Mercedes ကားတွေထဲမှ ကမ္ဘာ့ဈေးအကြီးဆုံး ကား ၁ဝ စီး

0

Full article

ဒေါ်လာတစ်သန်းဟာ ကားတစ်စီးဝယ်စီးဖို့အတွက် ဈေးသိပ်များလွန်းလှပါတယ်။ ဒါပေမယ့် ဒေါ်လာတစ်သန်းထက်ပိုတဲ့ ဈေးမြောက်တဲ့ကားတွေဟာလည်း သူတို့ရဲ့ သိပ်ကိုအားကောင်းလှတဲ့ အင်ဂျင်တွေ၊ ဈေးကြီးလှတဲ့ ကားပစ္စည်းတွေ၊ သမိုင်းကြောင်းလှခဲ့တာတွေနဲ့ အထင်ကြီးစရာကောင်းလှတဲ့ စွမ်းဆောင်ရည်တွေကြောင့် နှစ်ခြိုက်မြတ်နိုးစွာ ဝယ်ယူသိမ်းဆည်းထားခံရတတ်ကြပါတယ်။ ဒီလိုကားမျိုးတွေကို ဘယ်လိုလူတွေဝယ်စီးနေကြလဲလို့လဲ မေးစရာရှိပါတယ်။ ကားတွေကို နှစ်သက်စွဲလမ်းရူးသွပ်သူတွေက တစ်စီးခြင်းစီ ဖြည်းဖြည်းချင်း စုဆောင်း တတ်ကြပါတယ်။ အချို့ကားတွေကလည်း Limited Edition ဆိုပြီး အစီးရေ အကန့်အသတ်နဲ့ ထုတ်ကြပါတယ်။

ယခုပြောပြမယ့် အကြောင်းလေးတွေကတော့ ကမ္ဘာ့အကောင်းဆုံး ကားထုတ်လုပ်တဲ့ ကုမ္မဏီတွေထဲက တစ်ခုဖြစ်တဲ့ Mercedes ကားကုမ္မဏီရဲ့ ဈေးအကြီးဆုံး ကားတွေအကြောင်းကို ဖော်ပြပေးမှာပါ။ Mercedes ကားတွေဟာ ပုံမှန်အားဖြင့် ဆိုရင်တောင် တန်ဖိုးမြင့် ဇိမ်ခံကားအဖြစ် ထုတ်လုပ်ကြပြီး အထက်တန်းလွှာတွေကြား ရေပန်းစားတဲ့ နာမည်ကြီး တံဆိပ်တစ်ခုပါပဲ။ Mercedes ကားတွေကို ဝယ်ယူမယ်ဆိုရင်တော့ အားနည်းချက်ကို ရှာဖွေမယ့်အစား အားသာချက်တွေကိုသာ ထည့်စဉ်းစားပြီး ဝယ်စီးကြရတဲ့အထိ အပြစ်ပြောစရာသိပ်မရှိတဲ့ ဇိမ်ခံကားတွေပါပဲ။

Mecedes-Benz သည် ဂျာမနီမှ Karl Benz က ၁၉၂၆ ခုနှစ်မှာ စတင်တည်ထောင်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကားတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္မဏီလည်းတာကြောင့် အောက်မှာဖော်ပြပေးထားတဲ့ ကားဆယ်စီးစာရင်းတွင်လည်း Mecedes မှ ထုတ်ခဲ့ဖူးတဲ့ ကားတွေထဲမှ ဈေးအကြီးဆုံးမဟုတ်ပဲ ကမ္ဘာပေါ်ရှိဈေးအကြီးဆုံး ကားတွေပါ ပါဝင်ပါတယ်။

၁ဝ. SLR McLaren SLR FAB Design Desire (ဒေါ်လာ ၁.၄၃ မီလီယံ)

၂ဝဝ၉ ခုနှစ်ထုတ် Mercedes-Benz SLR McLaren FAB Design Desire ကားဟာ ဘာကြောင့် ဒီစာရင်းထဲပါလာရလဲဆိုတော့ သူ့ရဲ့ သိပ်ကို အထင်ကြီးစရာကောင်းလှတဲ့ စွမ်းဆောင်ရည် နဲ့ အင်ဂျင်ကြောင့်ပါ။ 5.4 litre V8 အင်ဂျင် မြင်းကောင်ရေ ၇၅ဝအားနဲ့ အင်ဂျင်ပါဝါရှိပြီး အမြန်ဆုံးအနေနဲ့ တစ်နာရီကို ကီလိုမီတာ ၃၁ဝ နှုန်းသွားနိုင်တယ်လို့ မှတ်တမ်းဝင်ဖူးပါတယ်။

