Audi A8L Review (International)

0

Full article

ကျယ်ကျယ်ဝန်းဝန်းရှိပြီး အဆင့်အတန်းမြင့်တယ်။ မောင်းနှင်စီးနင်းရတာ သက်သောင့်သက်သာရှိပြီး အင်ဂျင်တွေကလည်း ပါဝါအပြည့်နဲ့လိုချင်တယ်ဆိုရင်တော့ Audi A8L ဟာ ရွေးချယ်သင့်တဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒါပေမဲ့ပြောရမယ်ဆိုရင် A8L မှာတပ်ဆင်ထားတဲ့ infotainment မျက်နှာပြင်ကတော့ ကားမောင်းနေရင်းသုံးမယ်ဆိုရင် ခက်ခဲမှုရှိတယ်။ ချောမွေ့သွားဖို့တော့ အချိန်တစ်ခုလိုအပ်ဦးမှာပါ။

အားသာချက်

  • သိပ်ကောင်းတဲ့ အတွင်းခန်း
  • သက်သောင့်သက်သာရှိလှစွာသော မောင်းနှင်စီးနင်းမှု
  • ကျယ်ဝန်းသော အနောက်ခန်း

အားနည်းချက်

  • Infotainment မျက်နှာပြင်ဟာ မောင်းနှင်စဉ်အသုံးပြုရခက်ခဲခြင်း
  • အင်ဂျင်ပိုင်းရွေးချယ်စရာနည်းပါးခြင်း
  • ဈေးနှုန်းကြီးမြင့်သော လိုချင်ဖွယ်ရာ kit များရှိနေခြင်း

သုံးသပ်ချက်

Audi A8L အသစ်ရဲ့ ဒီဇိုင်းတော်တော်များများဟာ အဟောင်းနဲ့တူတယ်။ ဒါပေမဲ့ နောက်ဘက်က အတန်းလိုက်ပြေးနေမယ့် မီးတန်းရယ်​၊ ရှေ့ဘက်က ပါးစပ်ဖြဲထားတဲ့ ငါးမန်းနဲ့တူတဲ့ Audi ရဲ့သင်္ကေတ ကြီးမားတဲ့ grille ရယ် စတာတွေကတော့ သစ်လွင်ပြီး အဝေးပြေးလမ်းပေါ်မှာ တိုးလာသမျှလေအားလုံးကို ဝါးမြိုကာရှေ့ကို ကျွံထွက်အောင်ပြေးမယ့် အနီရောင်မီးတန်းကလေးဖြစ်နေတော့မယ့်ပုံမျိုးပါ။

ဂျာမနီမော်တော်ကားလောကရဲ့ အမြဲတမ်းစိန်ခေါ်သူ Audi ရဲ့ A8L ဟာ BMW 7 Series နဲ့ Mercedes S-Class တွေကို အကောင်းဆုံးဆက်လက်စိန်ခေါ်နေတုန်းပါပဲ။ A8L မှာ မြင်သမျှထိသမျှဟာ အပျံစားဆိုတဲ့ခံစားမှုကိုပေးနိုင်စွမ်းရှိတယ်။ Models အားလုံးဟာ အကောင်းစားသားရေအုပ် ထိုင်ခုံတွေနဲ့ဖြစ်ပြီး တန်ဖိုးကြီးတဲ့အရာတွေချည်းအသုံးပြုထားတာပါ။ Driver display အနေနဲ့ကတော့ Audi အခေါ်  Virtual Cockpit ဖြစ်ပြီး 12.3-inch ရှိတဲ့ resolution အမြင့်စား မျက်နှာပြင်နဲ့ဖြစ်ပါတယ်။

