ကြွားကြွားရွားရွားရှိလှသော ဂျာဂွာ၏ F-Pace

0

Full article

_ Jaguar_ သည် ကားချစ်သူများ အတွေ့အကြုံအသစ် ရရှိစေရန်အလို့ငှာ ၎င်း၏ ပထမဦးဆုံးသော SUV အမျိုးအစားဖြစ်သည့် _ F-Pace_ ကို ထုတ်လုပ်ဖြန့်ချီလိုက်ပြီဖြစ်သည်။ ကား၏ အပြင်ပန်းပုံသဏ္ဍန်မှာ ကြည့်ကောင်းခြင်း၊ အတွင်းပိုင်းလှပကျော့ရှင်းခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားခြင်းတို့က F-Pace အား အခြားသော မည်သည့် _ SUV_ကားအမျိုးအစားမျိုးနှင့်မဆို ကောင်းစွာ ယှဉ်ပြိုင်နိုင်သည့် ကားတစီးဖြစ်စေခဲ့ ပါသည်။ ယခု ဆောင်းပါတွင်တော့ SUV အမျိုးအစား ကားကောင်းကောင်းတစီးကို ဝယ်ယူရန် ရည်ရွယ်ချက် ရှိနေသော၊ SUV အမျိုးအစား ကားအကြောင်းကို သိချင်ကြသော ကားချစ်သူများအတွက် Jaguar F-Pace review ကို သုံးသပ်ဖော်ပြသွားမည်ဖြစ်ပါသည်။

စွမ်းဆောင်ရည်

ဒီဇယ်အဂျင်ပါဝါ ၂.ဝ ၊ ယင်းက ထုတ်လုပ်ပေးသော အမြင့်ဆုံး မြင်းကောင်ရေအား 180hp နှင့် ၈ ချက်ပြောင်းနိုင်သော ဂီယာတပ်ဆင်ထားခြင်းကြောင့် F-Pace သည် ၈.၇ စက္ကန့်အတွင်း ၁ဝဝ ကီလိုမီတာထိ အရှိန်အဟုန်ဖြင့် ပြေးဆွဲနိုင်သည်။ ကားမောင်းသူများ _ F-Pace_ ကားကို မောင်နှင်းရာတွင် တည်တည် ငြိမ်ငြိမ်နှင့် သက်သောင့်သက်သာရှိစေရန် ကား၏ အရှေ့နှင့် အနောက်တွင် ကွိုင်စပရိန်စနစ် (suspension system)နှင့် အချင်း ၁၉ လက်မ ရှိသော ဘီးတို့ကို တပ်ဆင်ထားပါသည်။ ယာဉ်မောင်းသူက စီတီယာရင်ကို အသုံးပြုရာတွင် အခက်အခဲမရှိ၊ ဟန်ချက်မပျက်သွားစေရန် electric power assisted steering ကိုလည်း တပ်ဆင်ထားပါသည်။ F-Paceသည် အခြားသော ကားအမျိုးအစားများနှင့် နှိုင်းယှဉ်လျှင် ဆီစားနှုန်း သက်သာသော ကားတစ်စီးဖြစ်ပါသည်။ မြို့တွင်းမောင်းနှင်ပါက ခန့်မှန်းခြေအားဖြင့် တစ်ဂါလံကို ၂၆ မိုင်နှုန်းဖြင့်မောင်နှင်းနိုင်ပြီး အဝေးပြေးလမ်းမတွင် မောင်းနှင်ပါက ခန့်မှန်းခြေအားဖြင့် တစ်ဂါလံကို ၃၃ မိုင်နှုန်းအထိ မောင်းနှင်နိုင်သည်။

