New Range Rover Evoque Review (Local)

0

Full article

UK မှာထုတ်လုပ်ပြီး တိုက်ရိုက်တင်သွင်းတယ်။  စတိုင်ကျပြီး premium SUV ဖြစ်တယ်။ ပြောချင်တာက အရည်သွေးကောင်းသလောက် ဈေးနှုန်းလည်းမြင့်တယ်။ အတွင်းခန်းရဲ့အရည်အသွေးဟာ အကောင်းဆုံးထဲမှာပါဝင်ပြီး အဆင့်အမြင့်ဆုံးနည်းပညာတွေလည်း တပ်ဆင်နိုင်တယ်။ နောက်ဆုံးထုတ် Audi Q3 ၊ BMW X2 နဲ့ Volo XC40 တို့လိုမျိုး SUV တွေမှာသာ ဒီလိုမျိုးအတွင်းခန်းအရည်အသွေးနဲ့ အဆင့်မြင့်နည်းပညာမျိုးတွေ ရရှိနိုင်မှာပါ။

ဈေးနှုန်း

New Range Rover Evoque : $70,000 - $125,579

အားသာချက်

  • အတွင်ခန်း လွန်စွာအဆင့်မြင့်ခြင်း
  • လမ်းကြမ်းမောင်းနှင်ရန်အတွက်လည်း ကောင်းမွန်လှခြင်း
  • အနောက်ပစ္စည်းထားခန်း အရွယ်အစားကောင်းမွန်ခြင်း

အားနည်းချက်

  • ပုံစံအားဖြင့် ထူးထူးကဲကဲပြောင်းလဲမှုများစွာမရှိခြင်း
  • ပိုမိုဈေးသက်သာသော အခြားရွေးချယ်စရာများရှိခြင်း
  • ခေတ်ရှေ့ပြေးနည်းပညာများစွာပါဝင်သော်လည်း optional များဖြစ်နေခြင်း

သုံးသပ်ချက်

Range Rover ရဲ့ Evoque အသစ်ရဲ့အတွင်းခန်းဟာ နိုင်ငံတကာအဆင့် upmarket အဆင့်အတန်းနဲ့ထွက်ရှိလာတာပါ။ ပိုမိုတဲ့ လမ်းကြမ်းမောင်းစွမ်းဆောင်ရည်ကိုထည့်သွင်းပေးထားတယ်။ ဆန်းသစ်ပြီး ထူးခြားတဲ့ အဆင့်မြင့်နည်းပညာတွေကိုလည်း တပ်ဆင်ပေးထားပေမယ့် ဘယ်လိုပဲပြောပြော အများစုက optional ဖြစ်နေပါတယ်။

အပြင်ပိုင်းသက်သက်အရကြည့်မယ်ဆိုရင် Evoque အသစ်ဟာ အနာဂတ်ကားသဏ္ဌာန်ခေတ်ရှေ့ပြေးလှတယ်လို့တော့မဆိုနိုင်ပါဘူး။ Ranger Rover ကပဲထုတ်တဲ့ SUV အကြီးစား Velar နဲ့ဆိုရင် ညီအစ်ကိုလား ထင်မှတ်မှားရလောက်အောင်ပါ။ တစ်ခုရှိတာက Velar မှာတော့ အဆင့်သုံးဆင့်အနိမ့်အမြင့်ပြောင်းလဲနိုင်တဲ့ electric suspension ပါဝင်ပြီး Evoque မှာတော့ တပ်ဆင်ပေးထားခြင်းမရှိပါဘူး။ ဒီဇိုင်းပိုင်းအရ သိပ်အပြောင်းအလဲမရှိဘူးဆိုတာက ကိုယ်ထည်အချိုးပါ။ 3ᴿᴰ generation LED မီးလုံးတွေ၊ grille ဒီဇိုင်းနဲ့ bumper ဒီဇိုင်းတွေကတော့ အသစ်တွေဖြစ်ပါတယ်။ နောက်ထပ် ထူးထူးခြားခြားနှစ်သက်မိတာကတော့ Range Rover Evoque အသစ်ရဲ့ မြုပ်ဝင်နေတဲ့ Flush Door Handles တွေပါ။ Tesla Model S တံခါးလက်ကိုင်မျိုးနဲ့ နည်းနည်းဆင်ပါတယ်။ ဒီဇိုင်းပိုင်းအရ သစ်လွင်ရှင်းလင်းမှုကို ရရှိစေတဲ့အပြင် တော်ရုံတန်ရုံ ခြေဆော့လက်ဆော့လာမလုပ်နိုင်အောင် security ပိုင်းအရစိတ်ချရတယ်ဆိုပါတော့။

