Grille အလယ်က logo နဲ့ ဘေးက အနီတန်းနှစ်တန်း ကလည်း ကြည့်ရတာ တော်တော်လေး match ဖြစ်တယ်။ လိုက်ဖက်တယ်ပေါ့။ ဒါက ဒီအသစ်မှာမှ ပါလာတာပေါ့နော်။ Red accents လို့ခေါ်ပါတယ်။
•                  မီးလုံးတွေကတော့ Halogen Projector Headlights တွေနဲ့ Halogen တွေများတယ်။ ဘေးဘက်ကိုဆက်ကြည့်မယ်ဆိုရင်...
•                  ဘေးဘက်ပုံစံက လှလှပပ compact sedan လေးတစ်စီးဆိုတာကို သေသေချာချာမြင်ရနိုင်တယ်။ ၁၅ လက်မ အလွိုင်းခွေနဲ့ ၊ ground clearance က ၆ လက်မခွဲကျော်လောက်ရှိတော့ ဒါဟာ သူ့ရဲ့ ဈေးနှုန်းတန်းထဲမှာဆို ထိုက်တန်မှုလည်းရှိတယ်။ လက်တွေ့ မြို့ထဲပတ်လည်မောင်းဖို့လည်း လုံလုံလောက်လောက်ရှိတယ်လို့ ပြောနိုင်ပါတယ်။
•                  ကျနော်တို့ နောက်ပိုင်းကိုဆက်ကြည့်မယ်ဆိုရင်တော့ Mitsubishi style L ပုံစံ LED နဲ့ Halogen မီးတွေကိုတွေ့ရမှာပါ။​ ထူးခြားပြီး ဒီ 2021 မှာမှ ပါလာတာကတော့ ဒီ trunk lid spoiler ပါပဲ။ ATTRAGE ရဲ့ ရှေ့ရုပ်က ထက်ထက်မြက်မြက်ရှိတယ်လို့ပြောရင် နောက်ရုပ်က ကြည့်ရတာ သွက်သွက်လက်လက်ရှိတဲ့ design လို့ ခံစားလို့ရပါတယ်။ နောက်ဖုံးလေး ဖွင့်ကြည့်ရအောင်လား...
•                  နောက်ခန်း အကျယ်ကတော့ ခရီးဆောင်အိတ်အကြီး နှစ်လုံး လုံလုံလောက်လောက် ထည့်လို့ရပါတယ်။ ခရီးဆောင်အိတ်အကြီးကို (နှစ်လုံး/သုံးလုံး) လောက်တော့ သာသာလည်းထည့်လို့ရတယ်။ ဒီအောက်မှာ (size ပြည့်/မပြည့်) spare wheel လည်းပါတယ်။
•                  နောက်ဖုံးက ဖွင့်ဖို့အတွက် ဒီမှာတော့ physical ခလုတ်တော့မပါဘူး။ ဒါပေမဲ့ ဒီ remote key နဲ့တော့ ဖွင့်လို့ရတယ်။
•                  ဒီ keyless operation key လေးက မိုက်တယ်ဗျ။​ သော့ကို ယူလာပြီး driver ဘက်ခြမ်းရောက်တာနဲ့ တံခါးတွေ အားလုံးကို အဖွင့်အပိတ်လုပ်လို့ရတယ်။ နောက်ပြီး စက်နှိုးထားလို့ပါရပါသေးတယ်။
•                  အဲဒီတော့ ကျနော်တို့ အတွင်းခန်းလေး feature လေးတွေကို တကျော့ပြန်သွားကြည့်ရအောင်။ ညီမငယ် ပန်းရောင်ခြယ်နဲ့ပြောထားပေမဲ့ ပိုပြီး စုံစုံလင်လင်လေးဖြစ်သွားအောင်ပါ။

Interior

•                  အတွင်းခန်းကတော့ တန်ဖိုးသင့်ကား ဖြစ်တဲ့အတိုင်း fabric ထိုင်ခုံတွေ။ ထူးခြားတာလေးက carbon fiber design လေးတွေလုပ်ပေးထားတယ်။​ ဒီ meter ဒိုင်ခွက်တွေမှာလည်းပါတယ်။​ ဒီ တံခါးဘောင်တွေမှာလည်း ပါတယ်။ Carbon fiber အစစ်မဟုတ်ပေမဲ့ carbon fiber pattern ကိုသဘောကျတဲ့သူတိုင်းအတွက် အကောင်းဆုံး pattern ဖြစ်မှာသေချာပါတယ်။
