Mitsubishi L 200 2019 Review (Local)

0

Full article

Mitsubishi L 200 2019 (Automatic Transmission)

အရိုင်းဆန်တဲ့ကားအရှေ့ပိုင်းအသွင်အပြင်ပြောင်းလဲမှုကတော့ Mitsubishi L 200 အသစ်ရဲ့ ထင်ရှားတဲ့အပြောင်းအလဲဖြစ်ပြီး အတွင်းခန်းကလည်း ပိုပြီးခေတ်မီလာတာတွေ့ရတယ်။ ပိုမိုတဲ့ safety ပိုင်းနည်းပညာတွေနဲ့အတူ တိုးတက်လာတဲ့မွမ်းမံမှုတွေကတော့ စွမ်းဆောင်ရည်ကောင်းမွန်ပြီး အကြမ်းခံပြီးသား L 200 ကို မော်ဒယ်ဟောင်းတွေအားလုံးထက် ပိုကောင်းတဲ့ off-road တစ်စီးဖြစ်လာစေပါတယ်။

ဈေးနှုန်း : $39,900 (ကားတန်ဖိုးသီးသန့်)

အားသာချက်

  • တင်ဆောင်တဲ့အလေးချိန်များလာလေ ပိုပြီးငြိမ်လာမယ့် တည်ဆောက်မှုရှိခြင်း
  • ခေတ်မီနည်းပညာအချို့တပ်ဆင်ပေးထားခြင်း
  • Paddle Shifters ပါဝင်တဲ့အတွက် တောင်တက်တောင်ဆင်းလမ်းတွေမှာ အထူးအကူအညီဖြစ်စေခြင်း

အားနည်းချက်

  • တင်ဆောင်တဲ့အလေးချိန်နည်းပါက အနည်းငယ်ခုန်ခြင်း
  • အရှေ့ပိုင်းပုံစံပြောင်းလဲထားသော်လည်း ခြုံကြည့်ပါက ရိုးစင်းလွန်းခြင်း
  • 5-speed automatic transmission သာတပ်ဆင်ပေးထားခြင်း

သုံးသပ်ချက်

Mitsubishi L 200 2018 (Manual Transmission)

Mitsubishi ကထုတ်တဲ့ကားတွေဟာ ပုံစံအားဖြင့် ဆန်းသစ်လွန်းလှတယ်ဆိုတာရှားပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ မြင့်မားတယ်။ နောက်တစ်ခုက မာတယ်၊ အကြမ်းခံတယ်။ အခုသုံးသပ်တင်ပြပေးမယ့် Mitsubishi L 200 ကတော့ 2019 ထုတ် automatic transmission နဲ့ L 200 ဖြစ်ပါတယ်။ ဇိမ်ကျကျစီးနင်းဖို့ထက်စာရင် off-road တွေမှာ မောင်းနှင်ဖို့ အလေးပေးတည်ဆောက်ထားတဲ့ ကားတစ်စီးဖြစ်တာနဲ့အညီ နည်းပညာပိုင်းပစ္စည်းပစ္စယတွေက အစုံအလင်ကြီးမဟုတ်တောင်မှ ခေတ်မီကားတစ်စီးလို့ ဆိုလို့ရတယ်။ ဈေးနှုန်းက ကားတန်ဖိုးသီးသန့် $39,900 ဆိုတော့ အကြမ်းခံပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ကားသစ်တစ်စီးအတွက် လက်ရှိဈေးကွက်အခြေအနေအရ သိပ်မများလှတဲ့ဈေးနှုန်းလို့ဆိုနိုင်ပါတယ်။


