Lamborghini ရဲ့ နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Centenario Roadster

0

Full article


Lamborghini Centenario Roadster ဟာ ယခုတစ်ပတ်ထဲမှာ အသစ်ထွက်ရှိလာတာဖြစ်ပြီး ကန် ဒေါ်လာ ၂.၂ မီလီယံ တန်ဖိုးရှိကာ တစ်ကမ္ဘာလုံးအတွက် အစီး ၂ဝ သာထုတ်လုပ်သွားမှာဖြစ်ပြီး အဲ့ဒီ ထုတ်လုပ်မယ့် အစီး ၂ဝ လုံးကိုလည်း ကြိုတင်ရောင်းချပြီးသားဖြစ်သွားပါပြီ။ Lamborghini ဟာ ၂ဝ၁၆ ခုနှစ်အစပိုင်းကတင် Lamborghini Centenario ဆိုတဲ့ မော်ဒယ်အသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး Centenario Roadster ကတော့ နောက်ဆက်တွဲ ထွက်ရှိလာတယ် မော်ဒယ်တစ်ခုဖြစ်ကာကို ၎င်းကားကို Pebble Beach မှာ ယခုအပတ်ထဲတွင် မိတ်ဆက်ခဲ့ပါတယ်။


V12 အင်ဂျင်နှင့် မြင်ကောင်ရေအား ၇၇ဝ ရှိတဲ့ Lamborghini ကား မော်ဒယ်အသစ်ဟာ ၂ဝ၁၆ သူ့ရဲ့ အစ်ကိုတော် ဖြစ်သော အစောပိုင်းက ထွက်ရှိထားတဲ့ Lamborghini ကုမ္မဏီကို ကနဦးထူထောင်ခဲ့သူ Ferruccio Lamborghini ရဲ့ အသက် နှစ် ၁ဝဝ ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်လုပ်ထားသော Lamborghini Centenario နဲ့ တော်တော်လေးကိုကို ထပ်တူကျသော စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းနိုင်သော ပြိုင်ကားတစ်စီးဖြစ်မယ်လို့လည်း Lamborghini ရဲ့ CEO ဖြစ်တဲ့ Stefano Domenicali ကပြောကြားခဲ့ပါသေးတယ်။
ဒါ့အပြင် အသစ်ထွက်ရှိလာတဲ့ Centenario Roadster ဟာ Lamborghini ပြိုင်ကားတွေရဲ့ အသစ်ပြောင်းလဲလာမယ့် ဒီဇိုင်းဘက်ကို မီးမောင်းထိုးပြနေပြီး တောက်ပြောင်လွန်းလှတဲ့ မျက်နှာပြင် တွေကြောင့် ကားမျက်နှာပြင်က အလင်းပြန်သမျှဟာ သွားလေရာနေရာတိုင်းအရောင်တလဲ့လဲနဲ့ ဂုဏ်ယူ တင့်တယ်စွာ မောင်းနှင်နိုင်မယ်လို့လည်း သတင်းတွေထွက်ရှိလာပါတယ်။

reference : .The Verge

Author