MG ZS 2020 Review

0

Full article

အခုအချိန်မှာ current ဖြစ်နေတဲ့ ကားအမျိုးအစားကတော့ တန်ဖိုးသင့်တင့်ပြီး ပေါ့ပေါ့ပါးပါးမောင်းလို့လည်းကောင်းတဲ့အပြင် ၊ စွမ်းဆောင်ရည်ကောင်းပြီး စိတ်ချရတဲ့ Crossover SUV ကားမျိုးပါ။ ဒီလို လိုအပ်ချက်နဲ့ကိုက်ညီပြီး modern design နဲ့ ကားတွေထဲမှာ MG ရဲ့ ZS ကလည်းတစီးအပါအဝင်ပါပဲ။

2020 MG ZS လေးကို ကျနော်နဲ့အတူ လေ့လာကြည့်ကြပါဦး။

MG တွေမှာ ကျနော်မြင်တာနဲ့ သတိထားမိတာကတော့ အရှေ့ လေဝင်ပေါက် Radiator Grille Design ဟာ စိန်တုံးလေးများ မြှုပ်ထားသယောင် ညီညာစွာ လှပတဲ့ ဇကာကွက်ပုံစံဖြစ်ပြီး MG Logo ကို အလည်တွင် ထင်ရှားစွာ ထည့်သွင်းထားပြီး အရှေ့မီးကြီးနှင့် နှင်းခွဲမီးတို့ဖြင့် ၀န်းရံထားတဲ့ ကား၏ အရှေ့ဖက်ဒီဇိုင်းဟာ MG ZS ရဲ့ ထူးခြားတဲ့ရုပ်ထွက် ဒီဇိုင်းပါပဲ။သူတို့ကြည့်ရတာ ခိုင်မာပြီး လှပမှုရှိတယ်လို့ ခံစားရတယ်။ ရှေ့ပိုင်းရုပ်ထွက်ကတော့ ကျနော်ခံစားမိတာ SMART & ELEGANT ဆိုတဲ့ခံစားချက်ပါပဲ။

ရှေ့ headlights တွေက The London Eye ပုံစံ LED DRL စနစ်သုံး ရှေ့မီးကြီးများနှင့် နှင်းခွဲမီးများကိုလည်း Aluminum Trim Line များဖြင့် ပေါင်းစပ်ထားပြီးလှပသပ်ရပ်တာ တွေ့ရတယ်။ Fog Light ကတော့ Halogen ၊ မီးလုံးကို မြင်နေရတယ်။ Day Time Running Light ကတော့ LED ပါ။​

ကား ဘေးဖက် ကိုယ်ထည်ကိုကြည့်ရင်တော့ Crossover SUV body design ကိုမှ လူငယ်ဆန်ခြင်းနှင့် သပ်ရပ်ခြင်းတို့ ကို ပေါင်းစပ်ထားတဲ့ ကြွကြွရွရွလေးပုံစံလေးရှိတာကို တွေ့ကြရမှာပါ။ Aluminum Roof Rail တွေပါတာလေးကလည်း sporty looks ပိုဖြစ်သွားစေပါတယ်။ Paint Color Coating (၃)လွှာ အထိ အသုံးပြုထားတဲ့ Car Exterior Color ဟာလည်း တကယ့်ကို တောက်ပနေပြီး Red၊ White၊ Black၊ Blue ဆိုပြီး အရောင်(၄)ရောင်ကို သင့်စိတ်ကြိုက် ရွေးချယ်နိုင်မှာလည်း ဖြစ်ပါတယ်။

စတိုင်ကျလှပတဲ့ 17-inch Alloy ဘီးများနဲ့  Ground Clearance က 6.8-inch ရှိပါတယ်။

Tail lights တွေက LED combination lights တွေ။ အထူးခြားဆုံး ဆွဲဆောင်မှုရှိတဲ့ အချက်ကတော့ ကား နောက်ဖုံးကို ဖွင့်လိုက်တဲ့ အခါမှာ MG Logo ကိုအသာအယာ ဖိနှိပ်ဖွင့်ဖို့ ဆန်းသစ် တီထွင် ထည့်သွင်းပေးထားတဲ့ The Plough ခလုတ်လေးပဲဖြစ်တယ်။ ဝင်ဆံ့မှုက ခုလို normal အတိုင်းဆို 488 L ရှိတယ်။ နောက်ခုံတန်းက 60:40 ခေါက်လို့ရပြီး တစ်ပြေးတည်းအညီခေါက်လိုက်မယ်ဆိုရင် 1,375 L အထိတောင်မှ ရနိုင်တဲ့အတွက် ဒီလိုအရွယ်ကားမျိုးအတွက် မနည်းတဲ့ စိတ်ကျေနပ်စရာ ဝင်ဆံ့မှုပမာဏပါပဲ။

