Full article

Mini Cooper ကားများကို ထုတ်လုပ်ခဲ့သည့် အဖွဲ့နှင့် Qualcomm, San Francisco မှ ဒီဇိုင်နာအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်း၍ Mini Cooper ကားများနှင့် ချိတ်ဆက်အသုံးပြုနိုင်သော မျက်မှန်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်.။

၄င်းမျက်မှန်ကို Mini Cooper ကားများတွင် ပါဝင်လာမည်ဖြစ်သော Mini Connected အမည်ရ system နှင့် ချိတ်ဆက်နိုင်ပြီး ကားပတ်ဝန်းကျင်ရှိ ရုတ်တရက်ဖြစ်ပေါ်လာမည့် ပြဿနာများ အရာဝတ္ထုများလူများကို ကားကိုဖောက်ထွင်း၍ မြင်နိုင်သကဲ့သို့သော လုပ်ဆောင်ချက်မျိုး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်.။

mini-augmented-vision-1-500x374

မျက်မှန်များသည် 3D ပုံရိပ်များကို ဖော်ပြနိုင်စွမ်းရှိပြီး wifi, bluetooth နှင့် GPS များနှင့်ချိတ်ဆက်နိုင်မည်ဖြစ်သည်.။ ကားကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ဖော်ပြနိုင်ခြင်းကြောင့် အန္တရာယ်များကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ပါကင်ထိုးခြင်းကဲ့သို့သော အချိန်များတွင်လဲ အသုံးဝင်မည်ဖြစ်ကြောင်း သိရသည်.။

miniclip1-500x275

miniclip2-500x258

လောလောဆယ်တွင် Mini Cooper ကားများတွင်သာ အသုံးပြုနိုင်သေးပြီး နည်းပညာအရ လိုအပ်ချက်များ ရှိနေသေးခြင်းကြောင့် ဈေးကွက်တင်ရောင်းချနိုင်ခြင်း မရှိသေးကြောင်း သိရသည်.။

minixraywheels-500x184

Aung Mon Chan

No. 1 Car Site in Myanmar

www.myanmarcarsdb.com

Author