“ဝယ်ယူစီးနင်းသူတိုင်း လက်မထောင်ဝံ့ကြွားနိုင်တဲ့ small SUV တွေထဲမှာတော့ Range Rover ရဲ့ Evoque အသစ်ဟာ စတိုင်အကျဆုံးကားတစ်စီးဖြစ်တာသေချာတယ်။ ပိုသာတဲ့အချက်က တပ်ဆင်ပေးထားတဲ့ အထင်ကြီးစရာ ကားတွင်းနည်းပညာတွေရယ်ပါ။ ဒါပေမဲ့ ဝမ်းနည်းစရာတစ်ခုကတော့ အဲဒီ နည်းပညာတွေဟာ ဈေးအသက်သာဆုံး Evoque မှာ မရရှိနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် optional တန်ဆာပလာအပြည့်အစုံနဲ့ Evoque 2020 ကတော့ လက်ရှိအချိန်မှာ ပြီးပြည့်စုံမှုရှိတဲ့ compact SUV လို့ ရဲရဲကြီးပြောလို့ရပါတယ်။”

Trim ပိုင်းအနေနဲ့ကတော့ Evoque အသစ်မှာက အဓိက Standard နဲ့ R-Dynamic ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဲဒီကမှ Standard အတွက် S ၊ SE နဲ့ HSE ၊ R-Dynamic အတွက် Base ၊ S ၊ SE နဲ့ HSE ဆိုပြီး ထပ်ခွဲထားတာတွေ့ရပါတယ်။ Standard နဲ့ R-Dynamic မှာက အခြေခံရုပ်ထွက်ခြင်းတူပေမဲ့ တန်ဆာပလာပိုင်းတပ်ဆင်ပေးမှုကွဲပါတယ်။ Bonnet မှာတပ်ဆင်ပေးထားတဲ့ air vents ၊ sporty ပိုဆန်တဲ့ အလွိုင်း၊ bumper မှာတပ်ဆင်ပေးထားတဲ့ fog light ၊ သတ္တုဘောင်နဲ့ တန်ဆာဆင်ပေးထားတဲ့ exhaust ပေါက် နှစ်ပေါက် စတာတွေကတော့ R-Dynamic မှာမှ ရရှိနိုင်မည့်အရာတွေပါ။

“Standard နဲ့ R-Dynamic အလွန်မှာ ပြီးပြည့်စုံတဲ့ Evoque trim တစ်ခုကျန်နေပါသေးတယ်။ အဲဒါကတော့ First Edition ဖြစ်ပြီး trim level အားဖြင့်လည်း အကောင်းဆုံး ဈေးနှုန်းအားဖြင့်လည်း အမြင့်ဆုံးပါပဲ။ Range Rover Evoque First Editon ရဲ့တန်ဖိုးကတော့ $125,579 ဖြစ်ပါတယ်။”

အတွင်းခန်း

Evoque အသစ်ရဲ့ အတွင်းခန်းကို ဝင်ဝင်ခြင်း ခေါင်းထဲကိုရောက်လာတဲ့ စကားလုံးက digital ဆိုတာပါပဲ။ Driver display က 12.3-inch digital။ Dashboard မှာတပ်ဆင်ပေးထားတဲ့ infotainment display က 10-inch touchscreen။ Infotainment display အောက်က centre console ကလည်း 10-inch touchscreen။ ကားမှာတပ်ဆင်ပေးထားတဲ့ digital display သုံးခုစလုံးက resolution ကောင်းမွန်ပြီး အလယ်က touchscreen နှစ်ခုရဲ့ တုံ့ပြန်မှုကလည်း ကောင်းမွန်တာတွေ့ရတယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ Android Auto ရော Apple CarPlay အပြင် built-in ဂြိုဟ်တုလမ်းညွှန်ပါ ပါဝင်ပေမဲ့ မြန်မာနိုင်ငံမှာတော့ အသုံးပြုလို့မရဘူးလို့ဆိုပါတယ်။