အတွင်းခန်းအခြေအနေလေး တူတူသွားကြည့်ကြရအောင်။

ဒီ MG ZS က MG ရဲ့ ထုတ်ကုန်တွေထဲကမှ တန်ဖိုးသင့် model အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပေမယ်ါ အတွင်းခန်း အနေအထားကသုံးစွဲသူအတွက် fair တော့ဖြစ်တယ်။ ကျယ်ကျယ်၀န်း၀န်းရှိတဲ့ ထိုင်ခုံ အနေအထားတွေဟာ လူကြီး/ကလေး အရွယ်စုံ ခရီးသည်များအတွက် ကောင်းစွာ ခြေဆန့်ပြီး စီးနင်းနိုင်တဲ့အတွက် စိတ်ကျေနပ် ဟန်ကျစေမှာပါ။ ကားထိုင်ခုံတွေနဲ့ ကားအတွင်းခန်း နေရာတော်တော်များများရဲ့ 80% ကို Softened Leather Material များနဲ့ ချုပ်လုပ် တပ်ဆင်ထားတာတွေ့ရတယ်။

ဆွဲဆောင်နေတဲ့ကောင်းတဲ့အချက်က Panorama sunroof အကြီးကြီးပါတယ်။

Air-con က Dashboard အလည်မှာရှိတဲ့ Air – Con ပေါက် (၂) ပေါက်ကို လေးထောင့်ပုံစံနှင့် ဒီဇိုင်းဖေယ်ထားပြီး ဘေး၂ဖက်ရှိ Air – Con ပေါက် (၂) ပေါက်ကို ကားတစ်စီးလုံးကို ပတ်ပတ်လည် လေလှည့်ပတ်အား ကောင်းစေတဲ့ 360 အဝိုင်းပုံစံ ဖန်တီးထားတာတွေ့ရတယ်။ နောက်ပီး8-inch ရှိတဲ့ Touch Screen မှာ Apple Car Play ၊ Bluetooth ၊ Multimedia စတဲ့ Function တွေကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါမှာပါ။ infotainment Screen ကလည်း resolution တွေ ဘာတွေကောင်းတယ်။ Back-camera မြင်ကွင်းလည်းကောင်းပြီး မျဉ်းကွေးပါတာလေးကလည်း သဘောကျဖို့ကောင်းတယ်။ နောက်ပြီး ကားနောက် sensors တွေကနေပြီး အကွာအဝေးကိုပြပေးတာလေးကိုလည်း ကြိုက်တယ်။ Infotainment နဲ့ပတ်သက်ပြီး Android phone တွေဆိုရင်တော့ ????? မရသလို Navigation လည်းမရဘူး။

ကားတစ်စီးလုံးမှာ 12V socket ၁ ခုနဲ့ USB ၂ ခု အားလုံးပေါင်းမှ ၃ ခု ပါပါတယ်။Audio ပိုင်းအနေနဲ့ ပါတဲ့ speaker 6 လုံးကတော့ fair ဖြစ်ပါတယ်လို့ပဲပြောပါရစေ။ အမြင့်စားကြီးမဟုတ်ပေမဲ့ တော်တော်ကောင်းကောင်းလေး နားထောင်လို့ရပါတယ်။ 3D Sound Effect ရတာလေးကတော့ fair ဖြစ်တာထက်ပိုသွားစေတယ်လို့ ပြောလို့ရပါတယ်။

