Mazda 6 2018 Review

0

Full article

ကားတွင်း အဆင့်မီနည်းပညာ၊ safety ပိုင်း တန်ဆာပလာအစုံအလင်နဲ့ smart saloon ကားတစ်စီးကို ရှာဖွေနေကြသူတွေအတွက် Mazda 6 ဟာ ရွေးချယ်ဖို့သင့်တော်တဲ့ ကားကောင်းတစ်စီးပါ။ ဒါပေမဲ့ ဆီဖုံးအဖွင့်လိုမျိုး အချို့သောနေရာအနည်းငယ်တွေမှာ ပိုမိုခေတ်မီတဲ့စနစ်မျိုးတွေအသုံးပြုပေးမယ်ဆိုရင်တော့ ဆယ်ကျော်သက်လူငယ်ပိုင်းတွေကိုပါ အထူးဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်း : $61,000 (နယ်လိုင်စင်/ဝင်ငွေခွန်မပါ) ၊ $69,000 (ရန်ကုန်လိုင်စင်/ဝင်ငွေခွန်မပါ)

အားသာချက်

  • အတွင်းခန်းအရည်အသွေး၏ ကောင်းမွန်ခြင်း
  • Safety စံသတ်မှတ်ချက် အထူးကောင်းမွန်ခြင်း
  • မောင်းနှင်ရာတွင် လွန်စွာအဆင်ပြေ၍ ပျော်ရွှင်စရာကောင်းခြင်း

အားနည်းချက်

  • တန်းတူအခြားရွေးချယ်စရာများတွင် ပိုမိုလွတ်လပ်သော နေရာလွတ်များရရှိနိုင်ခြင်း
  • Apple CarPlay အသုံးပြုလိုပါက extra cost ထပ်မံကုန်ကျနိုင်ခြင်း
  • Blind spot အချက်ပြစနစ်မပါဝင်ခြင်း

သုံးသပ်ချက်

Mazda ဆိုတာ မြန်မာနိုင်ငံမှာ ကာလကြာရှည်အသုံးပြုနေကြတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ လေးဘီးကားလို့ ခေါ်ခဲ့ကြတဲ့ အငှားယာဉ်အဖြစ်အသုံးပြုတာများလှတဲ့ မော်ဒယ် B600 ကစလို့ မာစတာဂျစ်လို့ခေါ်ကြတဲ့ Mazda အစိမ်းရောင် ရုံးသုံးကားတွေအထိပါပဲ။ အဲဒီအချိန် အဲဒီအခါတုန်းက ရန်ကုန်မြို့ရဲ့ နေရာတကာမှာ အတွေ့ရအများဆုံး ကားတွေလို့လည်း ဆိုနိုင်ပါတယ်။

“Mazda မော်တော်ယာဉ်ထုတ်လုပ်ရေးဟာ 1920 ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်တည်ထောင်ခဲ့တာဖြစ်လို့ လာမယ့် 2020 မှာ နှစ်တစ်ရာပြည့်မှာပါ။ ဒီလိုမျိုး သက်တမ်း နှစ်တစ်ရာနီးပါးရှိနေပြီဖြစ်တဲ့ Mazda ရဲ့ထုတ်ကုန် Mazda 6 ကတော့ ထုံးစံအတိုင်း မြင့်မားတဲ့အရည်အသွေးတွေနဲ့ တည်ဆောက်ထားတာတွေ့ရပြီး မောင်းလို့လည်း ကောင်း၊ Safety ပိုင်းလည်း စိတ်ချရတဲ့ကားတစ်စီးပါလို့ အကြမ်းဖျင်း သုံးသပ်ပါရစေ။”

