Audi Q3 2019 Review (International)

0

Full article

မြန်မာနိုင်ငံမှာ တရားဝင်ရောင်းချတော့မယ့် Audi တွေထဲမှာ Q3 ပါဝင်မှာဖြစ်ပြီး compact SUV ဖြစ်တာကတစ်ကြောင်း၊ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်လျောက်ပါတ်မှုရှိမှာတစ်ကြောင်းတို့ကြောင့် မကြာမီရေပန်းစားလာနိုင်တဲ့ ကားအမျိုးအစားလို့ဆိုနိုင်ပါတယ်။ Upmarket ကားဖြစ်တာကြောင့် ပျမ်းမျှအားဖြင့်တော့တန်ဖိုးမြင့်မှာဖြစ်ပေမဲ့ အဆင့်မြင့်နည်းပညာပိုင်းကတော့ အပြည့်အဝရရှိနိုင်မှာပါ။ Audi ရဲ့ Q3 ဟာ ရေပန်းလည်းစားမယ့်၊ လက်တွေ့လည်းအသုံးကျမယ့်ကားတစ်စီးဖြစ်ပေမဲ့ မောင်းလိုက်တိုင်း စိတ်လှုပ်ရှားပြီးပျော်နေရမယ့် ကားမျိုးတော့မဟုတ်ပါဘူး။

အားသာချက်

  • အဆင့်မြင့်နည်းပညာများ စုံလင်စွာပါဝင်ခြင်း
  • ကျယ်ပြောသော cabin ပါဝင်ခြင်း
  • နောက်ပစ္စည်းထားခန်း ဝင်ဆံ့မှုပမာဏများပြားခြင်း

အားနည်းချက်

  • Automatic gearbox မှာ upmarket ကားတစ်စီးအနေဖြင့် မထုံတက်တေးနိုင်ခြင်း
  • အခြားပြိုင်ဘက်ကားများလောက် မောင်းနှင်ရသည်မှာ ပျော်စရာမကောင်းခြင်း
  • အခြားလိုချင်ဖွယ်ရာ အပို features များမှာ ဈေးနှုန်းအားဖြင့် ကြီးမြင့်ခြင်း

သုံးသပ်ချက်

စတိုင်ကျတယ်၊ နည်းပညာပိုင်းအဆင့်မြင့်မားတယ်။ ဒါဆို Audi ပဲလို့တောင်မှပြောလို့ရတယ်။ သူနဲ့အပြိုင်လို့ပြောရမယ်ဆိုရင် BMW X1 တို့ Mercedes GLA တို့ရှိပါလိမ့်မယ်။

ဟုတ်ပါတယ်။ Audi Q3 ဟာ Q2 ထက် ပိုမိုသင့်လျော်တဲ့အတွင်းခန်းအကျယ်အဝန်းနဲ့ထွက်ရှိလာတာဖြစ်ပြီး မိသားစုငယ်တစ်စုအတွက်တော့ မြို့တွင်းပတ်လည်ပဲမောင်းမောင်း၊ ခရီးဝေးပဲထွက်ထွက် နေ့စဉ်ဘဝအတွက်ရော၊ ခရီးရှည်သွားလာမှုအတွက်ပါ လက်တွေ့အသုံးကျလှတဲ့ကားတစ်စီးဖြစ်လာမှာသေချာပါတယ်။ ပိုမိုတဲ့ကျယ်ဝန်းကောင်းမွန်မှုအတွက်ဆိုရင်တော့ Q5 ကိုရွေးချယ်နိုင်မှာဖြစ်ပေမဲ့ Q3 ကတော့ အဓိကကျတဲ့ဈေးနှုန်းအားဖြင့် ပိုနည်းပါတယ်။

