Audi R8 Review (International)

0

Full article

ဓါတ်ဆီအင်ဂျင်သုံးကားတွေရဲ့ အကောင်းဆုံး ဘုံဗိမာန်ဆီကိုခေါ်ဆောင်ပေးနိုင်မည့် စွမ်းဆောင်ရည်နဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ ကားကတော့ Audi R8 V10 ပါ။ တည်ဆောက်ပုံ သိပ်ကောင်းတယ်။ မောင်းနှင်ရ အလွန်လွယ်တယ်။ ဒါပေမဲ့ အခြားတန်းတူရွေးချယ်စရာတွေမှာက ပိုမိုတဲ့သီးသန့်ဆန်မှုတွေရှိနေတယ်။

အားသာချက်

  • အင်ဂျင်ပိုင်း လွန်စွာကောင်းမွန်ခြင်း
  • စုပ်ခွက်ငါးတစ်ကောင်လို မြဲမြံစွာချုပ်ကိုင်နိုင်ခြင်း
  • နေ့စဉ်သုံးကားတစ်စီးအဖြစ် တင့်တယ်မှုအပြည့်ရှိခြင်း

အားနည်းချက်

  • အခြားတန်းတူရွေးချယ်စရာများတွင် သာလွန်တဲ့ သီးသန့်ဆန်မှုရှိခြင်း
  • အခြားတန်းတူရွေးချယ်စရာများတွင် ပိုမို၍သက်သောင့်သက်သာဖြစ်စေသော စွမ်းဆောင်ရည်ရှိခြင်း
  • နေ့စဉ်အသုံးပြုရန်အတွက် လက်တွေ့ကျမှုအပြည့်အဝမရှိခြင်း

သုံးသပ်ချက်

Supercars တွေရဲ့လောကမှာတော့ Audi R8 ဟာ McLaren 570S လိုမဟုတ်ဘဲ ချင့်ချိန်မှုအပြည့်ရှိတဲ့ လူလတ်ပိုင်းတွေ အထူးနှစ်သက်မည့်ပုံစံမှာရှိနေတာပါ။ 2015 ခုနှစ် Audi R8 စတင်မိတ်ဆက်တဲ့ အချိန်တုန်းကထက်စာရင် အခုနောက်ဆုံးထုတ် R8 ဟာ ပိုပြီး ခက်ထန်တဲ့အသွင်အပြင်ရှိလာတယ်။ ပိုပြီး sporty ဖြစ်လာတယ်။ နောက်... ပိုပြီးစွမ်းဆောင်ရည်ပြည့်ဝလာပါတယ်။

ဥပမာ ကားရဲ့အရှေ့ခြမ်းကိုပဲကြည့် ကြည့်လိုက်။ Grille တွေအပေါ်က လေပေါက် သုံးပေါက်ဟာ လုံးဝကို ပြိုင်ကားအဌာမျိုးဖြစ်ပြီး A1 Sportback မှာလည်း ဒါမျိုးကိုတွေ့ရနိုင်တယ်။ ဒါပေမဲ့ ကျန်တဲ့ R8 ရဲ့ကျယ်ပြန့်လှတဲ့ လေဝင်ပေါက်ဧရိယာ၊ မြေပြင်နဲ့နီးကပ်မှုတွေဟာ လမ်းမတွေပေါ်က ပြိုင်ကားတစ်စီးဆိုတာကို အော်ဟစ်ပြီးသက်သေပြနေသလိုပါပဲ။

ဘေးဘက်ကိုကြည့်ရင်လည်း ထိုနည်းလည်းကောင်းပါ။ အခုနောက်ဆုံးထုတ်မော်ဒယ်မှာ မော်ဒယ်အဟောင်းရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ အများနဲ့မတူ ကွဲပြားလှပတဲ့ နံဘေးလေပေါက်နဲ့ပဲလာတာဖြစ်ပါတယ်။ အနောက်ဘက်မှာကြီးမားတဲ့ grille ကို အတန်းလိုက်အပြည့်တပ်ဆင်ပေးထားတာကတော့ ဖျတ်ကနဲမြင်ရုံနဲ့တင် အမြင်အာရုံကို ဖမ်းစားနိုင်စွမ်းရှိစေပါတယ်။

“စွမ်းဆောင်ရည်ပိုင်းအရ ဥပမာပေးရရင် Audi R8 ကိုမောင်းနှင်ရတာဟာ Hevy Metal ဂီတကို သီဆိုတီးမှုတ်နေရတာနဲ့တူပြီး အခြား supercars တွေကတော့ X-Factor ပြိုင်ပွဲတွေရဲ့ အစောပိုင်းသီဆိုမှုတွေလို ဖြစ်နေတော့တာပါပဲ။”