Car Dashboard Area ဆိုရင်လည်း သပ်ရပ်ပြီး စွဲဆောင်မှုရှိတဲ့ ပုံစံဖြင့် ခင်းကျင်းထားပြီး 3-Spoke Steering ကSoft Touch Leather ကို သပ်သပ်ရပ်ရပ် တပ်ဆင်ထားတယ်။ Steering မှာ Multi control ခလုတ်များစွာပါရှိပြီး ဂီယာတံကို လွယ်လင့်တကူ ထိန်းချုပ်နိုင်သည့် အနေအထား ဖြစ်အောင် တပ်ဆင်ထားပါတယ်။ ဒိုင်ခွက်တွေက analog တွေ။ အလယ်မှာ vehicle information screen အသေးတစ်ခုပါတယ်။

MG ZS မှာက driving mode တွေတော့မပါဘူး။ ဒါပေမဲ့ driving mode တွေရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ steering mode တော့ ပြောင်းပြီးမောင်းလို့ရတယ်။​ urban, normal, dynamic ဆိုပြီးပြောင်းလို့ရပါတယ်။ Urban က အပေါ့ဆုံးနဲ့ dynamic က အစေးဆုံးပါ။ ဆိုတော့... test drive ကလေးလုပ်ကြည့်ရအောင်။

MG ZS Engine က 1.5 L ဓါတ်ဆီအင်ဂျင်။ Turbo တော့မဟုတ်ဘူး။ Turbo က RX5 တို့ HS တို့မှာမှ ပါတာ။ Turbo မဖြစ်နေပေမယ့် automatic transmission လေးက 4-speed ပဲရှိတာကတော့ နည်းတယ်လို့ယူဆပေမဲ့ အခုမောင်းကြည့်ရသလောက်တော့ တော်တော်smooth ဖြစ်တာတွေ့ရတယ်။

အခုမောင်းနေတာက မြို့ထဲပတ်လည် အနေအထားမျိုးပေါ့နော်။ မဆိုးဘူး။ HP က 111 အထိထွက်ပြီး Torque ကတော့ 150 Nm အထိ အမြင့်ဆုံးရနိုင်တယ်။ ဒါတွေကလည်း fair ဖြစ်တယ် ၊ ခရီးသွား ဘာညာ အဆင်ပြေပြေမောင်းနိုင်တယ်။ ပြီးတော့High-way မောင်းဖို့အတွက်ကတော့ Cruise Control ပါပါတယ်။

ဆီစားနှုန်းကတော့ ….တစ်လီတာ - ၁၄.၄ ကီလိုမီတာ အထိရမယ် ၊ ဆီသိုလှောင်မှုဟာလည်း ( 48 Liter ) လို့ MG ကဆိုထားတယ်။

Suspension အနေနဲ့ 2020 MG ZS မှာသုံးထားတာက ရှေ့မှာ MacPherson strut ၊ နောက်မှာ Torsion beam ကိုသုံးထားပါတယ်။ ခုမောင်းကြည့်ရသလောက်တော့ သိပ်လည်းခုန်မနေသလို သိပ်လည်းမငြိမ့်ဘူးဆိုတော့ fair ဖြစ်ပါတယ်ပဲပြောရမှာပါပဲ။ Airbag 6 လုံးတောင်ပါတာကလည်း သဘောကျစရာပါပဲ။ ဒီလိုဈေးနှုန်းမျိုးနဲ့မှာ ဒီလောက်ပါတာမျိုးက ရှိတော့ရှိတယ်။ ရှားပါသေးတယ်။ ဒါ့အပြင် safety ပိုင်းနဲ့ပတ်သက်ပြီး Rear Camera၊ Park Sensor ၊ ABS ၊ EBD ၊ CBC ၊ HHC ၊ Engine Immobilizer ၊ ISOFLX စတာတွေအားလုံးပါတယ်။ ပိုကောင်းတဲ့အချက်က KSS – Key Safety System ကြောင့် Cage Body နဲ့ High Density Steel Passenger Cabin တို့ဟာ accident တွေဘာတွေဖြစ်ရင်တောင်မှ သာမန်ထက်ပိုတဲ့ အကာအကွယ်ကို ရရှိစေတယ်လို့ MG ကဆိုထားပါတယ်။ ဒါကြောင့်ပဲ EURO NCAP Standard 5 stars ရထားတာဖြစ်နိုင်ပါတယ်။

