Jeep Cherokee Review (International)

0

Full article

ဂျစ်ကားတွေ ဘယ်လောက်မာတယ်ဆိုတာကတော့ စာဖွဲ့ပြီး ရေးပြနေစရာတောင် မလိုပါဘူး။ Cherokee အသစ် ကတော့Jeep ရဲ့ ကြီးကျယ်တဲ့ထုတ်ကုန်တစ်ခုပါပဲ။ အကောင်ကြီးတယ်၊ နေရာလည်း ကျယ်တယ်။ နောက်ပြီး......

အားသာချက်

  • လမ်းကြမ်းတွေအတွက် အထူးသင့်တော်
  • ထင်ရှားတဲ့ ပုံစံရှိ
  • ကျယ်ဝန်းမှုအပြည့်အဝရှိ

အားနည်းချက်
– ပုံစံက အထူးထင်ရှားလွန်းခြင်း
– အင်ဂျင်သံ ကျယ်ခြင်း
– ဈေးကြီးခြင်း

သုံးသပ်ချက်

မြို့တွင်းမောင်းနှင်မှုထက်စာရင် လမ်းကြမ်းမောင်းနှင်မှုအတွက်ဆိုရင်တော့ Jeep Cherokee ဟာ အမြဲတမ်း ထိပ်ဆုံး တစ်နေရာမှာ ရှိနေမှာပါပဲ။ ဒါပေမယ့် တချို့သော versions တွေကတော့ ဈေးနှုန်းအားဖြင့် ကြီးမြင့်ပါတယ်။
Jeep Cherokee ဟာ ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ကားတွေထဲမှာတော့ ဒုတိမြောက်အကြီးဆုံးကားပါ။ Compass ထက်ပိုကြီးပြီး Grand Cherokee ထက်တော့ အနည်းငယ် ပိုသေးပါတယ်။ ဈေးနှုန်းမှာတော့ အရမ်းမြင့်တဲ့ versions တွေရှိနေတယ်။
တခြား SUVs တွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် Cherokee ဟာ အရမ်းကြီးကို ထင်ရှားနေမှာပါ။ လှမလှကတော့ ကြည့်သူရဲ့ အမြင်နဲ့သာ သက်ဆိုင်ပါလိမ့်မယ်။ လူတိုင်းတော့ Cherokee ရဲ့ ပုံစံကို ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် ကြိုက်တဲ့သူကတော့ အသေကြိုက်ပါလိမ့်မယ်။ သတ္တု trim ၊ အလွိုင်းဘီးတွေနဲ့ Cherokee ရဲ့ ပုံစံဟာ smart ဖြစ်တာတော့ သေချာပါတယ်။
အတွင်းခန်းကလည်း အပြင်ပုံစံနဲ့ အလားတူပါပဲ။ ဒါပေမယ့် manual gearbox နဲ့ဆိုရင်တော့ ကျယ်ပါတယ်ဆိုတဲ့နေရာက နည်းနည်းကျဉ်းသလိုမျိုး ခံစားရပါလိမ့်မယ်။
ဘယ်လိုပဲပြောပြောပါ။ ဒီ Cherokee အသစ်ဟာ အတိတ်က Jeep တွေထက်တော့ အများကြီးပိုသာလာတာကိုတွေ့ရတဲ့အတွက် Jeep မှ Jeep ဖြစ်နေသူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ model ပါလို့ပဲ ပြောပါရစေ။
အထိရောက်ဆုံး ခြုံငုံပြောရရင်တော့ Jeep Cherokee အသစ်ဟာ features အသစ်တွေအများကြီး ပေါင်းထည့်ပေးထားပေမယ့် တချို့ features တွေကသာ အသုံးပြုသူတွေအတွက် အသုံးတည့်မယ့်ပုံစံမျိုး ဖြစ်နေပါတယ်။ သေချာတာတစ်ခုကတော့ လုပ်ငန်းသုံး၊ မိသားစုသုံး အကောင်းဆုံး လမ်းကြမ်းမောင်း ကားတစ်စီးဖြစ်တယ်။ ဒါပေမယ့် လမ်းမတွေပေါ်မှာတော့ အကောင်းဆုံး ကားတစ်စီး မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ Fiat ရဲ့ အတောင်ပံအောက်ကို ခိုဝင်လိုက်ပြီးနောက်ပိုင်း Jeep ရဲ့ ထုတ်ကုန်တွေဟာ တန်ဖိုးနဲ့ထိုက်တန်အောင်လို့ တည်ဆောက်လာတာတွေ့ရတယ်။ ဒါကြောင့်မလို့ Cherokee ကိုတကယ်တမ်းဝယ်ယူတဲ့အခါမှာ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ မော်တော်ယာဉ်ကို ရရှိနိုင်မှာပါလို့သာ ဆိုချင်ပါတော့တယ်။