အတွင်းခန်း

ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ အပြင်ပိုင်းပုံစံနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ သိပ်ကိုဝံ့ကြွားစရာကောင်းတဲ့ Audi R8 ဟာ အတွင်းခန်းကိုဝင်တဲ့အခါမှာတော့ 10 မှတ်ရှိရင် 6 မှတ်လောက်သာ ပေးချင်စရာဖြစ်နေတာပါပဲ။ သေချာတာကတော့ R8 အတွင်းခန်းဟာ ချစ်ဖို့ကောင်းတယ်။ အရာအားလုံးဟာ အသုံးပြုရ သိပ်ကိုလွယ်တယ်။ သို့ပေမဲ့ပေါ့။ R8 ရဲ့ သင့်တင့်လျောက်ပတ်တဲ့ cabin ဟာ Lamborghini Huracan ရဲ့ အရူးအမူးဖြစ်စေလောက်တဲ့ မက်မောစွဲလမ်းစရာတွေ ပေါင်းစပ်ဖွဲ့စည်းထားတာမျိုး ကင်းမဲ့နေတယ်လို့ ခံစားရပါတယ်။

Digital driver’s display ကိုကြည့်မယ်ဆိုရင်လည်း R8 ဟာ Huracan ထက် ထူးခြားမှုနည်းပါးပါတယ်။ Display ရဲ့ရုပ်ထွက်ပိုင်းကတော့ အမှားအယွင်းလုံးဝကင်းတယ်။ လက်ကိုင်ခွေမှာတပ်ဆင်ထားတဲ့ ထိန်းချုပ်ခလုတ်တွေကတော့ McLaren 570S ရဲ့ ဒေါင်လိုက် touchscreen ထက် အသုံးပြုရာမှာ ပိုပြီးလွယ်ကူတာတွေ့ရပါတယ်။

“ပြောချင်တာက Audi R8 ရဲ့အတွင်းခန်းဟာ လက်ခံနိုင်လောက်စရာ နည်းပညာတွေနဲ့ပြည့်စုံပါတယ်။ အရည်အသွေးပိုင်းအရလည်းကောင်းတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအပိုင်းမှာတော့ တန်းတူအခြားရွေးချယ်စရာတွေက ပိုသာနေတာပါ။”

အဓိကအချက်အနေနဲ့ကတော့ Audi R8 မှာက ဘယ်လို touchscreen အမျိုးအစား infotainment စနစ်မှ မပါဝင်တာပါပဲ။ အဲဒီအစား 12-inch digital driver’s display သာတပ်ဆင်ပေးထားပါတယ်။ ဒီ display ကနေပြီးပဲ ဂြိုဟ်တုလမ်းညွှန်တို့၊ drive mode တို့စတဲ့ ကားတစ်စီးရဲ့ onboard feature တွေအားလုံးကို ထိန်းချုပ်လုပ်ဆောင်ရမှာပါ။ မောင်းနှင်သူအနေနဲ့ အသုံးပြုရတာ လွယ်ကူမှုရှိတယ်။ ဒါပေမဲ့ ဟာတာတာ ခံစားမှုကိုတော့ ရရှိစေတာ အမှန်ပါပဲ။

ကားနဲ့ဖုန်းဆက်စပ်မှုအနေနဲ့ Audi R8 မှာ smartphone mirroring ပါတဲ့အတွက် ကြိုက်တဲ့ navigation စနစ်ကို ရွေးချယ်အသုံးပြုနိုင်တယ်။ တခြား Audi model တွေနဲ့မတူတာက smartphone mirroring ကိုဖေါ်ပြမှာက Virtual Cockpit စနစ်မှာဖြစ်တဲ့အတွက် Waze ၊ Google Maps နဲ့ Spotify စတဲ့ ဖုန်း apps တွေကိုအသုံးပြုရာမှာ steering wheel က ခလုတ်တွေနဲ့ ထိန်းချုပ်လုပ်ဆောင်ရတာပါပဲ။ ခေတ်မီ smartphone တွေအတွက် wireless charging ပါဝင်တဲ့အပြင်ကိုမှ Audi ရဲ့ signal box feature တပ်ဆင်ပေးထားတဲ့အတွက် ဖုန်း signal မမိမှာ မပူရတော့ပါဘူး။ အသံပိုင်း ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာအဖြစ် Bang & Olufsen unit တပ်ဆင်မယ်ဆိုရင်တော့ ပိုမိုတဲ့အသံပိုင်းအရည်အသွေးနဲ့ ပိုမိုတဲ့ကုန်ကျစာရိတ်ကို ရရှိမှာ ဖြစ်ပါတယ်။

