Full article

နည်းပညာ

C-Class ကားတွေရဲ့ ပါဝင်ပစ္စည်းတွေဟာ Mercedes-Benz ရဲ့ အကောင်းဆုံးနဲ့ အထင်ရှားဆုံး Model Series ဖြစ်တဲ့ S-Class မှာတပ်ဆင်ထားသော automatic safety braking နဲ့ လျှပ်စစ်တံခါးပေါက်ခလုတ်တွေအတိုင်း အသုံးပြုထားကြောင့် အဆင့်တန်းမြင့်မားမှုကို ခံစားရမှာပါ။ ဘေးကင်းလုံခြုံမှုအတွက် ပါဝင်ပစ္စည်းတွေစုံလင်တဲ့အပြင် မျိုးဆက် အသစ်ရဲ့ အကျိုးကျေးဇူးများဖြစ်တဲ့ အင်ဂျင် Stop-Start နဲ့ turbo charger တွေလည်း ပါဝင်ပါသေးတယ်။

C-200 ရဲ့ လုပ်ဆောင်ရည်ဟာ C-250 နဲ့ အနီးစပ်ဆုံးတူညီပေမယ့် C-200 က ဆီစားနှုန်းပိုမိုသက်သာပါတယ်။ seven – speed automatic gearbox နှင့်အတူ ရှေးရိုးဆန်ဆန် နောက်ယက်ဘီးများကိုလည်း အသုံးပြုထားပါတယ်။

ကိုယ်ထည်တစ်ဝက်နီးပါးဟာ အလူမီနီယံတွေကို အသုံးပြုထားပြီး ပိုမိုကြီးမားကျယ်ပြန့်ကာ ဒီဇယ်အင်ဂျင်မှာဆိုရင် ဟိုက်ဘရစ် ဒီဇယ် အင်ဂျင်ကိုအသုံးပြုထားပြီး အင်ဂျင်ပါဝါ ၄.ဝ ဖြစ်ပါတယ်။

ဒီဇိုင်း

ကိုယ်ထည်အနေနဲ့ Benz ရဲ့ နောက်ဆုံးပေါ် စတိုင်အတိုင်းပဲ ဖော်ဆောင်ထားတဲ့အပြင် အတွင်းခန်း အပြင်အဆင်တွေကလည်း ပိုမို ဆန်းသစ်လှပလာပါတယ်။ ၇ လက်မ မှ ၈.၄ လက်မအထိ ကျယ်ပြန့်တဲ့ infotainment အဆင့်သို့မြှင့်တင်ပေးထားတဲ့ မျက်နှာပြင်ပါရှိပြီး ရှေးမူမပျက် ဒိုင်ခွက်များလည်းပါဝင်ကာ Head-up display သို့ပြောင်းလဲလိုလျှင်လည်းပြောင်းလဲနိုင်ပါတယ်။ Paddle-shifter တွေဟာလည်း စံပုံစံအတိုင်းပဲ ထားရှိထားပါတယ်။

အနုစိတ်လက်ရာတွေအနေနဲ့ အတွင်းခန်း အလင်း အမှောင် အရောင်တွေကို ရွေးချယ်နိုင်ပြီး ကိုယ်ထည်အနေနဲ့ ပိုမို ကြီးမား ကျယ်ပြန့်တာကြောင့် အတွင်းခန်းလည်း ပိုမို ကျယ်ပြန့်လာကာ အထူးသဖြင့် C-Class တွေရဲ့ အနောက်ဘက်က ပိုမို ထောင်ပြီး မတ်စောက်ပါတယ်။ နောက်ဖုံး ပစ္စည်းထည့်တဲ့နေရာဟာလည်း ပိုမို ကျယ်ပြန့်လာပြီး ပစ္စည်းများထည့်သွင်းရာတွင် 480L အထိ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်။