Audi တွေကို မြင်မြင်ခြင်းသတိပြုမိစရာကတော့ သူတို့ရဲ့အဋ္ဌဂံပုံစံကြီးမားတဲ့ grille ပါ။ သူတို့ရဲ့ grille ဒီဇိုင်းဟာ လူကြိုက်များလှပြီး တစ်ထပ်တည်းနီးပါး ကူးယူခံရတာတွေတောင်မှရှိပါတယ်။ ဒါပေမဲ့ လှပတဲ့ headlamps တွေဘေးက အကြောင်းသုံးကြောင်းပါ LED အချက်ပြမီးကိုတော့ အခြားအမျိုးအစားတွေမှာ ရှာတွေ့ဖို့ခဲယဉ်းပါလိမ့်မယ်။ နံဘေး 'ဖောင်း' လိုင်းတွေကိုကြည့်မယ်ဆိုရင် Audi ကားတွေရဲ့ အမှတ်အသားပုံစံအတိုင်း ခန့်ညားရှင်းလင်းမှုကိုမြင်ရမှာဖြစ်သလို aerodynamic ပိုင်းလည်းကောင်းမွန်တည်ငြိမ်မှုကိုရရှိစေအောင် ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။

“ဘယ်လိုပဲပြောပြော၊ ဂျာမနီထုတ်ကားတစ်စီးအဖြစ်နဲ့ ရိုးရှင်းခိုင်ခံတယ်၊ ပုံစံပိုင်းကျစ်ကျစ်လျစ်လျစ်ရှိတယ်။ Audi ဖြစ်တဲ့အတိုင်း နည်းပညာပိုင်းအဆင့်မြင့်တယ်။ Compact SUV ဖြစ်ပေမဲ့ ဝင်ဆံ့မှုအပိုင်းက တော်တော်လေးများတဲ့ကားတစ်စီးဖြစ်တဲ့အတွက် နေ့စဉ်ဘဝလက်တွေ့အသုံးကျလှမယ့်ကားတစ်စီးဖြစ်တာကြောင့် အခွင့်အရေးသာရမယ်ဆိုရင် လက်လွှတ်မခံသင့်တဲ့ကားတွေထဲမှာ Audi Q3 လည်းတစ်စီးအနေနဲ့ပါဝင်ပါတယ်။”

အတွင်းခန်း

အမြင့်ဈေးကွက်ကားတစ်စီးအနေနဲ့ အရည်အသွေးကောင်း ပလတ်စတစ်တွေ၊ အဆင်မြင့် trim   အတွက် သားရေအကောင်းစားအုပ်ထားတဲ့ ထိုင်ခုံတွေနဲ့ steering wheel တွေပါဝင်တယ်ဆိုတာကတော့ ထည့်ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ Audi Q3 ရဲ့အတွင်းခန်း design ကတခြား SUV အသေးတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင် အနာဂတ်ပိုဆန်တဲ့ပုံစံမှာရှိလို့နေတာပါ။

“Audi ဆိုတဲ့အတိုင်း ထူးထူးခြားခြားကြီးကို နှစ်သက်မိတာကတော့ display နှစ်ခုပါ။ ကျယ်ပြောပြီး ရုပ်ထွက်ပိုင်းကောင်းမွန်လှတဲ့ digital driver display နဲ့ တုံ့ပြန်မှုကောင်းမွန်ပြီးရှင်းလင်းလွယ်ကူစွာအသုံးပြုနိုင်တဲ့ infotainment မျက်နှာပြင်ဖြစ်ပါတယ်။ မျက်နှာပြင်နှစ်ခုလုံးရဲ့ နည်းပညာပိုင်း အဆင့်မြင့်မားမှုကလည်း ဒီဘက်ခေတ်လူငယ်တွေအတွက်တော့ သဘောခွေ့စရာတွေချည်းဖြစ်နေမှာအမှန်ပါပဲ။”

