Full article

Hyundai i-30 ဟာ Hyundai ကထုတ်လုပ်ထားတဲ့ မိသားစုစီး Hatchback ကားအမျိုးအစားဖြစ်ပါတယ်။ Hyundai ဆိုတာ တောင်ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးနဲ့ ကမ္ဘာ့ပဥ္စမအကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သလို Hyundai ကထုတ်လုပ်ထားတဲ့ i-30 ကိုလည်း သိပ်လျှော့တွက်လို့မရပါဘူး။ ကားသေးတယ်လို့ထင်ရပေမယ့် အင်ဂျင်ပါဝါက ၁.၆ စီစီဖြစ်လို့ မြန်မာနိုင်ငံမှာအစီးများနေတဲ့ တစ်ချို့ဆလွန်းကားတွေထက်တောင်မှ အင်ဂျင်ဆွဲအားပိုကောင်းတယ်ဆိုတာတွေ့ရမှာပါ။ Showroom မှာ စမ်းသပ်မောင်းနှင်ခွင့် ပေးထားတဲ့ ဒီကားကို Test Drive လုပ်ခဲ့တဲ့အတွေ့အကြုံတစ်ချို့ကို တခြားစာဖတ်သူတွေသိရအောင် ပြန်လည်ဝေမျှပေးချင်ပါတယ်။

Hyundai i-30 (Hatchback) ဟာ

အင်ဂျင်ပါဝါ – ၁၆ဝဝ စီစီ

အင်ဂျင်အမျိုးအစား – Gamma 1.6 MPi ဓါတ်ဆီအင်ဂျင်

ဂီယာအမျိုးအစား – အော်တိုဂီယာခြောက်ချက် (ဆီမီးဂီယာအမျိုးအစား) ဖြစ်ပါတယ်။

ကားကိုစမ်းသပ်မမောင်းရသေးခင် ပထမဆုံးသတိထားလိုက်မိတဲ့အချက်ကတော့ Hyundai ကားတွေရဲ့ထူးခြားချက်ဖြစ်တဲ့ မာန်ပါတဲ့ရုပ်ထွက်ဖြစ်ပါတယ်။ i-30 ရဲ့ခပ်ကျယ်ကျယ်ရှဲလ်နဲ့ တစ်မူထူးခြားတဲ့ဒီဇိုင်းနဲ့ရှေ့မီးကြီးတွေဟာ တခြားကားတွေနဲ့ ကွဲထွက်နေစေမယ့် အသွင်ရှိပါတယ်။ Luxury Grade i-30 မှာ ၁၆ လက်မ အလွိုင်းဘီးတွေတပ်ဆင်ပေးထားပြီး စပယ်ရာဘီးကလဲ ကိုရီးယားကားတွေရဲ့ အားသာချက်လို့ဆိုရမယ့် ၁၆ လက်မ အော်ရီဂျင်နယ်အလွိုင်းအတိုင်း ပါရှိပါတယ်၊ သံဂွေနဲ့မဟုတ်ပါဘူး။

1227102_i30_exterior_main_02_2013_2nd_aus_rhd-500x255

ကားသော့က Smart Key ဖြစ်တဲ့အတွက်ကြောင့် မောင်းမယ့်သူက ကားသော့ယူပြီး ကားအနားကိုရောက်လာရင် ဘေးနောက်ကြည့်မှန်အော်တိုပွင့်လာပါတယ်။ ဒါ့အပြင် ညဘက်အဆင်ပြေစေဖို့ ကားသော့ကိုကားနားယူလာရုံနဲ့ ဘေးနောက်ကြည့်မှန်နဲ့ ကားတံခါးလက်ကိုင်တွေက မီးလင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။ အတွင်းခန်းကတော့ ကြည့်ရုံနဲ့ကျေနပ်သွားစေမယ့် Leather Seats တွေအပြည့်ထည့်သွင်းပေးထားပါတယ်။ ယာဉ်မောင်းထိုင်ခုံကိုလိုသလို ရှေ့နောက်နိမ့်မြင့်ချိန်ချင်ရင် မော်တာနဲ့ချိန်ညှိနိုင်တာ တွေ့ရပါတယ်။ အတွင်းခန်းက လူငါးယောက် သက်တောင့်သက်သာ စီးနင်းနိုင်အောင်ကျယ်ဝန်းပြီးတော့ နောက်ဖုံးမှာပစ္စည်းများများ သယ်သွားချင်ရင် နောက်ခုံကိုချိုးချလိုက်ရုံပါပဲ။ အထူးသဖြင့် ဂေါက်အိတ်လိုပစ္စည်းတွေသယ်သွားချင်တဲ့သူတွေနဲ့တော့ အံကိုက်ပဲလို့ တွေးလိုက်မိပါတယ်။