“Audi A8L ဟာ နိုင်ငံတကာ ကားကျွမ်းကျင်သူတွေက 9/10 အမှတ် အပေးခံထားရတဲ့ကားဖြစ်တယ်။ ဘေးအန္တရာယ်ကင်းရှင်းရေး စိတ်ချရတယ်။ ကျယ်ဝန်းတယ်။ ဇိမ်ကျတယ်။ ပိုပြီးကောင်းတဲ့အချက်က တန်ဖိုးကြီးမြင့်ပေမဲ့ ပေးရတဲ့ငွေကြေးနဲ့ထိုက်တန်မှုရှိတဲ့ အရည်အသွေးကို ရရှိမှာဖြစ်ပါတယ်။”

အတွင်းခန်း

ရှေ့ခန်းအနေနဲ့ သားရေသားကောင်းကောင်းတွေနဲ့ ထည့်စရာပြုစရာနေရာများစွာကို ပထမဆုံး သတိပြုမိပါတယ်။ အလယ် centre console box မှာ USB ပေါက်တွေအပြင် SD slot နဲ့ SIM slot တွေပါ တပ်ဆင်ထားတယ်။ Glovebox ကျယ်တယ်။ Cupholders တွေအနေအထားလည်း ကောင်းတယ်။​ အသုံးပြုထားတဲ့ သတ္ထုတွေ၊ ပလတ်စတစ်တွေ၊ သားရေတွေ အားလုံးဟာ အရည်အသွေးမြင့်တယ်။ Air vent ထိန်းချုပ်မှုတွေဘာတွေကအစ touch bar နဲ့ဖြစ်ပြီး A8 မှာပါတဲ့ရှေ့ air vent က ခေါက်ပြီးသိမ်းလို့ရတဲ့ air vent ပါ။

“Digital display အနေနဲ့ကတော့ စုစုပေါင်းသုံးမျိုး တပ်ဆင်ထားတယ်။ Driver display အဖြစ် steering mounted controls တွေက ထိန်းချုပ်ရမယ့် Audi ရဲ့ အလန်းစား Virtual Cockpit ရယ်၊ dashboard အလယ်မှာက အပေါ်အောက်တပ်ဆင်ထားတဲ့ display နှစ်ခုရယ်ပါ။ အရည်အသွေးကောင်းတယ်။ ပုံထွက်ကောင်းတယ်။ တစ်ခုပဲ။ မောင်းနှင်နေရင်းတော့ အသုံးပြုရာမှာ ခက်ခဲမှုရှိနိုင်ပါတယ်။ အသားကျသွားမှ ချောမွေ့သွားနိုင်မယ့် ပုံစုံမျိုးဖြစ်နေတာတစ်ချက်ပါပဲ။”

Wheelbase ရှည်တဲ့ကားတစ်စီးအနေနဲ့ နောက်လူစီးခန်းကျယ်ပြန့်တာကတော့ အံ့အားသင့်ဖွယ်မရှိလှပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Audi A8L ရဲ့နောက်ခန်းဟာ တော်တော်ကြီးကို ခြေဆန့်လက်ဆန့်ထိုင်လို့ရတာကိုတော့ ဒီနေရာမှာထည့်ပြောချင်ပါတယ်။ ထူးခြားချက်က နောက်ခုံတွေကလည်း လှန်လို့ခေါက်လို့ရတာပါ။ တန်ဖိုးကြီးကားတွေရဲ့ ရှေ့ခုံတွေလိုမျိုးပါပဲ၊ Audi A8L ရဲ့ နောက်ခုံတွေကလည်း ကိုယ်လိုချင်တဲ့ပုံစံမျိုးချိန်ပြီး setting လုပ်ထားလို့ရပါတယ်။​ နောက်ခုံသုံးနေရာမှာ နှစ်ခုံက perfect ဖြစ်ပေမဲ့ ထုံစံအတိုင်း အလယ်ခုံကတော့ သိပ်မအိုကေပါဘူး။ ခရီးဝေးသွားမယ်ဆိုရင် ကလေးတွေဘာတွေလောက်ပဲ ထိုင်ခိုင်းသင့်ပါတယ်။