၉. SLR McLaren Mansory Renovatio (ဒေါ်လာ ၁.၅ မီလီယံ)

၂ဝဝ၈ ခုနှစ်ထုတ် SLR McLaren Mansory Renovatio ဟာဈေးအကြီးဆုံး နံပါတ် ၉ နေရာကရပ်တည်လျက်ရှိပါတယ်။ သူက ၂ဝဝ၉ ခုနှစ်ထုတဲ့် အပေါ်မှာဖော်ပြပေးခဲတဲ့ 2009 SLR FAB Design Desire ထက်တောင် ဈေးကြီးပါသေးတယ်။ တစ်နာရီကို ကီလိုမီတာ ၃၄ဝ လောက်ပြေးနိုင်ပြီး အင်ဂျင် ပါဝါကလည်း 5.5 liter V8 အင်ဂျင်ဖြစ်တာကြောင့် ပိုမိုကြီးမားလှပါတယ်။

၈. Concept S-Class Coupe (ဒေါ်လာ ၂ မီလီယံ)

၂ဝ၁၃ ထုတ် Mercedes တွေဟာ သူ့ရဲ့ သိပ်ကို အထင်ကြီးစရာကောင်းတဲ့ ကား concept တွေကြောင့် အမြန်ဆုံး အရှိန်အနေနဲ့ တစ်နာရီကို မိုင် ၃ဝဝ နှုန်း နဲ့ မြင်ကောင်ရေ ၄၅၅ ကောင်အား 4.7 liter V8 အင်ဂျင် နဲ့လာပြီး ဒေါ်လာ ၂ မီလီယံ တန်ဖိုးရှိတာကြောင့် ဈေးကွက်တောင်းဆိုမှုနည်းပေမယ့် ကုန်ကျစာရိတ်မြင့်မားတဲ့ ကားတစ်စီးအဖြစ် နံပါတ် ၈ နေရာမှာပါလာပါတယ်။

၇. Vision SLR Concept (ဒေါ်လာ ၂ မီလီယံ)

၁၉၉၉ ခုနှစ်ထုတ် Merceds Vision SLR Concept ကားတွေဟာ S-Class ကားတွေလိုပဲ ဈေးကွက်ထဲသို့ အရောင်းသွက်စေရန် ထိုးဖောက်ဝင်ရောက်ခြင်းမရှိပဲ ကုန်ကျစာရိတ် ၂ မီလီယံအကုန်ခံပြီး အယူအဆတစ်ခုကိုသာ ချပြချင်လို့ထုတ်လုပ်ခဲ့တဲ့ ကားပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်ဖော်ပြချက်တွေကတော့ သိပ်ကို အထင်ကြီးစရာတော့မရှိပါဘူး။ အင်ဂျင်ပါဝါအနေနဲ့ 5.5 liter V8 အင်ဂျင် အသုံးပြုထားပြီး တစ်နာရီကို ၃၂ဝ ကီလိုမီတာ ပြေးပါတယ်။

၆. CLK GTR AMG Coupe (ဒေါ်လာ ၃ မီလီယံ)

၁၉၉၈ ခုနှစ်ထုတ် Mercedes-Benz CLK GTR AMG တွေဟာ တစ်နာရီကို ၃၃၅ ကီလိုမီတာ ပြေးနိုင်တဲ့ 7.3 litre V12 အင်ဂျင်ကို အသုံးပြုထားပြီး တစ်နာရီကို ၃၃၅ ကီလိုမီတာ ပြေးနိုင်ကာ စထွက်တဲ့အချိန်မှ ၃.၄ စက္ကန့်အတွင်း တစ်နာရီကို ကီလို ၁ဝဝ နှုန်း ပြေးပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ မြင်းကောင်ရေ ၆၆၃ အားရပါတယ်။ သိပ်ကို အထင်ကြီးစရာကောင်းတဲ့ ဖော်ပြချက်များနှင့် ဈေးအကြီးဆုံး ၃ မီလီယံ အဖြစ်ဝင်ရောက်ဖို့ ထိုက်တန်ပါတယ်။

၅. CLK GTR AMG Super sport (ဒေါ်လာ ၃.၃ မီလီယံ)

CLK GTR AMG ကားတွေလိုပဲ ၂ဝဝ၂ ခုနှစ် 2002 Mercedes-Benz CLK GTR AMG Super Sport ကားတွေဟာ 7.3 litre V12 အင်ဂျင်ကို ပြန်လည် အသုံးပြုထားပြီး တစ်နာရီကို ၃၄၆ ကီလိုပြေးတာကြောင့် CLK GTR AMG ကားတွေထက်ပိုမြန်ပါတယ်။ ဒီဇိုင်းအနေနဲ့လည်း သိပ်ကို လှပပြီး ထူးခြားလှပါတယ်။ မြင်းကောင်ရေအား ၇၂ဝ အား ပြေးတာကြောင့် အမြန်နှုန်းအနေနဲ့ သိပ်ကို အားရစရာပါပဲ။