အတွင်းခန်း

Jeep Cherokee အသစ်ရဲ့ အတွင်းခန်းအပိုင်းကတော့ သိပ်အများကြီးပြောစရာမရှိပါဘူး။ ကျယ်ဝန်းတယ်။ ရိုးရှင်းလွန်းလှတယ်။ ဒီလောက်ပါပဲ။
နည်းနည်းလေးပိုပြောရရင် အခြားအခြားသော SUVs တွေနဲ့နှိင်းယှဉ်လိုက်တဲ့အခါ အတွင်းခန်းက တော်တော်ကြီးကို ရိုးရှင်းလွန်းလှပါတယ်။ ဒါပေမယ့် ခေတ်မီပစ္စည်းတွေတော့ တပ်ဆင်ပေးထားပါတယ်။ ၅ လက်မ touch screen ၊ Bluetooth ဆက်သွယ်ရေးနဲ့ parking sensors တွေက အခြေခံ model မှာတောင်မှ တပ်ဆင်ပေးထားတဲ့အတွက် ပေးတဲ့ဈေးနဲ့ထိုက်တန်မှုရှိနေတာ တွေ့ရပါတယ်။

လက်တွေ့ဆိုရင်

ကျေနပ်ဖို့ကောင်းတာတစ်ခုကတော့ အတွင်းခန်းအားလုံးရဲ့ အကျယ်အဝန်းပါ။ လူ ၅ ယောက် ကောင်းကောင်းကြီး လိုက်ပါစီးနင်းနိုင်တဲ့အပြင် ဝန်စည်စလယ် ဝင်ဆံ့မှုက 591 litres တောင်မှရှိနေဦးမှာ။ တကယ်လို့ နောက်ခုံတွေ ခေါက်ထားလိုက်မယ်ဆိုရင်တော့ ဝန်စည်ဝင်ဆံ့မှုက 714 litres အထိရှိသွားပါဦးမယ်။ ဒါဟာ မိသားစုတစ်စု ဝယ်ယူစီးနင်းဖို့အတွက်တော့ လုံလောက်တဲ့ ပမာဏတစ်ခုပါပဲ။ Panoramic sunroof ကိုရွေးချယ်စရာတစ်ခုအနေနဲ့ မှာယူတပ်ဆင်နိုင်မှာဖြစ်ပေမယ့် ပူပြင်းတဲ့ရာသီဥတုမှာ စီးနင်းဖို့တော့ သိပ်မကောင်းလှပါဘူး။
လက်တွေ့ကျကျ အသုံးဝင်မှုနောက်တစ်ခုကတော့ လမ်းကြမ်းမောင်းနှင်မှုအပိုင်းမှာ Jeep တွေဟာ အမြဲတမ်း အကောင်းဆုံးကားတွေ ထုတ်လုပ်ပေးနေတာပါပဲ။ လမ်းကြမ်းမောင်းနှင်မှုနဲ့ပတ်သက်ရင် Cherokee ဟာ အထင်ကြီးစရာ အလွန်ကောင်းလှတယ်။ ဒါပေမယ့် နွံကြားထဲဘီးနစ်နေတဲ့အချိန်ကို စိတ်ကူးယာဉ်ကြည့်မယ်ဆိုရင်တော့ four-wheel-drive version ကိုပဲ ရွေးချယ်မိမှာဖြစ်ပြီး 4WD Jeepတစ်စီးနဲ့သာဆိုရင် ဘယ်လိုလမ်းကြမ်းမျိုးကိုမှ မူစရာမလိုတော့ပါဘူး။