လက်တွေ့ဆိုရင်

လက်တွေ့ကျမှုအပိုင်းကိုပြောရမယ်ဆိုရင် Audi R8 ဟာ ဘယ်လိုအရပ်မောင်းနဲ့လူမျိုးအတွက်ကိုမဆို မောင်းနှင်ဖို့နဲ့ စီးနင်းဖို့ လုံလောက်တဲ့အကျယ်ကို ပိုင်ဆိုင်ထားတယ်။ ပစ္စည်းထားဖို့အတွက်ကတော့  ဒီထက်ပိုပြီးနေရာကျယ်ကျယ်ဝန်းဝန်းကလေး ရနိုင်မယ်ဆိုရင် ပြီးပြည့်စုံမှုရှိသွားမှာပါ။ Boot နေရာလွတ်ဟာ 112 litres သာရှိတဲ့အတွက် ခရီးဆောင်အိတ်အသေးတစ်လုံးနဲ့ အခြားအိတ်ပျော့နည်းနည်းသာ ဝင်ဆံ့မှာဖြစ်ပါတယ်။ Porsche 911 GT3 နဲ့ McLaren 570S တို့ဆိုရင် ပိုမိုဝင်ဆံ့တဲ့ ပစ္စည်းထားစရာ နေရာလွတ်တွေကိုပိုင်ဆိုင်ထားကြတယ်။

McLaren လိုမျိုးပါပဲ။ Audi R8 ရဲ့ boot ဟာ အရှေ့ဘီးနှစ်လုံးကြားမှာတည်ရှိပါတယ်။ စောက်နက်ပြီး ကျဉ်းတဲ့အတွက် တစ်အိတ်ထက်ပိုတဲ့ လက်ဆွဲအိတ်တွေဆိုရင် ထပ်တင်ရမှာပါ။ အကောင်းဆုံးကတော့ ထိရှလွယ်တဲ့အရာတွေပါတဲ့ အိတ်ကို ထိပ်ဆုံးမှာမထားဖို့ပါပဲ။

မောင်းနှင်မှု

နေ့စဉ်နေ့တိုင်းမောင်းနှင်ဖို့အတွက်ဆိုရင် Audi R8 ဟာ McLaren ထက်တော့ လက်တွေ့ပိုကျပါတယ်။ ဒီလိုမျိုး နိမ့်ပြီးကျယ်တဲ့ ကားမျိုးအတွက် မောင်းနှင်ရာမှာ လွယ်ကူလွန်းတာကိုတွေ့ရတယ်။ Suspension ပိုင်းအရလည်း ပျော့ပြောင်းပြီး ချိုင့်ကြီးကြီးမှာကျတာတောင်မှ မောင်းနှင်စီးနင်းသူတွေရဲ့ ခါးကိုအလုံအလောက် အကာအကွယ်ပေးနိုင်စွမ်းရှိတာတွေ့ရတယ်။

Audi R8 ရဲ့ model တိုင်းဟာ automatic gearbox တွေနဲ့ဖြစ်ပြီး အားလုံးဟာ လျင်မြန်မှုပိုင်းမှာတော့ ထိပ်တန်းချည်းပါပဲ။ Audi ရဲ့ Quattro four-wheel-drive စနစ်ကလည်း လမ်းအခြေအနေအတော်များများအတွက် အဆင်ပြေချောမွေ့စေဖို့ အကောင်းဆုံးကူညီပေးနိုင်တာတွေ့ရတယ်။ V10 အင်ဂျင်နဲ့အတူ အားကောင်းလှတဲ့အသံကလည်း accelerator ကိုဖိနင်းလိုက်တဲ့အခါတိုင်း စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုနဲ့အတူ အမြင့်စားစွမ်းဆောင်ရည်ကို ရရှိစေမှာပါ။ 620hp အထိအမြင့်ဆုံးပါဝါထုတ်လွှတ်နိုင်မယ့် အင်ဂျင်နဲ့ဆိုရင်တော့ ဓါတ်ဆီအင်ဂျင်နဲ့ ကားမောင်းရခြင်းတွေအတွက် အမြင့်ဆုံးသုခကို ခံစားရရှိစေနိုင်ပါတယ်။