ကျန်တဲ့အပိုင်းအတော်များများမှာ အသုံးပြုပေးထားတာက သားရေအကောင်းစားပါ။ ထိုင်ခုံအားလုံးက သားရေထိုင်ခုံတွေဖြစ်ပြီး လက်ကိုင်ခွေကလည်းသားရေပါပဲ။ တံခါးလက်တင်တွေတောင်မှ နူးညံ့တဲ့သားရေသားနဲ့ဆိုတော့ အထိအတွေ့ပိုင်းအရ သိပ်ကောင်းပါတယ်။ သားရေလက်ကိုင်ခွေမှာ တပ်ဆင်ပေးထားတဲ့ ဖုန်း၊ adaptive cruise control ၊ audio စတာတွေကိုထိန်းချုပ်နိုင်တဲ့ခလုတ်တွေကတောင်မှ အလန်းစားဖြစ်နေတာပါ။ ဒါ့အပြင် တန်ဖိုးကြီးကားတစ်စီးဖြစ်တာနဲ့အညီ အသုံးပြုပေးထားတဲ့ ပလတ်စတစ်သားတွေဟာလည်း နူးညံ့ပြီးကောင်းမွန်ပါတယ်။

ထူးထူးခြားခြားနှစ်သက်မိတဲ့နည်းပညာအသစ်နှစ်ခုကတော့ ClearSight Ground View နဲ့ ClearSight Rear View ပါ။ Ground View ကတော့ SUV ကားအမြင့်တွေမှာ တချို့တလေကြုံရတတ်တဲ့ ကိုယ့်ရဲ့ကားရှေ့ဘီးကို ကိုယ်မမှန်းဆနိုင်ခြင်းဆိုတဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးထားတာတွေ့ရပါတယ်။ သူက dashboard တွေ bonnet တွေကို ဖေါက်ပြီးမြင်ရသလိုမျိုး ကားအရှေ့ဘီးနှစ်လုံးမြင်ကွင်းကို infotainment display မှာလာပြမှာပါ။ နောက်တစ်ခုက ClearSight Rear View Mirror။ ဒီ feature ကိုပိုလို့တောင်မှ ကြိုက်ပါသေးတယ်။ သူကတော့ ကားခေါင်ပေါ်မှာ တပ်ဆင်ပေးထားတဲ့ shark fin  ထဲက ကင်မရာကတစ်ဆင့် ကားအတွင်းခန်းထဲက ပုံမှန်ပါနေကျအနောက်ကြည့်မှန်ကို display အဖြစ်ပြောင်းလိုက်ပြီး ကားအနောက်ဖက်မြင်ကွင်းကို ပြသပေးတာပါ။ ကားအတွင်းခန်းထဲက ဗဟိုအနောက်ကြည့်မှန်ဟာ မှန်အဖြစ်လည်းလုပ်ဆောင်နိုင်စွမ်းရှိသလို display အဖြစ်လည်း လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ 50° ထောင့်ကျယ်မြင်ကွင်းကိုမှ HD နဲ့ပြသပေးတာဖြစ်လို့ မြင်ကွင်းအားဖြင့် ကြည်တောက်နေတာတွေ့ရတယ်။ Display အနေနဲ့ တစ်ကွက်ထဲကွက်ပြီး ပြသတာမျိုးမဟုတ်။ မှန်တစ်ပြင်လုံး display အဖြစ်ပြောင်းလဲပြသတာပါ။ Boot မှာ ပစ္စည်းတွေနဲ့ပြည့်နေလို့ အနောက်ကြည့်မှန်ကို အသုံးမပြုနိုင်ချိန်မှာ အရမ်းအသုံးဝင်တဲ့ feature ဖြစ်ပါတယ်။ ကင်မရာက ခေါင်ပေါ်မှာဖြစ်တဲ့အတွက် ဘယ်လိုအချိန်မျိုးမှာမဆို ကင်မရာကနေတစ်ဆင့် အနောက်မြင်ကွင်းကိုကြည့်လို့ရတယ်။ တီထွင်မှုအားကောင်းတဲ့ တပ်ဆင်ပေးမှုလို့ ဆိုချင်ပါတယ်။ တစ်ခုရှိတာက အဲဒီ ground view က 360° ကင်မရာ feature ကိုငွေထပ်ပေးပြီး တပ်ဆင်မှသာ ပါဝင်မှာဖြစ်ပြီး rear view mirror ကလည်း optional ပါပဲ။ တပ်ဆင်ချင်တယ်ဆိုရင်ဖြင့် extra cost နဲ့ပါ။