1217813_i30_steering_wheel_2013_1st_gen_lhd_in34-500x388

နောက်ပိုင်းထွက်လာတဲ့ကားတွေရဲ့ထုံးစံအတိုင်း Push Start စနစ်ကိုသုံးထားပါတယ်။ i-30 ရဲ့ထူးခြားချက်ကတော့ Driving Mode ၃ မျိုးထည့်သွင်းပေးထားတာဖြစ်ပြီး Sport ၊ Normal နဲ့ Comfort Mode ဆိုပြီးပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Sport Mode ကတော့ ကားကိုအရှိန်ပြင်းပြင်းမောင်းရင် ကားစလစ်ဖြစ်မသွားစေဖို့ စတီယာရင်ကို လေးလေးပင်ပင်နဲ့ တည်ငြိမ်အောင် ထိန်းချုပ်ပေးပါတယ်။ Normal Mode ကတော့ပုံမှန်ပဲဖြစ်ပြီး Comfort Mode မှာထားရင်တော့ ပုံမှန်ထက်ပိုပြီးပေါ့ပါးတဲ့ စတီယာရင်အချိုးအကွေ့တွေ ပြုလုပ်နိုင်တာတွေ့ရပါတယ်။ ကားမောင်းနေတဲ့အခါမှာ ဆီစားနှုန်းအသက်သာဆုံးထိန်းချုပ်နိုင်ဖို့ Eco Mode ကိုဖွင့်မောင်းနိုင်တယ်လို့ သိရပါတယ်။

I30_PERFORMANCE_6_SPEED_AUTOMATIC_TRANSMISSION_2014_1ST_GEN_-500x357

မိုးတွင်းကားမောင်းရတဲ့အခါမှာ အဆင်အရမ်းပြေစေတဲ့အချက်ကတော့ အော်တိုဝိုက်ပါစနစ် တပ်ဆင်ပေးထားတာပါ။ ဒီစနစ်ကို ဖွင့်ထားတဲ့အခါမှာ မိုးသည်းမသည်းပေါ်မူတည်ပြီး ဝိုက်ပါအနှေးအမြန်ကို သူ့အလိုအလျောက်ချိန်ညှိပေးသွားပါတယ်။ ပြီးရင် ကားအတွင်းခန်းအပူချိန်ကိုလည်း ပုံမှန် Air-Con တွေလို အပူချိန်တစ်မျိုးတည်းသာဖွင့်နိုင်တာမဟုတ်ပဲ ဘယ်ဘက်နဲ့ညာဘက်ကို မတူတဲ့ အပူချိန်နဲ့ဖွင့်ထားနိုင်ပါတယ်။ ကားရဲ့အတွင်းပိုင်းက နောက်ကြည့်မှန်မှာလည်း ညဘက်နောက်ကားတွေမီးထိုးရင် မျက်စိမစူးအောင် အလင်းလျှော့ပေးနိုင်မယ့် လုပ်ဆောင်ချက်ပါဝင်တယ်လို့သိရပါတယ်။ တံခါးမှန်တွေအကုန် ပါဝါဝင်းဒိုးဖြစ်ပြီးတော့ ကားနဲ့ ကိုယ့်ဖုန်းကို Bluetooth နဲ့ချိတ်ဆက်ပြီး ဖုန်းပြောတာ၊ သီချင်းဖွင့်တာ၊ USB နဲ့ AUX ပေါက်တွေကနေတစ်ဆင့် ချိတ်ဆက် သီချင်းနားထောင်တာ၊ အားသွင်းတာ စတာတွေလုပ်လို့ရပါတယ်။