နောက်ပိုင်းထုတ် Mazda တွေမှာ နှစ်သက်ဖို့ကောင်းတာက သူတို့ရဲ့ အရှေ့မီးတွေပါ။ သားကောင်ကိုချောင်းနေတဲ့ သားရဲတွေရဲ့ မျက်လုံးမျိုးနဲ့ အလားသဏ္ဌာန်တူပြီး အခု Mazda 6 မှာတပ်ဆင်ပေးထားတဲ့ day light အတန်းနဲ့ကတော့ လွန်စွာလိုက်ဖက်ညီတယ်လို့ ဆိုလို့ရပါတယ်။ Mazda 6 အတွက် နှစ်ခြိုက်စရာကောင်းတာ နောက်တစ်ခုကတော့ ပိုမိုကြီးမားတဲ့ grille ပဲဖြစ်ပါတယ်။ ပိုခန့်တယ်၊ ပိုပြီးကြွားတယ်။ အရှေ့ဘက်ကကြည့်ရင်တော်တော်လေး စိတ်လှုပ်ရှားဖွယ်ရာ သဏ္ဌာန်ကိုပိုင်ဆိုင်ထားတဲ့ Mazda 6 ပါ။

နံဘေးဘက်ကကြည့်မယ်ဆိုရင်တော့ Mazda 6 ဟာကျော့ရှင်းတဲ့ကားတစ်စီးလို့ဆိုရမယ်။ အရှေ့ဘီးအပေါ်ကနေ တံခါးပေါ်အထိ ကွေးညွှတ်သွားတဲ့ ဖောင်းလိုင်းရဲ့ ကောက်ကြောင်းဟာ တမူထူးခြားပြီး KODO design ရဲ့ ဆန်းသစ်တဲ့ရသကိုရစေပါတယ်။ အနောက်ဘက်မှာတော့ တစ်ခုနဲ့တစ်ခု အလှမ်းနည်းနည်းဝေးသလိုဖြစ်နေတဲ့ exhaust နှစ်ပေါက်နဲ့အတူ Mazda 6 ရဲ့ ငြိမ်သက်တဲ့ saloon အလှကိုတွေ့မြင်ရမှာပါ။

အတွင်းခန်း

အတွင်းခန်းကိုဝင်ထိုင်ဖို့ တံခါးဖွင့်ဖွင့်ခြင်းသတိပြုမိတာကတော့ ထိုင်ခုံတွေမှာအသုံးပြုထားတဲ့ အကောင်းစား သားရေတွေပါ။ Napa leather ဖြစ်ပြီး နူးညံ့အိစက်ပါတယ်။ ကားအမြင့်နဲ့ ထိုင်ခုံအမြင့်ဟာ အချိုးကျလှတဲ့အတွက် စီးနင်းသူတွေသာမက မောင်းနှင်သူရဲ့ အနေအထားပါတော်တော်လေး အံဝင်ခွင်ကျဖြစ်တာ တွေ့ရတယ်။ ထိုင်ခုံတွေမှာက အပူ/အအေးစနစ်ပါဝင်ပြီး electric motor ချိန်ညှိစနစ်နဲ့ပါ။ ပြောချင်တာက ကားရဲ့အမြင့်၊ ထိုင်ခုံပေါ်ကလူရဲ့အနေအထားနဲ့ လမ်းမပေါ်ကမြင်ကွင်း၊ Steering ကိုင်တဲ့လက်အနေအထားနဲ့ ပုခုံးအနေအထားအပြင် ဘရိတ်၊ လီဗာအတွက် ခြေထောက် position အားလုံးဟာ စီးနင်းမောင်းနှင်သူတွေ သက်သောင့်သက်သာဖြစ်စေအောင် စနစ်တကျပုံစံထုတ် တည်ဆောက်ထားတာ သိသာလှတယ်။ ခြေနင်းတွေနေရာမှာဆိုရင် ဘရိတ်၊ Piano လီဗာအပြင် တစ်ချိန်က manual gear တွေနဲ့ ကလပ်နင်းခဲ့သူတွေ ခြေထောက်အထားအသိုခက်ခဲမှာစိုးတဲ့အတွက် ဘယ်ဘက်ခြေထောက် ခြေနင်းခုံလုပ်ပေးထားတာကလည်း သဘောကျစရာကောင်းပါတယ်။ ဝယ်ယူစီးနင်းမယ့်သူတွေအတွက် အသေးစိတ်စဉ်းစားပေးထားတယ်လို့ဆိုရမှာပါ။

