Full article

Mercedes မှ E-Class များရဲ့ ဒီဇိုင်းများကို နောက်နှစ်ပေါင်းများစွာထိ မရိုးသွားအောင် အတွင်းရော အပြင်ပါ ပြောင်းလဲထားပေမယ့် ထုထည်ကြီးမားပြီး ခန့်ညားလှပမှုက ထုံးစံအတိုင်း ထုတ်လုပ်ထားတာကြောင့် မျက်နှာပန်းလှစေမှာဖြစ်ပါတယ်။

E-Class မျိုးဆက် တွေရဲ့ ထုံးစံအတိုင်း အရှေ့မီးသီး ပုံစံသစ်ဖြစ်တဲ့ မီးသီးနှစ်လုံးကို တစ်လုံးတည်းပုံစံဖြစ်အောင် ခေတ်မီလှပသေသပ်စွာ ဒီဇိုင်းဆင်ထားပြီး Sport type ပုံစံ ခေါင်း နှင့် အရှေ့ Shell မှာ Mercedes ရဲ့ တံဆိပ်ဖြစ်တဲ့ သုံးမြှောင့်ပုံလေးကို မြှပ်ထားပါတယ်။ ဘေးဘက်ကကြည့်ရင်တော့်နဂိုထွက်ရှိဖူးထားပြီးသား ပုံအတိုင်းပဲ ရှိနေပြီး အနောက်ဘက်ပိုင်းမှာတော့ LED နောက်မီးသီးများနှင့် အနည်းငယ်အပြောင်းအလဲလေးပြုလုပ်ထားတဲ့ သေသပ်လှပတဲ့ နောက်ဖုံးနဲ့ ထုတ်လုပ်ထားပါတယ်။ ဒီဇိုင်းအားလုံးကို ခြုံကြည့်လိုက်ရင်တော့ E-Class တွေဟာ Mercedes ရဲ့ နောက်ထွက်မျိုးဆက် အဖွဲဝင်ဖြစ်တဲ့ A-Class နဲ့ CLA တို့နဲ့ ခပ်ဆင်ဆင်တူနေပါတယ်။

အတွင်းခန်းရဲ့ ဒီဇိုင်းကတော့ ကြီးကြီးမားမားပြောင်းလဲမှုမရှိပဲ သေချာ ဂရုတစ်စိုက်ကြည့်ရှုမှသာ centre console ရဲ့ analog နာရီ ရယ် three circular pods housing, tacho နဲ့ ဆီတိုင်းမီတာခွက်တွေရဲ့ ဒီဇိုင်းဟာ အနည်းငယ်ပြောင်းလဲနေမှာဖြစ်ပါတယ်။

အတွင်းပိုင်း အခင်းအကျင်းတွေကိုတော့ အနက်ရောင် သားရေ နဲ့ ပြုလုပ်ထားပြီး အညိုနုရောင်ကိုနှစ်သက်ပါက ရွေးချယ်နိုင်ပြီး သစ်သား နှင့်သော်လည်းကောင်း အလူမီနီယံ နှင့်သော်လည်းကောင်း ရွေးချယ်နိုင်ပါတယ်။ အတွင်းခန်း အပြင်အဆင်အားလုံးကို ခြုံကြည့်လျှင် အရှေ့ဘက်က ပိုမို နေရာကျယ်ပြန့်ပြီး နောက်ဘက် ထိုင်ခုံတွေကတော့ လူကြီးသုံးယောက်ကောင်းကောင်းထိုင်နိုင်ပါတယ်။