“Audi ကတော့ A8L ရဲ့နောက်ခုံတန်းမှာ လူနှစ်ယောက်ကိုပဲထိုင်စီးစေချင်တဲ့ပုံစံပါ။ နောက်တန်းအလယ် armrest ကတော်တော်လေးကောင်းမွန်ပြီး ထိုင်ခုံထိန်းချုပ်မှုတွေအပြင် touchscreen နဲ့ control display တစ်ခုထည့်သွင်းထားတာတွေ့ရပါတယ်။​ အဲဒီ control display ဟာ wireless ဖြစ်ပြီး ထိုင်ခုံအနေအထား၊ နှိပ်နယ်မှုပုံစံ၊ climate control ၊ နောက်ခုံအတွက် သီးသန့် sunroof အဖွင့်အပိတ်တွေ၊ radio နဲ့ အသံပိုင်းချိန်ညှိမှုတွေ၊ matrix lights ချိန်ညှိမှုတွေအပြင် background lighting (ambient light) ရဲ့အရောင်နဲ့အလင်းစ စတာတွေကိုပါချိန်ညှိနိုင်တာမျိုးပါ။ နောက်ခုံမှာစီးနင်းလိုက်ပါမယ့်သူတွေအတွက် တော်တော်ကြီးကို အသုံးတည့်ဇိမ်ကျစေမယ့် feature ဖြစ်ပါတယ်။”

ဒါ့အပြင် ရှေ့ခုံကျောဘက်တွေမှာ iPad စတိုင် touchscreen တွေလည်းတပ်ဆင်ပေးထားပါသေးတယ်။ Armrest မှာ USB နှစ်ပေါက်လည်း ထည့်သွင်းပေးထားတဲ့အတွက် ခရီးဝေးစီးနင်းမှုအတွက် အများကြီး အထောက်အကူပေးနိုင်ပါတယ်။

လက်တွေ့ဆိုရင်

Audi A8L ရဲ့နောက်ပစ္စည်းထားခန်းဝင်ဆံ့မှုကတော့ ပုံမှန်အတိုင်းဆိုရင် 490-litre ရှိတယ်။​ 510-litre ရှိတဲ့ Mercedes S-Class နဲ့ 515-litre အထိဝင်ဆံ့မှုရှိတဲ့ BMW 7 Series တွေထက်တော့နည်းတာပေါ့။ ဒါပေမဲ့ တော်တန်ရုံ ပစ္စည်းပစ္စယအများအပြားကို ထည့်သွင်းသယ်ဆောင်နိုင်တာမျိုးပါ။ နောက်ပစ္စည်းထားခန်းမှာ 12-volt sockets ကလေးတွေတပ်ဆင်ပေးထားကလည်း နှစ်ခြိုက်စရာပါပဲ။

Audi A8L နဲ့ပတ်သက်ပြီး သဘောကျစရာမကောင်းတဲ့အချက်၊ လက်တွေမကျလှတဲ့အချက်ကလေးတွေကတော့ လှပတဲ့ exhaust အတုပုံစံများအသုံးပြုထားခြင်း (အစစ်မှာ ရိုးရိုးသာဖြစ်)၊ အရမ်းကြီးကွာခြားမှုမရှိတဲ့ ဒီဇယ်၊ ဓါတ်ဆီအင်ဂျင်ရွေးချယ်စရာများပေးထားခြင်း၊ အတွင်းခန်းအသံမှာ တော်တော်ကြီးကိုလုံသော်လည်း sunroof cover အဖွင့်အပိတ်အသံမှာ စိတ်အနှောင့်အယှက်ဖြစ်စရာအနေအထားမှာ ရှိနေခြင်း တို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း