ဒါကိုမှများသေးတယ်ဆိုရင် စွမ်းဆောင်ရည်နဲ့ အကြမ်းခံနိုင်စွမ်းရည်တူညီပြီး $10,000 ပိုပြီးသက်သာနိုင်တဲ့ model တစ်ခုရှိပါသေးတယ်။ သူကတော့ manual transmission နဲ့ 2018 ထုတ် Mitsubishi L 200 ပါ။ ဒီ manual L 200 ကတော့ အဆင့်မြင့်နည်းပညာပိုင်းတပ်ဆင်မှု အားနည်းတယ်။ ပြောရမယ်ဆိုရင် trim ပိုင်းအရ လုံးဝအခြေခံအဆင့်ပါပဲ။ အင်ဂျင်ပိုင်းရဲ့ စွမ်းဆောင်ရည်၊ Suspensions ပိုင်းရဲ့ အကြမ်းခံမှု၊ ကိုယ်ထည်ရဲ့မာကျောမှု စတဲ့အပိုင်းတွေမှာ Mitsubishi L 200 2019 (automatic transmission) နဲ့ Mitsubishi L 200 2018 (manual transmission) တို့ဟာအတူတူဖြစ်ပြီး $29,900 နဲ့ရောင်းချနေတဲ့ L 200 2018 (manual) ကတော့ push start တို့၊ Infotainment screen တို့၊ Digital air conditioning တို့ပါဝင်မှာမဟုတ်ပါဘူး။ နှစ်မျိုးစလုံးကတော့ double cab တွေချည်းပါပဲ။

အတွင်းခန်း

Mitsubishi L 200 2019 (Automatic Transmission)


အတွင်းခန်းကိုကြည့်မယ်ဆိုရင်တော့ 2019 L 200 (automatic) နဲ့ 2018 L 200 (manual) တို့မှာ ကွာခြားချက်တွေအများကြီးပါပဲ။ ဥပမာအရဆိုရင် 2019 L 200 (automatic) မှာက push start နဲ့၊ Paddle shifters နဲ့၊ Infotainment display နဲ့၊ Digital air conditioning နဲ့၊ အလိုအလျောက်အတိုးအလျော့လုပ်ပေးနိုင်တဲ့ wipers နဲ့ auto dimming rear view mirror နဲ့ ဖြစ်ပေမယ့် 2018 L 200 (manual) မှာတော့ ဒါတွေရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အတွင်းခန်းသက်သက်ကိုပဲကြည့်ပြီးဝယ်ယူမယ်ဆိုရင်တော့ 2019 L 200 (automatic) ကိုသာ ဝယ်ယူသင့်တာမှန်ပေမယ့် အသုံးပြုဖို့အခြေအနေတွေ ကွဲပြားပါသေးတယ်။ ပြောချင်တာက ကားကို ကြမ်းကြမ်းတမ်းတမ်းအသုံးချတာများမယ်၊ မြို့တွင်းပတ်လည်မောင်းနှင်တာနည်းမယ့်သူမျိုးဆိုရင်တော့ ပိုမိုဈေးသက်သာတဲ့ 2018 manual ကိုဝယ်ယူသင့်ပြီး မြို့တွင်းပတ်လည်အမောင်းများမယ်၊ ကြမ်းကြမ်းတမ်းတမ်းအသုံးချစရာလည်းရှိတယ်ဆိုရင်တော့ အဆင့်မြင့်နည်းပညာပိုင်း ထိုက်သင့်သလောက်တပ်ဆင်ပေးထားတဲ့ 2019 automatic ကိုသာ ရွေးချယ်ဖို့ထောက်ခံချက်ပေးချင်ပါတယ်။ နှစ်မျိုးစလုံးမှာပါဝင်ပြီး ကြိုက်နှစ်သက်မိတာတစ်ခုကတော့ ထိုင်ခုံမှာတပ်ဆင်ပေးထားတဲ့ thigh support ပါ။ ခရီးဝေးသွားမယ့်သူတွေအတွက် အတော်လေးကို ကောင်းမွန်တဲ့ feature ဖြစ်ပါတယ်။

လက်တွေ့ဆိုရင်

Mitsubishi L 200 2018 (Manual Transmission)

