တန်ဖိုးကြီး SUV ကားတွေဟာ ယခုအချိန်တွင် ရေပန်းစားလျက်ရှိပြီး Lamborghini မှ ပြိုင်ဘက်ကားတွေကြားမှ ထူးခြားစွာဖြင့် ကမ္ဘာ့အမြန်းဆုံး off road ကားအနေနဲ့ Urus ကို ထုတ်လုပ်ဖို့ သတင်းဦးကြိုပေးလိုက်ပါတယ်။Urus ဟာ Lamborghini ရဲ့ ပထမဆုံးအနေနဲ့ twin turbo 4.0-liter V8 အင်ဂျင်အမျိုးအစားအဖြစ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အချို့ သတင်းတွေအရ Sant'Agata Bolognese မှာရှိတဲ့ Lamborghini ရဲ့ အကြမ်းထည်မှ စလင်ဒါ ရှစ်လုံးထိုး အင်ဂျင်ကို ထုတ်လုပ်မယ်လို့ ထင်ကြေးပေးခံရသလို အချို့ကတော့ ပင်မကုမ္မဏီဖြစ်တဲ့ Audi မှ ပုံစံဒီဇိုင်းကို ပြောင်းလဲပြီး ထုတ်လုပ်မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှုဆောင်အရာရှိတွေကတော့ Urus ရဲ့ အင်ဂျင်ကို ပုံမှန်အတိုင်းမဟုတ်ပဲ အထူးသီးသန့်ထုတ်ပေးမည်ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။
Urus ဟာ စထွက်တာနဲ့ ၄စက္ကန့်အတွင်း တစ်နာရီကို မိုင် ၆ဝ နှုန်းနဲ့ သွားနိုင်တယ်လို့ အခြေခံအားဖြင့် တူညီပါတယ်။ ခုလောလောဆယ် ဈေးကွက်ဝင်နေတဲ့ အမြန်ဆုံး SUV ကားအမျိုးအစားဟာ ၄.၁ စက္ကန့်အတွင်း တစ်နာရီကို မိုင် ၆ဝ သွားနိုင်တဲ့ Bentley Bentayga ဖြစ်ပါတယ်။ သူ့နောက်ကမှ Mercedes-AMG C63 ကလည်း အမြန်းဆုံးလို့ သတ်မှတ်ခံနေရပါသေးတယ်။ ကမ္ဘာ့တန်ဖိုးကြီး ကားတံဆိပ်များအနက် Lamborghini ဟာ off road ကားဈေးကွက်ထဲသို့ အမြန်ဆုံးအရှိန်နှုန်းနဲ့ ရောက်ရှိလာတော့မယ်လို့ ထင်မြင်ချက်တွေပေးနေကြပါပြီ။
Urus ဟာ Lamborghini ရဲ့ ပထမဆုံး ဓာတ်ဆီ-လျှပ်စစ် စွမ်းအင် နှစ်မျိုးသုံးကားမော်ဒယ်အဖြစ် ကမ္ဘာနဲ့တစ်ဝှမ်း စွမ်းအင်ချွေတာရေး မူဝါဒကို နောင်ဆယ်နှစ်မတိုင်ခင် ကျင့်သုံးနိုင်ဖို့ ထွက်ရှိလာခြင်းဖြစိပါတယ်။ V6 အင်ဂျင် နှင့် လျှပ်စစ် မော်တာ တစ်လုံး အနည်းဆုံးပါဝင်မယ်လို့ Lamborghini ရဲ့ reaseach and development ဌာနမှ အရာရှိချုပ်ဖြစ်တဲ့ Maurizio Reggiani မှ Motoring နဲ့ အင်တာဗျူးမှာ သဲလွန်စပေးထားပါတယ်။
Lamborghini အနေနဲ့ Urus ရဲ့ စွမ်းဆောင်ရည်မြင့်မားဖို့နဲ့ အလျင်မြန်ဆုံးဖြစ်အောင်လို့ တတ်နိုင်သလောက် အလေးချိန်လျော့ချပေးထားပြီး အထက်တွင်ဖော်ပြထားခဲ့တဲ့ Bentayga နှင့် Audi Q7 တို့ နည်းတူ ငြိမ့်ညောင်းညင်သာမှု သက်တောင့် သက်သာ မောင်းနှင်နိုင်မှု စတဲ့ ခံစားချက်တွေပေးစွမ်းနို်င်ပေမယ့် Urus ကားကို တည်ဆောက်တဲ့ အင်ဂျင်နီယာတွေအနေနဲ့ အချို့နေရာများကို စတီးတွေအစား ကာဗွန် ဖိုက်ဘာတွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် ကာဗွန် ဖိုက်ဘာ ကိုယ်ထည်ရဲ့ ကောင်းကျိုးတွေကို Urus မှာသိသာထင်ရှားစွာ သိမြင်နိုင်မှာပါ။
နောက်နှစ်လလောက်နေရင်တော့ Urus ရဲ့ အသေးစိတ်အကြောင်းအရာအချို့ ထပ်ထွက်ရှိလာမယ်လို့ ခန့်မှန်းရပြီး ပရိတ်သတ်တွေကိုတော့ Geneva မော်တော်ယာဉ်ပြပွဲ 2018 edition ပွဲတွင်စတင်မိတ်ဆက်မှာဖြစ်ပါတယ်။
http://www.digitaltrends.com/ မှဘာသာပြန်ဆိုသည်။
ဓာတ်ပုံ-http://www. caranddriver.com