Full article

ကားလောကမှာ GTR, GTX, GTT အစရှိတဲ့ စကားလုံးတွေကို ကြားဖူးနေကျဖြစ်ပါလိမ့်မယ်.။ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်တွေနဲ့ ဆင်းသက်လာပုံအကြောင်းကို MyanmarCarsDB ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်.။

GT ဆိုတဲ့စကားလုံးဟာ အီတလီစကား gran turismo က ဆင်းသက်လာတာဖြစ်ပါတယ်.။ အင်္ဂလိပ်လို Grand tourer လို့ သုံးနှုန်းပြီး အဓိပ္ပာယ်ကတော့ ကွာဝေးတဲ့ ခရီးတွေကို သက်တောင့်သက်သာ ဖြစ်မှုနဲ့ စတိုင်ကျနမှုတွေ ပေါင်းစပ်ပြီး မြင့်မားတဲ့ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ ကားတွေကို ကိုယ်စားပြုသုံးနှုန်းတဲ့ စကားလုံးဖြစ်ပါတယ်.။ GT ကိုကိုယ်စားပြုသုံးနှုန်းလေ့ ရှိတဲ့ကားတွေရဲ့ အသုံးများဆုံး ကားပုံစံကတော့ တံခါးနှစ်ပေါက် Coupe ကားတွေဖြစ်ပါတယ်.။

Gran Turismo ဆိုတဲ့ အီတလီစကားလုံးကို 1920 ပြည့်နှစ်တွေကစပြီး အီတလီကားထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Alfa Romeo, Ferrari နဲ့ Lancia တို့က စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်.။

GT ဆိုတဲ့စကားလုံးမှာ အခွဲပေါင်းများစွာ ရှိပါတယ်.။

GT (Gran Turismo) – တံခါးနှစ်ပေါက် Coupe

GTO (Gran Turismo Omologata) – ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထုတ်လုပ်ထားတဲ့ ကားအမျိုးအစား

GTS (Gran Turismo Spider) – Convertible လို့ခေါ်တဲ့ အမိုးခေါက်သိမ်းလို့ရတဲ့ ပြိုင်ကားအမျိုးအစား

GTS (Gran Turismo Sport) – တံခါးလေးပေါက်ပါဝင်တဲ့ ဆီဒင်ကားအမျိုးအစား

GTS (Grand Tourisme Spécial) – Renault ကုမ္ပဏီရဲ့ အလယ်အလတ်တန်းကားတွေမှာ အသုံးပြုတဲ့ မူကွဲကားအမျိုးအစားတစ်မျိုး

GTB (Gran Turismo Berlinetta) – Coupe ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ GT ကားအမျိုးအစားတစ်မျိုး

GTV (Gran Turismo Veloce) – အမြန်မောင်းနှင်နိုင်တဲ့ GT ကားတစ်မျိုး

GTI or GTi (Gran Turismo Iniezione) – Fuel Injected GT ကားအမျိုးအစား

GTE (Grand Touring Estate) – estate wagon GT ကားအမျိုးအစား

GT/E (Einspritzung – German for fuel injection) – GTI နဲ့ အမျိုးအစားတူညီတဲ့ Fuel Injected GT ကားအမျိုးအစား

GTX (Grand Tourisme Xtreme) – Renault ကုမ္ပဏီရဲ့ အမြင့်စား ကားအမျိုးအစားတွေမှာ အသုံးပြုတဲ့ မူကွဲတစ်မျိုး

GTA (Gran Turismo Alleggerita /Automatic) – Alleggerita ဆိုတာက ပေါ့ပါးတယ်လို့ ဆိုလိုတာပါ.။ ပေါ့ပေါ့ပါးပါးရှိတဲ့ GT ကားအမျိုးအစား

GTAm (Gran Turismo Alleggerita Modificata) – Alleggerita ထက် ပိုမိုပေါ့ပါးအောင် Modify ပြုလုပ်ထားတဲ့ GT ကားအမျိုးအစားဖြစ်ပါတယ်

GTC – GTC မှာတော့ အသုံးအမျိုးမျိုးရှိပါတယ်.။ ကားကုမ္ပဏီပေါ် မူတည်ပြီး အသုံးအနှုန်းကွဲပြားသွားတာ ဖြစ်ပါတယ်.။ (Gran Turismo Compressore) (Gran Turismo Cabriolet) (Gran Turismo Compact) (Gran Turismo Crossover) (Gran Turismo Corsa) (racing) အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်.။

GTD (Gran Turismo Diesel) – Volkswagen ရဲ့ Golf ကားတွေနဲ့ Peugeot ရဲ့ ဒီဇယ်အင်ဂျင် ကားတွေမှာ အသုံးပြုတဲ့ အမည်ဖြစ်ပါတယ်.။

GTR or GT-R, (Gran Turismo Racing) – လူသိအများဆုံးလို့ ဆိုရမယ့် မျိုးကွဲဖြစ်ပါတယ်.။ မြို့တွင်း မောင်းနှင်တဲ့ ပြိုင်ကားတွေဖြစ်တဲ့ McLaren F1 GTR, Mercedes-Benz CLK GTR, Nissan Skyline GT-R, Nissan GT-R စတဲ့ကားတွေမှာ အသုံးပြုပါတယ်.။

HGT (High Gran Turismo) – Fiat ကုမ္ပဏီရဲ့ ပြိုင်ကားအမျိုးအစားတွေမှာ သုံးတဲ့အမည် ဖြစ်ပါတယ်.။

ဒီနေ့ခေတ်မှာတော့ GT ဆိုတဲ့ အသုံးအနှုန်းကို ပြိုင်ပွဲဝင်နေတဲ့ ပြိုင်ကားတွေမှာရော လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကားတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီဖြစ်တဲ့အတွက် MyanmarCarsDB ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်.။

Ref: Wikipedia

Author