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ပြီးပြောရရင် Jeep Cherokee ဟာ လမ်းမတွေပေါ်မှာ ထိပ်တန်း SUVs တွေနီးနီးလောက်ကောင်းပါတယ်။ ဒါပေမယ့် နီးနီးဆိုတာက ထိပ်တန်းကားတွေကောင်းသလောက်ကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Jeep အဟောင်းတွေ မောင်းနေကျသူဆိုရင်တော့ Jeep Cherokee အသစ်ဟာ အများကြီးပြောင်းလဲတိုးတက်သွားပြီးဆိုတာ သိရှိနိုင်ပါလိမ့်မယ်။ အဟောင်းတွေထက် နည်းနည်း ပိုမြန်လာပြီး ပိုလည်း မာကျောပုံရတဲ့ Cherokee အသစ်ဟာ အတွင်းပိုင်းအပြင်အဆင်အရဆိုရင်တော့ အံ့အားသင့်ဖွယ်ရာ ပြောင်းလဲတိုးတက်လာတဲ့ပုံမှာရှိနေတာပါ။ ဒါပေမယ့် မောင်းနှင်တဲ့အချိန် ကိုယ်ထည်ရဲ့တိုးအားနဲ့ steering ရဲ့ တုံ့ပြန်မှု သိသိသာသာနှေးလွန်းတာမျိုးကတော့ သဘောကျစရာ မကောင်းလှပါဘူး။ ဆတ်ခနဲ ကွေ့ရှောင်စရာတွေရှိတဲ့ မြို့ထဲလမ်းမတွေမောင်းနှင်ရာမှာသတိထားရမှာဖြစ်ပါတယ်။ နောက်တစ်ခုက အရှိန်မြင့်မောင်းတဲ့အချိန်မျိုးမှာ စက်သံက တော်တော်ကြီးကျယ်ပါတယ်။ ဒီအချက်ကလည်း မြို့ထဲမောင်းနှင်ရာမှာ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။
Safety အပိုင်းမှာလည်း နောက်ပိုင်းထုတ် Jeep Cherokee တွေဟာ အပြောင်းအလဲတော်တော်ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မာတယ်ဆိုပေမယ့် တကယ့် လုံခြုံစိတ်ချရမှုအပိုင်းမှာတော့ အမေရိကန်ကထုတ်လုပ်တဲ့ Jeep အဟောင်းတွေဟာ ဥရောပ NCAP ရဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာတော့ နာမည်ကောင်းမရခဲ့ပါဘူး။ ဒါကလည်း ၂ဝ၁၃ အထိသာဖြစ်ပြီး ၂ဝ၁၃ နောက်ပိုင်း Jeep ေတွဟာ သူ့အမျိုးအစားမှာတော့ အကောင်းဆုံး စိတ်ချလုံခြုံမှုအပိုင်းမှာ အပြည့်အဝ ကြယ်ငါးပွင့်အဆင့်နဲ့ ထိပ်တန်းရောက်နေခဲ့ပါပြီ။ ပတ်လည် လေအိတ် ခုနှစ်လုံး၊ stability control ၊ ထိုင်ခုံအားလုံးအတွက် ခါးပတ် သတိပေးမှုနဲ့ မောင်းသူထိုင်ခုံအတွက် အမြန်နှုန်း သတိပေးမှုစနစ်တွေပါဝင်တဲ့ Jeep Cherokee အသစ်ဟာ မာလည်းမာသလို safety ပိုင်းအရလည်း အရမ်းကို စိတ်ချနေရပါပြီ။

အချက်အလက်တွေ

Jeep Cherokee အသစ်အတွက် trim ကတော့ ဥရောပအတွက် ၄ မျိုးထွက်ပါတယ်။ Limited ၊ Longitude Plus ၊ Overland နဲ့ Trailhawk ပါ။

Limited

၁၈ လက်မ အလွိုင်းခွေနဲ့ပါ။ ဂြိုဟ်တုလမ်းညွှန်၊ keyless entry နဲ့ push start ၊ အလိုအလျောက် အတိုးအလျော့ မီးတွေ၊ အလိုအလျောက် wipers တွေ၊ အနောက် ကင်မရာ၊ သီချင်းဖွင့်နိုင်တဲ့ USB ပေါက်နဲ့ နောက်ဖုံးတံခါးကလည်း electric စနစ် စတာတွေ တပ်ဆင်ပေးထားပါတယ်။
ဒီ trim မှာက အင်ဂျင် ၄ မျိုးရွေးချယ်နိုင်ပြီး အားလုံးက ဒီဇယ် အင်ဂျင်တွေချည့်ပါပဲ။ Manual gearbox နဲ့နှစ်မျိုး၊ automatic gearbox နဲ့ကနှစ်မျိုးပါ။ Manual gearbox မှာတော့ 138hp ထွက်ရှိတဲ့ 2.0 litre အင်ဂျင်ကိုမှ ရှေ့ယက်နဲ့ လေးဘီးယက်ဆိုပြီးရွေးချယ်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ ရှေ့ယက်က 53mpg ၊ လေးဘီးယက်က 50mpg အထိရှိတယ်လို့ဆိုထားတာတွေ့ရပါတယ်။ Automatic gearbox အတွက်တော့ 197hp အထိထွက်ရှိတဲ့ 2.2 lire ဒီဇယ်အင်ဂျင်တွေချည့်ပါပဲ။ 2.2 Multijet 200 Auto နဲ့ 2.2 Multijet 200 Active Drive II Auto ဆိုပြီးပဲကွာခြားတာဖြစ်ပြီး နှစ်မျိုးစလုံးကတော့ 4WD တွေချည့်ပါပဲ။