Double caps တွေဖြစ်တယ်။ 4WD တွေဖြစ်တယ်။ ဇိမ်ခံမောင်းနှင်ဖို့အတွက်စာရင် လက်တွေ့အသုံးကျအောင် တည်ဆောက်ထားတဲ့ကားတွေဖြစ်တဲ့အတွက် လက်တွေ့အသုံးကျလှတယ်ဆိုတာကတော့ သိပ်အများကြီးပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ အရှေ့ခန်းနေရာ လုံလုံလောက်လောက်ကျယ်ဝန်းသလို အနောက်ခန်းတွေနေရာကလည်း လွတ်လွတ်လပ်လပ်ထိုင်နိုင်လောက်အောင် နေရာလွတ်တွေအများကြီးနဲ့ပါ။


2018 L 200 (manual) ရဲ့ အနောက်ခုံတန်းကတော့ ပုံမှန် သုံးခုံတန်းသာဖြစ်ပေမယ့် 2019 L 200 (automatic) မှာတော့ cup holder တပ်ဆင်ပေးထားတဲ့ လက်တင်တန်းကို သုံးခုံတန်းအလယ်နေရာမှာ ခေါက်ပြီး တပ်ဆင်ပေးထားပါတယ်။ နောက်ဆုံးထုတ်ကားတွေရဲ့ ပုံစံအတိုင်းပေါ့။
Trunk capacity က 1,835 kg ရှိပြီး အမြင့်ဆုံး ဝန်တင်နိုင်စွမ်းကတော့ 2,870 kg အထိဆိုပြီး Mitsubishi ကဆိုထားတာပါ။


Ground clearance  က 8-inch ဖြစ်ပြီး 4WD ဖြစ်တဲ့အတွက် တကယ်ကို off-road တွေမှာ အဆင်ပြေချောမွေ့နိုင်မယ့် L 200 တွေဖြစ်ပါတယ်။

မောင်းနှင်မှု

Mitsubishi L 200 2019 (Automatic Transmission)

L 200 တွေမှာ တပ်ဆင်ပေးထားတဲ့အင်ဂျင်ကတော့ 2.5-litre 16-valve DOHC Common Rail DI-D High Power အင်ဂျင်တွေပါ။ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ 175 (239)hp အထိရှိတာကြောင့် ရုန်းအားကောင်းမယ့်ကားလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ ဒီဇယ်အင်ဂျင်ဖြစ်တာကြောင့် ဓါတ်ဆီအင်ဂျင်သုံးကားတွေထက်စာရင် လုပ်ငန်းသုံးဖို့၊ ခရီးဝေးမောင်းဖို့ ပိုမိုသင့်လျော်ပါတယ်။ ဆီတိုင်ကီရဲ့ ဝန်ဆံ့မှုပမာဏ 75-litres ဟာလည်း off-road တွေနဲ့ ခရီးဝေးတွေမောင်းနှင်ဖို့ အထောက်အကူဖြစ်စေမှာပါ။


Transmission ပိုင်းအရတော့ 5 speed manual transmission ကိုပိုမိုနှစ်သက်ပြီး 5-speed automatic transmission ကိုတော့ နည်းနည်းလေး စောဒကတက်ချင်ပါတယ်။ 2019 ထုတ်ကားတစ်စီးအနေနဲ့ 6-speed လောက်ဖြစ်သင့်တယ်လို့ယူဆပါတယ်။ ဒါပေမယ့် L 200 (automatic) မှာက sport mode တွေဘာတွေပြောင်းပြီး မောင်းနှင်နိုင်စွမ်းရှိတာကတော့ သဘောကျစရာပါ။ မော်ဒယ်နှစ်မျိုးစလုံးကတော့ အမြင့်ဆုံးမြန်နှုန်းအနေနဲ့ 175kph အထိမောင်းနှင်လို့ရပါတယ်။
လမ်းကြမ်းမောင်းဖို့အတွက်ဆိုရင် 45° အစောင်းတွေမှာတောင်မောင်းနှင်နိုင်ပြီး ကားအရှေ့ပိုင်းမှာဆိုရင် 31° နဲ့ ကားအနောက်ပိုင်းမှာဆိုရင် 28° ကုန်းစောင်းတွေနဲ့ လွတ်ကင်းပါတယ်။ ဝမ်းဗိုက်ပိုင်းမှာတောင်မှ 26° အစောင်းအထိ လွတ်ကင်းတာကိုတွေ့ရတဲ့အတွက် လမ်းကြမ်းတွေမှာတောင်မှ အကြမ်းပတမ်း ပစ်မောင်းလိုက်လို့ရတဲ့ကားမျိုးပါ။