ဒီကားမှာအားသာတယ်လို့ပြောလို့ရတဲ့အချက်ကတော့ လုံခြုံရေးစနစ်ပါ။ လေအိတ် (၆) လုံးအထိပါဝင်လို့ ပုံမှန်လေအိတ် (၂) လုံးလောက်ပဲပါတဲ့ကားတွေက i-30 ကိုမယှဉ်နိုင်ပါဘူး။ ကားအနောက်မှာ ကင်မရာအပြင် အာရုံခံကိရိယာတွေလဲပါဝင်ပါတယ်။ ESC (Electronic Stability Control) စနစ်ပါဝင်ပြီး ကားကိုအရှိန်နဲ့ချိုးကွေ့တဲ့အခါမျိုးမှာ လမ်းချော်သွားတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပုံမှန် ဟန်းဘရိတ်အစား အီလက်ထရစ်ပါကင်ဘရိတ် (EPB) ကို အသုံးပြုပေးထားပါတယ်။

အားလုံးကိုခြုံပြောရရင် Hyundai i-30 ဟာမောင်းရတာအဆင်ပြေပြီး အထူးသဖြင့် ကားအလျားတိုတဲ့အတွက် ရန်ကုန်လို ယာဉ်ကြောကြပ်တဲ့နေရာမျိုးမှာ အဝင်အထွက် လွယ်ကူတာ၊ ပါကင်ထိုးရအဆင်ပြေတာ၊ ဘယ်မောင်းဖြစ်လို့ ယာဉ်ကြောနဲ့ အံကိုက်ဖြစ်တာ စတဲ့အားသာချက်တွေ ရှိနေပါတယ်။ ကားကြီးကြီးခန့်ခန့်မှ ကြိုက်တတ်တဲ့သူတွေအတွက်တော့ အနည်းငယ်သေးနေနိုင်ပေမယ့် ပေါ့ပေါ့ပါးပါး မိသားစုစီကားငယ်မျိုးကိုဝယ်ချင်တဲ့သူတွေ၊ ဒါမှမဟုတ် ဒီဇိုင်းဆန်းပြီးမောင်းရလွယ်ကူမယ့် ကားမျိုးကိုကြိုက်တတ်တဲ့လူငယ်တွေအတွက်တော့ သင့်လျော်တဲ့ကားတစ်စီးဖြစ်တယ်လို့ ပြောပြလိုက်ချင်ပါတယ်။

Hyundai i-30 ကို ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံမှာရှိတဲ့ Hyundai Showroom မှာ မည်သူမဆိုအခမဲ့သွားရောက်စမ်းသပ်မောင်းနှင် နိုင်ပါတယ်။ ဈေးနှုန်းကတော့ သိန်း ၃ဝဝ ဝန်းကျင်ဖြစ်ပြီး အရစ်ကျဝယ်ရင် အတိုးမယူပဲရောင်းချပေးမှာဖြစ်သလို လက်ငင်းဝယ်ယူရင်တော့ အထူးလျှော့ဈေးရှိတယ်လို့ သိရပါတယ်။ ဒါမှမဟုတ် ငှားရမ်းအသုံးပြုချင်တယ်ဆိုရင်လဲ သက်သာတဲ့ဈေးနှုန်းနဲ့ နှစ်အလိုက်ငှားရမ်းပေးမယ့် ဝန်ဆောင်မှုရှိပါတယ်။ i-30 ကို စမ်းသပ်မောင်းနှင်ချင်ရင် Hyundai Test Drive Hotline ဝ၉ ၂၅၂ ၁၈ ၃၁၁၃ ကိုဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

I30_INTERIOR_MAIN_01_2014_1ST_GEN_FRN-500x286 I30_INTERIOR_MAIN_02_2014_1ST_GEN_FRN-500x230I30_PERFORMANCE_16_MPI_GASOLINE_ENGINE_2014_1ST_GEN_FRN-500x339

Author