•                  Steering မှာက mounted control တွေပါတယ်။​ ဒီ 2021 ATTRAGE မှာမှ ပါလာတာကတော့ Cruise Control ပါ။ ခရီးဝေးတွေသွားတဲ့အခါမှာ support အရမ်းပေးနိုင်တဲ့ Cruise Control ပါ။ ဒါလေးပါလာတာက highway လမ်းတွေမှာ လူကို အရမ်းသက်သာစေပါတယ်။
•                  ATTRAGE မှာ ကျနော်ကြိုက်တဲ့ နောက်တစ်ချက်ကတော့ ၇ လက်မရှိတဲ့ infotainment ပါ။​ သူတို့အခေါ်တော့ Smartphone-link Display Audio ဖြစ်ပါတယ်။ ထူးခြားတာက ဒီလိုမျိုး တန်ဖိုးသင့်ကားတွေမှာ တွေ့ရခဲတဲ့ Apple CarPlay နဲ့ Android Auto သုံးလို့ရတာပါပဲ။
•                  ကောင်းပြီ။ Apple CarPlay နဲ့ဆိုရင် Maps, Siri, Phone အပြင် တချို့ third-party apps တွေထဲက support ပေးထားတဲ့ဟာတွေဆို သုံးလို့ရမယ်။ Android Auto ဆိုရင်လည်း Maps, Google Assistant, Phone အပြင် တချို့ apps တွေသုံးလို့ရမယ်။ ဆိုတော့.. ဒါလေးက ဒီဘက်ခေတ်အတွက် မရှိမဖြစ် feature လေးဖြစ်ပါတယ်။ ကားတိုင်းရဲ့ infotainment ဟာ တခြားဟာတွေထက် ဒီ Apple CarPlay နဲ့ Android Auto လေးတော့ မဖြစ်မနေပါဝင်သင့်နေပါပြီ။ ဒါဟာ တော်တော်လေး သဘောကျစရာကောင်းတဲ့ feature ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။
•                  ကျန်တာတွေကတော့ affordable sedan ဖြစ်တဲ့အတိုင်း သိပ်အများကြီးတော့ မျှော်လင့်လို့မရပါဘူး။ ကြည်ကြည်လင်လင်နဲ့ မြင်းကွေးပါတဲ့ back camera ပါတယ်။
•                  ဒီနေရာမှာ USB ပေါက်တွေပါတယ်။
•                  Air Con က တန်ဖိုးသင့်ဖြစ်တဲ့အတိိုင်း dual zone တွေ round တွေမဟုတ်ပါဘူး။ ဒါပေမဲ့ automatic ပါ။
•                  ထိုင်ရတာ သက်သောင့်သက်သာပဲဆိုတာထက် အဆင်ပြေပြေမောင်းလို့ရတယ်။
•                  (နောက်ခုံ) အဆင်ပြေပြေ လိုက်ပါစီးနင်းလို့လည်းရတယ်။
•                  (Headroom, Legroom အကြောင်းပြောရန်)
•                  ဒါပြီးရင်တော့ ကျနော်တို့ REDLINE media ရဲ့ test drive လာမှာပါ။​ ခုနတုန်းက ညီမငယ် ပန်းရောင်ခြယ်နဲ့ စမ်းသပ်မောင်းနှင်ပြီးပြီဆိုပေမဲ့ အခုကတော့ ထုံးစံအတိုင်း 0-100 ဘယ်လောက်ကြာမလဲဆိုတာလေးကိုပါ ထည့်သွင်းစမ်းသပ်သွားမယ်။

