Full article

Geneva Motor Show မှာ ပြသခဲ့တဲ့ ကားများထဲမှ အလန်းစားကား (၅) စီးကို စုစည်းဖော်ပြပေးလိုက်ပါတယ်.။

Marcedes AMG GT3


Marcedes AMG GT3 ဟာ ခန့်ငြားလှပတဲ့ ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး 6.2 liter V8 အင်ဂျင် အသုံးပြုထားပါတယ်.။ အင်ဂျင်ပါဝါအနေနဲ့ 550 မြင်းကောင်ရေ ရရှိမှာဖြစ်ပါတယ်.။ ကားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို မသိရသေးပါဘူး.။

Porsche Cayman GT4


Porsche Cayman GT4 ဟာ 911 Carrera S ရဲ့ 3.8 liter အင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရ 385 ကောင်အား ရရှိမှာဖြစ်ပါတယ်.။ ကားရဲ့အလေးချိန်ကို လျှော့ချထားပြီး ပိုမိုပေါ့ပါးအောင် ပြုလုပ်ထားပါတယ်.။ Manual ဂီယာ 6 ချက်ပါဝင်ပြီး 0 – 60 mph ကို 4.2 စက္ကန့်အတွင်း ရောက်ရှိနိုင်ပါတယ်.။ Top Speed ကတော့ 183 mph ဖြစ်ပါတယ်.။ မှာယူမယ်ဆိုရင်တော့ တန်ဖိုး $85,595 ကျသင့်မှာဖြစ်ပါတယ်.။

Aston Martin DBX concept


Aston Martin DBX concept ဟာ SUV/crossover Concept Car တစ်စီးဖြစ်ပြီး လူအများကို အံ့အားသင့်စေခဲ့ပါတယ်.။ ကြိုတင်ကြေညာထားမှုမရှိဘဲ ထုတ်ဖော်ပြသခဲ့တဲ့ဒီကားဟာ အနာဂတ်ကာလ AM ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ဖော်ပြနေပါတယ်.။ ကားနဲ့ပတ်သက်တဲ့ အချက်အလက်များကိုတော့ မသိရသေးပါဘူး.။

Ferrari 488 GTB


Ferrari 488 GTB ဟာ 458 Italia ရဲ့ အစားထိုး version တစ်မျိုးဖြစ်ပါတယ်.။ ဒီဇိုင်းလှပတဲ့ ဒီကားဟာ Performance ပိုင်းမှာလဲ Top Speed 205 mph အထိ ရရှိနိုင်ပြီး 0 – 62 mph ကို 3 စက္ကန့်နဲ့ ရောက်ရှိနိုင်တာမို့ စွမ်းဆောင်ရည်ကောင်းတဲ့ ကားတစ်စီးဖြစ်ပါတယ်.။

Aston Martin Vulcan


Aston Martin Vulcan ဟာ AM ရဲ့ On Track ကားတစ်စီးဖြစ်ပြီး အင်ဂျင်ပါဝါ 800 မြင်းကောင်ရေအားရှိတဲ့ 7.0 Liter V12 အင်ဂျင်ကို အသုံးပြုထားပါတယ်.။ ဈေးနှုန်းကတော့ $2.8 million ဖြစ်ပါတယ်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Author