Hyundai i30 ရဲ့လက်ရှိရောင်းဈေးက ကျပ်သိန်း ၃ဝဝ စွန်းစွန်းပါ။ အရင်ကဒေါ်လာဈေး ကျပ် ၉၇ဝ ဝန်းကျင်နဲ့တွက်ရင် ဒါက ဒေါ်လာ ၃၁,ဝဝဝ ကျော်ကျပါတယ်။ ဒါပေမယ့် အခုဒေါ်လာဈေးက ၁,၃ဝဝ ကျပ်နားကပ်နေပြီဆိုတော့ ဒီနှုန်းနဲ့ဆို i30 ဟာ ဒေါ်လာ ၂၃,ဝဝဝ ကျော်ပဲကျပါတော့တယ်။ တစ်ခြား Showroom တွေလို ဒေါ်လာဈေးတက်တိုင်း ကျွန်တော်တို့ရောင်းဈေးကို လိုက်မတက်ထားပါဘူး။ ဒါဟာ အရောင်းမြှင့်ချင်တာအတွက်လဲပါသလို မြန်မာပြည်သူတွေ ကားသစ်စီးနိုင်စေဖို့လဲဖြစ်ပါတယ်။ ဒါ့အပြင် i30 ကိုဝယ်ယူစီးနင်းမယ်ဆိုရင် ကားပါကင်ပါမစ်လဲမလိုပါဘူး ဟု Marketing Manager ဦးမျိုးဝင်းမှပြောကြားသည်။
Hyundai i30 သည် အင်ဂျင်ပါဝါ ၁,၆ဝဝ စီစီ၊ အော်တိုဂီယာ ၆ ချက်၊ ဓါတ်ဆီအင်ဂျင်သုံး ငါးယောက်စီး Hatchback ကားအမျိုးအစားဖြစ်ပါသည်။ တစ်နာရီ ၁၉၂ ကီလိုအထိမောင်းနှင်နိုင်ပြီး ဆီစားနှုန်းမှာ ပျမ်းမျှအားဖြင့် တစ်လီတာလျှင် ၁၄.၇ ကီလိုဖြစ်ကာ လုံခြုံရေးအတွက် လေအိတ် ၆ လုံး၊ Electronic Stability Control စနစ်၊ နောက်ကင်မရာနှင့် အာရုံခံကိရိယာများ ပါဝင်သည်။ ကားကိုယ်ထည်ငယ်သည့်အပြင် ငယ်ရွယ်ဝင့်ကြွားသောအပြင်ပိုင်းအသွင်အပြင်ကြောင့် အထူးသဖြင့် လူငယ်များကြိုက်နှစ်သက်သည့် ကားအမျိုးအစားဖြစ်ပါသည်။ ကားနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက Hyundai ၏တရားဝင်ဝက်ဘ်ဆိုက် hyundaimotor.com.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
Hyundai Motor Myanmar မှရောင်းချပေးနေသော Hyunda i30 ၏ရောင်းဈေးမှာ Standard Grade ကျပ် ၃ဝ၅ သိန်း နှင့် Luxury Grade ကျပ် ၃၃၉ သိန်းဖြစ်ပါသည်။ လက်ငင်းဖြစ်စေ၊ အရစ်ကျဖြစ်စေ ဝယ်ယူရရှိနိုင်ပြီး အရစ်ကျဝယ်ယူပါက အတိုးနှုန်းလုံးဝပေးရန် မလိုပဲ ၃ နှစ်အထိအရစ်ကျပေးချေနိုင်ပါသည်။ ကားအားဝယ်ယူစီးနင်းခြင်းမပြုပဲ ငှားရမ်းအသုံးပြုလိုပါကလည်း Brand New i30 ကို သက်သာသောနှုန်းထားဖြင့် နှစ်အလိုက်ငှားရမ်းအသုံးပြုနိုင်ပြီး ၃ နှစ်ငှားရမ်းမည်ဆိုပါက လစဉ်ငှားရမ်းခ ကျပ် ၅.၉ သိန်းသာ ကျသင့်ပါသည်။ Hyundai Motor Myanmar Showroom ကိုဆက်သွယ်လိုပါက အမှတ် (၂/၆)၊ (၂) ရပ်ကွက်၊ အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁ ၅၂၂ ၇၂၃၊ ဝ၉ ၄၂ ၁ဝဝ ၂ဝ၅၁ သို့ဆက်သွယ်စုံစမ်းနိုင်ပြီး i30 အားစမ်းသပ်မောင်းနှင်လိုပါက ဖုန်း ဝ၉ ၂၅၂ ၁၈ ၃၁၁၃ သို့စာရင်းပေးသွင်း၍ လာရောက် မောင်းနှင်နိုင်ပါသည်။