Dashboard ၊ တံခါးဘောင်တွေမှာ အသုံးပြုထားတဲ့ သားရေနဲ့အခြား materials တွေရဲ့ အရည်အသွေးကောင်းတယ်။ နူးညံ့တယ်။ အငြင်းပွားစရာဖြစ်တာကတော့ sunroof အပိုင်းပါ။ Mazda 6 မှာက sunroof မှန်ကိုဖွင့်တဲ့အခါ electric motor နဲ့ဖြစ်ပြီး မှန်ကာဗာကိုဖွင့်တာကတော့ manual ပါ။ အဖုံးလေးကို လက်နဲ့ဆွဲဖွင့်လိုက်ရုံပဲ။ ဒီအပိုင်းကိုတော့ သဘောကျသူ/မကျသူရှိနိုင်ပေမဲ့ လွယ်ကူမြန်ဆန်လှတဲ့အတွက် နှစ်ခြိုက်သူများမှာ သေချာပါတယ်။ ဒါပေမဲ့ ဆီတိုင်ကီအဖုံးကို ဟိုးအရင်တုန်းက ကားတွေလိုမျိုး ခလုတ်ဆွဲဖွင့်ရတာရယ်၊ အင်ဂျင်ဖုံးကို အခုထက်ထိ ထောက်တံနဲ့ ထောက်ရသေးတာရယ်ကိုတော့ မနှစ်သက်ချင်တော့ပါဘူး။ ဘောင်မဲ့ auto-dimming rear view mirror ကတော့ သဘောကျစရာပါပဲ။

Infotainment ကတော့ 7-inch touchscreen ပါ။ တုန့်ပြန်နိုင်စွမ်း မြန်တယ်။ Built-in ပါတဲ့ ဂြိုဟ်တုလမ်းညွှန်က မြန်မာနိုင်ငံမှာသုံးလို့မရသေးပေမဲ့ Apple CarPlay အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ Apple CarPlay က additional ဖြစ်ပြီးတပ်ချင်ရင်တော့ $350-400 လောက် ထပ်မံကျသင့်မှာပါ။ တစ်ခုရှိတာက အလယ်လက်တင် box ထဲမှာ SD slot အပေါက်ပါဝင်ပြီး အဲဒီအပေါက်ကနေတစ်ဆင့် နိုင်ငံအလိုက် navigation စနစ်တွေကို ထည့်သွင်းအသုံးပြုလို့တော့ရပါတယ်။ မြန်မာနိုင်ငံအတွက် ရနိုင်မလားဆိုတာကတော့ တော်တော်လေးကို ရှာဖွေရမယ်လို့ထင်ပါတယ်။ Infotainment မျက်နှာပြင်နဲ့ပတ်သက်ပြီး အားအနည်းဆုံးအချက်ကတော့ resolution ပါ။ ကြည့်ရတာရှင်းလင်းမှုရှိပေမဲ့ ပြတ်သားမှုပိုင်းမှာတော့ အားနည်းချက်နည်းနည်းရှိတာတွေ့ရပါတယ်။

အနောက်မှန်မှာ လျှပ်စစ်မော်တာနဲ့ အတင်အချလုပ်နိုင်တဲ့ ယင်းလိပ်ပါတယ်။ အချို့နေရာတွေမှာ တော်တော်လေး အသုံးတည့်နိုင်တဲ့ feature ပါ။ နောက်ထပ်ကြိုက်မိတဲ့ feature ကတော့ i-stop ပါ။ သူကတော့ ဖွင့်ထားမယ်ဆိုရင် မီးပွိုင့်တွေလိုမျိုးနေရာတွေမှာ ဘရိတ်နင်းထားရင် အင်ဂျင်ကိုရပ်ထားပေးပြီး ဘရိတ်ပြန်လွှတ်တော့မှာ 0.3-second အတွင်း အင်ဂျင်ကိုပြန်နိုးစေတယ်။ဒါကလည်း ကြိုက်သူလည်းရှိ မကြိုက်သူလည်းရှိနိုင်တဲ့ feature မျိုးဖြစ်ပေမဲ့ မကြိုက်သူတွေအနေနဲ့ ပိတ်ထားလို့ရတဲ့အတွက် ရွေးချယ်စရာကောင်းတစ်ခုဖြစ်တာတော့ သေချာပါတယ်။ နှစ်သက်ဖို့အကောင်းဆုံးကတော့ Mazda ရဲ့ SKYACTIV နည်းပညာပါ။ SKYACTIV နည်းပညာဟာ စွမ်းဆောင်ရည်နဲ့ လောင်စာဆီကို အကျိုးအရှိဆုံးဖြစ်အောင် စီမံခန့်ခွဲနိုင်စွမ်းရှိတယ်။ အင်ဂျင်ပိုင်းနဲ့ပတ်သက်ပြီး နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ဓါတ်ဆီအင်ဂျင်အတွက် compression ratio 14:1 ကို ကမ္ဘာ့ပထမဆုံးအနေနဲ့အသုံးပြုထားတာပါ။ ဒီအချိုးကြောင့် ပေါက်ကွဲမှုစွမ်းအားနဲ့ သိပ်သည်းမှုစွမ်းအားကို အမြင့်ဆုံးအထိ ရရှိစေနိုင်ပါတယ်။

