Full article

ယခုအပတ်တွင် ကမ္ဘာကျော် Hyudai ၏ ထင်ရှားသည့် Sonata Green Car အမျိုးအစားဖြစ်သော Sonata Hybrid အကြောင်းအား မိတ်ဆက်ရေးသားမည် ဖြစ်ပါသည်။

2015 ထုတ် Hyudai Sonata Hybrid သည် Hyudai ၏ Mid-size luxury sedan အမျိုးအစားကားဖြစ်ပါသည်။၄င်းဒီဇိုင်းသည် ယခင်နှစ်ကထုတ်လုပ်ခဲ့သည့် ဒီဇိုင်းနှင့်တူသော်လည်း အတွင်းပါဝင်မှုတစ်ချို့နှင့် လျှပ်စစ်မော်တာစနစ်များအား အဆင့်မြှင့်ထားပါသည်။Sonata Hybrid သည်အခြားသော Hybrid Car များနှင့်မတူညီသည့်အချက်မှာ ၄င်းသည်အတွင်းခန်းတွင် ဇိမ်ခံပစ္စည်းများနှင့် နည်းပညာသုံး ပါဝင်မှုများ ပြည့်စုံစွာ ထည့်သွင်းထားကာ ကျယ်ဝန်းပြီးသပ်ရပ်သည့် အတွင်းခန်းဖွဲ့စည်းပုံကြောင့် ဇိ်မ်ခံကားကောင်းကောင်းနှစ်သက်သည့် ကားချစ်သူများ အကြိုက်ဖြစ်မည်မှာ အသေအချာပင်ဖြစ်ပါသည်။ထို့အတူ ၄င်း၏အပြင် ဒီဇိုင်းသည်လည်း အလွန်ခေတ်မှီ၍ လှပဆန်းသစ်ဒီဇိုင်းပုံစံဖြစ်ပြီး Hyuda ၏ Sedan line Up များတွင် ဒီဇိုင်းအလှပဆုံးအနေဖြင့် ထင်ရှားပါသည်။

2015 Hyudai Sonata Hybrid သည် ခရီးသည်ငါးယောက်စီး Mid-Size Seadanအမျိုးအစားကားဖြစ်ပြီး အတွင်းပါဝင်မှုပစ္စည်းပေါ်မူတည်ကာ Base နှင့် Limited ဟူ၍ Trim နှစ်မျိုးခွဲခြားထားပါသည်။ပုံမှန် Sonata Model နှင့်ပါဝင်မှုများမတူညီပါ။

Sonata Hybrid Base တွင် အဓိကပါဝင်မှုများမှာ 16 inch alloy wheel,အလိုလျှောက်စနစ်သုံးရှေ့မီးကြီးများ၊LED Taillights,Heated Mirror,Keyless entry,idnition စသည်တို့အား ကားအပြင်ဘက်တွင် ထည့်သွင်းထားပါသည်။ထို့အတူ ကားအတွင်းခန်းတွင်လည်း LED interior lighting,Dual-zone automatic climate control,Curise control,trip computer with hybrid-specific status dispisy,အပူပေးစနစ်ပါရှေ့ထိုင်ခုံများ၊Bluetooth phone and audio,Hyudai's blue link emergency communication system,Rearview camera,စပီကာ ၆ လုံးပါအသံစနစ်၊4.3 inch touch-screen,Satelite radio/HD radio,I pod/USB and auxiliary audio input,CD player စသည်တို့ပြည့်စုံစွာ ပါရှိပါသည်။

Sonata Hybrid Limted သည် Base trim တွင်ပါဝင်သည့် ပါဝင်မှုများအပြင် ထပ်မံ၍ 17 inch alloy wheel,Perforated-leather seating surfaces,8-way power driverseat,Auto-dimming rearview mirror စသည်တို့ထည့်သွင်းထားပါသည်။

အထက်ပါ Standard Features များအပြင် အပိုဆောင်းပါဝင်မှု options များကိုလည်းမှာယူနိုင်ပါသည်။အပိုဆောင်းပါဝင်မှုများအား Premium Package အနေဖြင့် မှာယူနိုင်မှာဖြစ်ပြီး ၄င်းတို့မှာ Glossy exterior trim,Pano-romic sunroof,Navigation system,စပီကာ ၉ လုံးပါ Infinity အမျိုးအစားအသံစနစ် ၊7inch touch screen စသည်တို့ဖြစ်ကြပါသည်။အဆိုပါ Options များအား Limited Trim မှာတွင်သာမှာယူနိုင်မည်ဖြစ်ပါသည်။2015 Sonata Hybard ၏ cargo Space သည်12.1 Cubic Feet ခန့်ကျယ်ဝန်းပါသည်။

2015 Sonata Hybard တွင် အင်ဂျင်အနေဖြင့် 2.4L I4 Engine,199hp အင်ဂျင်စနစ်နှင့်အတူ Lithium polymer batterypack စနစ်သုံး Electric Motor တို့တွဲဖက်ထားပါသည်။Gear Box အနေဖြင့် 6 Speed Automatic Transmission စနစ်ကို တပ်ဆင်ထားပါသည်။Performance အနေဖြင့် 0 to 60mph အား 8.4 Second ဖြင့် အမြင့်ဆုံးရောက်ရှိ နိုင်ပါသည်။

2015 Sonata Hybrid တွင် လုံခြုံရေးစနစ်များအနေဖြင့် အဆင့်မြင့်လုံခြုံရေးစနစ်များပြည့်စုံစွာ ပါရှိပါသည်။၄င်းတို့မှာ Antilock-disc brakes,Stability and traction control,fully-air bags system,Front head restraints,Blue link,hyudai's emergency communications system စသည်တို့ပါဝင်သည်။

2015 Sonata Hybrid အား US Market တွင် US$26,000 ခန့်ဖြင့်ရောင်းချမည်ဖြစ်ပြီး အပိုဆောင်းပါဝင်မှုများအပေါ်မူတည်ကာဈေးနှုန်းများ ပြောင်းလဲမည်ဖြစ်ပါသည်။ဈေးကွက်တွင်၄င်းနှင့်အဓိက ဈေးကွက်ယှဉ်ပြိုင်ဖက် Brands များမှာ 2015 Ford Fusion Hybrid,2015 Honda asscord Hybrid,2015 Toyota Camry Hybird စသည်တို့ဖြစ်ကြပါသည်။

နိဂုံးချုပ်အနေဖြင့် Green Car Market တွင် အထူးထင်ရှားလှသည့် နာမည်ကျော် Hyudai ၏ 2015 ထုတ် Sonata Hybard Sedan အား မိတ်ဆက်ရေးသားအပ်ပါသည်ခင်ဗျား။

မျိုးမင်းသာ (Hana Victory)

ဤဆောင်းပါးကို ရေးသားပေးသော ကိုမျိုးမင်းသာ (Hana Victory) အား ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်.။

MyanmarCarsDB

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author