Longitude Plus

Longitude Plus trim ကတော့ 182hp ထွက်ရှိတဲ့ 2.2 litre ဒီဇယ်အင်ဂျင်တစ်မျိုးထဲနဲ့ပဲ ထုတ်ထားတာတွေ့ရပါတယ်။ Automatic gearbox နဲ့ဖြစ်ပြီး 4WD ပါ။ ဆီစားနှုန်းကတော့ 50mpg အထိရတယ်လို့ဆိုထားပေမယ့် တကယ့်တကယ်တမ်း 40mpg အထိပဲ ရနိုင်ပါလိမ့်မယ်။
Longitude Plus ရဲ့ ထူးခြားချက်ကတော့ 9 speed automatic gearbox ဖြစ်ပြီး သတ္တုရောင် exhaust နှစ်လုံးနဲ့ဆိုတော့ အထာပိုကျတယ်လို့ပြောနိုင်တာပေါ့။ ဂီယာတံက သားရေသားအုပ်ထားပါတယ်။

Overland

ရရှိနိုင်တဲ့ ကိုယ်ထည်ပုံစံနဲ့အရောင်တွေကိုပဲကြည့်မယ်ဆိုရင် Overland က အလန်းဆုံးပါပဲ။ သူမှာပါဝင်တဲ့ ၈.၄ လက်မ display ၊ ၁၈ လက်မ အလွိုင်းခွေ၊ သားရေအပြည့် ထိုင်ခုံတွေနဲ့ speaker ၉ လုံးတို့ကြောင့် သက်သောင့်သက်သာရှိမှုနဲ့ ဖျော်ဖြေမှုပိုဆန်မယ့်ပုံစံမျိုးရှိပါတယ်။
အင်ဂျင်အနေနဲ့ကတော့ 2.2 Multijet 200 Auto နဲ့ 2.2 Multijet 200 Active Drive II Auto ဆိုပြီး 200hp စီ အထိထွက်ရှိတဲ့ 2.2 litre ဒီဇင်အင်ဂျင် ထဲကပဲ ရွေးချယ်နိုင်မှာပါ။ Automatic gearbox နဲ့ 4WD တွေချည့်ပါပဲ။

Trailhawk

Trailhawk ကတော့ ဈေးနှုန်းအမြင့်မားဆုံး trim တစ်ခု ဖြစ်ပြီး ၁၇ လက်မ အလွိုင်းခွေနဲ့ပါ။ သူ့မှာပါဝင်လာတဲ့ off-road suspension က လမ်းကြမ်းမောင်းနှင်ရာမှာ တော်တော်ကြီးကို ကောင်းမွန်မှုရှိပါတယ်။ Hill descent control ပါဝင်လာသလို သားရေအပြည့် အတွင်းခန်းနဲ့လည်းဖြစ်လို့ perfect ဖြစ်သွားပါပြီ။ ဂြိုဟ်တုလမ်းညွှန်ပါဝင်ပြီး display က ၇ လက်မ ရောင်စုံဖြစ်သွားပါပြီ။ ဘီးအပိုအရွယ်အစားကလည်း တပ်ဆင်ထားတဲ့ဘီးတွေနဲ့ အတူတူဖြစ်တဲ့အတွက် ရေရှည်အသုံးပြုဖို့ ပိုမိုအဆင်ပြေပါတယ်။
အင်ဂျင်အနေနဲ့ကတော့ ဓါတ်ဆီအင်ဂျင်တစ်မျိုးထဲနဲ့သာ ရရှိမှာဖြစ်ပြီး 268hp အထိထွက်ရှိမယ့် 3.2 litre 3.2 V6 AUTO အင်ဂျင်ပါ။ 4WD နဲ့ auto gearbox နဲ့ပါပဲ။ ဆီစားနှုန်းကတော့ မြင့်ပါတယ်။ 29mpg လို့ Jeep ဘက်က ဆိုထားလို့ပါ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: Jeep Cherokee by Mat Watson

Author