“Smartphone ကို remote control အဖြစ်အသုံးပြုပြီး ကားကို ရှေ့နောက်ရွေ့နိုင်ခြင်း (တအားကြပ်တဲ့ car parking တွေမှာ လူကလမ်းပေါ်ရပ်ပြီး ကားကိုဆွဲထုတ်နိုင်တဲ့အတွက် တော်တော်ကြီးကို အသုံးတည့်မယ့် feature ပါ)၊ အလိုအလျောက်မောင်းနှင်သည့် စနစ်ပါဝင်ခြင်း၊ တံခါးအဖွင့်အပိတ်တွင် soft open & close အဖြစ် အဖွင့်အပိတ်ကို သာသာလေးပြုလုပ်နိုင်ခြင်း၊ အသုံးပြုထားတဲ့ အထူး predictive suspension ဟာ ကင်မရာနဲ့လမ်းကိုဖတ်ပြီး အလိုအလျောက်ချိန်ညှိပေးနိုင်စွမ်းရှိသဖြင့် တည်ငြိမ်ဇိမ်ကျမှုကို အမြင့်ဆုံးအထိရရှိစေနိုင်ခြင်း ဆိုတဲ့ နှစ်လိုဖွယ်အချက်တွေကလည်းအများအပြားပါပဲ။”

မောင်းနှင်မှု

Audi A8L ဟာ မြို့တွင်းမောင်းနှင်ရာမှာ တော်တော်လေးအသုံးကျမယ့်ကားပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့၊ နောက်၊ ဘေး မြင်ကွင်းအားလုံးကောင်းတယ်။ ကားရဲ့ဆွဲအားကလည်း သွက်တယ်။ ဘရိတ်တွေကောင်းတယ်။ Gearbox ကညက်တယ်။ အဝေးပြေးလမ်းပေါ်မှာ အရှိန်မြှင့်မောင်းနှင်ရာမှာလည်း တည်ငြိမ်မှုရှိတယ်။ အကြိုက်ဆုံးကတော့ air suspension ဖြစ်ပြီး ခံစားချက်က တော်တော်လေးကို သဘောကျစရာကောင်းပါတယ်။ 3-litre V6 ဒီဇယ်အင်ဂျင်နဲ့ လက်တွေ့စမ်းသပ်မောင်းနှင်အပြီးမှာတော့ ပေးရတဲ့ အမြင့်စားတန်ဖိုးနဲ့ထိုက်တန်တဲ့ အဆင့်မြင့်ကားတစ်စီးလို့ သုံးသပ်ချင်မိပါတယ်။

“Automatic Emergency Braking စနစ်ပါဝင်တာကတော့ မောင်းနှင်မယ့်သူအတွက်ရော လမ်းပေါ်ကလူတွေအတွက်ပါ ဘေးအန္တရာယ်ကင်းရှင်းမှုကို ရရှိစေမှာဖြစ်ပြီး adaptive cruise control ကတော့ အမြန်လမ်းတွေပေါ်မှာ မောင်းနှင်သူအဖို့ သက်သောင့်သက်သာ အထူးရှိစေမယ့် အင်္ဂါရပ်ဖြစ်ပါတယ်။ မောင်းနှင်ရာမှာ အကြိုက်ဆုံးအချက်တစ်ခုကိုပဲပြောပါဆိုရင်တော့ အသံဆူညံမှုနည်းပါးလှတာပါပဲ။”

ပါဝင်တဲ့အချက်တွေ

Audi A8L မှာ trim အနေနဲ့ Sport ၊ S Line ၊ Black Edition ၊ Vorsprung ဆိုပြီးလေးမျိုးရှိပါတယ်။

Sport (ခန့်မှန်းဈေးနှုန်း : £56,627)

Wheelbase ရှည်ရှည်ဒါမှမဟုတ် မြန်ဆန်သွက်လက်လှတဲ့ S8 လိုမျိုးရှာနေတာမဟုတ်ဘူးဆိုရင်တော့ Audi A8L Sport ဟာတော်တော်လေးကောင်းနေပါပြီ။ Bose surround-sound စနစ်၊ စိန်ပွင့်ပုံ ထိုင်ခုံခင်းတွေနဲ့ သုံးချောင်းထောက် လက်ကိုင်ခွေတွေဟာ ကားရဲ့အပြင်ပုံစံနဲ့နှိုင်းမယ်ဆိုရင် ပိုပြီး sporty ဆန်နေသလိုမျိုးပါ။