Driving

•                  ကားတစ်စီးရဲ့ driving performance ကို အလွယ်ကူဆုံးနဲ့ အကြမ်းဖျင်းတိုင်းလို့ရတဲ့နည်းတွေထဲမှာ 0-100 ကိုဘယ်လောက်ကြာလဲဆိုပြီး မောင်းကြည့်တာလည်းပါပါတယ်။ စက္ကန့်နည်းလေ ကောင်းလေပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အခုမောင်းတဲ့နေရာက concrete လမ်းဖြစ်နေတာကြောင့် သူ့စံချိန်ထက် တစ်စက္ကန့်ဝန်းကျင်လောက် နောက်ကျနေနိုင်ပါတယ်။
•                  အခု ဒီ Mitsubishi ATTRAGE က 1.2 L 12 valve 3 cylinder petrol engine နဲ့ဖြစ်ပါတယ်။ Maximum Power အနေနဲ့ 57 HP ပဲထွက်တယ်၊ 6000 rpm မှာပေါ့နော်။ ရုန်းအား torque က 4000 rpm မှာမှ 100 Nm ပဲထွက်ပါတယ်။ ဒါဟာ ကျနော်မောင်းခဲ့ဖူးတဲ့ကားတွေထဲမှာဆိုရင် အနည်းဆုံး ကိန်းဂဏန်းတွေထဲမှာပါပါတယ်။ ဒါကြောင့် ဒီလို HP ၊ ဒီလို Nm နဲ့ 0-100 ဘယ်လောက်ကြာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျနော်တို့ ဆွဲလိုက်ကြရအောင်။
•                  0-100
•                  ကျန်တာတွေကတော့ INVECS-III CVT transmission ကို သုံးထားတယ်။ CVT gearbox ပေါ့ဗျာ။ သူကတော့သိကြတဲ့အတိုင်း rubber band effect လေးတော့ သေချာပေါက်ရှိတယ်။ ဒါပေမဲ့ ဆီစားနှုန်းကတော့ ထူးထူးခြားခြားသက်သာမှာဖြစ်ပါတယ်။
•                  3 cylinder engine တွေက engine vibration ပိုင်းအရကြည့်မယ်ဆိုရင် 4 cylinder engine ထက် ပိုများတယ်ဆိုပေမဲ့ ဆီစားနှုန်းကျတော့ ပိုပြီးသက်သာပါတယ်။
•                  အဲဒီတော့ ဆီစားနှုန်းသက်သာတဲ့ powertrain နဲ့ Mitsubishi ATTRAGE ရဲ့ ဆီစားနှုန်းကတော့ 10 km/l လောက်ရှိတယ်ဆိုပြီး website တွေမှာဆိုထားပါတယ်။​ အခုလက်တွေ့မှာတော့ တစ်လီတာကို ၅ ကီလိုမီတာလောက်ရတာတွေ့ရပါတယ်။
•                  နောက်တချက်က လီဗာနင်းကိုသာသာလေးနင်းပြီးမောင်းတဲ့အခါမျိုးတွေမှာ အရှိန်လေးရလာပြီဆိုရင် Eco Mode indicator လေး (အခုလို) ပွင့်လာမှာပါ။ ဒါဆိုရင်တော့ ဆီစားနှုန်းအသက်သာဆုံးအချိန် လို့ပြောနိုင်တာပေါ့။
•                  Safety ပိုင်းအနေနဲ့ Airbag က ရှေ့ထိုင်ခုံကသူတွေအတွက် ၂ လုံးပဲပါမယ်။ ABS နဲ့ Electronic Brake-force Distribution လို့ခေါ်တဲ့ EBD ပေါင်းထားတဲ့ brake စနစ်ကတော့ မဆိုးဘူး။