အလယ်မှာရှိတဲ့ infotainment မျက်နှာပြင်က 10.1-inch ရှိပြီး digital driver display ကိုတော့ Audi က Virtual Cockpit လို့အမည်ပေးထားကာ အရွယ်အစားအားဖြင့် 10.25-inch ရှိတယ်။ ဒီ မျက်နှာပြင်နှစ်ခုကနေပြီး Q3 ရဲ့ onborad features တွေအားလုံးကို ထိန်းကြောင်းလုပ်ဆောင်လို့ရတာဟာ အသုံးပြုသူတွေအတွက် အရမ်းကို လွယ်ကူအဆင်ပြေစေပါတယ်။ Android Auto ရော Apple CarPlay ပါရတဲ့အတွက် ဘယ်လို smartphone မျိုးနဲ့မဆို အကောင်းဆုံးချိတ်ဆက်နိုင်တယ်လို့ဆိုရမှာဖြစ်ပြီး ဂြိုဟ်တုလမ်းညွှန်အနေနဲ့ကတော့ ဖုန်းကနေတစ်ဆင့်လည်းအသုံးပြုနိုင်သလို built-in အနေနဲ့လည်းပါဝင်ပြီးသားပါ။ တစ်ခုရှိတာက မြန်မာနိုင်ငံကိုဝင်လာတဲ့အခါမှာ built-in navigation စနစ်က အလုပ်ဖြစ်ပါစေဆိုတာကတော့ ဆုတောင်းရမှာပါပဲ။

နောက်ထူးထူးခြားခြားကောင်းမွန်တာကတော့ speaker ဆယ့်ငါးလုံးဖြစ်ပါတယ်။ လုံလုံလောက်လောက် အသံကျယ်သလို အသံထွက်အရည်အသွေးလည်းကောင်းမွန်လှတာမို့ တေးဂီတနှစ်သက်သူတွေ အထူးနှစ်ခြိုက်မှာပါလို့ ကြိုပြောထားလို့တောင်ရတယ်။

လက်တွေ့ဆိုရင်

နေ့စဉ်ဘဝလက်တွေ့အသုံးကျမှုဟာ Audi Q3 ရဲ့အဓိကအားသာချက်ပါပဲ။ ရှေ့ထိုင်ခုံတွေရော၊ နောက်ထိုင်ခုံတွေပါ ထိုင်ရပြုရ သက်သောင့်သက်သာရှိပြီး ကျယ်ကျယ်ဝန်းဝန်းလည်းရှိတယ်။ Compact SUV အမျိုးအစားအနေနဲ့ အံ့တောင်မှသြစရာမျိုးပါ။ နောက်တစ်ချက်က sporty ဆန်တာဖြစ်ပြီးထိုင်ခုံတွေသာမက လက်ကိုင်ခွေ၊ dashboard ၊ gearknob ၊ ခြေနင်းတံတွေအားလုံး sporty ဆန်တာဖြစ်ပါတယ်။

နောက်ဖုံးကိုဖွင့်တဲ့အချိန် သတိထားမိတာတစ်ခုကတော့ Audi Q3 ရဲ့လျှပ်စစ်မော်တာဟာ တခြားကားတွေထက် မဆိုသလောက်မြန်တာပါပဲ။ ဒါဟာ ရေရှည်အသုံးပြုမယ်ဆိုရင် သိသာလှပြီးအဖွင့်အပိတ် စောင့်စောင့်နေရတဲ့ feeling မျိုးကနေ ကင်းဝေးစေနိုင်မှာပါ။ Boot ရဲ့ဘောင်ကတော့ နည်းနည်းမြင့်တဲ့အတွက် ပစ္စည်းအတင်အချလုပ်ရာမှာ အစင်းရာ၊ အခြစ်ရာ တချို့ထင်ကောင်းထင်နိုင်မှာဖြစ်ပေမဲ့ ကျယ်ဝန်းမှုကတော့ အံ့မခန်းပါပဲ။

“နောက်ခုံတန်းကို 40:20:40 ခေါက်နိုင်မှုဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပါပဲ။ ခပ်ရှည်ရှည်အရာဝတ္ထုတွေကိုတင်ဆောင်ရာမှာ နောက်အလယ်ခုံ (20) ကိုပဲခေါက်ထားပြီး ဘေးတစ်ဘက်တစ်ချက်မှာ လူတွေလိုက်ပါနိုင်တဲ့အတွက်ဖြစ်ပါတယ်။”