Extra cost နဲ့ပတ်သက်ပြီး ဆက်ပြောရရင် တံခါးနဲ့နောက်ဖုံး မှန်ငါးချပ် မည်းဖို့ (privacy glass ဖြစ်ဖို့) ၊ ကားအမြန်နှုန်းစတဲ့ သတင်းအချက်အလက်တွေကို လေကာမှန်မှာ ကြည့်ရှုနိုင်မည့် Head-up Display (HUD) ပါဝင်ဖို့၊ blind spot အချက်ပြစနစ်အပြင် ခြေထောက်နဲ့အချက်ပြရုံနဲ့ boot တံခါးဖွင့်ပေးမည့် Power Gesture Tailgate စတာတွေတပ်ဆင်ချင်တယ်ဆိုရင်လည်း အားလုံးဟာ optional တွေချည်းပါပဲ။ တစ်ခုရှိတာက HSE trim နဲ့ယူမယ်ဆိုရင် Power Gesture Tailgate တို့၊ ClearSight Rear View Mirror တို့ကို standard အဖြစ်ထည့်သွင်းပေးထားတာကတော့ ကျေနပ်စရာပါပဲ။ ဒါ့အပြင် trim နဲ့လိုက်ပြီး အသံပိုင်းစနစ်နဲ့ leather အရည်အသွေးကွာခြားမှုတွေလည်း ရှိနေဦးမှာဖြစ်တဲ့အတွက် trim level အမြင့်ဝယ်ယူမည့်သူတွေအတွက်တော့ တော်တော်လေးအဆင်ပြေစေမှာပါ။

“အတွင်းခန်းပိုင်းအရကြည့်မယ်ဆိုရင် Range Rover ရဲ့ Evoque အသစ်ဟာ လက်ရှိအချိန်မှာ ခေတ်အမီဆုံးကားတစ်စီးဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့ကားတစ်စီးလို့တောင်မှ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီခေတ်မီ/ရှေ့ပြေး features တွေအတွက်တော့ ငွေကြေးထပ်မံကုန်ကျနိုင်ဖွယ်ရှိနေပါတယ်။”

လက်တွေ့ဆိုရင်

ဒီဘက်ပိုင်း အဆင့်မြင့်ကားတော်တော်များများမှာ ပြောင်းလဲလာတာက wheelbase ပါ။ Wheelbase ပိုကျယ်လာကြတယ်။ ရလဒ်ကတော့ ပိုမိုကျယ်ဝန်းတဲ့ အတွင်းခန်းနေရာလွတ်ရရှိလာတဲ့အပြင် ပြေးလမ်းတွေပေါ်မှာ ပိုမိုတဲ့ တည်ငြိမ်မှုကိုပါ ရရှိစေပါတော့တယ်။ Evoque အသစ်မှာလည်း wheelbase ကို 20mm ဆွဲဆန့်ထားပါတယ်။

အနောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုက ပုံမှန်အတိုင်းဆိုရင် 591-litre ဖြစ်တဲ့အတွက် အလောတော်ပဲလို့ပြောလို့ရပါတယ်။ Model အဟောင်းထက် 10% ပိုမိုလာတာတွေ့ရတယ်။ အနောက်ခုံတန်းကို ခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုပမာဏ 1,383-litre အထိတောင်မှရရှိလာမှာဖြစ်ပါတယ်။ ဒါဟာ Volvo XC40 ထက် ပိုမိုများပြားတဲ့ ဝင်ဆံ့မှုပမာဏဖြစ်ပြီး Audi Q3 နဲ့ BMW X1 တို့နဲ့သူမသာကိုယ်မသာပါပဲ။ Luggage အကြီးနှစ်လုံးအပြင် အခြားတိုလီမုတ်စအများအပြားလည်း ထည့်လို့ရဦးမှာပါ။ အနောက်ထိုင်ခုံတန်းကို 40:20:40 လိုသလိုခေါက်လို့ရတာကလည်း တော်တော်ကြီးကို အသုံးတည့်ပါတယ်။


နေ့စဉ်ဘဝအသုံးကျမှုအပြင်ကိုမှ 2020 Evoque ဖြစ်တာနဲ့အညီ 2020 ခုနှစ်မှာမှ တရားဝင်ပြဋ္ဌာန်းမှာဖြစ်တဲ့  Real Driving Emissions stage 2 (RDE2) ကိုလိုက်နာထားခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုအထူးနည်းပါးတာကိုလည်းတွေ့ရပါတယ်။ ပြောရမယ်ဆိုရင် 2020 အဆင့်တန်းအပြည့်အဝရရှိနိုင်မဲ့ကားတစ်စီးဖြစ်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဋ္ဌာန်းချက်တွေကို အထူးလိုက်နာထားတဲ့ ကားလည်းဖြစ်တယ်။ လူသားတွေကို ပိုပြီးအကျိုးဖြစ်ထွန်းစေမည့်နောက်တစ်ချက်ကတော့ Evoque အသစ်ရဲ့ 33kg ထက်ပိုတဲ့ materials တွေကို ပြန်လည်အသုံးပြုလို့ရတဲ့ materials တွေနဲ့ပြုလုပ်ပေးထားတာပါ။ ဒါဟာ မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သိပ်ခေတ်မစားသေးပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတော့ ကားတစ်စီးဝယ်တော့မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ဘယ်လောက်ထိန်းသိမ်းနိုင်စွမ်း ရှိ/မရှိ ဆိုတာကို ဦးစားပေး ထည့်သွင်းတွက်ချက်လေ့ရှိကြပါတယ်။ ဥပမာ 2020 မှာ RDE2 ကို မလိုက်နာထားတဲ့ကားတွေ စီးနင်းမောင်းနှင်ခွင့်မရှိလို့ဆိုလိုက်ရင်တောင်မှ Evoque အသစ်ဟာ ကမ္ဘာအနှံလမ်းတွေအားလုံးပေါ်ကနေ ဆင်းပေးရမည့် ကားတစ်စီးမဟုတ်တာ သေချာပါတယ်။

မောင်းနှင်မှု

Evoque ကို မြန်မာနိုင်ငံမှာ အဓိကအင်ဂျင်သုံးမျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 180hp အထိ အမြင့်ဆုံး ပါဝင်ထုတ်လွှတ်ပေးနိုင်တဲ့ ဒီဇယ်အင်ဂျင်ရယ်၊ 200hp အထိ အမြင့်ဆုံးပါဝါထုတ်လွှတ်ပေးနိုင်မည့် ဓါတ်ဆီအင်ဂျင်ရယ်၊ 250hp အမြင့်ဆုံး ပါဝါထုတ်လွှတ်ပေးနိုင်မည့် ဓါတ်ဆီအင်ဂျင်ရယ်ပါ။ အားလုံးကတော့ 2.0-litre အင်ဂျင်ချည်းပါပဲ။

180hp ဒီဇယ်အင်ဂျင်ကတော့ 0-62 mph ကို 9.3-second ထဲနဲ့အရှိန်တင်နိုင်မှာဖြစ်ပါတယ်။ 200hp ဓါတ်ဆီအင်ဂျင်ကတော့ 0-62 mph အတွက် 8.5-second အချိန်လိုအပ်မှာဖြစ်ပြီး 250hp အင်ဂျင်ကတော့ 0-62 mph အတွက် 7.5-second သာကြာမြင့်မှာပါ။

