မြန်မာ့ SUV ကားလောက၏ အားကိုးရာ Ford Everest

0

Full article

၂ဝ၁၇ ခုနှစ် အစောပိုင်း ကာလအတွင်း မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်လာခဲ့ပြီး Off-Road ချစ်သူများ အကြား ရေပန်းအစားဆုံး ကားတစ်စီးအဖြစ် _ Ford Everest_သည် ယနေ့ ထိတိုင် ရပ်တည်နိုင်ခဲ့သည်။ 2017 မော်ဒယ် Ford Everest များတွင် စွမ်းဆောင်ရည် မြင့်မားသော diesel engine ၊ four- wheel drive အနေဖြင့် ခရီးသည် (၅)ရောက် နှင့် အထက် တင်ဆောင်နိုင်မှုအပါဝင် မြေပြင် အနေအထားပေါ် မူတည်၍ အလိုက်အသင့် ပြောင်းလဲ ပေးနိုင်သော dual range system တို့ကို ထည့်သွင်းပေးထားသည်။


Ford Everest တို့သည် အခြေခံအားဖြင့် Ranger double cub ကို အခြေပြု ဖန်တီးတည်ဆောက်ထားသောကြောင့် မြေပြင်ရေပြင် မရွေး အသက်သာ ဆုံးသော မောင်းနှင်ခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ပိုမိုထူးခြားသည့်အချက်မှာ Apple CarPlay နှင့် Android Auto တို့၏ smartphone နှင့် ပူးပေါင်းလုပ်ဆောင်ချက်ကို အပြောင်မြောက်ဆုံး တွေ့မြင်ရမည့် အချက်ပင် ဖြစ်သည်။ ထို့အပြင် Everest သည် ၂ဝ၁၇ ၌ _ Myanmar Car Market_ တွင် brand new car တွေ အားလုံးအနက် အကောင်းဆုံးဆု car of the year ကို ရရှိခဲ့ပါသည်။ ထိုသို့ အကောင်းဆုံးကားများကို ထုတ်လုပ်ရောင်းချသည့် _ Ford Myanmar_ show room ဟာ မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး show room အဖြစ် ရပ်တည်လျက်ရှိပါသည်။
၁။ ဘယ်လို ကိုယ်ထည် ဒီဇိုင်းမျိုးတွေ Ford Everest မှာ ရရှိနိုင်မှာလဲ။
တံခါး (၅) ပေါက် နဲ့ ခရီးသည် (၇) ယောက် ဆံ့ဝင်နိုင်အောင် Ford Everest ကို ဒီဇိုင်းဆွဲ တည်ဆောက်ထား ပါတယ်။ Ford Everest တွေမှာ four- wheel drive ကို full time အသုံးပြုလို့ရနိုင်ပါတယ်။ ဆိုလိုတာက ပုံမှန် မြို့တွင်း မောင်းနှင်မှုကိုပါ four- wheel drive နဲ့ သက်တောင့်သက်သာ အချိန်ပြည့် အသုံးပြု မောင်းနှင် နိုင်မှာဖြစ်တယ်။ ဒါ့အပြင် dual-range gearing စနစ်ပါဝင်တာကြောင့် off road လမ်းတွေ မောင်းနှင် တဲ့ အခါ Everest တစ်စီးလုံး ရဲ့အကောင်းမွန်ဆုံး ထိန်းချုပ်နိုင်မှုစနစ်ကို ခံစားမိပါလိမ့်မယ်။

