မြန်မာနိုင်ငံတစ်ဝှမ်း လူကြိုက်များလှသည့် ကမ္ဘာကျော် Ford ၏ Ranger Double Cab Base

0

Full article

_ Ford Ranger_ Double Cab Base တောင့်တင်းခိုင်ခံ့ပြီး လက်တွေ့ကျသည့် Ford Ranger Double Cab Bus သည် စီးပွားရေးနှင့် မိသားစုသုံးအတွက် အကောင်းဆုံးသောရွေးချယ်မှုဖြစ်ပါသည်။ Ford ၏ နာမည်ကျော် Ranger Double Cab Base သည် ကမ္ဘာအနှံ့တွင် အထူးရောင်းအားကောင်းသည့် pick up/truck ကားဖြစ်ပြီး လုပ်ငန်းသုံး နှင့် တစ်ကိုယ်ရည်သုံးနိုင်ရန် ပေါင်းစပ်ထားသည့် အထူးဒီဇိုင်းဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယခု Ranger Double Cab Base Model သည် Ranger ၏ တတိယမျိုးဆက်ကား ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် facelift ပြောင်းခဲ့သည့် new model လည်းဖြစ်ပါသည်။ အထူးသဖြင့် new Ford family ကားများ ဖြစ်ကြသည့် Edge/Kuga နှင့် အခြား SUV တို့ကဲ့သို့ grille design သည် ထင်ရှားသည့်ပြယုဂ်တစ်ခုဖြစ်ပါသည်။

ယခုလက်ရှိ model တွင် အင်ဂျင်ကိုအဆင့်မြှင့်တင်ထားပြီး အောက်ပိုင်းဆိုင်းထိန်းစနစ်များကိုလည်း ယခင် model များထက် ပို၍တောင့် တင်းခိုင်မာစေရန်ဖန်တီးထားပါသည်။ အထူးသဖြင့် ၄င်း၏ဈေးကွက်ယှဉ်ပြိုင်ဖက် အခြားသော brand များဖြစ်ကြသည့် Isuzu D-Max, Nissan Navara, Mitsubishi L200, Toyota Revo များနှင့်ဘက်ညီသည့် ယှဉ်ပြိုင်ဖက်အနေဖြင့်လည်းကောင်း၊ Double Cab ကို နှစ်သက်စွာရွေးချယ်ကြသည့်ကားချစ်သူများအတွက်လည်းကောင်း၊ အကောင်းဆုံးဖြစ်စေရန် ထိုသို့အားထုတ် ထားခြင်းဖြစ်ပါသည်။ Ford Ranger Double Cab Base ၏ ဒီဇိုင်းနှင့် ကိုယ်ထည်ဖွဲ့စည်းမှုတို့အား မိသားစုပို့ဆောင်ရေး(family transport) မော်တော်ယာဉ်အဖြစ် ကိုက်ညီစွာဖန်တီးထုတ်လုပ်ထားပါသည်။