Lane departure အတွက် warning သာမက lane keep assist လုပ်ပေးတဲ့ စနစ်ပါ ပါတယ်။ သူကလည်း မလိုရင်ပိတ်ထားလို့ရတယ်။ မြို့တွင်းပတ်လည်အသုံးဝင်ဖို့ခဲယဉ်းပေမယ့် အမြန်လမ်းတွေပေါ်မှာတော့ အထူးသဖြင့် lane keep assist ဟာ တော်တော်ကြီးကို အသုံးတည့်နိုင်ပါတယ်။

“နည်းစနစ်တွေအနေနဲ့ ကောင်းမွန်လှတဲ့ HUD နဲ့ digital speedometer ပါဝင်တာကတော့ ခေတ်မီနည်းပညာတွေကိုနေ့စဉ်အသုံးပြုနေရမှာဖြစ်လို့ နှစ်ခြိုက်စရာခံစားမှုကိုရရှိစေမှာပါ။ ကားအတွင်း DVD player ပါဝင်တာကတော့ ခေတ်ဟောင်းဘက်ကို နည်းနည်းယိုင်သလိုခံစားရပါတယ်။ Mazda 6 ဟာ ခေတ်မီမှုနဲ့ ခေတ်မမီမှု ဆန့်ကျင်ဘက် နှစ်ခုကို smart ကျကျ ပေါင်းဖက်ပေးထားတယ်လို့ ဆိုချင်ပါတယ်။”

လက်တွေ့ဆိုရင်

အနောက်လူစီးခန်းအကျယ်အဝန်းက အလောတော်ပါပဲ။ ဒါပေမဲ့ ခြောက်ပေအထက်အရပ်မြင့်တဲ့သူတွေအတွက်ဆိုရင်တော့ ခေါင်နဲ့မှန်ပြတင်းက နည်းနည်းနိမ့်သလိုဖြစ်နေမှာပါ။ အရှေ့တောင်အာရှသားတွေအတွက်တော့ သိပ်ပူပန်စရာမလိုလောက်ပါဘူူး။ အနောက်ထိုင်ခုံတွေက 40:60 ခေါက်လို့ရပါတယ်။ ပိုကောင်းတဲ့အချက်က အနောက်ပစ္စည်းထားခန်းမှာရှိတဲ့ ခလုတ်ကိုဆွဲ၊ လက် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုနဲ့တွန်းပြီး အနောက်ခုံတွေကို ခေါက်လို့ရတယ်။ အနောက်ပစ္စည်းထားခန်းက တော်တော်လေးကျယ်သလို အနောက်ခုံတွေကိုပါခေါက်လိုက်မယ်ဆိုရင် တော်ရုံ ရှည်တယ်ဆိုတဲ့ ပစ္စည်းတော်တော်များများတောင် ဝင်ဆံ့မယ့် အနေအထားမှာရှိတယ်။