လက်တွေ့စမ်းသပ်မောင်းနှင်ကြည့်ရသလောက်တော့ Range Rover Evoque အသစ်ဟာ ထိန်းကျောင်းမောင်းနှင်မှုအတွက် တော်တော်လေးကောင်းမွန်တာတွေ့ရတယ်။ Steering ကလည်း ပေါ့ပါးတယ်။ 2ᴺᴰ generation All Wheel Drive နည်းပညာဖြစ်တဲ့ Active Driveline ကလည်း တော်တော်လေး နှစ်သက်ဖို့ကောင်းတယ်။ အဲဒီနည်းပညာကတော့ လမ်းအခြေအနေကိုလိုက်ပြီး two wheel drive နဲ့ four wheel drive ကို အလိုအလျောက်ပြောင်းလဲပေးတဲ့နည်းပညာဖြစ်ပါတယ်။ လောင်စာဆီစားသုံးမှုသက်သာခြင်း၊ အပိုဆောင်းဆုံးဖြတ်စရာများကို လျော့ပါးစေခြင်းအကျိုးကျေးဇူးတွေကို ရရှိစေနိုင်တဲ့ feature ပါ။ နောက်တစ်ခုကတော့ full-size Range Rover တွေမှာမှ ရရှိနိုင်တဲ့ Terrain Response 2 နည်းပညာပါ။ သူကတော့ 10 millieseccond ကိုတစ်ကြိမ် လမ်းအနေအထားကို အာရုံခံပြီး လမ်းအနေအထားနဲ့လိုက်လျောညီထွေဖြစ်အောင် အလုပ်လုပ်ပေးတာဖြစ်လို့ တော်ရုံတန်ရုံ လမ်းချော၊ လမ်းကြမ်း နှစ်မျိုးစလုံးအတွက် သင့်လျော်ပါတယ်။ မြို့တွင်းမောင်းနှင်ရာသာမက Off-road မောင်းနှင်ရာမှာလည်း တော်တော်လေးကို ကောင်းမွန်တဲ့အနေအထားမှာရှိတာကို တွေ့ရတယ်။

Ranger Rover Velar အပေါ်အခြေခံထားတဲ့ compact SUV ပီသစွာ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာပိုင်း များစွာတပ်ဆင်ပေးထားတာကိုတွေ့ရပေမဲ့ Velar လိုမျိုး electric suspension မပါဝင်တာကိုတော့ မကြိုက်တဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်။ Velar လိုမျိုး ကိုယ်ထည်အနိမ့်အမြင့်ကို လိုအပ်သလို ပြောင်းလို့တော့မရဘူးပေါ့။ ဒါပေမဲ့ ဒါဟာလည်း ကိုယ်မောင်းမည့် လမ်းအခြေအနေအပေါ်မူတည်လို့နေပါသေးတယ်။

“ပြောရမယ်ဆိုရင် New Evoque ဟာ မြို့တွင်းလမ်းတွေပေါ်မှာ အဓိကထားမောင်းနှင်ဖို့နဲ့ လိုအပ်ရင် လမ်းကြမ်းတွေမှာလည်း မောင်းနှင်နိုင်စွမ်းရှိအောင် တည်ဆောက်ထားတာပါ။ ထိန်းချုပ်မှုအပိုင်း ပေါ့ပါးပြီး မောင်းနှင်နေတဲ့အချိန် ကားအပေါ် အာရုံစိုက်စရာ အထူးမလိုအပ်ဘဲ ပျော်ပျော်ရွှင်ရွှင်မောင်းနှင်လို့ရတဲ့ ကားလို့ အကြမ်းဖျင်းသုံးသပ်လို့ရပါတယ်။”

ပါဝင်တဲ့အချက်တွေ

Engine

2.0L, 180hp Diesel

Propellant : 2.0L, Diesel
Type : 4 Cylinder Turbocharge
Valves : 16
Engine Capacity : 1,999
Max Output : 180hp
Max Torque : 430Nm

Performance

Acceleration 0-62 km/h : 9.3 sec
Top Speed : 205 km/h
Fuel Consumption (combined) : 17.2 km/l
Carbon dioxide emission : 153 kg/km