  1. CLK GTR AMG Roadster (ဒေါ်လာ ၃.၅ မီလီယံ)

၂ဝဝ၂ ခုနှစ်ထုတ် CLK GTR AMG roadster တွေဟာ ထိပ်တန်း ၅ကား စာရင်းမှာ ပါဝင်ခဲ့တာ သိပ်တော့ မထူးဆန်းလှပါဘူး။ သူဟာ တန်ဖိုးကြီး ဇိမ်ခံကား ဖြစ်တဲ့အပြင် ခရီးဝေးသွားတဲ့အခါလည်း သင့်တော်လှပါတယ်။ သူ့ရဲ့ အထင်ကြီးစရာ 6.9 litre V12 အင်ဂျင် ပါရှိတာကြောင့် အမြင့်ဆုံး အရှိန်အဖြစ် တစ်နာရီကို ၃၂ဝ ကီလိုမီတာ ရောက်နိုင်ပါတယ်။

၃. C112 Mercedes Benz Concept (ဒေါ်လာ ၄ မီလီယံ)

၁၉၉၁ ခုနှစ်ထုတ် Mercedes Benz တွေဟာ အိုဟောင်းနေပေမယ့် စွမ်းအားမြင့် Mercedes concept car အဖြစ် ယနေ့ထက်တိုင် ရေပန်းစားလျက်ရှိပြီး ဒေါ်လာ လေး မီလီယံတန်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ C112 ဟာ 6 liter V12 အင်ဂျင်အမျိုးအစားကို အသုံးပြုထားပြီး စထွက်ချိန်မှ ၄.၉ စက္ကန့်အတွင်း ၁ဝဝ ကီလိုမီတာ နှုန်းမောင်းနှင်နိုင်တာကြောင့် ၁၉၉၁ ခုနှစ်ထုတ် ကားဟာ ယနေ့ထက်တိုင် အဟောင်းနွမ်းနိုင်ပဲ တန်ဖိုးကြီးစွမ်းအားမြင့်ကားအဖြစ်ရပ်တည်နေပါတယ်။

၂. SLR McLaren Red Gold Dream (ဒေါ်လာ ၁ဝ မီလီယံ)

၂ဝ၁၁ ခုနှစ်ထုတ် Mercedes Benz Red Gold Dream ရဲ့တန်ဖိုးဟာ ပါးစပ်အဟောင်းသားဖြစ်သွားလောက်အောင်ထိ ရိုက်ခတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သင်ပိုင်ဆိုင်ချင်တဲ့ ကားတစ်စီးအနေနဲ့ တောင့်တထားသမျှ ပြီးပြည့်စုံစွာ ပိုင်ဆိုင်စေမယ့် သင့်အိမ်မက်ထဲက ကားလိုပါပဲ မြင်းကောင်ရေ ၉၉၉ ကောင်အားရှိပြီး အတွင်းခန်းကိုလည်း ရွှေဘောင်ကွပ်အလှဆင်ထားတာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ အင်ဂျင် အနေနဲ့ 5.4 litre V8 အင်ဂျင်ကိုအသုံးပြုထားတာကြောင့် စထွက်ချိန်မှ ၃စက္ကန့်အတွင်း ၁ဝဝ ကီလိုမီတာရောက်ရှိနိုင်ပါတယ်။ သင့်အိပ်မက်ထဲက ကားအဖြစ် လိုက်ရှာချင်တယ်ဆိုရင်တော့ SLR McLaren Red Gold Dream ထက်ပိုမိုပြီးပြည့်စုံတဲ့ကားမျိုးကို မတွေ့နိုင်ပါဘူး။

၁. 1954 Mercedes Formula 1 race car (ဒေါ်လာ ၂၉.၆ မီလီယံ)

ကားဆယ်စီးထဲမှာ နံပါတ်တစ်အဖြစ်ချိတ်တာဟာ သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းကြောင်းကြောင့်ပဲဖြစ်ပါတယ်။ နာမည်ကြီး Formula 1 ပြိုင်ပွဲမှာ နာမည်ကျော် ပြိုင်ကားမောင်းသူ Juan Manuel Fangio မှရွေးချယ်ပြီး ပြိုင်ပွဲင်ခဲ့တဲ့ ကားဖြစ်ပြီး Formula 1 ပြိုင်ပွဲတွင်လည်း ထိုကားကိုမောင်းရင် သမိုင်းတစ်လျောက် အမြန်ဆုံး မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၉.၆ မီလီယံတန်ဖိုးဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းကြောင့်ဖြစ်တာကြောင့် ယနေ့ခေတ်ကားတွေနဲ့ယှဉ်ရင် သိပ်ပြီးစွမ်းဆောင်ရည်မရှိသော်လည်း တန်ဖိုးကတော့ မြင့်တက်ဆွဲပါ။

Author