Safety ပိုင်းအနေနဲ့ လေအိတ်ပတ်လည် 6 လုံးပါဝင်တယ်။ ခေတ်မီ ABS+EBD+EBA ဘရိတ်နည်းပညာတွေကို အသုံးပြုထားတယ်။ DSC (Dynamic Stability Control) က မော်တော်ယာဉ်ကို ပိုမိုတဲ့ တည်ငြိမ်မှုကိုရရှိစေမှာဖြစ်ပြီး TCS (Traction Control System) ကတော့ လမ်းချော်မှုဘေးမှ အတတ်နိုင်ဆုံး ကင်းဝေးစေမှာပါ။ ကလေးငယ်ထိုင်ခုံတပ်ဆင်ဖို့ ISOFIX စနစ်ပါဝင်တာကတော့ ကလေးငယ်ရှိသူတွေအတွက် သိပ်အသုံးဝင်စေမယ့် feature ပါ။

Dual zone automatic climate control ပါဝင်တယ်။ နောက်ပြီး အလယ်လက်တင် box မှာရော အနောက်ခုံက လက်တင်နေရာမှာပါ USB ၊ AUX နဲ့ 12V socket တွေတပ်ဆင်ပေးထားတယ်။ ဒါတွေက လမ်းခရီးမှာ တကယ်အသုံးဝင်တဲ့ တန်ဆာပလာတွေပါပဲ။

မောင်းနှင်မှု

Mazda 6 2018 ရဲ့အင်ဂျင်ကတော့ 2.0-litre ဓါတ်ဆီအင်ဂျင်ပါ။ 164hp အထိအမြင့်ဆုံးပါဝါ ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ 6-speed automatic transmission ဖြစ်တဲ့အတွက် ဂီယာအကူးအပြောင်းညက်ညောပါတယ်။ Semi-auto gear ဖြစ်ပြီး steering မှာတစ်ပါတည်းတပ်ဆင်ပေးထားတဲ့ paddle shifter တွေနဲ့ ဂီယာအနိမ့်အမြင့် ပြောင်းလဲမောင်းနှင်လို့ရတယ်။ Sport နဲ့ Normal ဆိုပြီး mode နှစ်မျိုးပြောင်းလဲမောင်းနှင်လို့ရတာက နှစ်သက်စရာပါ။ Normal mode နဲ့ ငွေကုန်ကြေးကျသက်သက်သာသာမောင်းနှင်နိုင်ပြီး Sport mode နဲ့ဆိုရင်တော့ အင်ပြည့်အားပြည့်မောင်းနှင်နိုင်တာပေါ့။

စမ်းသပ်မောင်းနှင်ကြည့်ရသလောက်တော့ 0-60mph အမြန်နှုန်းကိုရဖို့အတွက် 11-second နီးပါးကြာမြင့်တယ်။ အတိအကျဆိုရင်တော့ 10.8-seccond ပေါ့။ အမြန်ဆုံးမြန်နှုန်းကိုတော့ 205 km/h အထိမောင်းလို့ရတယ်လို့ Mazda ကဆိုထားပေမယ့် ဒါကိုတော့ လက်တွေ့မမောင်းကြည့်ခဲ့ရဘူး။

ပျမ်းမျှဆီစားနှုန်းကတော့ 11 km/l ရှိတာတွေ့ရပါတယ်၊ Mazda ကတော့ 14.7 km/l လောက်အထိရနိုင်တယ်လို့ဆိုထားတော့ သိပ်ကွာဟမှုမရှိလှပါဘူး။ ဆီစားနှုန်းဆိုတာမျိုးက လမ်း၊ မောင်းတဲ့သူရဲ့ အမူအကျင့်အပေါ်တွေမှာလည်း အများကြီးမူတည်နေသေးတာမျိုးမဟုတ်လား။ 19-inch အလွိုင်းခွေတွေတပ်ဆင်ပေးထားပြီး အောက်ပိုင်းတုန့်ပြန်မှုကလည်း ငြိမ့်ညောင်းပါတယ်။