Transmission

Gearbox : 9-speed automatic transmission
Drive : AWD

Chassis

Front Suspension : MacPherson Struts, Anti-roll Bar
Rear Suspension : Integral Multi-Link

Brakes

Power-assisted Anti-lock Braking System (ABS)
Front and rear ventilated disc
Emergency Brake Assist (EBA)

Measurements

Wheelbase : 2,681 mm
Length : 4,371 mm
Height : 1,649 mm
Width (Mirrors Folded/Mirrors Out) : 1,996 mm/2,100 mm
Kerb Weight : 2,450
Ground Clearance (Standard/Maximum) : 212 mm (8.3-inch)
Turning Circle : 116 m
Wading Depth : 600 mm
Off-road Geometry (maximum) : 22.2°/20.7°/30.6°
Luggage Volume : 591-litre
Fuel Tank : 65-litre

Safety

Aluminium Monocoque Body Frame
Power Operated Child Locks
Driver and Passenger Airbags (front, side, curtain)
Anti-lock Braking System (ABS)
Electronic Traction Control (ETC)

Engine

2.0L, 200hp Petrol

Propellant : 2.0L, Petrol
Type : 4 Cylinder Turbocharge
Valves : 16
Engine Capacity : 1,997
Max Output : 200hp
Max Torque : 320Nm

Performance

Acceleration 0-62 km/h : 8.5 sec
Top Speed : 216 km/h
Fuel Consumption (combined) : 13 km/l
Carbon dioxide emission : 176 kg/km

Transmission

Gearbox : 9-speed automatic transmission
Drive : AWD

Chassis

Front Suspension : MacPherson Struts, Anti-roll Bar
Rear Suspension : Integral Multi-Link

Brakes

Power-assisted Anti-lock Braking System (ABS)
Front and rear ventilated disc
Emergency Brake Assist (EBA)

Measurements

Wheelbase : 2,681 mm
Length : 4,371 mm
Height : 1,649 mm
Width (Mirrors Folded/Mirrors Out) : 1,996 mm/2,100 mm
Kerb Weight : 2,430
Ground Clearance (Standard/Maximum) : 212 mm (8.3-inch)
Turning Circle : 116 m
Wading Depth : 600 mm
Off-road Geometry (maximum) : 22.2°/20.7°/30.6°
Luggage Volume : 591-litre
Fuel Tank : 67-litre

Safety

Aluminium Monocoque Body Frame
Power Operated Child Locks
Driver and Passenger Airbags (front, side, curtain)
Anti-lock Braking System (ABS)
Electronic Traction Control (ETC)

Engine

2.0L, 250hp Petrol

Propellant : 2.0L, Petrol
Type : 4 Cylinder Turbocharge
Valves : 16
Engine Capacity : 1,997
Max Output : 250hp
Max Torque : 365Nm

Performance

Acceleration 0-62 km/h : 7.5 sec
Top Speed : 230 km/h
Fuel Consumption (combined) : 13 km/l
Carbon dioxide emission : 176 kg/km

Transmission

Gearbox : 9-speed automatic transmission
Drive : AWD

Chassis

Front Suspension : MacPherson Struts, Anti-roll Bar
Rear Suspension : Integral Multi-Link

Brakes

Power-assisted Anti-lock Braking System (ABS)
Front and rear ventilated disc
Emergency Brake Assist (EBA)

Measurements

Wheelbase : 2,681 mm
Length : 4,371 mm
Height : 1,649 mm
Width (Mirrors Folded/Mirrors Out) : 1,996 mm/2,100 mm
Kerb Weight : 2,430
Ground Clearance (Standard/Maximum) : 212 mm (8.3-inch)
Turning Circle : 116 m
Wading Depth : 600 mm
Off-road Geometry (maximum) : 22.2°/20.7°/30.6°
Luggage Volume : 591-litre
Fuel Tank : 67-litre

Safety

Aluminium Monocoque Body Frame
Power Operated Child Locks
Driver and Passenger Airbags (front, side, curtain)
Anti-lock Braking System (ABS)
Electronic Traction Control (ETC)

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Land Rover Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

စာရေးသူ : ဂျူနို
ဓါတ်ပုံ : ကောင်းတင့်

Author

Comments