“ဝန်များများတင်ဆောင်ပြီး ကြမ်းကြမ်းတမ်းတမ်းအမောင်းခံတဲ့ကား၊ စွမ်းဆောင်ရည်ပိုင်းမြင့်တဲ့ကား၊ ဒါမျိုးလိုချင်တယ်ဆိုရင်တော့ Mitsubishi L 200 2019 (automatic) နဲ့ Mitsubishi L 200 2018 (manual) ဟာ ရွေးချယ်ဝယ်ယူရင် မှားယွင်းမှုမရှိနိုင်တဲ့ ကားအမျိုးအစားပါပဲ”
Mitsubishi L 200 2018 (Manual Transmission)

ပါဝင်တဲ့အချက်တွေ

Mitsubishi L 200 2019 (Automatic Transmission)

Mitsubishi L 200 2019 (automatic transmission)

Model

Drive system : 4WD
Price Class : GLS

Engine

Type : 2.5-litre 16-valve DOHC Common Rail DI-D High Power
Max output (EEC net) : 175(239)hp/ 4,000rpm
Max torque (EEC net) : 400(40.8)Nm/2,000rpm
Fuel Type : Diesel
Fuel System : Electronic Common Rail Direct Injection
Fuel Tank Capacity : 75-litres

Transmission

Type : 5-speed automatic with sports mode

Brakes

Front : 16-inch ventilated disc brakes
Rear : 11.6-inch leading and trailing drums

Performance

Max speed : 175kph
Min Turning Radius : 5.9 m

Dimensions & Weights

Overall length : 5,200 mm
Overall width : 1,815 mm
Overall height : 1,780 mm
Wheelbase : 3,000 mm
Min Ground Clearance : 8-inch

Tires and Wheel

Front and Rear : 265/80R17 alloy wheels

Suspensions

Front : Wishbone, coil springs
Rear : Elliptic Leaf, springs

Mitsubishi L 200 2018 (manual transmission)

Mitsubishi L 200 2018 (Manual Transmission)

Model

Drive system : 4WD
Price Class : GLX/GLS

Engine

Type : 2.5-litre 16-valve DOHC Common Rail DI-D High Power
Max output (EEC net) : 175(239)hp/ 4,000rpm
Max torque (EEC net) : 400(40.8)Nm/2,000rpm
Fuel Type : Diesel
Fuel System : Electronic Common Rail Direct Injection
Fuel Tank Capacity : 75-litre

Transmission

Type : 5-speed manual

Brakes

Front : 16-inch ventilated disc brakes
Rear : 11.6-inch leading and trailing drums

Performance

Max speed : 175kph
Min Turning Radius : 5.9 m

Dimensions & Weights

Overall length : 5,200 mm
Overall width : 1,815 mm
Overall height : 1,780 mm
Wheelbase : 3,000 mm
Min Ground Clearance : 8-inch

Tires and Wheel

Front and Rear : 265/65R17 steel wheels

Suspensions

Front : Wishbone, coil springs
Rear : Elliptic Leaf, springs

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Mitsubishi Motors Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

စာရေးသူ  : ဂျူနို
ဓါတ်ပုံ : Mitsubishi Motors Myanmar & ကောင်းတင့်

Author

Comments