မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသော Mitsubishi ASX

0

Full article

Mitsubishi က မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသော ၎င်း၏ ASX အမည်ရှိ SUV အမျိုးအစားကားကို မကြာ ခင်က မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လူကြိုက်များလှသည့် SUV အမျိုးအစား ကားသစ်များစွာရှိပါသည်။ ယခု car review တွင်တာ့ Mitsubishi ASX အတွင်းအပြင်ဒီ ဇိုင်း၊ စွမ်းဆောင်ရည်၊ ကြံ့ခိုင်မှုနှင့် လုံခြုံမှုတို့ကို ခြုံငုံရေးသားဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ASX တွင် မော်ဒယ်များစွာရှိသည့်အနက် မြန်မာနိုင်ငံသို့ မိတ်ဆက်ပေးသော မော်ဒယ်မှာ နှစ်ဘီးယက် GLS မော်ဒယ်တစ်မျိုးတည်းသာဖြစ်ပါသည်။

အပြင်နှင့် အတွင်း ဒီဇိုင်း

ASX သည် အခြားသော SUV ကားအမျိုးအစားများနှင့် နှိုင်းယှဉ်လျှင် အရွယ်အစား အနည်းငယ် သေးငယ်ပုံရသည်။ ကား၏ ရှေ့ပိုင်း bumper ၊ ကိုယ်ထည် ဒီဇိုင်းကတော့ ကျော့ရှင်းလှပမှုရှိသော် လည်း ၁၆ လက်မ အရှည်ရှိ အလွိုင်းဘီးပုံစံမှာ ရိုးရှင်းလွန်းလှပါသည်။ ကားမောင်းနေစဉ် ပတ်ဝန်းကျင် ကို ထိတွေ့ခံစားနိုင်သည့် sunroof အမိုးလည်းပါဝင်သည်။ အတွင်းပိုင်းမှာတော့ ကားအမြန်နှုန်းကို ထိန်းပေးသည့် cruise control၊ အသံစနစ်နှင့် သင့်ဖုန်းတို့ကို လိုသလို ထိန်းချုပ်နိုင်သော ခလုပ်များ ပါသည့် စတီယာရင်လက်ကိုင်ဘီးကို တပ်ဆင်ထားပါသည်။ ကား၏ ထိုင်ခုံများမှာ အခြားသော ကား များနှင့်မတူဘဲ အပူဒဏ်ကို ခံနိုင်ရည်ရှိသည့် eco friendly လယ်သာများဖြင့် တပ်ဆင်ထားပါသည်။ ရေဒီယို၊ USB အပေါက်၊ bluetooth နှင့် အသံဖြင့် ထိန်းချုပ်နိုင်သည့် နည်းပညာ (အနည်းဆုံး လူလေးဦး) နှင့် ၆.၇၅ လက်မ အရွယ် touchscreen တို့ပါဝင်ပါသည်။ ထို့အပြင် ထို touchscreen ပေါ်ရှိ Musubishi's smartphone link display မှတဆင့် Apple Carplay နှင့် Android Auto တို့ကို ဆက်သွယ်လို့လည်းရသည်ဖြစ်ရာ မည်သည့် ဖုန်းနှင့်မဆို ချိတ်ဆက်အသုံးပြုလို့ရပါသည်။

ASX သည် အခြားသော SUV ကားများထက် နှိုင်းယှဉ်လျှင် သေးငယ်ပုံရသော်လည်း အတွင်းခန်း ကတော့ ထင်ထားသည်ထက် ပိုကျယ်ပါသည်။ ကားရှေ့ခန်းနှင့် နောက်ခန်းများကို ကျယ်ဝန်းသပ်ရပ် သည့် ဒီဇိုင်းဖြင့် ပုံစံထုတ်လုပ်ထားသည့်အတွက် မိသားစုဖြင့် ခရီးသွားလို့ သင့်တော်သော ကားတစ်စီး ဖြစ်ပါသည်။ ထို့အပြင် ပစ္စည်းများ သယ်ဆောင်နိုင်သည့် နောက်ခန်းကလည်း ကြီးမားပါသည်။ အလေးချိန် ၁၃ဝဝ ကီလိုဂရမ်ခန့်ကို ကောင်းစွာ သယ်ဆောင်နိုင်ပါသည်။

