အဆုံးမရှိသော ခရီးများအတွက် Ford Everest..

0

Full article

Ford ၏ မျိုးဆက်သစ် Everest Ford ၏ _ Everestအမျိုးအစားကားများသည် အကြမ်းခံမှုနေရာ၌ နာမည်ကျော်ကြားလှသည့် ၎င်း၏ Ranger အမျိုးအစားကားများကို အခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ သို့သော် အတွင်း၊ အပြင်ဒီဇိုင်းမှာတော့ ကွဲပြားအနည်းငယ်ရှိပါသည်။ _ Everest တွင် ကားအမျိုးအစား သုံးခုရှိပါသည်။ ယင်းတို့မှာ Ambiente၊ Trend နှင့် Titanium တို့ဖြစ်ပြီး ၎င်းတို့၏ ကွားခြားချက်မှာ သယ်ဆောင်နိုင်သည့် အလေးချိန်နှင့် အင်ဂျင်ပါဝါတို့ဖြစ်သည်။

ဆောင်ရွက်နိုင်စွမ်းအား

Trend နှင့် Titanium တို့မှာ အင်ဂျင်ပါဝါ 3.2L Diesel ဖြစ်ပြီး အော်တိုဂီယာဖြစ်သည်။ Ambiente မှာတော့ အင်ဂျင်ပါဝါ 2.2L Diesel ရှိသော manual ဂီယာဖြစ်သည်။ _ Ford Everest_ကားများသည် SUV အမျိုးအစားကားများဖြစ်ပြီး တောကြမ်းလမ်းများ (off-roads) မောင်းနှင်နိုင်အောင် ပုံစံ ထုတ်လုပ် ထားခြင်းဖြစ်သည်။ ကိုယ်ထည်အောက်ခြေသည် မြေပြင်နှင့် ကွားဝေးပြီး အခြား မည်သည့် SUV ကားများထက်မဆို ဘီးကုတ်အားကောင်းအောင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ရွှံ၊ မြတ်နှင့် ကျောက်စရစ်အစရှိသည့် လမ်းမျက်နှာပြင်များတွင်လည်း ချော်ထွက်သွား ခြင်းမရှိပဲ တည်ငြိမ်သည့် ဘီးကုပ်အားဖြင့် လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။

အတွင်းပိုင်း

အလွန်သက်သောင့်သက်သာရှိသော ထိုင်ခုံ (၇)လုံးနှင့်အတူ အတွင်းခန်းမှာ ကျယ်ဝန်းလှပြီး လိုက်ပါစီနှင်းသူမည်သူကိုမဆို ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်စေပါသည်။ မောင်းနှင်နေစဉ် အပြင်က ဆူညံသံများ မကြားရအောင် Active Noise Cancellation ကိုလည်း တပ်ဆင်ထားပါသည်။ အပြင်ဖက် ပတ်ဝန်းကျင်ကို လိုက်ပါစီးနင်းသူများ ထိတွေ့နိုင်ဖို့ Electric Panoramic အမိုးကို ထည့် သွင်းတပ်ဆင်ထားပါသည်။ Everest Trendနှင့် Titanium မော်ဒယ် ကားများအတွင်း ပါဝင်သော ရှစ်လက်မအရွယ် ဖန်သားပြင်တွင် သင့်အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့် SYNC နည်းပညာကို ထည့်သွင်းထားသည်ဖြစ်ရာ ကားအတွင်း သင်ဖြစ်စေချင်သည့် အပူချိန်ကို နှုတ်ဖြင့်စေခိုင်းလို့ရပါ သည်။ ကားတွင်ပါဝင်သော USB Ports မှတဆင့် သင့်ဖုန်းနှင့် Tablet တိုFord ၏ မျိုးဆက်သစ် _ Everest Ford_၏ Everest အမျိုးအစားကားများသည် အကြမ်းခံမှုနေရာ၌ နာမည်ကျော်ကြားလှသည့် ၎င်း၏ Ranger အမျိုးအစားကားများကို အခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ သို့သော် အတွင်း၊ အပြင်ဒီဇိုင်းမှာတော့ ကွဲပြားအနည်းငယ်ရှိပါသည်။ Everest တွင် ကားအမျိုးအစား သုံးခုရှိပါသည်။ ယင်းတို့မှာ Ambiente၊ Trend နှင့် Titanium တို့ဖြစ်ပြီး ၎င်းတို့၏ ကွားခြားချက်မှာ သယ်ဆောင်နိုင်သည့် အလေးချိန်နှင့် အင်ဂျင်ပါဝါတို့ဖြစ်သည်။

ဆောင်ရွက်နိုင်စွမ်းအား

Trend နှင့် Titanium တို့မှာ အင်ဂျင်ပါဝါ 3.2L Diesel ဖြစ်ပြီး အော်တိုဂီယာဖြစ်သည်။ Ambiente မှာတော့ အင်ဂျင်ပါဝါ 2.2L Diesel ရှိသော manual ဂီယာဖြစ်သည်။ Ford Everest ကားများသည် SUV အမျိုးအစားကားများဖြစ်ပြီး တောကြမ်းလမ်းများ (off-roads) မောင်းနှင်နိုင်အောင် ပုံစံ ထုတ်လုပ် ထားခြင်းဖြစ်သည်။ ကိုယ်ထည်အောက်ခြေသည် မြေပြင်နှင့် ကွားဝေးပြီး အခြား မည်သည့် SUV ကားများထက်မဆို ဘီးကုတ်အားကောင်းအောင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ရွှံ၊ မြတ်နှင့် ကျောက်စရစ်အစရှိသည့် လမ်းမျက်နှာပြင်များတွင်လည်း ချော်ထွက်သွား ခြင်းမရှိပဲ တည်ငြိမ်သည့် ဘီးကုပ်အားဖြင့် လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။