နောက်ပစ္စည်းထားခန်းအကျယ်က ပုံမှန်အတိုင်းဆိုရင် 530-litre ရှိတာမို့ BMW X1 ထက်ပိုမိုဝင်ဆံ့ပြီး Mercedes GLA ထက်လည်းပိုပါသေးတယ်။ နောက်တန်းထိုင်ခုံအားလုံးကိုခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုပမာဏက 1,525-litre ဖြစ်သွားတဲ့အတွက် ထည့်ချင်တာတွေပစ်သာထည့်လိုက် လို့တောင်မှ ပြောလို့ရတဲ့အနေအထားဖြစ်သွားပါပြီ။

မောင်းနှင်မှု

မောင်းနှင်မှုအပိုင်းအတွက်ပြောရမယ်ဆိုရင် Audi တွေထဲမှာ Q3 ကိုမောင်းနှင်ရတာဟာ သာမန်ပါပဲ။ Safety ပိုင်းအရတော့ လုံလုံလောက်လောက် ကောင်းမွန်ပေမဲ့ Q3 ထက် sporty ပိုဖြစ်တဲ့ SUV တွေ ဈေးကွက်ထဲမှာရှိနေပါတယ်။

“Comfort mode နဲ့မောင်းနှင်မယ်ဆိုရင် Audi Q3 ရဲ့ 7-speed automatic gearbox ရဲ့တုံ့ပြန်မှုဟာ ဆာလောင်နေတဲ့ငှက်မည်းတွေရန်ကရှောင်တိမ်းပြေးတဲ့ တီကောင်တစ်ကောင်လိုမျိုး လျင်မြန်မှုရှိပါတယ်။”

Q3 ပေါ်ထိုင်ရတာဟာ သာမန်မိသားစုစီးကားတွေအပေါ်ထိုင်ရတာထက်တော့ မြင့်တာအမှန်ပါပဲ။ မြင်ကွင်းကောင်းတယ်ဆိုရမှာပါ။ ရှေ့လေကာမှန်အပါအဝင် တပ်ဆင်ထားတဲ့မှန်တွေအားလုံးဟာ ကျယ်ဝန်းတဲ့အတွက် ရှုခင်းကောင်းတွေကို လက်လွတ်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့လည်း လမ်းခွဆုံတွေမှာ ကားသေးသေးလေးတွေနဲ့တွေ့ရင် တအားကပ်ဖို့အတွက်ကတော့ မောင်းသားကျနေဖို့တော့ လိုမှာပါ။

နောက်မြင်ကွင်းကလည်း တော်တော်လေးကောင်းတယ်။ Parking sensors တွေ 360° ကင်မရာမြင်ကွင်းတွေပါ ပါဝင်တဲ့အတွက် parking ပိုင်းအတွက်တော့ ဘာမှစိတ်ပူစရာမရှိပါဘူး။ အကောင်းဆုံး မောင်းနှင်မှု mode ကတော့ Dynamic mode ပါ။ Dynamic mode နဲ့ဆိုရင်S teering ဟာ ပိုမိုပေ့ါပါးပြီး ထိန်းချုပ်ရာမှာလည်း တိကျသေချာလှတာတွေ့ရတယ်။ အထသွက်သလို အရှိန်လည်းကောင်းတာမို့လို့ မြို့တွင်းကားကြပ်ကြပ်မှာ သွက်သွက်လက်လက်မောင်းနှင်နိုင့်မယ့်အနေအထားပါ။

Vorsprung trim နဲ့ adaptive suspension ပါရရင်တော့ သက်သောင့်သက်သာပိုဖြစ်တာပေ့ါ။ ပိုပြီးလည်း sporty ဖြစ်လာဦးမှာပါ။ အင်ဂျင်ရွေးချယ်မှုအပိုင်းမှာ ဓါတ်ဆီ၊ ဒီဇယ်အများအပြားရွေးချယ်နိုင်တဲ့အတွက် ထုံးစံအတိုင်း မြို့တွင်းအမောင်းများတဲ့သူတွေက ဓါတ်ဆီ၊ အဝေးပြေးလမ်းပေါ်အနေများမယ့်သူတွေက ဒီဇယ်အင်ဂျင်ကို နှစ်သက်သလို ရွေးချယ်နိုင်တာကလည်း အားသာချက်တစ်ခုလို့ပြောလို့ရပါတယ်။