အတွင်းခန်း

Ford Ranger Double Cab Base ၏ အတွင်းခန်းအား modern pick-up ၏ အဆင့်အတန်းနှင့်လျော်ညီစွာ ခင်းကျင်းထားပြီး ကျယ်ဝန်းသပ်ရပ်စွာဖန်တီးထားပါသည်။ Dashboard နေရာ တစ်ခုလုံးရှိ ထိန်းချုပ်ခလုတ်များ၊ layout များအား အရည်အသွေး မြင့်ပစ္စည်းများဖြင့်ပြုလုပ်ထားကာ ကြီးမားသည့် Door Pocket များအား တံခါး ၄ ခု၌တပ်ဆင်ထားပြီး center armrest အောက်တွင်လည်းပါရှိမည်ဖြစ်သည်။ ၄င်းသည် ခရီးသည် ၅ ယောက်စီးအခင်းအကျင်းပုံစံဖြစ်၍ ထိုင်ခုံများကိုသက်သောင့်သက် သာရှိစေရန်နှင့် ကောင်းစွာခြေဆန့်စီးနင်းနိုင်ရန်စီစဉ်ထားပါသည်။ ထိုင်ခုံနှင့်အမိုးအမြင့်တို့သည် များစွာကျယ်ဝန်းမှုရှိပြီး အရပ် ၆ ပေခန့်မြင့်သည့် ခရီးသည်များအထိ အဆင်ပြေစွာစီးနင်းနိုင်မည်ဖြစ်သည်။ ကားတံခါး အတက်/အဆင်းကိုလည်း ခက်ခက်ခဲခဲ မဖြစ်ဘဲ အဆင်ပြေစွာအတက်/အဆင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ယခု Double Cab Base တွင် 16-inch steel wheel များပါရှိ မည်ဖြစ်ပြီး Ford ၏ easy-fuel refilling system သည် သင့်အားစိတ်ကျေနပ်စေမည်ဖြစ်ကာ ဖျော်ဖြေရေးအတွက် AM/FM/AUX with input jack ကဲ့သို့ ခေတ်မီပါဝင်မှုများလည်းပါရှိမည်ဖြစ်၍ သင်၏လိုရာခရီးအတွက် စိတ်လက်ပေါ့ပါးစွာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Ford Ranger Double Cab Base သည် 4×4 Drive-Train အမျိုးအစားဖြစ်ပြီး အင်ဂျင်အနေ ဖြင့် 2.2L Diesel TDCi Engine, 4-Cylinder, 150 Hp/375Nm @rpm 2700 – 3700 power ပေးနိုင်စွမ်းရှိခြင်းနှင့် 6-speed manual gearbox စနစ်အား တွဲစပ်ထားပါသည်။ Range Double Cab Base သည် အကောင်းဆုံးသောစွမ်းဆောင်ရည်နှင့် အကျိုးဖြစ်ထွန်းစေမှုတို့ကို ရရှိနိုင်သည့် model ဖြစ်ပါသည်။ အထူးသဖြင့် ယခင်မျိုးဆက် model များထက် ၁၇%အထိ ဆီစားနှုန်းသက်သာစေပြီး စွမ်းဆောင်ရည်ကောင်း မွန်ကာ ကြာရှည်လည်းအသုံးပြုနိုင်သည့် အင်ဂျင်စနစ်အသစ်ကိုအသုံးပြုထားပါသည်။ 2.2L TDC i Diesel Engine ရဲ့ ဝန် ၁၅ဝဝ ကီလိုဂရမ်အထိ တင်နိုင်စွမ်းတို့သည် Ranger Double Cab ၏ customer များအတွက် ကျေနပ်ဖွယ်စွမ်းဆောင်မှုများဟုဆိုရပါမည်။ Pick-up sector အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိစေသည့် ဝန်တင်ဆောင်နှုန်း၊ ကားကိုယ်ထည်အလေးချိန်တို့အား အကောင်းဆုံးဖြစ်စေမည့်အနေအထားများဖြင့် Ford မှ Ranger Double Cab Base အား စနစ်တကျစီစဉ်ထုတ်လုပ်ထားပါသည်။ အရည်အသွေးမြင့် steel load bed များအား ကား၏ hard-top cover များတွင် ထည့်သွင်းထားပြီး အထူးမာကျောသည့် ကိုယ်ထည်နှင့် အောက်ပိုင်းဖွဲ့စည်းပုံတို့သည် SUV models များကဲ့သို့ပင်ဖြစ်သည်။ အလားတူ ၄င်း၏ 4×4 system သည်လည်း များစွာစွမ်းဆောင်ရည်ကောင်းမွန်မှုရှိပြီး လမ်းအခြေအနေမျိုးစုံတွင် ကောင်းစွာမောင်းနှင်နိုင်ရန် စီစဉ်ထားကာ လုပ်ငန်း သဘာဝအရ ဝန်များစွာတင်ဆောင်ပြီးမောင်းနှင်ခြင်းများကဲ့သို့ ထူးခြားသည့်အခြေနေများတွင်လည်း အကောင်းဆုံးစွမ်းဆောင် နိုင်မည့် Model ဖြစ်သည်။ 2.2L Diesel Engine အနေဖြင့်လည်း ဆီစားသက်သာစေခြင်းကဲ့သို့ ထူးခြားမှုသာမကဘဲ စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ ကြံ့ခိုင်မှုရှိ ခြင်းကဲ့သို့အချက်များဖြင့် ပြည့်စုံ၍ သင်၏ Ranger Double Cab Base အား ဘက်စုံသုံးအဖြစ် အကောင်းဆုံးသောစွမ်းဆောင် ရည်အတွက် အဓိကကူညီပေးမည်လည်းဖြစ်သည်။ အလားတူအထက်တွင်ရေးသားခဲ့သည့်အတိုင်း Off-Road ဆိုင်ရာ Equipment များပြည့်စုံစွာထည်သွင်းထားပြီး ၄င်း၏ 4×4 System သည် All-terrain Performance အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ပါသည်။ 4×4 စနစ်တွင်ပါရှိသည့် low range 4×4 mode သည် Ranger ၏ 28-degree အထိ ယာဉ်ကိုတိမ်း စောင်းမောင်းနှင်ခြင်းနှင့် 800mm ခန့်ရေအနက်အထိ ဖြတ်သန်းမောင်းနှင်မှုများကဲ့သို့ အသုံးပြုမှုများအတွက် အထိရောက်ဆုံး ကူညီထောက်ပံ့ပေးမည့် Features လည်းဖြစ်ပါသည်။ Ranger Double Cab Base ၏ ground clearance မှာ 30-cm ဝန်းကျင်ရှိပြီး anti-lock braking system နှင့် limited slip differential တို့သည် Ranger အား ကြမ်းတမ်းသောလမ်းများ တွင်မောင်းနှင်ခြင်းနှင့် အခက်အခဲများကိုကျော်ဖြတ်ခြင်းတို့အတွက် အမြဲတမ်းအသင့်ဖြစ်နေမည့် Features များလည်း ဖြစ်ပါသည်။