စွမ်းဆောင်ရည်

ASX 2.0L ဓာတ်ဆီအင်ဂျင်က ၁၅ဝ horse power ကို ထုတ်ပေးနိုင်သည့်အတွက် တစ်နာရီကို ၁၉၃ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါသည်။ ၄.၈ စက္ကန့်အတွင်း ကီလိုမီတာ ၆ဝ အထိ ပြေးပါသည်။ ကားအတွင်း သို့ ဆီ ၁၆ ဂါလံကျော်ထည့်သွင်းနိုင်ပြီး အရှိန်ငါးခု ပြောင်းလဲနိုင်သည့် အော်တိုဂီယာကို တပ်ဆင်ထား ပါသည်။ ထို့အပြင် လက်ဖြင့်လည်း ဂီယာကို ကိုယ်တိုင်ထိုးကာ မောင်းနှင်နိုင်ပါသည်။

_ Photo Credit_

လုံခြုံစိတ်ချရမှု

ASX ကား၏ ထူးခြားချက်ကတော့ သမိုင်းကြောင်းအရကို နာမည်ကြီးလွန်သည့် Pajero ပုံစံ ကြံ့ခိုင် သည့် ကိုယ်ထည်ဒီဇိုင်းနှင့် ကားရှေ့ပိုင်းမှ ဝင်လာသည့်လေကို ခွဲပြီး ကား၏ အရှိန်ကို မြှင့်တင့်ပေးသည့် နည်းပညာတို့ဖြင့် ပေါင်းစပ်ထားသော Dynamic Shield design concept ပင်ဖြစ်သည်။ ထိုပုံစံမှာ ကားအတွင်း လိုက်ပါစီးနင်သူများ၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်ရုံမျှမက ကား၏ စွမ်းဆောင်ရည်ကိုပါ မြင့်မားစေပါသည်။ ASX တွင် အလိုလျောက် ဘရိတ်ကို ထိန်းချုပ်ပေးသည့် anti-break system, ကားကို တည်ငြိမ်အောင် ထိန်းပေးသည့် stability control၊ ကားပါကင်ထိုးလျှင် ကားနောက်တွင် အရာဝတ္ထု ရှိ၊ မရှိကြည့်ပေးသည့် အာရုံခံ sensors များနှင့် လေအိပ် ၇ လုံးပါဝင်ပါသည်။ လေအိပ် နှစ်လုံးမှာ ရှေ့ခန်းကားမောင်းသူနှင့် လိုက်ပါစီးနင်းသူရှေ့တွင်ပါဝင်ပြီး ကားဘေးမှ ထိခိုက်မှုများကို ကာကွယ်နိုင်အောင် ရှေ့ခန်းခုံ ဘေးတစ်ဖက်တစ်ချပ်စီတွင်လည်း လေအိပ်တစ်လုံးစီပါဝင်ပါသည်။ ထို့အပြင် ကားနောက်ခန်းထိုင်ခုံ ဘေးနှစ်ဖက်စလုံးတွင်လည်း လေအိပ်တစ်ခုစီတပ်ဆင်ထားပါသည်။

_ Photo Credit_

ASX ကားတွင် အဖြူ၊ အမဲ၊ ငွေ၊ အပြာ၊ အနီနှင့် မီးခိုးရောင် အရောင် ခြောက်မျိုးရှိသည့်အနက် အနီရောင်ကိုတော့ ကြိုတင်မှာယူမှသာ ရရှိနိုင်မည်ဖြစ်သည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၅,၉ ဝဝ ဖြစ်ပြီး ဧရာဝတီ၊ စီဘီနှင့် ရိုးမဘဏ်တို့ဖြင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ပါသည်။ Mitsubishi ASX GLS မော်ဒယ်ကားသည် မိသားစုဖြင့် ခရီးသွားလျှင်ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်သုံးရင်ပဲ ဖြစ်ဖြစ် ဝယ်ယူမောင်းနှင်သင့်သော ကားတစ်စီးပင်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ဆောင်းဦးကိုကို

Author