“Mazda 6 ဟာ 4-cylinder ကားတစ်စီးအနေနဲ့ တော်တော်လေးကောင်းတဲ့ စွမ်းဆောင်ရည်ရှိတယ်။ အင်ဂျင်သံကလည်း ငြိမ်ပြီး ဆူညံမှုနည်းတယ်။ လေကာမှန်၊ အနောက်ကြည့်မှန်နဲ့ မှန်ဘောင်တွေရဲ့အချိုးဟာ ကောင်းမွန်မှုရှိတဲ့အတွက် blind spot ဖြစ်နိုင်ခြေနည်းတယ်။ ဒါကြောင့်များ blind spot warning မတပ်ပေးထားတာလားမသိဘူး။ Steering ပိုင်းထိန်းချုပ်မှု အထူးပေါ့ပါးတာကိုတော့ တော်တော်လေးကြိုက်တယ်။ တစ်ခုရှိတာက စက်ဝိုင်းပြတ်အကွေ့တွေကို အရှိန်မြင့်မြင့်နဲ့ကွေ့မယ်ဆိုရင်တော့ မျှော်လင့်ထားသလောက် ချောမွေ့မှုမရှိလှဘူး။ ယေဘုယျခြုံပြောရမယ်ဆိုရင်တော့ စိတ်ချလုံခြုံ၊ စတိုင်ကျလှပပြီး မိသားစုတစ်စုရဲ့ နေ့စဉ်ဘဝကို ကောင်းကောင်းကြီး အထောက်အကူပြုမယ့် saloon ကားတစ်စီးပါလို့သာ ဆိုလိုက်ချင်ပါတယ်။”

ပါဝင်တဲ့အချက်တွေ

Engine Type

Engine Size : SKYACTIV G 2.0
Displacement : 1998cc
Drive : 2WD
Maximum Output : 164hp/6,000rpm
Maximum Torque : 252Nm/4,000rpm
Number of Cylinders : 4
Number of Valves : 16
Transmission : 6-speed semi-auto
Fuel Type : Petrol
Fuel Capacity : 62-litre

Dimension & Weight

Length : 4,865mm
Width : 1,840mm
Height : 1,450mm
Wheelbase : 2,830mm
Number of Doors : 4
Number of Seats : 5

Performance & Economy

Acceleration (0-60mph) : 10.8-sec
CO2 Emission : 156 g/km
Fuel Consumption : 14.7km/L
Top Speed : 205km/h

Comfort & Convenience

Auto Hold
Bluetooth : Hands-free Voice Commander
Cruise Control
Dual Zone Automatic Climate Control
Engine Start/Stop Button
i-Stop System
Normal/Sport Mode
Paddle Shifter
Power Windows
Smart Keyless Entry
Sunroof

Safety & Security

6 Airbags
Advanced Smart City Brake Support (ASCBS)
Anti-lock Braking System ABS+EBD+EBA
Brake Front (Ventilated Disc)
Brake Rear (Disc)
Dynamic Stability Control (DSC)
Round Parking Sensors
Immobiliser
ISOFIX Child Seat
Land Departure Warning System
Land Keep Assist System
Remote Central Locking
Smart City brake Support (SCBS)
Traction Control System (TCS)

Exterior

Adaptive Front Lighting System
Coming Home/Leaving Home Lights
LED Daytime Running Lights
LED Front Fog Lights
LED Headlights
Power-folding Door Mirrors
Privacy Glass
Rain-sensing Front Wipers
360° Camera
19-inch Alloy Wheels

Interior

Active Driving Display (HUD)
Auto-dimming Rear View Mirror
Electrically Adjustable Driver’s Seat With Memory
Electrically Adjustable Passenger Seat
Electronic Parking Brake
Leather-wrapped Steering Wheel and Gear Knob
Rear Folding Seats (60:40)
Napa Leather Seats

Infotainment

7-inch Color Touch-screen Display
AM/FM Radio, Single CD/MP3/DVD
Auxiliary (AUX) and USB Inputs
Integrated Bluetooth
Mazda Navigation System
Multimedia Commander Control
9-speaker Premium Bose Sound System with Bass Controller
Steering Wheel-mounted Audio Controls
Steering Wheel-mounted Bluetooth Controls

စမ်းသပ်မောင်းနှင်ရန်နှင့် ဓါတ်ပုံရိုက်ကူးရန်အတွက် အကူအညီပေးပါသော Mazda Myanmar အား အထူးပင်ကျေးဇူးတင်ရှိလျက်......

Author

Comments