နောက်တစ်ချက်က Audi ရဲ့ matrix LED ရှေ့မီးတွေလည်းရရှိမှာဖြစ်တဲ့အတွက် ‘သင့်’ လှတဲ့ trim တစ်ခုပါပဲ။

Sport trim မှာ အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ လေးမျိုးရှိပါတယ်။

  1. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 41mpg အထိရရှိနိုင်မယ်။ 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  2. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.6-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။
  3. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 40mpg အထိရရှိနိုင်မယ်။ L 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  4. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.7-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ L 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။

S Line (ခန့်မှန်းဈေးနှုန်း : £60,387)

S Line trim နဲ့ဆိုရင်တော့ adaptive air suspension နဲ့ရမှာပါ။ 22-inch အလွိုင်းခွေနဲ့၊ အရှေ့ sport ထိုင်ခုံတွေနဲ့ဖြစ်ပါတယ်။

S Line trim မှာ အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ လေးမျိုးရှိပါတယ်။

  1. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 39mpg အထိရရှိနိုင်မယ်။ 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  2. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.6-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။
  3. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 39mpg အထိရရှိနိုင်မယ်။ L 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  4. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.7-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ L 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။

Black Edition (ခန့်မှန်းဈေးနှုန်း : £62,571)

Black Edition trim ကတော့ ပုံမှန် trims တွေနဲ့ ကွဲပြားသွားပါပြီ။ Titanium နဲ့အနားသပ်ထားတဲ့ အလွိုင်းခွေတွေ၊ အတွင်းအပြင် အနက်ရောင်နဲ့ အလှဆင်မှုတွေပါဝင်လာပါပြီ။

Black Edition trim မှာ အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ ငါးမျိုးရှိပါတယ်။

  1. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 39mpg အထိရရှိနိုင်မယ်။ 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  2. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.6-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။
  3. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 39mpg အထိရရှိနိုင်မယ်။ L 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  4. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.7-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ L 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။
  5. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.7-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 29mpg အထိရရှိနိုင်မယ်။ L 55 TFSI QUATTRO TIPTRON အမျိုးအစားပါ။

Vorsprung (ခန့်မှန်းဈေးနှုန်း : £80,425)

Vorsprung ကတော့ Audi A8L ရဲ့ အမြင့်ဆုံး trim ပါ။ Audi ရဲ့ အကောင်းဆုံး features တွေကိုရရှိနိုင်တဲ့ trim ဖြစ်ပါတယ်။

Vorsprung trim မှာလည်း အင်ဂျင်ပိုင်းရွေးချယ်စရာကတော့ လေးမျိုးရှိပါတယ်။

  1. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 38mpg အထိရရှိနိုင်မယ်။ 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  2. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.6-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 28mpg အထိရရှိနိုင်မယ်။ 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။
  3. အမြင့်ဆုံးပါဝါ 286hp အထိထွက်ရှိတဲ့ 3-litre ဒီဇယ်အင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.9-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 38mpg အထိရရှိနိုင်မယ်။ L 50 TDI QUATTRO TIPTRONIC အမျိုးအစားပါ။
  4. အမြင့်ဆုံးပါဝါ 340hp အထိထွက်ရှိတဲ့ 3-litre ဓါတ်ဆီအင်ဂျင်ကိုမှ automatic transmission ၊ audi ရဲ့ quattro (4WD) နဲ့ဖြစ်ပြီး 0-60mph ကို 5.7-second နဲ့အရှိန်တင်နိုင်စွမ်းရှိမယ်၊ ဆီစားနှုန်းကတော့ 28mpg အထိရရှိနိုင်မယ်။ L 55 TFSI QUATTRO TIPTRONIC အမျိုးအစားပါ။


Ref: Audi A8 Review by Mat Watson

Author