အာရှနှင့် အရှေ့အာရှဒေသများတွင် အထူးနာမည်ကြီးလှသည့် Ford Everest Ambiente

0

Full article

_ Ford Myanmar_သည် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသော စက်ပိုင်းဆိုင်ရာ ကောင်းမွန်စိတ်ချရပြီး ခံ့ညားထည်ဝါသည့် Brandnew ကားများကို မြန်မာဈေးကွက်အတွင်း မိတ်ဆက်ခဲ့ရာ ကားချစ်သူမိဘပြည်သူများ က ကြိုက်နှစ်သက် ကြသဖြင့်အများအပြားရောင်းခဲ့ရသောကားများဖြစ်ခဲ့ပါသည်။ ယခု အခါတွင် ကားချစ်သူများ အကြိုက်တွေ့ စေမည့် နောက်ထပ် Ford ကားတစ်စီးကို မိတ်ဆက်ပေးချင်ပါသည်။

Ford Everest Ambiente သည် အမေရိကန်အခြေစိုက် ကမ္ဘာကျော် Ford ၏ ထင်ရှားလှသည့် SUV ဖြစ်ပြီး အာရှ/အရှေ့အာရှဒေသများတွင် အထူးနာမည်သတင်းကျော်ကြားသည့် Model ဖြစ်သည်။ Ford Everest ၏ နောက်ဆုံးထုတ် Model သည် လှပခံ့ထည်ပြီး ဆန်းသစ်သည့်ပုံစံရှိ၍၊ ခုံ(၃)တန်းပါရှိသည်။ 7-seater SUV အနေဖြင့် အရွယ်ကြီးမားသည့်ကိုယ်ထည်ဖြင့်ဖန်တီးထားခြင်း၊ အကောင်းဆုံးသော Off-Road ဆိုင်ရာစွမ်းဆောင်ရည်နှင့် အထူးပေါ့ပါးသွက်လက်သည့် Handling ထိန်းချုပ်မှုစွမ်းရည် တို့ပါရှိခြင်း ၊ တောင့်တင်းခိုင်ခံ့သည့်ကိုယ်ထည်နှင့် အဆင့်မြင့်နည်းပညာသုံး Suspension စနစ်များပါရှိမှုကြောင့် ကြာရှည် အသုံးပြုနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာသုံးလုံခြုံရေးစနစ်များစွာပါရှိသည့် ထိပ်တန်းလုံခြုံမှုအဆင့်ရှိသည့် ကားအမျိုးအစားဖြစ် ခြင်း စသည့်ထူးခြားချက်များစွာဖြင့် ပြည့်စုံသည့် Crossover SUV ဖြစ်ပါသည်။ အထူးအားဖြင့် ၄င်းအားဝယ်ယူပိုင်ဆိုင်ရသည့် ကားချစ်သူများအတွက် ကျေနပ်မှု၊ ပြီးပြည့်စုံသည့်ယုံကြည်စိတ်ချရမှုတို့အား ရရှိနိုင်မည့်ကားလည်းဖြစ်သည်။

အတွင်းခန်း

အဓိကပါဝင်သည့်အတွင်းခန်းပါဝင်မှုများမှာ- (A/C with Control in Rear Center Console Heaters), (AM/FM/AUX with Bluetooth and USB) စသည်တို့ပါဝင်ကြပါမည်။ ထို့အပြင် ၄င်းတွင် (17-inch Alloy Wheels) နှင့် (Volumetric Alarm), (Spoiler with CHMSL စသည် Features များလည်းပါရှိကြပါသည်။ Ford Everest ၏ ဒုတိယထိုင်ခုံတန်းအား ၆ဝ/၄ဝ အချိုးခေါက်သိမ်း နိုင်မည်ဖြစ်ပြီး တတိယထိုင်ခုံများကိုလည်း ၆ဝ/၄ဝ အချိုးခေါက်သိမ်းနိုင်ပါမည်။ Ford Everest Model သည် ခရီးသည် ၇ ယောက်စီးနင်းနိုင်သည့် 5 Door SUV အမျိုးအစားကားဖြစ်ပြီး အတွင်းခန်းအား ကျယ်ဝန်းသပ်ရပ်စွာဖွဲ့စည်းထားပြီး ထိုင်ခုံများကိုလည်း သက်သောင့်သက်သာစီးနင်းနိုင်ရန် ခင်းကျင်းထားပါသည်။ Dashboard Aera အား လှပပြီး ခေတ်ဆန်သည့် Layout ဖြင့်တွေ့မြင်ရမည်ဖြစ်ကာ ဂီယာစနစ်၊ Terrain Response System, အခြားထိန်းချုပ်ခလုတ်များ စသည်တို့အား User Friendly အဖြစ် ဖန်တီးထားပြီး အရည်အသွေးမြင့်ပစ္စည်းများကိုသာ သုံးစွဲထား၍ ကြာရှည်အသုံးပြုနိုင်မည်ဖြစ်သည်။ Steering တွင် volume control ထိန်းချုပ်ခလုတ်များပါရှိမည်ဖြစ်ကာ မီတာဒိုင်ခွက်အုံတွင် Trip Computer အပါအဝင် အခြားအချက်အလက်များကို စုံလင်စွာကြည့်ရှုနိုင်ရန် ခင်းကျင်းထားပါမည်။