ဘေးကင်းလုံခြုံမှု

ANCAP မှ C-Class ကားတွေကို ဘေးကင်းလုံခြုံမှုအတွက် ကြယ်ငါးပွင့်အဆင့် ချီးမြှင့်ပေးထားတာကြောင့် ကိုယ်ထည်တည်ဆောက်ပုံ အခြေခံမှစတင်ပြီး လေအိတ်ကိုးလုံးပါသည်အထိ ဂရုစိုက်ပေးထားပါတယ်။ အရေးပေါ် ဘရိတ်အုပ်ရန် ကနဦးအချက်ပြပေးသော ဆူညံတဲ့ အချက်ပေး အသံစနစ် Automatic Emergency Braking ပါဝင်တဲ့ ဂီယာအပိုလည်းပါဝင်ပါသေးတယ်။

မောင်းနှင်မှု

Melbourne Central မှ ထွက်လာပြီး C200 ထဲကိုဝင်တော့ ရေခဲတွေဖုံးပြီး အရမ်းကို အေးနေတဲ့အချိန်မို့ လမ်းလျှောက်ရင်တောင် ရေခဲတွေကြားမှာ အသံတွေနဲ့ ဆူညံနေတဲ့အချိန်ပါ။ ဒါပေမယ့် ကားထဲမှာတော့ တည်ငြိမ်အေးဆေးပြီး အထိအတွေ့နဲ့တင် နူးညံ့ညင်သာမှုကို ခံစားရပါတယ်။ ငြိမ့်ညောင်းပြီး စနစ်တကျ ထုတ်လုပ်ပေးထားတဲ့ ထိုင်ခုံတွေနဲ့ ပြိုင်ဘီး စတိုင် ဘီးတွေနဲ့ လမ်းပေါ်မှ ချိုင့်တွေ မညီညာခြင်းတွေကို ငြိမ့်ညောင်းစွာ ဖြတ်သန်းသွားနိုင်တဲ့ ကားအောက်ပိုင်းကိုယ်ထည်ရဲ့ ကျေးဇူးကြောင့် ၁ဝ ကီလို လောက်မောင်းလိုက်တာနဲ့ နောက်ထပ် ၁ဝဝဝ ကီလိုလောက်ကို အသာလေး မမောပန်းပဲ မောင်နိုင်တယ်လို့တစ်ထစ်ချပြောနိုင်ပါတယ်။ ဒါ့အပြင် စက်သံကလည်း တည်ငြိမ်လှပါတယ်။

တစ်နာရီလောက်မောင်းပြီးတော့ ကျွန်တော်မကြိုက်တဲ့အချက်လေးတွေ့လာရပါတယ်။ အဲဒါကတော့ တစ်ခြား ကားမောင်းသူတွေဟာ ကျွန်တော်ကားမောင်းရင်း သာယာနေတာကို မနာလိုတဲ့ အကြည့်နဲ့ ကြည့်သွားကြတာပါပဲ။

C-200 မှာ ထပ်ပြီး အဆင့်မြှင့်ချင်ရင် မြှင့်လို့ရနိုင်သလို ထပ်ထည့်ချင်လည်း ထပ်ထည့်လို့ရအောင်ပြုလုပ်ပေးထားပြီး မျက်နှာပြင် အပြည့်ပေါ်တဲ့ infotainment screen နှင့် ကြည်လင်တဲ့ အသံစနစ်ကိုဟာလည်း နှစ်သက်စရာ အချက်တွေဖြစ်နေပါတယ်။

ကားဟာ bumps နဲ့ lumps တွေကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပြီး ကိုင်တွယ်မောင်းနှင်ရာတွင်လည်း သွက်လက်ပေါ့ပါးမှုကို ခံစားစေရကာ လိုက်ပါစီးနင်းသူတွေအနေနဲ့ freeway တွေမှာ တိတ်ဆိတ်ငြိမ်သက်စွာလိုက်ပါနိုင်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

နောက်ဆုံးထုတ်လုပ်လိုက်တဲ့ C-Class ကားတွေဟာ Landmark ကားတွေဖြစ်ပြီး Australia မှာတော့ ဈေးနှုန်းသင့်လျှော်တဲ့ ဇိမ်ခံကားအဖြစ် စာမျက်နှာသစ်ဖွင့်နိုင်ခဲ့ပါတယ်။

Author