Audi R8 ဟာ ခင်ဗျားလိုအပ်တာထက် ပိုမြန်အောင်မောင်းလို့ရတဲ့ကားပါ။ မောင်းနှင်မှုစွမ်းဆောင်ရည်ပိုင်းအရ အပြစ်ပြောစရာမရှိတဲ့ အဆင့်မှာရှိနေတဲ့ကားတစ်စီးလည်းဖြစ်ပါတယ်။”

ပါဝင်တဲ့အချက်တွေ

Audi R8 မှာ trim အနေနဲ့ UK မှာ သုံးမျိုးရှိပါတယ်။ Standard ၊ Performance နဲ့ Performance Carbon Black ပါ။

Standard

ဈေးနှုန်း : $135,800 ခန့် (UK)

Standard trim မှာတော့ Audi R8 က 570hp V10 အင်ဂျင်နဲ့ပါ။ 19-inch အလွိုင်းခွေတွေနဲ့ဖြစ်ပြီး LED မီးတွေ၊ အပူပေးနိုင်တဲ့ Nappa သားရေဖုံး sport ထိုင်ခုံတွေနဲ့ပါ။ Climate control ၊ cruise control နဲ့ အနောက်ကင်မရာတွေလည်း တပ်ဆင်ပေးထားတယ်။ ဒါ့အပြင် Audi ရဲ့ 12.3-inch digital driver’s display Virtual Cockpit ကိုမှ built-in ဂြိုဟ်တုလမ်းညွှန်၊ Smartphone mirroring  နဲ့ DAB digital ရေဒီယိုနဲ့ပါ။
5.2-litre ဓါတ်ဆီအင်ဂျင်ကိုအသုံးပြုပေးထားပြီး 0-60mph ကို 3.4-second ထဲနဲ့ အရှိန်တင်မောင်းနှင်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ 22mpg ရှိပါတယ်။ စွမ်းဆောင်ရည်မြင့်ကားတွေဖြစ်တဲ့အတိုင်း ဆီစားနှုန်းများပြားမှာတော့ အသေအချာပါပဲ။

Performance

ဈေးနှုန်း : $149,500 ခန့် (UK)

Performance trim မှာတော့ အဓိက 620hp အင်ဂျင်နဲ့ဖြစ်သွားပါပြီ။ အလွိုင်းခွေကလည်း 20-inch ဖြစ်ပြီး carbon ceramic ဘရိတ်တွေအသုံးပြုပေးထားပါတယ်။ Exhaust ကိုလည်း အသံမထွက်အောင်ဖြစ်ဖြစ် အသံကျယ်အောင်ဖြစ်ဖြစ် ချိန်ညှိလို့ရတဲ့ feature မျိုးပါလာပါပြီ။ Matte titanium trims နဲ့လိုချင်ရင်လည်း Performance trim မှာက ရွေးချယ်စရာအဖြစ်နဲ့ ရရှိနိုင်ပါသေးတယ်။
အင်ဂျင်ကတော့ 5.2-litre ဓါတ်ဆီအင်ဂျင် Automatic Gearbox နဲ့ပါ။ 620hp အထိ အမြင့်ဆုံးပါဝါ ထုတ်လွှတ်ပေးနိုင်ပြီး  0-60mph acceleration ကတော့ 3.1-second ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ 22mpg ပါပဲ။

Performance Carbon Black

ဈေးနှုန်း : $163,100 ခန့် (UK)

High-spec Performance Carbon Black မှာတော့ Audi R8 ဟာ အဆင့်မြှင့်တင်ထားတဲ့ adaptive suspension နဲ့လာတာပါ။ Carbon fibre နဲ့ပြုလုပ်ထားတဲ့ နံဘေးနောက်ကြည့်မှန်တွေ၊ side skirts တွေ၊ bumper နဲ့ air intake တွေနဲ့ရရှိမှာပါ။ Brake calipers တွေက အနီရောင်တွေ၊ carbon ceramic brake တွေဖြစ်ပါတယ်။ ကျန်တာတွေကတော့ Performance trim နဲ့သိပ်ကွာခြားမှုမရှိလှပါဘူး။ အင်ဂျင်ပိုင်းလည်းတူတူဖြစ်ပေမယ့် Carbon Black ကတော့ နာမည်အတိုင်း Carbon fibre trim နဲ့ရရှိနိုင်မှာဖြစ်တဲ့အတွက် ဈေးနှုန်းကွာခြားမှု $13,600 ဆိုတာက ပိုပေးရတဲ့ငွေထက်သာတဲ့ အဖိုးတန်မှုကို ရရှိတာပဲဖြစ်တာမို့လို့ အတန်ဆုံးပါလို့တောင် ဆိုနိုင်ပါတယ်။

Ref: Audi R8 Review by Mat Watson

Author

Comments