လုံခြုံမှု

Ford Ranger Double Cab ကားများသည် safety ကဏ္ဍအနေဖြင့် အမြဲပင် ထိပ်တန်းအဆင့်၌ရောက်ရှိလေ့ရှိသည့် model များဖြစ်ပါသည်။ Ford Ranger model ၏ safety ဆိုင်ရာထူခြားမှုတစ်ရပ်မှာ ၄င်းသည် ကမ္ဘာကျော် Euro NCAP အဖွဲ့ကြီးမှသတ်မှတ်သည့်လုံခြုံမှုအကောင်းဆုံးအဆင့်သတ်မှတ်ချက်တွင် ကြယ်လေးပွင့်အဆင့်အား ၂ဝ၁၂ တွင် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကဲ့သို့ထူးခြားမှုများပိုင်ဆိုင်ခဲ့သည့် Ranger ၏ လက်ရှိ models များတွင် လုံခြုံရေးကဏ္ဍအား ဆက်လက်အလေး ထားစီစဉ်ထားပါသည်။ Ranger Double Cab Base တွင် အဓိကပါဝင်သည့်လုံခြုံရေးဆိုင်ရာပါဝင်မှုများမှာ အသက်ကယ်လေ အိတ် ၂ လုံး၊ collapsible steering column, electronic stability control, remote keyless entry စသည့်တို့စုံလင်စွာပါရှိ မည်ဖြစ်သည်။ Ranger Double Cab Base ၏ အခြားထူးခြားချက်တစ်ရပ်မှာ ၄င်းအား ယာဉ်မောင်းအတွက်အထူးအဆင့်မြင့်သည့် အခင်းအကျင်းနှင့် driving performance တို့ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ ယာဉ်ထိန်းချုပ်ခြင်းနှင့် ride comfort တို့သည် များစွာအဆင်ပြေမှုရှိပြီး pick-up ကားတစ်စင်းအနေဖြင့် SUV ကဲ့သို့ခံစားမှုဖြင့်မောင်းနှင်နိုင်မည်လည်းဖြစ်သည်။ အထူးသဖြင့် steering, gearbox နှင့် လီဗာတို့သည် အချိုးညီစွာဖြင့် ယာဉ်မောင်း၏ထိန်းချုပ်မှုကိုအလျင်မြန်ဆုံးတုံ့ပြန်ပေးမည်ဖြစ်၍ တောင်တက်/တောင်ဆင်းကဲ့သို့ သာမန်မဟုတ်သည့်မောင်းနှင်မှုများအတွက်လည်း စိတ်ချလုံခြုံစွာအသုံးပြုနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ pick-up/truck ဈေးကွက်၌ နေရာတစ်ခုအထင်အရှားရရှိထားကာ နယ်ပယ်ဒေသမရွေး အသုံးပြုနိုင်ပြီး နိုင်ငံတစ်ဝှမ်း လူကြိုက်များလှသည့် ကမ္ဘာကျော် Ford ၏ Ranger Double Cab Base အား စီစဉ်တင်ဆက်အပ်ပါ သည်ခင်ဗျား။

အဆိုပါကားအား Ford Myanmar မှ USD 27,995 ဖြင့် အထူးဈေးနှုန်းသက်မှတ်ပြီးရောင်းချပေးနေပြီ ဖြစ်ပါကြောင်း စီစဉ်တက်ဆက်အပ်ပါသည်ခင်ဗျား..

Author