အတွင်းပိုင်း

အလွန်သက်သောင့်သက်သာရှိသော ထိုင်ခုံ (၇)လုံးနှင့်အတူ အတွင်းခန်းမှာ ကျယ်ဝန်းလှပြီး လိုက်ပါစီနှင်းသူမည်သူကိုမဆို ငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်စေပါသည်။ မောင်းနှင်နေစဉ် အပြင်က ဆူညံသံများ မကြားရအောင် Active Noise Cancellation ကိုလည်း တပ်ဆင်ထားပါသည်။ အပြင်ဖက် ပတ်ဝန်းကျင်ကို လိုက်ပါစီးနင်းသူများ ထိတွေ့နိုင်ဖို့ Electric Panoramic အမိုးကို ထည့် သွင်းတပ်ဆင်ထားပါသည်။ Everest Trendနှင့် Titanium မော်ဒယ် ကားများအတွင်း ပါဝင်သော ရှစ်လက်မအရွယ် ဖန်သားပြင်တွင် သင့်အသံဖြင့် ထိန်းချုပ်စေခိုင်းနိုင်သည့် SYNC နည်းပညာကို ထည့်သွင်းထားသည်ဖြစ်ရာ ကားအတွင်း သင်ဖြစ်စေချင်သည့် အပူချိန်ကို နှုတ်ဖြင့်စေခိုင်းလို့ရပါ သည်။ ကားတွင်ပါဝင်သော USB Ports မှတဆင့် သင့်ဖုန်းနှင့် Tab့ဖြင့်လည်း ဆက်သွယ် အသုံးပြုနိုင်ပါသည်။

လုံခြုံရေး

ကားနောက်ဆုတ်သည့်အခါ (သို့) ပါကင် ထိုးသည့်အခါ ကား၏ နောက်ဖက်တွင်ရှိသော ကင်မရာနှင့် အာရုံခံ sensorတွေက အနောက်ဖက်တွင်ရှိသော မည်သည့် အရာဝတ္တုနှင့်မှ မတိုက်မိအောင် အကူအညီပေးနိုင်သော Semi-Automatic Parallel Parking With Active Park Assist ကိုတပ်ဆင်ထားပါသည်။ ထို့အပြင် Cross- Traffic Alert ကလည်း ယဉ်ရပ်နားနေချိန် (သို့မဟုတ်) ရပ်နားရာမှ မောင်းနှင်ထွက်ခွာတော့မည် အချိန်မျိုးတွေ အခြားဆန့်ကျင်ဖက်လမ်းမှ မောင်းနှင်လာသည့် ယာဉ်များ ရှိ၊ မရှိကို သတိပေးပါသည်။ ကားမောင်းနှင်စဉ် ကား၏ မျက်ကွယ်နေရာများမှ အခြားကားနှင့် အရာဝတ္တုများကို သိရှိစေနိုင်ဖို့အတွက်လည်း Blind Spot Information System (BLIS) ကိုလည်း တပ်ဆင်ထားပါသည်။ ထူးခြားချက်တစ်ခုမှ Land Keeping System ဖြစ်သည်။ သင်အခြားယာဉ်ကြောလမ်းသို့ အချက်ပြမီးမပြပဲ ဝင်မိလျှင် ယင်းစနစ်က သင့်၏ စတီယာရင်ကို တုန်ခါစေပြီး သင့်ကို သတိပေးပါလိမ့်မည်။ ထို့အပြင် လေအိပ်ခုနှစ်လုံးပါရှိပြီး အချိုးအကွေးများတွင် တိမ်းမှောက်မှုမျိုး မဖြစ်စေရန် Dynamic Stability Control စနစ်ကို တင်ဆင်ထားခြင်းကြောင့် လုံခြုံစိတ်ချစွာ ထိန်းညှိချိုးကွေ့နိုင်ပါသည်။ အကယ်၍ ကားမတော်တဆတိုက်မိလျှင် Emergency Assistance နည်းပညာက သင့်မိုဘိုင်းဖုန်းမှ တဆင့် ကယ်ဆယ်ရေးဌာနများသို့ သင်ယာဉ်တိုက်မှုဖြစ်ရာ နေရာကို အတိအကျသိအောင် ညွှန်ပြပေးပါ သည်။ ထိုကဲ့သို့သော စွမ်းဆောင်မှုနိုင်မှုရော၊ အကြမ်းခံမှုရော၊ နည်းပညာအပိုင်းမှာပါ အကြမ်းခံ မှုရှိခြင်းကြောင့် _ Ford Everest_ကားများသည် အခြားသော SUV ကားများနှင့်နှိုင်းယှဉ်လျှင် ရွေးချယ် ဝယ်ယူသင့်သော ကားအမျိုးအစားဖြစ်ကြောင်း CarsDB က သုံးသပ်ဖော်ပြလိုက်ပါသည်။

လူကြီးလူငယ်မရွေး ငေးမောရသည့် ဒီဇိုင်း...

သာယာမှု အထိအတွေ့......

ပျော်ရွှင်မှုတွေနဲ့ အတူ Ford Everest က စောင့်မျှော်နေပါတယ်......

မြန်မာနိုင်ငံ အတွက် ...  အသင့်လျော်ဆုံးသော.... Ford Everest


Unicode Version







Author