•                  (လက်တွေ 60-0 brake နင်းပြရန်) စိတ်ချရတယ်။
•                  Suspension အနေနဲ့ကတော့ ရှေ့ MacPherson ၊ နောက် Torsion Beam ။ Fully independent suspension တွေကို ပိုပြီးသဘောကျပေမဲ့ တန်ဖိုးသင့်ကားတစ်စီးအနေနဲ့ ဒီပါဝင်မှုကလည်း မဆိုးပါဘူး။

•                  ကဲ။ ကျနော် လက်တွေ့လည်းမောင်းအပြီးမှာတော့ အမြင်လေးပြောကြည့်မယ်။ အခုဒီ review လေးကိုကြည့်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ဒီ ATTRAGE နဲ့ပတ်သက်ပြီး အမြင်လေးတွေကို comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ ညီမငယ် ပန်းရောင်ခြယ်အမြင်နဲ့ ကျနော်အမြင်နဲ့ နောက်ပြီး မိတ်ဆွေသူငယ်ချင်းတွေရဲ့အမြင်တွေဟာ Mitsubishi Motor Myanmar အတွက် တန်ဖိုးရှိတဲ့ messages လေးတွေဖြစ်လာမှာပါခင်ဗျာ။Verdict
•                  ဒီ Mitsubishi ATTRAGE ရဲ့ဈေးနှုန်းကို ပြန်ပြီး mention ပါမယ်။ $19,900 ဖြစ်ပါတယ်။ ညီမငယ် ပန်းရောင်ခြယ်နဲ့ပြောခဲ့သလိုမျိုးပဲ $1,230 ကို ကညနအခွန်အနေနဲ့ cash back ပြန်ပေးသွားမှာဖြစ်တဲ့အတွက် ကားတန်ဖိုးသီးသန့် ၂၄၄ သိန်းစွန်းစွန်းပဲကျသင့်မှာပါ။
•                  တန်ဖိုးသင့်ကား၊ affordable ကား၊ အားလုံးလည်းလက်လှမ်းမီနိုင်တဲ့ကားတစ်စီးအနေနဲ့ ဟိုဟာမပါဘူးလား။ ဒီဟာမပါဘူးလား ကျွန်တော်အများကြီးမတောင်းဆိုချင်ပါဘူးခင်ဗျာ။
•                  လေအိတ်လေးတွေပိုပြီးထည့်ပေးမယ်။
•                  ပိုပြီးအားလည်း ကောင်းတဲ့၊ ဆီစားနှုန်းလည်းသက်သာတဲ့ အင်ဂျင်လည်းထည့်ပေးမယ်ဆိုရင်တော့ perfect ဖြစ်သွားတာပေါ့။
•                  ဒါပေမဲ့ သက်သာတဲ့ဆီစားနှုန်း
•                  ထက်ထက်မြက်မြက်၊ သွက်သွက်လက်လက်ရှိတဲ့ design
•                  Apple CarPlay ၊ Android Auto သုံးလို့ရတာတွေ
•                  အဲဒါတွေနဲ့ ‘ဈေးနှုန်း’ ပေါင်းစပ်လိုက်တဲ့အခါမှာတော့
•                  မြို့တွင်းပတ်လည်မှာ ဆီစားနှုန်းသက်သက်သာသာနဲ့ style ကျကျစီးဖို့လိုလာပြီ။ ဈေးနှုန်းသက်သက်သာသာထဲကရှာပေးပါဆိုရင်တော့ ကျနော်ကတော့ ဒီ Mitsubishi ATTRAGE 2021 ကို recommend ပေးသွားမှာဖြစ်ပါတယ်။
•                  နောက်တစ်ပတ်မှာ ပြန်တွေ့ကြတာပေါ့။

Author