Safety ပိုင်းအတွက် အကြိုက်ဆုံးအချက်ကတော့ automatic emergency braking စနစ်ဖြစ်ပြီး lane keeping assist တို့ blind-spot detection တို့ကလည်း standard အဖြစ်နဲ့တပ်ဆင်ထားပြီးသားပါ။ နောက်တစ်ခုက Audi Q3 ဟာ Euro NCAP crash test မှာ ကြယ်ငါးပွင့်အပြည့်ရပြီးသားဖြစ်တဲ့အတွက် စိတ်ချလုံခြုံမှုအပိုင်းမှာတော့ ဘာမှပြောနေစရာတောင်လိုမယ်မထင်ပါဘူး။

"ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ Audi ရဲ့ Q3 ဟာ ဝူးဝူးဝါးဝါးမောင်းစရာကားတစ်စီးတော့မဟုတ်ဘူး။ ကိုယ့်ရဲ့အမြတ်နိုးဆုံး မိသားစုကို ကားပေါ်တင်ဆောင်ပြီး စိတ်ချလုံခြုံစွာနဲ့ရေရှည်အသုံးပြုဖို့အတွက်ဆိုရင်တော့ ထိပ်တန်းအဆင့်မှာရှိနေတဲ့ကားတစ်စီးဖြစ်ပါတယ်။ ဈေးနှုန်းအရလည်း သင့်တော်မှုရှိပါတယ်လို့ အကြံပြုချင်ပါတယ်။"

ပါဝင်တဲ့အချက်တွေ

Audi Q3 ကိုဗြိတိန်မှာတော့ Sport ၊ S Line ၊ Edition 1 ၊ Vorsprung ဆိုပြီး trim လေးမျိုးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။

Sport (ခန့်မှန်းတန်ဖိုး : £28,613)

Audi Q3 Sport trim ဆိုရင်တော့ 18-inch အလွိုင်းခွေ၊ sport ထိုင်ခုံ၊ LED ရှေ့မီးကြီးနဲ့ ဘရိတ်မီး စတာတွေနဲ့ရရှိနိုင်ပါတယ်။ အတွင်းမှာ Audi ရဲ့ နောက်ဆုံးထွက် MMI infotainment စနစ်၊ 10-inch ကိုယ်စီရှိတဲ့ display နှစ်ခု၊ ဂြိုဟ်တုလမ်းညွှန်အပြင် smartphone mirroing ပါ ပါပြီးသားပါ။ ဒါ့အပြင် dual-zone climate control ၊ နောက် parking sensors တွေ၊  cruise contorl အပြင် automatic emergency braking စနစ်နဲ့ lane-departure warning စနစ်အပါအဝင် safety features တွေအများအပြားနဲ့ရရှိမှာဖြစ်ပါတယ်။

Audi Q3 Sport မှာတော့ အင်ဂျင်ရွေးချယ်စရာ ခြောက်မျိုးအထိတောင်မှာရှိပါတယ်။

  1. 1.5-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.6-s ၊ ဆီစားနှုန်း 46mpg
  2. 1.5-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 49mpg
  3. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 60mpg
  4. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ 4WD ၊ 0-60mph - 9.3-s ၊ ဆီစားနှုန်း 51mpg
  5. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 7.4-s ၊ ဆီစားနှုန်း 39mpg
  6. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 8-s ၊ ဆီစားနှုန်း 51mpg

S Line (ခန့်မှန်းတန်ဖိုး : £30,233)

Q3 ကို S Line trim နဲ့ဝယ်မယ်ဆိုရင်တော့ 19-inch အလွိုင်းခွေနဲ့ရမယ်။ Bumpers တွေ၊ suspension တွေက sporty ပိုဆန်လာမယ်။ နောက်မှန်အမည်းနဲ့ရရှိမှာဖြစ်ပြီး သားရေသားအုပ်ထိုင်ခုံတွေပါလာမှာပါ။ ပြောင်လက်အောင်တိုက်ထားတဲ့ အလူမီနီယံ အပြင်အဆင်နဲ့ရရှိမှာဖြစ်ပြီး pedal ကတော့ stainless steel တွေနဲ့ဖြစ်သွားမှာပါ။