အပြင်ပိုင်းနှင့်အတွင်းပိုင်း

_ F-Pace_ကား၏ အမြင့်မှာ ၅ ပေ ၅လက်မ၊ အကျယ်မှာ ၆ပေခွဲနှင့် အရှည်မှာ ၁၅ပေခွဲရှိရာ SUV အမျိုးအစားကားများအကြား အလယ်အလတ်အဆင့် ကြီးမားသော ကိုယ်ထည်ရှိသည့် ကားတစ်စီးဖြစ်ပါ သည်။ မြေပြင်နှင့် ကားကိုယ်ထည်နေရာအကြား ကွာဟချက်မှာ ၈.၄ လက်မရှိသည့်အတွက် မညီညာဘဲ အနိမ့်အမြင့်များသော လမ်းကြမ်းများတွင် လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်ပါသည်။ အတွင်းခန်း ရှေ့ခုံတန်းနေရာများသည် ကျယ်ဝန်းပြီး အရပ်ရှည်သော ယာဉ်မောင်းသူများအတွက် ခရီးရှည်မောင်း နှင်ရာတွင် ခါးနာမှုမရှိစေရန် လယ်သာထိုင်ခုံကို လိုအပ်သလို အတိုးအလျော့လုပ်နိုင်အောင် တပ်ဆင်ထား ပါသည်။ အနောက်ထိုင်ခုံတန်းရှိ ခြေထောက်ထားရာ နေရာများသည်လည်း အခြားသော SUV ကားအမျိုးအစားများထက် ကျယ်ဝန်းပါသည်။ F-Pace ကား သယ်ဆောင်နိုင်သည့် အကျယ်အဝန်း (နောက်တန်းခုံ မလှဲထားလျှင်)မှာ ၃၃.၅ ကုဗပေကျယ်ဝန်ပြီး နောက်တန်းခုံလှဲထားလျှင် ၆၃.၅ ကုဗပေကျယ်ဝန်းသည်။ ထို့အပြင် ရေဒီယို၊ သီချင်းများရွေးချယ်နားထောင်နိုင်သော ၈ လက်မအရွယ် Incontrol Touchscreen၊ USB အပေါက်များ၊ Bluetooth နှင့် wifi hotspot များထည့်သွင်းထားသလို မိမိ၏ စမတ်ဖုန်းဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

လုံခြုံမှု

_ F-Pace_ ကားတွင် အရှေ့ခုံတန်းတွင် လေအိတ် ၂ ခု၊ ကားဘေးနံရံတလျောက် နှစ်ဖက်စလုံးတွင် လေအိတ်နှစ်ခု စုစုပေါင်း လေအိတ်လေးခုပါဝင်သည်။ လမ်းချော်ခြင်း မဖြစ်ပေါ်အောင် ထိန်းညှိပေးသည့် antilock brakes စနစ်လည်းပါဝင်သည်။ ကားရပ်နားစဉ် ကား၏ နောက်ဖက်တွင် တပ်ဆင်ထားသော sensor များက ကားနောက်ဖက်တွင် လုံခြုံမှု ရှိ၊ မရှိကို စစ်ဆေးသတိပေးသော parking assist နှင့်မောင်းနှင်စဉ် (သို့မဟုတ်) ကားရပ်နားစဉ် မမြင်ရသည့် blind spot နေရာများတွင် ကား (သို့မဟုတ်) အရာဝတ္ထု ရှိ၊ မရှိကို သတိပေးသည့် blind spot monitoring spot စနစ်လည်းပါဝင်ပါသည်။

ထိုသို့သော စွမ်းဆောင်ရည်မြင့်မားပြီး အတွင်းပိုင်း၊ အပြင်ပိုင်း အားကောင်းချက်၊ အာသာချက်များစွာရှိကာ လုံခြုံစိတ်ချရမှုအပြည့်အဝပေးနိုင်သောJaguar F-Pace သည် သက်သောင့်သက်သာနှင့် စမတ်ကျကျ ကားမောင်းနှင်ချင်သော ကားချစ်သူများအတွက် အသင့်တော်ဆုံး ကားတစ်စီး ဖြစ်ပါကြောင်း CarsDB ကနေ ရေးသားတင်ပြလိုက်ပါသည်။

မြင်သူ ...ရင်မောလောက်သည့် ဒီဇိုင်း...

ဝင်ထိုင်လိုက်ရုံဖြင့်... မည်သည့်နေရာတွင်မှ... မရရှိဘူးသည့် ခံစားချက်...

ခရီးများဆုံးသည့်တိုင် ရုန်းကန်ပေးသွားမည့် 180 hp နဲ့ 2000 CC ဒီဇယ်အင်ဂျင်ကြီး......

ရောက်ရာ အရပ်တွင်... ထွင်ကျန်စေမည့် Jaguar ၏ ပုံရိပ်ရောင်......

မြန်မာနိုင်ငံတွင် ....ခုန်ပျံကျော်လွှားတော့မည့် ....Jaguar F- Pace......

Author