၂။ ဘယ်လို feature တွေ Ford Everest မှာ ရရှိနိုင်မှာလဲ။
Audio system ဖွဲ့စည်းထားပုံက ဒီနေ့ခေတ် လူငယ်တွေအတွက်တော့ နှစ်လိုဖွယ်ကောင်းလှပါတယ်။ AM/FM ၊ radio, CD, AUX, iPod, နဲ့ USB input တွေအပါအဝင် bluetooth connectivity , နဲ့ speaker (၁ဝ) လုံးတို့က (၈) လက်မအရွယ် ဖန်သားပြင်ထက်မှာ apple carplay နဲ့ android auto တို့ရဲ့ အကူအညီများ နဲ့multimedia system ကြီး တစ်ခုလုံးကို အကောင်းမွန်ဆုံး အထောက်အကူပြုပေးသွားမှာ ဖြစ်ပါတယ်။ ထိုင်ခုံ ၇ လုံးပါရှိပြီး ထည့်သွင်းတပ်ဆင်ထားတဲ့ active noise cancellation စနစ်ကလည်း အင်ဂျင်ဆူညံသံကို နဲ့ ပြင်ပ ဆူညံသံတွေ လုံးဝင်မဝင်ရောက်နိုင်အောင် စွမ်းဆောင်နိုင်တဲ့ စနစ်ဖြစ်တဲ့အတွက် Everest ကားကို ဆိတ်ငြိမ်စွာဖြင့် အေးအေးချမ်းချမ်း မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ လိုက်ပါစီးနင်းနေစဉ် ပြင်ပပတ်ဝန်းကျင်အထိ အတွေ့ကိုခံစားနိုင်ဖို့ electronic panoramic အမိုးကိုလည်း တပ်ဆင်ထားရာ ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ကားအမိုး၏ ၅ဝ ရာခိုင်နှုန်းကို ဖွင့်လှစ်ပေးနိုင်ပါတယ်။ Everest Trend နဲ့ Titanium မော်ဒယ်တွေမှာတော့ SYNC နည်းပညာကို ထည့်သွင်းထားတဲ့အတွက် ကားမှာ ပါဝင်တဲ့ feature တွေကို သင့်အသံနဲ့ ထိန်းချုပ်စေခိုင်း လို့ရတဲ့ အဆင့်မြင့်နည်းပညာသုံး ကားတစ်စီးပဲဖြစ်ပါတယ်။
ဒါ့အပြင် Ford Everest ရဲ့ ကားဘီး alloy တွေအကုန်လုံးကို aluminium နဲ့ အဓိက အသားပေး တည်ဆောက်ထားတာကြောင့် ပုံမှန် steel alloy တွေထက် ကြံ့ခိုင်မှု ပေးစွမ်းနိုင်မှာပါ။ လမ်းကြမ်းကို မောင်းနှင် အောင် ပုံစံထုတ်လုပ်ထားတဲ့ ကားဟာ အမြင့်ပေ ၈ဝဝ mm ထိရှိသော မြစ်ချောင်းငယ်များကို ဖြတ်သန်းသွား လာနိုင်တဲ့ ကြံ့ခိုင်မှုမျိုးရှိပါတယ်။
ထို့အပြင် electronic traction control ( ပုံမှန်မဟုတ်ဘဲ slip ဖြစ်နိုင်တဲ့လမ်းများတွင် အထောက်အကူပြု), Trailer-sway control ( နောက်တွဲယာဉ် ပါလာသည့်အခါ တည်ငြိမ်မှု အထောက်အကူပြု) တို့လည်းပါရှိထား ပါတယ်။
၃။ ဘယ်လို Engine အမျိုးအစားကို Ford Everest မှာ အသုံးပြုထားပါသလဲ။
TREND မော်ဒယ် နဲ့ TITANIUM မော်ဒယ်မှာတော့ 3.2L ကို စလင်ဒါ(၅)လုံးတိုး turbo Diesel အင်ဂျင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး AMBIENTE မော်ဒယ်အတွက်ကတော့ 2.2L စလင်ဒါ(၄)လုံးတိုး (High Power) ဒီဇယ်အင်ဂျင်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ 3.2L မှာကတော့ Automatic ဂီယာ တစ်မျိုးတည်းရရှိနိုင်မှာဖြစ်ပြီး 2.2L မှာ တော့ Automatic ဂီယာ နဲ့ Manual ဂီယာ တို့ကို ရရှိမှာယူနိုင်မှာဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ လေ့လာစစ်ဆေးချက် တွေအရ 8.5 လီတာကို 100km အထိ ရှိထားပါတယ်။