အင်ဂျင်နှင့် စွမ်းဆောင်ရည်

Ford Everest Ambiente တွင် Off-Road အသုံးပြုမှုအတွက် အထူးထိရောက်သည့်စွမ်းဆောင်ရည်ရှိသည့် စနစ်တစ်မျိုးဖြစ်သည့် Ford's TerrainManagement System ပါရှိမည်ဖြစ်ပြီး အဆိုပါစနစ်တွင် Normal – ပုံမှန်လမ်း၊ Snow- နှင်း , Sand & Mud – သဲ နှင့် နွံ , Rock-ကြမ်းတမ်းသည့်ကျောက်ခင်းလမ်းဟူ၍ ပုံစံ ၄ မျိုးရှိသည့် လမ်းအခြေအနေများအတွက် ကိုက်ညီမည့် Suspension, Speed, Body Control တို့ လိုက်ပါပြောင်းလဲပေးမည့်စနစ်ပါရှိသည်။ Ford Everest Ambiente တွင် အင်ဂျင်အနေဖြင့် 2.2L I4 Diesel Engine, 150 Ps, 385 Nm အင်ဂျင်နှင့် 6-Speed Manual Gearbox တို့အား တွဲဖက်တပ်ဆင်ထားပါသည်။ ၄င်းတွင် 4WD with TMS စနစ်ကိုအသုံးပြုထားပါသည်။

လုံခြုံမှု

ကမ္ဘာကျော်လုံခြုံမှုဆိုင်ရာအဆင့်သတ်မှတ်မည့်အဖွဲ့ကြီးဖြစ်သည့် ANCAP အဖွဲ့မှ နှစ်စဉ်သတ်မှတ်သည့် Safety Rate အဆင့်သတ်မှတ်ချက်၌ (ကြယ်ငါးပွင့်အဆင့်)သတ်မှတ်ချက်အား 2015 တွင်ရရှိခဲ့သည့် ထိပ်တန်းလုံခြုံမှုအဆင့်ရှိသည့် Model လည်းဖြစ်ပါသည်။ ကလေးငယ်များအတွက် များစွာစိတ်ချရစေမည့် ISOFIX Child Seat Lower Achors များလည်းပါရှိပါသည်။ တောင်တက်အသုံးပြုမှု များအတွက် အထူးအသုံးဝင်သည့် Hill Launch Assist, လျှပ်စစ်စနစ်သုံးယာဉ်တည်ငြိမ်မှုထိန်းချုပ်စနစ်-Electronic Stability Control, လမ်းချော်မည့်အခြေအနေများ၊ ကားနွံနစ်နေသည့်အခြေအနေများကို ကြုံလာပါက ယာဉ်ကိုတည်ငြိမ်စွာထိန်းချုပ်နိုင် ပြီး အခက်အခဲမှကျော်လွှားနိုင်စေမည့် Locking Rear Differential-LRD, အသက်ကယ်လေအိတ် နှစ်လုံး၊ ABS Brake System, ESP, Roll Stability Control, တောင်ဆင်းလမ်းများတွင် ယာဉ်၏အရှိန်အား ကောင်းစွာတည်ငြိမ်စေရန် ထိန်းချုပ်ပေးသည့် Hill Descent Control စသည့်လုံခြုံမှုနှင့် ယာဉ်မောင်းအထောက်အကူပြုနည်းပညာများစွာပါရှိပါမည်။ Ford Everest ၏ (Water Wading) အား ရေအနက် (800mm)အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး Ground Clearance မှာ 225mm ဖြစ်ပါ သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံရှိ SUV ချစ်ပရိသတ်များအတွက် ဦးစားပေးရွေးချယ်သင့်သည့် Ford ၏ အာရှ/အရှေ့အာရှဒေသ များ၌ အထူးပေါ်ပြူလာဖြစ်နေသည့် Ford Everest Ambiente SUV အား စီစဉ်တင်ဆက်အပ်ပါသည်ခင်ဗျာ။
အဆိုပါကားကို ယခုအခါမှာ Ford Myanmar က Monsoon Promotion Sales အနေနဲ့ USD 42,995 ဖြင့် အထူးဈေးနှုန်း သက်မှတ်ပြီးရောင်းချပေးနေပြီ ဖြစ်ပါကြောင်း စီစဉ်တက်ဆက်အပ်ပါသည်ခင်ဗျား။

Brand New Ford Everest Ambiente ကို အသေးစိတ် လေ့လာလိုပါက – https://bit.ly/2A2eXNi မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Brand New Ford Everest Ambiente ကို CarsDB မှ တဆင့်ဝယ်ယူချင်လို့ အသေးစိတ်စုံစမ်းလိုပါက – 09 426066619 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Author