ကဲ.. ထုံးစံအတိုင်း 0-100 မောင်းပြဖို့အချိန်ကိုတော့ရောက်လာပါပြီ။

ဆွဲကြည့်ကြမယ်လေ။

အားလုံး ကြည့်လို့ စမ်းလို့အပြီးမှာ ကျနော့်ဖီလင်အားနည်းချက် ၊ အားသာချက် ပြောမယ်။

ကိုယ်တိုင် မမောင်းခင်မှာ ကျနော်က 4-speed transmission ကိုတော့ သိပ်သဘောမကျနေတာ ။ ဒါပေမယ့် အခု ကိုယ်တိုင်လက်တွေ့ စိတ်ကြိုက် မောင်းကြည့်လိုက်တော့ အရမ်းကြီး အပြစ်ပြောရလောက်အောင် ဆိုးမနေဘူး။ မောင်းလို့ကောင်းတယ်။

နောက်တချက်ကတော့ Brand New ကားစေ◌ျးကွက်ရဲ့လက်ရှိပေါက်ဈေးတန်းထဲမှာဆို ဒီ ZS ရဲ့ ကားအနေအထားမျိုးနဲ့ဆို စေ◌ျးက fair ဖြစ်လွန်းတာပါ။

MG Showroom က အခု Covid ကာလ စေ◌ျးလျော့ချပေးထားတဲ့ လက်ရှိတန်ဖိုးမှာက fair ဖြစ်လွန်းတယ်။ ဘယ် customer မဆို ပေးလိုက်ရတဲ့ ပိုက်ဆံထက် ပိုလိုချင်ကြတဲ့သူတွေချည်းပဲဆိုတော့ ကျနော်အနေနဲ့လည်း ကိုယ်သုံးလိုက်တဲ့ပိုက်ဆံနဲ့ တန်နေတာမျိုးကိုပဲတောင့်တမိပါတယ်။

အားသာချက်နောက်တချက်က design ပိုင်း။ သူ့ပုံစံက မြင်တဲ့သူတိုင်း နှစ်လိုဖွယ်ရာပုံစံ စတိုင်မျိုးမှာရှိနေတာကို အားလုံးလည်းတွေ့ကြရမှာပါ။

အကောင်းဆုံးအချက်ကတော့ မောင်းရတာ smooth ဖြစ်တာပါပဲ။ high way မောင်းမကြည့်ရသေးပေမဲ့ မြို့ထဲပတ်လည် မောင်းနှင်မှုအပိုင်းမှာတော့ တော်တော်လေးကို ချောချောမွေ့မွေ့ရှိပါတယ်။

ဆိုတော့ ဒီ MG ZS 2020 ကလေးဟာ safety ပိုင်းကောင်းကောင်း၊ သင့်တင့်တဲ့ ဈေးနှုန်း၊ သင့်တင့်တဲ့ SUV style Crossover SUV စီးချင်တဲ့သူတွေအတွက် Design လှလှလေးနဲ့ရနိုင်တာမို့လို့ choice list ထဲမှာ ထည့်ထားသင့်တဲ့ ကားတစီးပါလို့သုံးသပ်ရင်း ဒီ review လေးကို အဆုံးသတ်ချင်ပါတယ်။

MG Showroom တွေကတော့ YGN Main Showroom ကိုတော့ မကြာခင်လပိုင်းအတွင်းမှာ ရန်ကုန်မြို့ ဆရာစံလမ်းမမှာ ဖွင့်မှဦ ဖြစ်ပြီးတော့ မန်းလေးမှာ ဆိုရင်နတာ့၃၅ လမ်းမ ၊ ၅၈x၅၉ ကြားမှဦ ဖွင့်လှစ်ထားပြီးဖြစ်တယ်။
After Sales Service Center လည်း အဆင်သင့်ပဲ။

MG ZS ရဲ့ဈေးနှုန်းက 315 သိန်းဖြစ်ပါတယ်။ After Sales Service Warranty က3 Years / 100,000 km ပါ။

စုံစမ်းမေးမြန်းဝယ်ယူချင်တယ်ဆိုရင်တော့ MG Myanmar ရဲ့ Hotline No: ဖြစ်တဲ့ SALES Hot Line : + 95 (9) 753 347 855 , + 95 (9) 752 955 710 ကိုဆက်သွယ်လိုက်ရုံပါပဲ။

Author