တာဘို အင်ဂျင် ၂.ဝ လီတာ မော်တာနှင့်ဖြစ်လို့ မြင်းကောင်ရေအား ၁၈၁ ပြေးပြီး 300Nm torque ဖြစ်ကာ နောက်ဘီးရပ်အမျိုးအစားဖြစ်ပြီး 7-speed dual-clutch အော်တိုဂီယာကိုတပ်ဆင်ထားပါတယ်။ Eco mode အနေနဲ့ 7-speed ဂီယာဟာ အင်ဂျင်ဂီယာကို အမြင့်ဆုံးမြှင့်တင်ပေးပြီး စွမ်းဆောင်ရည်အားမြင့်မားအောင် ဘီးလှည့်ပတ်ရေ အနိမ့်ဆုံးအနေအထားဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။ အကယ်၍ သင့်အနေနဲ့ ပြိုင်ကားတစ်စီးလို အရှိန်မြှင့်ချင်ရင်တော့ Sport mode ကိုရွေးချယ်ပြီး ဂီယာမချိန်းမီအထိ auto box က ဂီယာကို ချုပ်ကိုင်ထားမှာဖြစ်ပါတယ်။ ခရီးတိုအနေနဲ့ တစ်နာရီကို 0-100 မီတာမှာဆိုရင်တော့ E200 ဟာ လိုင်းကိုကျော်ဖို့ 9.2 seconds ပဲကြာမှာပါ။

ကားရဲ့ ထုထည်ကို ခန့်မှန်းကြည့်ရုံနဲ့တင် E-Class ဟာ ခရီးဝေးလမ်းပေါ်မှာ တစ်နာရီ မိုင် ၁ဝဝ နဲ့အထက် မောင်းမယ်ဆိုရင်တောင် ကျွနု်ပ်တို့ရဲ့ စမ်းသပ်ချက်အရ တစ်နာရီကို ၂၂၃ ကီလိုမောင်းရင်တောင်မှ လိုက်ပါစီးနင်းသူတွေအတွက် ညိမ့်ညောင်းပြီး ဇိမ်ရှိရှိထိုင်စီးစေရမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပဲ နေ့စဉ် မြို့တွင်းမှာ မောင်းနင်ရင်တောင်မှ မညီညာတဲ့ လမ်းတွေပေါ်မှာပါ ခရီးသည်တွေအတွက် သက်တောင့်သက်သာစီးနင်းလိုက်ပါနိုင်အောင် ထုတ်လုပ်ထားပါတယ်။

E-Class အသစ်တွေမှာ သေးသွယ်တဲ့ Three-Spoke စတီယာရင်ပါဝင်တာကြောင့် မောင်းနှင်တဲ့အခါ ပေါ့ပါးပြီး တုံ့ပြန်မှုအားကောင်းမွန်လှပါတယ်။

E-Class ရဲ့ အစိတ်အပိုင်းတော်တော်များများဟာ သိပ်ကို အထင်ကြီးစရာကောင်းပေမယ့် တစ်ချို့အရာလေးတွေကတော့ ပြောစရာဖြစ်နေပါသေးတယ်။ ဥပမာ idle အပြင်ဘက်မှာရှိတဲ့ ဆူညံတဲ့ အင်ဂျင်နဲ့ နောက်ကြည့်ကင်မရာ နဲ့ Graphical park-assist ဟာ standard feature ဖြစ်မနေတာပါပဲ။

E-Class ကိုရက်အနည်းငယ်လောက်မောင်းနှင်ပြီးတဲ့အခါမှာတော့ အတော်သဘောကျဖို့ကောင်းပြီး ကားဒီဇိုင်းကလည်း Sport type ပုံစံဖြစ်နေပါတယ်။ ဆီစားနှုန်း အနေနဲ့ E200 ဟာ မြို့ထဲမှာဆိုရင်တော့ 7.1 kpl နှင့် ဟိုင်းဝေးလမ်းမှာဆိုရင်တော့ 10kpl ဖြစ်ပါတယ်။

သုံးသပ်ချက်

ခေတ်မီဆန်းသစ်တဲ့ပုံနဲ့ ဆီစားနှုန်း သက်သာပြီး လုံခြုံရေးစနစ်တွေအပြည့်အဝ ပါရှိပြီး E200 ဟာ သင့်ကို ဘဝင်ကျ သွားစေမယ့် ကားအမျိုးအစားတစ်ခုပါပဲ။

Author