S Line ဆိုရင်တော့ အင်ဂျင်ရွေးချယ်စရာ ရှစ်မျိုးအထိရှိလာပါပြီ။

  1. 1.5-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.6-s ၊ ဆီစားနှုန်း 46mpg
  2. 1.5-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 49mpg
  3. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ 4WD ၊ 0-60mph - 9.3-s ၊ ဆီစားနှုန်း 51mpg
  4. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 59mpg
  5. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ 4WD ၊ 0-60mph - 9.3-s ၊ ဆီစားနှုန်း 50mpg
  6. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 7.4-s ၊ ဆီစားနှုန်း 38mpg
  7. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 8-s ၊ ဆီစားနှုန်း 50mpg
  8. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 230hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 6.3-s ၊ ဆီစားနှုန်း 38mpg

Edition 1 (ခန့်မှန်းတန်ဖိုး : £33,829)

Edition 1 trim မှာတော့ အင်ဂျင်ရွေးချယ်စရာ ခြောက်မျိုးနဲ့ဖြစ်ပါတယ်။

  1. 1.5-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.6-s ၊ ဆီစားနှုန်း 48mpg
  2. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 58mpg
  3. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ manual gearbox ၊ 4WD ၊ 0-60mph - 9.3-s ၊ ဆီစားနှုန်း 50mpg
  4. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 7.4-s ၊ ဆီစားနှုန်း 37mpg
  5. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 8-s ၊ ဆီစားနှုန်း 49mpg
  6. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 230hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 6.3-s ၊ ဆီစားနှုန်း 37mpg

Vorsprung (ခန့်မှန်းတန်ဖိုး : £38,320)

Vorsprung ကတော့ Audi Q3 ရဲ့ အကောင်းဆုံး trim ဖြစ်ပါတယ်။ တခြား trim တွေမှာမရနိုင်တာမျိုးတွေကို Vorsprung မှာတွေ့ရမှာပါ။ 20-inch အလွိုင်းခွေနဲ့၊ adaptive suspension နဲ့၊ အဆင့်မြှင့်တင်ထားတဲ့ Matrix LED headlamps တွေနဲ့အပြင်ကိုမှ panoramic glass sunroof နဲ့ရမှာဖြစ်ပါတယ်။ အနက်ရောင် bumper ၊ အမိုးတန်းနဲ့ နံဘေးနောက်ကြည့်မှန်နဲ့ all black ပုံစံမျိုးနဲ့ရမှာဖြစ်ပါတယ်။ အတွင်းခန်းမှာဆိုရင် Alcantara နဲ့ သားရေသားစပ် sport ထိုင်ခုံတွေ၊ အရောင်သုံးဆယ်ပြောင်းနိုင်တဲ့ mood lighting တွေအပြင် Bang & Olufsen stereo speaker ဆယ့်ငါးလုံးရယ်နဲ့ရမှာဖြစ်ပါတယ်။

အင်ဂျင်ရွေးချယ်စရာကတော့ ငါးမျိုးသာရှိမှာဖြစ်ပါတယ်။

  1. 1.5-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 48mpg
  2. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 150hp၊ automatic gearbox ၊ ရှေ့ယက် ၊ 0-60mph - 9.2-s ၊ ဆီစားနှုန်း 58mpg
  3. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 7.4-s ၊ ဆီစားနှုန်း 38mpg
  4. 2.0-litre ဒီဇယ်အင်ဂျင်၊ အမြင့်ဆုံးပါဝါ 190hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 8-s ၊ ဆီစားနှုန်း 50mpg
  5. 2.0-litre ဓါတ်ဆီအင်ဂျင်၊ အမြင့်ဆုံးပါဝါ 230hp၊ automatic gearbox ၊ 4WD ၊ 0-60mph - 6.3-s ၊ ဆီစားနှုန်း 37mpg

Ref: New Audi Q3 Review by Mat Watson

Author