၄။ Ford Everest ရဲ့ လုံခြုံရေးလုပ်ဆောင်ချက်တွေက စိတ်ချရရဲ့လား။
Everest ကြီးရဲ့ လုံခြုံမှု ပေးစွမ်းနိုင်ခြင်းတွေကို အထင်ကြီးစရာပါ။ လေအိပ် (၇) လုံး တို့က Everest အတွင်းခန်းတစ်ခုလုံးကို အကာအကွယ် ပေးထားတဲ့အပြင် မောင်းနှင်သူရဲ့ ဒူးခေါင်းကိုပါ ကာကွယ်ပေးတဲ့ လေအိတ်ကိုပါ ထည့်သွင်းထားပါတယ်။ dynamic stability control ဆိုရင်လည်း စိတ်ပူစရာမလိုအောင် ထိန်းညှိချိုးကွေ့ပေးနိုင်ပါတယ်။ နောက်ကြည့် camera နဲ့ parking sensors တွေက ဖြစ်လာနိုင်ခြေရှိတဲ့ ယာဉ်မတော်တဆမှု အခြေအနေများကနေ စနစ်တကျ ကာကွယ်စောင့်ရှောက် သွားပါလိမ့်မယ်။
အကယ်၍ ကားတစ်စီးလုံး တိမ်းမှောက်နေသည့် အခြေအနေကို ကြုံတွေ့ကြပြီဆိုပါစို့။ Ford Everest ရဲ့ အလိုအလျောက် ဆီပန့်ဖျက်တောက်ပေးတဲ့စနစ်လေးကလည်း တစ်ဖက်တစ်လမ်းကနေ အကူအညီ ပေးသွားမှာမို့လို့ ကားမီးလောင်ခြင်းနဲ့ အသက်အန္တရာယ် ထိခိုက်စေမှုအတွက် စိုးရိမ်ဖို့ မလိုအပ်ပါဘူး။
ကားတစ်စီး ယာဉ်တိုက်မှုအန္တရာယ်မဖြစ်ပေါ်စေရေးတွက် အလွန်အရေးကြီးတဲ့ အပိုင်းဟာ မောင်းနှင်စဉ် အတွင်း မမြင်ရနိုင်တဲ့ blind spot နေရာများဖြစ်ပါတယ်။ Everest တွင် blind spot information system ကို တပ်ဆင်ထားတဲ့အတွက် မောင်းနှင်ရင်း ယာဉ်လမ်းကြောင်းပြောင်းတဲ့အခါတွင်လည်း မျက်ကွယ်နေရာများမှာ ရှိတဲ့ ယာဉ်နဲ့ အရာဝထ္တုများကို သိရှိစေနိုင်ပါတယ်။ cross-traffic alert တပ်ဆင်ထားတဲ့အတွက်လည်း ယာဉ် ရပ်နားနေစဉ် (သို့မဟုတ်) ရပ်နားရာမှ မောင်းနှင်ထွက်ခွာစဉ်တို့မှာ အခြားဆန့်ကျင်ဖက်လမ်းမှ မောင်းနှင်လာတဲ့ ယာဉ်များရှိ၊ မရှိကို သိနိုင်ပါတယ်။
အချက်ပြမီးဖွင့်မထားတဲ့ အခါမျိုးတွင်လည်း Lane Keeping System က စတီယာရင်ကို တုန်ခါစေပြီး ယာဉ်မောင်းသူကို အသိပေးပါတယ်။ အချက်ပြမီးမဖွင့်မိဘဲ အခြားယာဉ်ကြောထဲ မှားယွင်းစွာမောင်းနှင်မိသည့် အခါတွင်လည်း စတီယာရင်မှ အလိုအလျောက်ကူညီ အထောက်အပံ့ပေးသည့်စနစ်က သင့်ကို လမ်းကြောင်းအ မှန်အပေါ် ပြန်လည်ရောက်ရှိအောင်အကူအညီပေးပါတယ်။
Cruise control (အလိုလျောက် ထိန်းချုပ် မောင်းနှင်စနစ်) ကို တော့ Everest ရဲ့ steering အပေါ်မှာ အလွယ်တကူ အသုံးပြုနိုင်အောင် ထားရှိပေးထားပါတယ်။ နေ့စဉ် ညနေဆည်းဆာ နေဝင်ချိန်တိုင်းမှာတော့ Everest ရဲ့ ရှေ့မီးခွက် (headlights) တွေက အလိုအလျောက် အလင်းပြပေးလာဦးမှာဖြစ်ပါတယ်။

၅။ ဘယ်လောက် အလေးချိန်ထိ တင်ဆောင်နိုင်မှာလဲ။
Ford Everest ရဲ့ တတိယခုံတန်းအပါအဝင် ၆ဝ/၄ဝ အချိုးအစား အကျယ်အဝန်းရှိတဲ့ ဒုတိယခုံတန်းတို့ကို အလွယ်တကူ ရွှေ့ပြောင်းနိုင်တာကြောင့် ကြီးမားတဲ့ ဝန်စည်စလွယ် တွေ တင်ဆောင်တဲ့အခါ အင်မတန် စိတ်တိုင်းကျစေမှာပါ။
ပုံမှန် မောင်းနေကျ four-wheel drive တွေနဲ့ယှဉ်ကြည့်ကြမယ် ဆိုရင် တတိယခုံတန်းရဲ့ ကျယ်ဝန်းမှုကို တွေ့မြင်နိုင်မှာဖြစ်တယ်။ ဒါ့အပြင် Everest မော်ဒယ်တွေအကုန်လုံး 3000 kg အလေးချိန် ရှိတဲ့အရာတစ်ခုကို ပေါ့ပါးစွာနဲ့ အလွယ်တကူ နောက်တွဲက ဆွဲယူနိုင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။


မကြာမီကာလတွေမှာ Ford Everest ရဲ့ မော်ဒယ် အသစ်တွေ ထွက်ရှိလာမှာလား။
2015 ခုနှစ် အနှောင်းပိုင်း ကစပြီး Everest တွေကို all-new model တွေ အနေနဲ့ စတင်တွေ့မြင်လာရပြီး 2016 December မှာတော့ Everest TREND မော်ဒယ်ကို အခြေခံထားတဲ့ RWD အမျိုးအစားတွေကို ထည့်သွင်းလာခဲ့ပါတယ်။ 2018 မကုန်ခင်အထိတော့ Ford Everest တွေမှာ ထူးခြားတဲ့ ပြောင်းလဲမှုကို မတွေ့နိုင်သေးပါဘူး။ ဒါပေမယ့် နောင် လာမယ့် (၃) နှစ် အတွင်းမှာတော့ Ford Everest တွေ ရဲ့ အကြီးစားပြောင်းလဲမှုတွေကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ယခု Ford Everest နဲ့ ပတ်သတ်၍ အသေးစိတ် ဆက်သွယ်လိုပါက- 09420706311,09252466636 တို့ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

Author